Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Thursday, March 12, 2009

လေလာတုန်လွင့်တဲ့ လေ





ဂဂျိုဂဂျောင်ရောက်တဲ့နေ့က
လောကကြီးကိုစိတ်ကုန်တဲ့
ဟင်းတွေသိုးကုန်တယ်


ပုရွတ်ဆိတ်တကောင်တောင်
မျက်နှာပေါ်ကဖြတ်ပြေးသွား ချိန်
ကျွန်တော်မျက်နှာသစ်ဖို့လဲ
မေ့လျှော့ခဲ့တယ်


မင်္ဂလာပါ သေမင်း
နောက်လဆို
သိကြားမင်း Death Note ကိုင်ပြီး
ဆင်းလာလိမ့်မယ်


အချင်း ဥတုမှာ
ဘယ် သန္ဓေယုတ်မှ
လူဖြစ်ခွင့်မပေးနိုင်ဘူး


ခပ်တည်တည်နဲ့
မချွတ်ခဲ့မိတဲ့
နှလုံးသားကို
ဒီလူဂုဏ်တန်တွေကြားမှာ
ဝှက်ပြီးမသောက်ရဲဘူး


ငါကိုက ကံဆိုးပါတယ်
ကံ ကိုယ်တိုင်က
ကျွန်တော့်ကို တိုးတိုးပြောသွားတယ်
ငါ ဂျမ်းတုံး မဟုတ်ဘူး


ရှေ့ဆက်ကြမဲ့ခရီးမှာ
လေတွေ အပြည့်တင်လာမယ်
နောက်ပြီ
လေတွေ အပြည့်တင်လာမယ်


မမေးခင်ထဲက အရင်ဖြေကြမဲ့
ပန်းတိုင်ကို
ကျွန်တော့်ကျောမှာအရေပြားနဲ


အပြီးတွဲခြည်ထားတယ်လေ့
နောက်ပြီး
ကျွန်တော့်အတွက် တော့
လောကကြီးက
ကရုဏာကြေးအဖြစ်
သူမလေးကို
ခဏနတဖြုတ်
ချုပ်ပေးခဲ့တယ်


ဒီ
နှလုံးသားရဲ့
ဗဟို
တည့်တည့်မှာ . . . ။



nelay





Friday, March 6, 2009

သို့ ... ပန်းလိမ္မာ



l-e-n-t-e-s-c-u-r-a



အမျိုးအမည်ခွဲမရတဲ့ ဂြိုလ်သရဖူကို
သင်ခန်းစာမကြည်လင်မှုမျိုးနဲ့
အသဲတစ်ဖက်ကားပြီးစွင့် ...
နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ
အမှောင်ညအိုကို လင်းဝေပစေတယ်။

လွန်ခဲ့သော ပစ္စုပန်များမှာ အလွမ်းမညီမျှမှုနဲ့
ပုန်းကွယ်နေတဲ့ ဦးနှောက်နတ်ဆိုးတွေ
ပထဝီမြေကိုလားရာမတူတဲ့ အာရုဏ်တက်မှာ
ငါ့ရင်ဘတ် ...
သတို့သမီးရဲ့ ဒေါက်ဖိနပ်ဆူးသွားခဲ့တယ် ...

မနှုတ်ရက်တော့ဘူး ...
မိုးမခပင်ရဲ့ အတွင်းသားမှာ ခိုတွဲနေတဲ့
ပိုးအိပ်မက်တွေ သဲကန္တာရထဲက မှော်ဆရာကိုလှမ်းခေါ်သလို
လိပ်ပြာမာယာနဲ့ ပန်းပွင့်တွေပြေးဆင်းသွားတဲ့စမ်းထဲ
ဆီးနှင်းတွေအသက်ခြွေဆုတောင်းနေရတယ်။

