သံချပ်ကာ အောက်မှာ ခိုနေတဲ့ နဖူးကို နမ်းပြီး ....
ငါးရာ့ ငါးဆယ်လိုနေတဲ့ မျက်လုံးများနဲ့
မြေနီလမ်းပေါ်က အရေပြားကို အစိမ်းလိုက် ခွာ ခဲ့တယ်ပေါ့ .....
ဒါဟာ နာမ်များရဲ့ အယူအဆထဲက တစ်ခြမ်းပဲ့နေတဲ့ ဘဝကို
အသက်ပြန်သွင်းတဲ့ နေရာ မဟုတ်ဘူး ......
ငါးလွှာထဲနဲ့ တစ်ပွင့် ပွင့်ပြနေတဲ့ အတ္တကို
ဘယ်အခြမ်းနဲ့ ညာအခြမ်း ရွေးခြယ်မှုတွေ ဖမ်းခိုင်းနေတဲ့ ဒီနေရာဟာ ...
အမှိုက်ပစ်ရ မဲ့ နေရာ ....
ဘာကိုများ လက်ရုပ်ထိုးပြီး က ချင်နေရတဲ့ တိမ်တိုက်တွေလဲ ....
စမ်းသပ်မှုဟာ ငါ့လက်ဖဝါးအနီရောင်ထဲမှာ သိသိသာသာကို ကျရှုံးခဲ့ပါတယ် .....
မအောင် မြင်ဘူး ....
ငါတို့ဟာ မြို့နဲ့ နီးနီးနားနားမှာ ထွင်းထုထားတဲ့ စေတီတွေဆိုတော့ ....
မြို့ ပေးစာ မြို့ ကမ်းစာနဲ့ ချမ်းသာနေတဲ့ ရွှေချပြီးသား လက်အုပ်ချီစရာတွေဖြစ်တယ် .....
ဟိုးဝေးဝေးက တောင်တန်းတွေပေါ်မှာ
ထုံးဖြူဖြူသုတ်ပြီး ကိုးကွယ်ခံချင်နေတဲ့ ဆင်းရဲသား ဘုရားတွေ ကတော့
လေကောင်း လေသန့် ရမယ်ထင်ပါရဲ့ .......
ဖြေးဖြေး ကလေးပဲ ဖြေရမဲ့ ပုစ္ဆာ တစ်ပုဒ်ပါ ......
ငါတို့တွေ အလောတကြီး ဖြေခဲ့လို့များ
စာရွက်သိမ်းမဲ့ခေါင်းလောင်းကကြိုမြည်ခဲ့တာလား ......
မထူးဆန်းပါဘူး ....
အထူးအဆန်းတွေ သေဆုံးချိန်မှာ .....
စက္ကူအဖြူရောင်တွေ ထုံးသုတ်ပြီး အုတ်ဂူပေါ် ငါတို့တင်ခဲ့ပြီးသားပဲလေ ...
ညကို သတ္တိရှိရှိ မှောင်ချ ခိုင်းဖို့
ငါတို့တွေ ဘယ်နှစ်ကမ္ဘာလောက် ဖြောင်းဖျပေးခဲ့ရလို့လဲ .......
မေးစမ်းပါဟာ ....
မေးလိုက်စမ်းပါ ....
အသိဉာဏ်တွေ ဖြုံးတီးပစ်ရတာလောက်
ဘဝမှာ ပျော်စရာကောင်းတာ ဘာရှိလိမ့်မလဲ ......
လက်ပစ်ဗုံးကို ပန်းတွေထဲမှာ အသေအချာ ဝှက်ထားခဲ့ပြီးပြီပဲ ...
ဇီဇဝါကို ပြောရအုံးမယ် ငါ့အတွက် ကစား စရာတွေ ချန်ထားခဲ့ပါအုံးလို့ ... ။
nelay
No comments:
Post a Comment