Pages

Friday, May 17, 2013

Page No.0



စာအုပ်ထဲ က စာမျက်နှာ နံပါတ်တွေ ဆိုတာ
ခင်ဗျား ဦးနှောက် မှတ်ဉာဏ် ကို နိုးစွ ဖို့ နဲ့
ခင်ဗျား ဒီ စာအုပ်အပေါ် ဘယ်လောက် အလေးထားလဲ ၊
ခင်ဗျား စာဖတ် ပုံစံဟာ ဘယ် လောက် ပစ် စလတ် ခတ် နိုင် လဲ ၊
ခင်ဗျား ရဲ့ ရေတွက် နိုင်မှု နဲ့ ခင်ဗျား ဘယ်လောက် ခရီးရောက်ခဲ့သလဲ ၊
ခင်ဗျား ဘယ်လောက် လိမ်ညာ ခဲ့သလဲ ၊
ခင်ဗျား ဟာ နောက် ဆုံး စာမျက်နှာ နံပါတ်တွေ ကို ဘယ်လောက်နှစ်ခြိုက်နေခဲ့သလဲ ၊
ခင်ဗျား ဦးနှောက် ရဲ့ စာလုံးရေ စုပ်ယူ နိုင်စွမ်းဟာ စာမျက်နှာ နံပါတ်နဲ့ 
ခင်ဗျား ဦးနှောက် နံပါတ် ဘယ်လောက် အချိုးကျ နေသလဲ ၊
ခင်ဗျား ဟာ စာမျက်နှာ နံပါတ်တွေကို ဘယ်လောက် အလေးထားသလဲ၊
ခင်ဗျား ဟာ လမ်းဘယ်လောက် ပျောက်ပျောက် 
ခင်ဗျား ရဲ့ ရှာဖွေ နိုင်စွမ်းဟာ စာမျက်နှာ နံပါတ်တွေ နဲ့ ဘယ်လို တိုက်ရိုက် ပတ်သက်နေသလဲ ၊
အခေါက် ခံထား ရတဲ့ စာမျက်နှာ နံပါတ်တွေ အပေါ် လွန်ကျူးထားတဲ့ 
ခင်ဗျားရဲ့ လက်ဗွေရာတွေ ဘယ်လောက် များ နေကြပြီလဲ၊
ဒါနဲ့
ခင်ဗျား ကိုယ် ခင်ဗျား စာမျက်နှာ နံပါတ် အဖြစ် ဘယ်လိုများ ခံယူထားသလဲ ဆိုတာ
ရှေ့ ဆက် မသွားနိုင်တဲ့ ခင်ဗျား စာမျက်နှာ နံပါတ်တွေက 
အသစ်အတိုင်း ရှိနေကြောင်းသက်သေပြနေဆဲပါပဲ ။