နှလုံးသားထဲမှာပွင့်နေတဲ့ ပန်းကလေးရယ်
ဝတ်မှုံတွေအတွက်လင်းပွင့်လှည့်ပါ ...
ဘယ်တော့မှတောက်ပမလာတဲ့ကြယ်တစ်လုံးဟာ
ကြယ်တစ်လုံးဖြစ်ခွင့်သေဆုံးခြင်းနဲ့
ပန်းကဗျာကိုရွတ်ဆိုခဲ့လေရဲ့ ... ။



nelay






yasar vurdem





Wednesday, March 4, 2009

အလောင်းကျွမ်း



မကြာသေးခင်
မခင်ကြာ က
ငါ့မျက်လုံးတစ်လုံးကို
ကိုက်ဝါးလိုက်တယ်
မြက်လုံးတွေ ကျွမ်း ....

မီးလမ်းတွေ ကျွမ်းသွားလဲ
လူတွေလောင်နေလျှက် လျှောက်နေတယ်
စွတ်ကျယ်ချွတ်လိုက်တော့
ကြယ်တွေ စွတ်ဖို့ လည်ပင်းရှည်ရတယ်
အိမ်ထဲဝင်လာမှ ဖိနပ်စင်မှာမီးလောင်တယ်
တံခါးကျွမ်းတွေ ထင်းရနံ့နဲ့ ငါ့ကိုကြို
ငါကြမ်းပြင်ပေါ်မှာမီးလောင်နေတယ်
မျက်နှာကျက်မှာ မီးလုံးတွေ ကျွမ်း
ငါ့လက်ကျန်မျက်လုံးကိုဖောက်
ကြွက်တစ်ကောင်ကို ချကြွေးခဲ့တယ်
ဘယ်သူမှ မီးအကျွမ်းတွေ ဂရုမစိုက်ဘူး
ဂရုစိုက်စရာအကျွမ်းလဲမရှိ

မကြာသေခင်က
ကျွမ်းသွားတဲ့ကမ္ဘာကို
စကြာဝဠာကြီးက ချွတ်မလဲဖြစ်ခဲ့ဘူး။



nelay





Monday, February 23, 2009

စာမျက်နှာ ၂၈



ငါကတော့
လူမသိတဲ့ကြမ်းပြင်မှာ
ကုတ်ဖဲ့တက်လာတဲ့
နတ်သားတပါးလို့
ခံယူထားတာပဲ


ငါကို မြင်ကြတော့
လူမရှိတဲ့ဥယျာဉ်မှာ
ကုတ်ဖဲ့စားနေတဲ့
လူမဝါးတဲ့ အသီးအဖြစ်
သူတို့ခံယူကြပြန်တယ်


ငါကိုက လှနေခဲ့တာ
စကားလုံးတွေနဲ့တွဲပြီး
လျှောက်နေရင်း
သုံးရာသီဓါတ်တိုင်ပေါ်က
ကျီးကိုမျက်စောင်းထိုးမိရာက
ငါ့ကိုလိုက်ဆိတ်လိုက်တာလွန်ရော


ငါကိုက မှန်တွေရောင်းနေမိတာ
ဒါမှမဟုတ်
လူတိုင်းကိုမှန်ကြည့်စေချင်တာ
သူတို့က ငါ့ကိုပြဒါးအထင်နဲ့
လာလာညှိကြတော့
ငါက မသိမသာပြုံးမိတာပါ
နှင်းတွေကိုရွှဲရော . . .


ငါကတော့
သမုဒယသစ္စာကို
လည်မှာဆွဲပြီး ရေထဲခုန်ချခဲ့တာပဲ
မုသားစကားတွေ အမြှုပ်ထပြီး
စီးပွားဖြစ်ဆိုတဲ့ အကြောင်းအရာတွေ
မိုးမှောင်ခဲ့တာလဲ ငါမမြင်


ငါ့သခင်က တက်တချက်ခေါက်တယ်
မင်းမှာခြေတွေလက်တွေပြောက်နေသတဲ့
ငါကတော့
ကြောင်တွေလိုလိပ်တွေလို
ထီလက်မှတ်လိုနှင်းဆီပန်းလို
ကြယ်ကလေးတွေလိုသစ်ပင်လို
ထင်တာပဲ . . .


ငါ့ကိုလူတွေကမျက်နှာဖုံးလှလှလေး
ချုပ်မပေးဖြစ်ခဲ့ဘူး
ဒါပေမဲ့ ငါလူတွေကို
မျက်နှာဖုံးလှလှလေး
ချုပ်ပေးချင်သားလား


ငါကိုက အလှကြိုက်နေခဲ့တာ
အော် ... နှလုံးသားတခု
အမေကတိုက်ခဲ့တယ်
ရင်ထဲက ကလီစာတွေ
အကောင် မကိုက်အောင်တဲ့
လုံးပါးပါးလာတဲ့
ဒီနှလုံးသားလဲ
အငွေ့ပျံလွယ်တဲ့ရာသီထဲ . . .
အမေ နောက်တခုလောက်
ထပ်တိုက်ပါအုံးလား . . .
(အမေကလက်ခါပြတယ်)


ငါ့မှာဘဲလေးတကောင်ရှိတယ်
ငါ့ဘဲလေးကအဟောင်းကလေး
သူ့ဟာသူကူးနေ၊ခတ်နေတာနဲ့
ငါ့ကိုမကြည့်အားဘူး
ငါက အထီးမဟုတ်လား


ငါ့မိုးတိမ်မှာ အပ်ခြည်နဲ့မိုးစက်တွေ
သီတွဲထားတယ် တိုလို့တွဲလောင်းနဲ့
ဦးခေါင်းရှည်တဲ့လူတော့
ဝင်တိုက်မိမှာပဲ
ဒါမှမဟုတ်
လည်ပင်းနဲ့ငြိလိမ့်မယ်


ငါ့ကို သံသယထီးနဲ့ဆောင်းပြီ
ကာကွယ်နိုင်ပါတယ်
ငါကတော့ ပကတိ
တို့လို့တွဲလောင်းပဲ
ငါကမဟောင်းတဲ့ ညကို
လမင်းကြယ်သီး ချုပ်နေတာလေ


ငါလားအမြဲပြုံးနေတတ်တယ်
စိတ်ပါပါမပါပါ
ငါပြုံးနေတတ်ပါတယ်
ငါကိုက စပ်ဖြီးဖြီးကောင်ကို


ငါ့ကို ကတုံးလို့ခေါ်ကြတယ်
ငါ့ခေါင်းကဆံပင်ကို
သူတို့မြင်ပုံမပေါ်ဘူး
ငါကိုက ခပ်တုံးတုံးကိုး


ငါကတော့ လေယာဉ်ပျံကိုမုန်းတယ်
ဘာလို့ဆို ငါသိပ်ပျံချင်ခဲ့တာလေ
ဒီကောင်တွေကငါ့ထက်ဦးသွားလို့
ငါလေယာဉ်သံကိုမကြားချင်ဘူး
နောက်ပြီး
လေတွေတင်လာတဲ့ယာဉ်ကြီးမို့ . . .


ငါ့မှာတိတ်ဆိတ်တဲ့ညတွေရှိခဲ့ဖူးတယ်
ဆူညံတဲ့အလှတွေလဲရှိခဲ့ဖူးတယ်
လူမမှန်တဲ့နေ့တွေလဲရှိခဲ့ဖူးတယ်
ဒါမို့ငါဟာလူဖြစ်ဖို့များတယ်


ငါ့အနီရောင်နဲ့အစိမ်းရောင်
ကြားတရောင်ပြောက်နေတဲ့အခါ
မြို့လယ်ခေါင်လမ်းမှာ
အတိုက်အခိုက်တွေများခဲ့တယ်


ငါ့မှာ မိုးအမြဲအုံ့နေတဲ့ ရာသီဥတုရယ်
နှုတ်ခမ်းဝါဝါနဲ့ဘဲကလေးရယ်
ရေမချိုးရသေးတဲ့မုသားစကားတွေရယ်
စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ်
ငါသယ်ပြီးတက်လာခဲ့တယ်