nelay





Thursday, May 16, 2013

အပျင်းပြေ



ဘယ်တော့မှ ရေ မစီးတဲ့ မြောင်းကိုတူးပြီး
ကိုယ့်ကိုယ် ကိုယ် အကြော်ထည့်စားနေရတဲ့ ကဗျာတွေ
ရင်ဖွင့်ရလွန်းလို့ ကြယ်သီးတွေ မလောက်တော့
အဆင့်မရှိတဲ့ စာထဲက ကဗျာကို နုတ်လိုက်ရင်
ဧပြီလမှာ မွေးတဲ့ ခွေးတွေက အမြတ်ဆုံးလို့ အူကြတယ်
ပျော်ပျော်ပါးပါးပဲ သွင်းထားတဲ့ ကြိုးကို ဖြုတ်လိုက်တော့ 
သွေးတွေ
သူတို့ လောက မှာ သူတို့ ဆွဲတဲ့ ဆွဲကြိုး ပေါ်က လော်ကဒ်သီးတွေ
သူတို့ လောက မှာ သူတို့ ဝတ်တဲ့ ဆင်တူ ယူနီဖောင်း ပေါ်က logo တွေ
သူတို့ လော်ကဒ်သီး အလယ်တည့်တည့်မှာက 
သစ္စာတရားကို ရွှေနဲ့ထွင်းထားတယ်
ပတ်ပတ်လည်မှာ အောင်မြင်ခြင်းနဲ့ ကွတ်ထားလို့ သူတို့ကိုယ် သူတို့ ဂုဏ်ယူ မန်းမှုတ်ကြတယ်
သူတို့ ဝတ်ဆင်တဲ့ ဆင်တူ ယူနီဖောင်းပေါ်မှာ ပိုးခြည်နဲ့ ပန်းထိုးထားတဲ့ သစ္စာတရား logo ကို 
အနီရောင်နဲ့ ခြယ်သ လို့ သူတို့ ရင်ဘတ်ကို သူတို့ ဂုဏ်ယူစွာ နဲ့ အစွမ်းကုန် ကော့ထားကြတယ်
ငါလဲ လေ လည် မရတဲ့ စိတ်နဲ့ ဦးနှောက်ကြီး ကို ရှိုက်သွင်းလိုက်တိုင်း High-rise Building 
ပေါ်က ခုန်ချ ချင်စိတ် ကြီး က ငါ့ ကို အသက်ရှု မ၀ စေဘူး ခက်တာက 
ငါ တို့ ဗမာ ပြည်မှာ High-rise Building မရှိဘူး ဒါ နဲ့ ငါလဲ အခ ပေး အိမ်သာ မှာ အလုပ် နှစ်မျိုး လုပ် ခဲ့ ရတယ် အမတ်ကြီးလို တော့ အလေးပဲ သွား အပေါ့ မသွား ရလို့ ငါ့ ကိုယ်ငါ 
မဖျော်ဖြေချင်ဘူး ဒါ နဲ့ ငါလဲ မပြီး ချင်ပဲ ပြီး ခဲ့ရတယ်



nelay





မှန်‌ထဲ က အဓိပ္ပါယ်‌ ‌ပြောင်းပြန်‌များ



ဘာ ဖွဲ့စည်းတည်‌‌ဆောက်‌ပုံ မှာ ဘာ ‌တွေကြီးပဲ
ဘာ ကိတ်‌မုန့် မှရှိဘူး
ဘာ ဒိန်‌ခဲ မှ မပါဘူး
ဘာ ကို မှ ‌နေရာ မ‌ရွေ့ ထားသလို
ဘာ ‌လေယျာဉ်‌ပျံ မှ မပျံဘူး
ဘာ ပိတ်‌စ မှ လွင့် မ‌နေဘူး
ဘာ ‌ကြောင်‌ မှ ‌အော်‌ ‌မနေဘူး
ဘာ ‌သေ ဆုံးခြင်း မှ မရှိသလို
ဘာ ‌မွေးဖွားခြင်း မှ လဲ မဖြစ်‌ထွန်းဘူး
ဘာ ‌တွေ ဟာ ကျစ်‌လစ်‌သိပ်‌‌သည်းလွန်းလို့
ဘာ အ‌လေးချိန်‌ မှရှိ မ‌နေဘူး
ဘာ အ‌ကြောင်းအရာ ကို ချချပြလိုက်‌တိုင်း
ဘာ ဆု‌တောင်း မှ ပြည့် မ‌နေဘူး
ဘာ ထဲက ကို လည်း မထွက်‌နိုင်‌ဘူး
ဘာ ကို ဘာ ထင်‌ပြီးမှ
ဘာ စိတ်‌ မှ မဝင်‌စားဘူး
ဘာ ‌ကြောင့် များ
ဘာ စိတ်‌ ကို ဘာ ထင်‌ပြီး
ဘာ မှ မဝင်‌စားဘူး
ဘာ ထဲ‌က မှ ပြည့် မ‌နေဘူး
ဘာ ဆု‌တောင်း ကို လည်း မထွက်‌နိုင်ဘူး
ဘာ အ‌ကြောင်းအရာ မှရှိ မ‌နေဘူး
ဘာ အ‌လေးချိန်‌ ကို ချချပြလိုက်‌တိုင်း
ဘာ ‌တွေ မှ လဲ မဖြစ်‌ထွန်းဘူး
ဘာ မွေးဖွားခြင်း ဟာ ဘာ ကျစ်‌လစ်‌သိပ်‌‌သည်းလွန်းလို့
ဘာ သေ ဆုံးခြင်း မှ ‌အော်‌ ‌မနေဘူး
ဘာ ‌ကြောင် မှ မရှိသလို
ဘာ ပိတ်‌စ မှ မပျံဘူး
ဘာ ‌လေယျာဉ်‌ပျံ မှ လွင့် မ‌နေဘူး
ဘာ ကို မှ မပါဘူး
ဘာ ဒိန်‌ခဲ မှ ‌နေရာ မ‌ရွေ့ ထားသလို
ဘာ ကိတ်‌မု့ မှာ ဘာ ‌တွေကြီးပဲ
ဘာ ဖွဲ့စည်းတည်‌‌ဆောက်‌ပုံ မှမရှိဘူး