ငါ့အတွက်ပေးတဲ့လက်ဆောင်မှာ
ရုပ်ရှင်တကားပါတယ်
အသည်းကွဲဇာတ်လမ်းဆိုပါတော့
ဒါပေမဲ့ငါမကြည့်ဖြစ်ခဲ့ဘူး
ငါတမြတ်တနှိုးသိမ်းထားခဲ့လို့လေ


ငါကညတိုင်းကြယ်လေးတွေကိုဦးချတယ်
ပြီးတော့မနက်တိုင်းမျှော်လင့်ခြင်းကိုစားသုံးတယ်
ညရောက်တော့မျှော်လင့်ခြင်းက
ငါ့ကိုစားသုံးတယ်


ငါ့ကိုမြက်ပင်တွေကပြောတယ်
ရေမှန်မှန်လောင်းပါတဲ့
မိုးခေါင်တဲ့ငါ့ကောင်းကင်က
မိုးစက်တွေကိုငါကတ်ကြေးနဲ့
ဖြတ်ချပေးခဲ့တယ်
မြက်ပင်တွေပေါ်ကို


ငါဟာဘာလိုလိုနဲ့
ကျူပင်တွေယိမ်းတဲ့ကမ်းခြေထဲ
တရွေ့ရွေ့တိုးဝင်လာရင်း
ချောင်းငယ်ထဲက
ဒိုက်လုံးလုံးဖြစ်ခဲ့ပြန်တယ်


ငါ့မှာအိပ်စက်ခြင်းဂီတ
စီးဆင်းရာ တိမ်ရနံ့တွေမွှေးလို့
လွမ်းစွတ်ခြင်းကို
လှောင်အိမ်ထဲထည့်
အိပ်ရာဝင်တေးအဖြစ်နားထောင်ခဲ့တယ်


ငါက''သပ်ပုန်''မမှန်တဲ့လူ
အချိုးချ အကြည့်ထဲကလွတ်မြောက်
တကယ်တော့
ငါက ကမ်းနဖူးအောက်က မိုးတိမ်


ငါ့ကိုဘယ်သူမှမသိကြဘူး
လူဆိုတာမွေးကတည်းက
အသိအကျွမ်းတွေမှမဟုတ်ပဲ
သေဆုံးတော့ရောသိစရာမလိုဘူး


ငါပျော်ရွှင်ခြင်းအပေါ်
သံသယရှိခဲ့တယ်
မျက်လုံးတွေမမြင်ရဘူး
တကယ်တော့
ငါ့မျက်လုံးတွေကို
သူတို့မမြင်ကြဘူး


ငါ့ကိုယ်ပေါ်မှာ ၂၅ထစ်ကလွဲလို့
အခုလောလောဆယ်
မျက်နှာကျက်ရှိသေးတယ်
အာခေါင်ထဲကနေ ရင်ထဲ
လက်နဲ့နှိုက်လိုက်ရင်
၂၅ ဂဏာန်းနောက်ပိုင်းတွေတော့
အစီအရီထွက်လာမယ်မထင်ဘူး
ထောင်းခနဲ့ . . .
မနေ့တနေ့က
အောက်သိုးသိုး မုသားတွေ
ရေမချိုးပဲ ထွက်လာလိမ့်မယ်
ခင်ဗျားတို့ရော ဘာနံ့ရလဲ . . . ။



nelay





Monday, February 9, 2009

ဆီမီးခွက်ပြောက်တဲ့ ညက သေခြင်းကိုတွေ့တယ်




ငါ့ရဲ့ ကြည်ဆံပြီးတဲ့ အမျိုးသမီး
ပုံပြင်တွေ တီးခတ်ပြီး
ရေသန့်ဘူးကို အခွံနွာနေလိုက်တာ
မျက်လုံးတွေ ပြုတ်ကျလာတဲ့ မိုးတိမ်


သေခြင်းစကားလုံးများကို
စုဗူးထဲက ပြူးပြူးထွက်လာတဲ့
မပြည့်အိုးများနဲ့ မှောက်လိုက် လှန်လိုက်


ပ …. ဇောက် ကွက် ထဲက ကြွေခဲ့တယ်
တင် … ပါး … ပေါ်မှာ သေခဲ့တယ်
ရင် … ဆာ … နေတဲ့ လူ ထဲက … သွေး ပါ
ဆေးထိုးအပ် ပေးလိုက်ကြပါကွာ နားညီးတယ်


မိုး ပက်လက်ပေါ်က Sugar Box ကိုဖွင့်
ဇက်ကြိုး ပြတ်ပေါ်က အလေ နဲ့ အလွင့်ကို
မြန်မြန်လာကြတဲ့ အရပ်မှာ အိပ်မက်တွေ အနှေးမက်
စိတ်ကူးကို ပုံသေ ဂီတနဲ့ ရောယှက်လို့
မင်းသမီး လည်ခက်ပေါ်က သေနေ့ကို အတည်ပြုလိုက်တယ်


စား ပါ .. ဝါး ပါ … ကြေကြေညက်ညက်
စားပြီးရင် … ဝါး ရ တယ် ဝေေ၀ခက်ခက်


မပျော်မပါးနဲ့ လက်နက်တွေ နားထဲထိုးထိုးသိမ့်ထည့်
ဆရာဝန် ကပြားမလေးရဲ့ မျိုးချစ်ဆေးများ ရက်လွန်သွေးကြောထဲမှာ
နှင်းဆီတွေကြီး လှိမ့်လှိမ့် ပွင့်လို့မဝနိုင်တဲ့ ဆောင်းရာသီရဲ့ ခြေသုတ်ခုံကို
ဆယ့်ကိုးလက်မ တီဗီ ကလေးပေါ်မှာ ရုံတင်ပြသလို့ မဝနိုင်တဲ့ ပိတ်စတွေ


ချစ်သူများနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ကြားက
လင်းတ တွေဆွဲသွားတဲ့ လင်းစွဲ ရက်တွေပေါ်က
ချော့ကလက်တွေကြွေးပြီး မွေးနေရတဲ့ ဒလက စိတ်ဓါတ်တွေ


ရေငုံလို့ မျောလိုက်တဲ့ သစ်ရွက်လှေကလေးပေါ်က
ဘာဘာ ၀ ကို လက်မောင်းပေါ်က ဆီးမီးခွက်နဲ့
စိတ်ဓါတ် ပညာ စည်းပြီးတော့ ကမ်းလိုက်ပါတယ် ။



nelay





Sunday, January 11, 2009

ပန်း ရုပ်သေး



နင်က အပွင့်ကိုစားတယ်
အရွက်ကို ခိုးတယ်
အကိုင်းချိုးပြီး
နင် .... က နေတယ်ပေါ့ …


လွန်းတင်ထားတဲ့ကြိုးနဲ့
ငိုက်မြည်းခြင်းကိုဆွဲချ
ပန်းရနံ့တွေမွှေးမြလာတဲ့
နင့် အကြွေဝိဉာဉ်
သူငယ်တော်ရုပ်သေးထဲ
ငါ ယူငင်အသက်သွင်းထားတယ်…


ရုတ်တရက်ကြီး
ပန်း ရုပ်သေးက က နေရာက ကြိုးပြတ် …. ‘‘ … ’’

ကတ္တရာ လမ်းက ငေါက် ခနဲ ထ ထိုင်တယ် ..
သိပ်မလန့်သွားပါနဲ့ ပရိတ်သတ်ကြီးရယ်
ပရိတ်ရွတ်ဖို့မဟုတ်ပါဘူး ….

လိုင်းမမိတော့တဲ့ ဧရိယာမှာ
မကျွတ်မလွတ် နှလုံးခုန်နှုန်း ….
အတိအကျပြောရရင် နှလုံးခုန်နှုန်း အနီ …
……… ကွဲ ….. ဖို့ …
ပန်း ရုပ်သေးပွဲမှာ …
လိုင်းဖြတ်ခံလိုက်ရတဲ့
နှလုံးသားအဆံချောင် ဇောက်ထိုးကြီး ….