nelay





အကြောင်းမပြည့်စုံလှဘူး



လေပြည် ဟာ ကျောကိုပွတ်သတ်ရုံသက်သက်နဲ့တော့ ငါ့အနားလာခဲ့တာမဟုတ်ဘူး
ငါလဲ မမေးလိုက်မိဘူးလမ်းကြုံလို့ဝင်လာ သလားလို့
ပြီးမှ စားပွဲပေါ်ကကော်ဖီခွက်ထဲ ငါ့စိတ်မကောင်းခြင်းတွေ အန်ချ
ဒါနဲ့ သူတို့တွေဘာလို့စိတ္တဇ ဂျာနယ်ဆိုပြီး မထုတ်ကြတာလဲ
ငါတော့ ဝမ်းနည်းလို့ကိုမဆုံးဘူး
အရင်ကထက် ပို ပူလာတယ် …အဲ့ဒီ့ သတင်းတွေကလဲ ငါတစ်ယောက်ထဲ ကွက်ကြားနေရသလားအောင်းမေ့ရတယ်
ဘာမှမလုပ်တတ်ပါဘူးဆိုမှ အိမ်က ‘‘အော်တိုချုပ်’’ က မလာတော့ဘူး
အရင်လိုပဲ ငါ့ကိုယ်ငါဝှက်ထားတဲ့ စွယ်တော်ရွက်ကလေးထဲ ငါပြန်ဝင်နေလိုက်မယ်
ဟော ဗြုံးဆို …ငါ့အပေါ်ရေတွေမှောက်ကျ …
ဒီနှစ်ကိုက အပြောင်းအလဲတွေ ဆက်တိုက်ပါပဲ …
၁။ လမ်းထိပ်ကကွမ်းယာဆိုင်ကလေး ပြောင်းသွားတယ်
အရင်လို ဆာလောင်တိုင်းဆေးလိပ်ထွက်ဝယ်လို့ မရတော့ဘူး
၂။ စီးနေကြ ဆိုက်ကားဆရာက ဆေးရုံတင်ရလို့ သူ့ ဆိုဒ်ကားလေးလဲ ပြောင်းသွားတယ်
အရင်လို နေပူကြောင်းမီးပျက်ကြောင်း ကလေးတွေစာမေးပွဲဖြေတဲ့ အကြောင်း ပြောလို့မရတော့ဘူး
၃။ ညနေဖက် စားနေကြထမင်းကြော်ဆိုင်ကလေးက ဘေးက အကြော်ဆိုင်နဲ့ အကြီးအကျယ်ရန်ဖြစ်ပြီးကထဲက မထွက်တာ ၃ လရှိတော့မယ် ဘယ်ပြောင်းသွားလဲ မသိဘူး
အရင်လို ငါးရာဖိုးထမင်းကြော်လေးလဲ ငတ်ပြီ …
၄။ မနက်မနက်အလုပ်သွားနေကြ ကားမှတ်တိုင်ကလေးက ပဲခူးနဲ့ဒလ လောက်ကိုပြောင်းသွားတယ်
အရင်လို ဖင်နားကပ်မှထလို့ မရတော့ဘူး အစောကြီးထနေရတယ်
နေပါအုံး အပေါ်ကစာပိုဒ်ကို ငါ့အိပ်မက်ထဲက ဗိုက်ထဲမှာ ငါ့ကိုထည့်အော်နေတဲ့ အကြောင်းအရာတွေမဟုတ်လား
မီးလောင်ရာ လေပင့် ပါပဲ….
အေး ငါက စကားပုံတွေသိပ်မုန်းတာ ….
ဒါပေမဲ့ ငါက Commercial ဆန်ဆန်ပြုံးတတ်ပါတယ်
မျက်လုံးကိုဖုံးနေတဲ့ စိတ် ကို ငါ့ဘာသာတရားနဲ့ ငါသပ်ချ
အိပ်ရေး မဝတဲ့ သတင်းတွေဂျာနယ်ထဲမှာ အမြဲ သမ်းေ၀ နေကြတယ်
မင်းနဲ့ ငါနဲ့ လမ်းမှာတွေ့ရင် ဘာကိုးကွယ်တာလဲ ဆိုတာကြီးနဲ့ ငါတော့ မနုတ်ဆက်ချင်ဘူး
ငါ့ကိုလက်ဖေ့ရည်တိုက်ပါငါက အိပ်မက်တွေ တိုက်မယ်လေ
အတတ်နိုင်ဆုံးတော့စိတ်တွေ ဖြတ်ထားပါတယ် …
နွယ်တွေကစိတ်လွန်းနေတော့ အကြောင်းမပြည့်စုံလှဘူး ။