တဟီး ဟီး ဟီး နဲ့ ….

ဒါကိုရော ဘယ်လိုအသံထွက်ကြမလဲ
ငိုတာလား ရီတာလား …
ဘာလုပ်ပြမှန်းမသိတဲ့
ပန်းခြေရာ ရုပ်သေး ကကွက် …

ရင်သေပုတုန်းတွေ လိုက်ဟက်နေပုံက
အပုတ် မ ကို အသက်သွင်းနေတဲ့ မြို့သေပွဲ …

လက်မှတ်ဗလာတစ်ရွက်နဲ့
တစ်ဆွေလုံး တစ်မျိုးလုံး
မီးခိုးတိတ်အောင် ရီကြအုံးမယ် ..

ပန်း ရုပ်သေးရေ ….
နင့်ကိုခေါ်တာမဟုတ်ဘူး …
အင်္ဂါ ဦးမှာ ပြတ်ကျသွားတဲ့ ဂြိုလ်တစ်လုံးက
အနီရောင် မိုးတွေရွာဖူးတဲ့ အရပ်မှာ ..
ကိုမာ ဖြစ်နေတယ်လေ …

သက်ရက်ညွှန့်တွေထွက်လာတာကို
နွေ …………… လို့ ခေါ်ရင်

ပန်း .. ရုပ် … သေး …

ဆေးလိပ်မီးတွေ တိုဝင်သွားတာကို
ရောဂါ ……….. လို့ ခေါ်ကြတယ်

‘‘တောက်တဲ့’’…. ပါကွာ
မိုးခေါင်နေတာ
အပြစ်နှစ်မျိုးဖြစ်ရင်

ပန်း … ရုပ် … သေး …

နွယ်ပင်မြက်ပင်တွေ ဆေးဖက်မဝင်တာ
သစ္စာကျိုး အလင်္ကာရဲ့
ရှုမျှော်ခင်း အသေတခြမ်း
အိုဗာအိုက်တင် လုပ်နေတာဖြစ်တယ် …

ကြိုးပြတ်နေတဲ့ နင့်ရုပ်နဲ့ ပန်းတွေပွင့်
ဘာဆိုဘာတခုမှမရှိတဲ့ ငါက …
ပန်းကြိုးပြတ်တွေ ကိုင်ငေး …
နင့် ရုပ်သေးကပွဲကလေး
ဘယ်တော့စင်ပေါ်ရောက်မလဲ တွေးတွေးနေတာ
ငါထွေးထွေးနေတဲ့ သွေးတွေထဲမှာ
အရုဏ်အသေဦးတွေ မသန့်ခဲ့တာလဲကြာ ….

လေစီးကြောင်းပြောင်းလဲခြင်း
မှာ
ကိုင်လှုပ်ထားတဲ့ ကြိုးစွဲရာ စွက်ကြောင်း
အဲဒီ … လှောင်အိမ်ထဲကကို မထွက်ကြောင်း
ဖူးပွင့် ပြနေလိုက်တာ …


အပြုံးခြစ်ရာနဲ့ ထာဝရ ကခုန်နေတဲ့ပွဲမှာ
ဟိုး … ဝေး ဝေး က …
ယောက်ျားရော မိန်းမရော
နိုင်လွန်သံယောဇဉ်နဲ့ ရင်တန်းလန်း
ဖျော်ဖြေတင်ဆက်မှု တတိယခပ်ကြမ်းကြမ်းမှာ
ဝေါဟာရ သေဆုံးနေပုံက …
ပွဲလာသူပရိတ်သတ်များ …
ပန်းရုပ် သေတယ်။



nelay





Tuesday, December 23, 2008

သူဟာ စောက်ကျင့်



သူဟာ စာမေးပွဲ ဖြေပြီး 
စာမေးပွဲ ခန်းထဲက ထွက်လျှင် ဘယ်တော့မှ အဖြေလွှာ 
ပြန်တိုက်ကြည့် တတ်တဲ့ စောက်ကျင့် မရှိပါ ။


သူဟာ လမ်းမှာ သူ့နာမည်ကို 
မခေါ် မချင် ဘယ်တော့မှ စောက်ဖက်လုပ်ပြီး 
ပြန်လှည့်ကြည့် တတ်တဲ့ စောက်ကျင့် မရှိပါ ။


သူဟာ သူမဆက်ဆံချင်တဲ့ 
အသိုင်းအဝိုင်း အတွင်းမှ ထွက်လာအပြီး 
ဘယ်တော့မှ ယောင်လို့တောင် 
ဟန်ဆောင် ပြုံးပြ တတ်တဲ့ စောက်ကျင့် မရှိပါ ။


သူဟာ အိပ်သာ တက်အပြီး 
ရေ ပြန်ဖြည့် တတ်တဲ့ 
စောက်ကျင့် မရှိပါ။


သူဟာ Post တစ်ခု တင် အပြီး 
တစ် သ သ ပြန် ပြန် ကြည့် တတ်တဲ့ 
စောက်ကျင့် မရှိပါ။


သူဟာ ဘာသာစကားနဲ့ ပတ်သက်ပြီး 
စောက်ကြီးစောက်ကျယ်တွေ ပြောတတ်တဲ့ လူတွေ ကို 
စောက်ထင်ကြီး တဲ့ စောက်အကျင့် မရှိပါ ။


သူဟာ ဆေးလိပ်သောက်ပြီး 
တံထွေးကို ဘယ်တော့မှ 
ပြန် မျို ချ တတ်တဲ့ စောက်ကျင့် မရှိပါ ။


သူဟာ မနက် မနက် အိပ်ယာ ထ နေခြင်း 
ဘာမှာ စောက် အဓိပ္ပါယ် သိပ်ရှိနေတယ်လို့ 
ခံစား ရခြင်း စောက်ကျင့် မရှိပါ ။



nelay





Monday, December 22, 2008

D ဇင်ဘာ ဝိုင်



  


တိမ်တွေကို လိုချင်လွန်းလို့
မိတ်ကပ်တွေ ဖျက်ပြီး
အိပ်မက်တွေထဲ လိုက်ကပ်နေတဲ့
ဖားပျံတွေပဲ ရိုက်သတ်လို့မကုန် ….


အရေပြားညှိထားတဲ့ ရာသီဥတုကို
ပေါင်ကားပြီး ခုန်ချလိုက်မှ ပွင့်မဲ့ လေထီးများနဲ့
ငါ့ကိုပြောပြစမ်းပါ ….
ညာဖက်လက်ကိုဖြတ်ပြီးမှ အင်္ဂါဂြိုလ်ကို သိမ်းမဲ့ ရတုတစ်စုံ


ခြေတစ်ဖက်ဆာနေတဲ့ ဟောဒီ့ ရင်အုံထဲမှာ
မမွေးဖွားနိုင်တဲ့ မိုးမခ ပင်အိုကြီး
မင့်မျက်နှာဖူးငယ်ငယ်ကို မြင်ရယုံနဲ့
ငါ့ရဲ့ လေသလပ်နေတဲ့ ဒုက္ခတွေ ပြေးလွှားနေရတယ် ….


ပြန်ပေးဆွဲတဲ့ နက္ခတ်မှာ မွေးဖွားခဲ့ရလို့
မေ့မရတော့တဲ့ တေးသွားတွေပဲ
ကြယ်လမ်းကြောင်းမှာ မှားယွင်းစွာနဲ့ ဆုတောင်းနေရ …


အထပ်ထပ်ကို ထုခြေ ပ လိုက်ပါရဲ့
မျက်နှာပေါ်က စမ်းပျိုကလေးကို
သောကနဲ့ပဲငါ့မှာ လှော်ခတ်လို့ မရောက်နိုင်ဘူး


လက်နောက်ပြန်တွေ အသေခြည်နှောင်တုတ်လို့
အစိမ်းရောင် မုဒ်ဦးဝမှာ ငှက်ပြောရွက်တွေကြီးထွားရှုပ်ပွ
လိုရာမှာ ပစ်ချမရတဲ့ အစိုင်အခဲတွေ အ နေရတယ် ….