nelay









------------------------------


MMCP Journal No. X_Edition မှာ ပါတဲ့ ကဗျာလေးပါ ။


http://www.mediafire.com/?nidr8dk9mf95cpb


ဂျာနယ် ဒေါင်းလုပ်လင့်ပါ ။





အနီရောင်ပြဠာန်းခြင်း



ငါ့အလွှာ ကို ခွာ လိုက်ရင် ငါ့အတွင်းသားက အနီရောင်
ငါ့စိတ်ကို ထိခတ် လိုက်ရင် ငါ့ ဝိဉာဉ်က အနီရောင်
လူနားမလည်တဲ့ ငါ့ဂီတမှာ ငါ့ သံစဉ်က အနီရောင်
အဖြူရောင်အတွေး အခေါ်ကို ရွံမုန်းတဲ့ ငါ့ စိတ်ကူးက အနီရောင်
သေခြင်းတရားကို ရှောင်မယ့် ဘာသာတရား ကို ငါ့အနီရောင်ပုရပိုက်က လှောင်ရီတယ်
အကြောက်တရားကို တော်လှန်မဲ့ ငါ့ အလံတော်က အနီရောင်
အရူးလို့ သမှုတ်ကြတဲ့ ငါ့ခံယူချက် အနုပညာဟာ အနီရောင် ဝိဉာဉ်များနဲ့ ကခုန်တယ်
အနက်ရောင် စစ်သည်တော်နဲ့ အနီရောင် မျက်လုံးများက ငါ့ နှလုံးသားကို ဆွဲယူ စားသုံးမယ့် ပွဲတော်
ငါ့ရှု့ခင်းက အနီရောင် ငါ့ ပိတ်ကားက အနီရောင် ငါ့ဖြစ်တည်ခြင်းက အနီရောင်
ငါ့ကျက်သရေရှိလှစွာသော အနီရောင် အစုတ်အပြဲများနဲ့
ငါ့ဦးနှောက်ထဲမှာ ပျံသန်းနေတဲ့ အနီရောင် ညနဂါးများ
ငါ့စိတ်လက်နက်မှာ အနီရောင် ကဗျာကိုရွတ်လို့
ငါ့အနီရောင်ပြတိုက်ထဲမှာ ငါ့အနီရောင်စာပေကို သင်ကြားလို့
ငါ့ဇီဇဝါပန်းတွေ ပွင့်ဖူးဖို့ ငါ့ အနီရောင်ဝတ်ဆံကို သယ်ဆောင်လာမယ်
ငါ့အမြတ်နိုးဆုံး အနီရောင် သစ္စာတရားနဲ့ ငါ့အခြားတဖက်က ငါ့အနီရောင်ဝိဉာဉ်ကို
ငါ့အနီရောင်ကဗျာထဲက ငါ့အနီရောင်သံစဉ်များနဲ့ လောင်ကျွမ်း
ငါ့အနီရောင် ရယ်သံများနဲ့ ငါ့အလွှာကိုးပါးကို အနီရောင်လွှမ်းလိုက်လေရဲ့



nelay








8 marzo

DELIVERANCE

by

Sheer Madness