ခေါင်းပေါ်က ပန်းတွေ ခြေပြီ
အပေါင်းတွေ လျှောက်ပြန်မရခဲ့ရင်
အလင်းအနားသားကို အမှောင်ဝမှာ ဆိုးပေးခဲ့ပါရစေ …


သစ်ပင်နဲ့ သစ်ရွက်
မြေကြီး ပြောက်တဲ့အရပ်မှာ
ဘာ ရနံ့တွေပဲ ဘာ ဆိုတဲ့ ဘာသာနဲ့ လှိုင်လှိုင်ပွင့်


အပြုံးတွေ ပြယ်မဲ့ လက်တစ်စုံနဲ့
ငါနဲ့ ငါ့ရဲ့ ဟိုးဝေးဝေးက အဟုန်ကို
မနာကျင်တဲ့ ဒုက္ခ အပြည့်အစုံနဲ့
မှားယွင်းစွာ ပွင့်ခဲ့ရတဲ့ ဆောင်းအလွန်က အနမ်း ပါပဲ။



nelay











Thursday, December 18, 2008

မင်္ဂလာရေး ကူညီမှုအသင်းကြီး



ငါ သာ အမွေ ရ လို့ ကတော့
ဟို ကျော်သူ ဆိုတဲ့ ဘဲ ကြီး လို မှုတ်ဆိတ် မွှေး အရှည်ထား
ရောင်ကြီးဘွေ ကို စွေ့ နေအောင် ထုံးပြီးးး ....
ဘိတ်သိတ် ဆရာယောင်ယောင် MC ယောင်ယောင်
ဟို နက္ခတ် ကြည့် ဒီ နက္ခတ် ကြည့်
ဟို စာရွက်လှန် ဒီ စာရွက်လှန်
မင်္ဂလာ မဆောင် နိုင်တဲ့
တောသားတွေ
ခွက်ပြောက်တွေ
သူတောင်းစားတွေ
ဟိုတယ်ပေါ်က အလေ အလွှင့် အမှိုက်သရိုက်တွေ
ဆွေမကြည့်မျိုးမကြည့် ဟာ တွေ
အလေနတ်တော တွေ
အဖေမနိုင်အမေမနိုင်တွေ
ခိုးရာလိုက်ပြေး ဆင်းရဲသားတွေ
လက်ဖေ့ရည်သောက်ချင်နေတဲ့ တရားရုံးကဝန်ထမ်းတွေ
ဆွေမရှိမမျိုးမရှိ ကြွက်စုတ်တွေ
ဂေါ်မစွန်တဲ့ အပျိုပုတ်ကြီး လူပျိုပုတ်ကြီးတွေ
ဘယ်တော့မှမပြည့်လာတဲ့ ငွေကိုစုနေတဲ့ ဝန်ထမ်း လဒတွေ
ဘုန်းကြီးကို အလုပ်ရှုပ်အောင်လုပ်ဖို့ကြံနေတဲ့ကောင်တွေကောင်မတွေ
မိဘ သဘောမတူတဲ့ နန့်နန့်တက်ဆပ်ဆလူးတွေ
ဟန်ပြ ဆောင်ချင်တဲ့ ကြာကူလီတွေ
အဲဒါတွေ အားလုံးကို
မင်္ဂလာရေး ကူညီမှုအသင်းကြီး ဆိုပြီး
ရွာလုံးကျွတ် မြို့လုံးကျွတ်အောင် မင်္ဂလာ ဆောင်ပေးလိုက်အုံးမှာ
ဒါနဲ့ ဗုံး ကွဲ သွားတော့တာပါပဲ



nelay