Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Saturday, April 28, 2012

စာမျက်နှာ ၂၈ (ဒုတိယပိုင်း)



ငါကတော့
နေဆီက လုံခြုံမှုကို ဖျက်ပြီး
မီးခိုးငွေ့ထဲမှာပဲ လိုက်ရှာနေတဲ့
တုန်တုန်ရီရီ ဆူးပင်များပေါ့ …


ငါ့ကိုယ်ငါ စိတ်ချလက်ချ သောက်လို့မရတဲ့
ရေခွက်ထဲက ရေ ….


ငါကိုက စိတ်ချလက်ချ လုံခြုံလိုက်ရတဲ့
ငြီးငွေ့ခြင်းများ ….


ငါက နေဝင်တာနဲ့ ဒူးထောက်
အပေါ်တည့်တည့်က ဆောက်လုပ်ထားတဲ့ ဖယောင်းခန်းကို
နောက်ပြန်မျက်နှာများနဲ့
ဖောက်လိုက်ရတဲ့ အပေါက်တွေ …


သူတို့တွေ ငြိမ်းချမ်းသွားပြီမို့
ငါမနှောက်ယှက်လိုတဲ့ မေတ္တာတရားတွေပဲ
ငါ့ကိုယ်တခြမ်းဆီက လှီးလှီးပြီး ထုတ်ပေးနေရ


မျှော်နေတဲ့ လည်ပင်းကိုဖြတ်ပြီး
ငါက အူသံစွဲ အလင်္ကာကျိုးနဲ့
သွေးတွေပဲ ပန်းပန်းပြီးထွက်ပြ


ငါကိုက အလိုမကျခြင်း ရသကိုးပါးနဲ့
စိတ်တွေကို ပိုးမကျတဲ့ တွင်းတွေထဲ
မိုးမရွာခင် စိုးရိမ်စိတ်တွေနဲ့ ထိုးသိပ်ထည့်နေရတယ်


အကြောက်တရားနဲ့ ငြီးငွေ့ခြင်းကို ရှောင်ပြေးဖို့
လူနေရပ်ကွက်ထဲက သေသေချာချာ ထွက်လာတယ်ဆို …
ဒါနဲ့များ အထီးကျန်ခြင်းရဲ့ ကျိန်စာများနဲ့
ငါ့ကို ဘာလို့ လက်ပြခေါ်နေသေးလဲ ….


ဘယ်မှာလဲ ထွက်ပေါက်တွေ စိုက်ပျိုးထားတဲ့ ဝင်္ကပါ


ငါ့မျက်လုံး သူငယ်အိမ် အညိုရောင်ထဲက မီးတောက်ကို
ဘာလုံးကြီးတွေ ၀ ၀ ပြီး ညနေခင်းကို
ကျောခိုင်းလို့ကြည့်နေရတယ်


တိတ်ဆိတ်ခြင်းဟာ ငါ့ရဲ့မွေးချင်း ညီအကိုတွေပဲမို့
တစ်ခွက်လောက်တော့ ငှဲ့ပေးလိုက်ပါအုံးမယ် …


ငါတူးတဲ့ လမ်းကို လိုက်ရဲမှတော့
ဘာလို့ ကျေးဇူးတရားတွေ
သယ်သယ် လာသေးလဲ


မျက်စပစ်ယုံလောက်နဲ့တော့
ငါက ဒုက္ခတရားကို အဖက်လုပ်ပြီး
ဒူးထောက်မနေတော့ဘူး


ငါထောက်ခဲ့တဲ့ ဒူးရာတွေကြောင့်
လွန်ခဲ့သော တောအုပ်ထဲက မြေကြီးတွေ …
အမာရွတ်တွေ ဗလပွနဲ့
ငါကပဲ ပြန်ပြန်အားနာနေရတယ်


အတွေ့အကြုံကို ပုံပြောပြနေတာလောက်
လက်တွေ့မဆန်တဲ့ သစ်ပင်အယူဝါဒကို
ငါက နှလုံးသားနဲ့ ခုတ်လှဲခဲ့ပါတယ် ….


ဘာတွေ ပါ သလဲရှာနေရင်
ကျောခိုင်းထားတဲ့ အမှောင်ထဲက
ငါထွန်းခဲ့တဲ့ ဖယောင်းတိုင်တွေကို
လမ်းကြုံရင်မေးကြည့်ဖို့တော့ ကောင်းတယ်


ငါ့ကိုယ်ငါ
သိပ်ကိုမှလေးစားချင်နေလွန်းလို့
ငါကပဲ ဘုန်းကြီးဝတ်ပြခဲ့
ဒါနဲ့ပဲ မဆိုင်သူတွေပါ ငါ့ကိုလာ ကတော့ ကြတာလွန်ပါရော


အလွယ်ကူဆုံးနဲ့ အရှင်းဆုံး နာကျင်မှုဆိုရင်
အခုဖတ်နေတာ ခဏရပ်ပြီး
ငါက ကိုယ့်လျှာကိုယ်ပြန်ကိုက်ကြည့်လိုက်တယ်


ငါ အနာဂတ်အတွက်
ရည်မှန်းချက်တွေအပေါ်သံသယရှိခဲ့တယ်
ကြိုတင်တွက်ဆ ယေဘုယျ အကြောင်းတရားတွေဆိုတာ
ငါ့ကို တိကျတဲ့အဖြေတွေမပေးဘူး
ဒါ့ကြောင့် ငါ့စက္ကန့်တိုင်းဟာ
အမြဲတမ်း
အသစ်အဖြစ်ပြောင်းလဲနေကြတယ်


ငါ အစီအစဉ်တွေကို မယုံကြည်ဘူး
ဘာလို့ဆို ငါ့ အစီအစဉ်တွေဟာ
ဘယ်တော့မှ မဖြစ်လာတဲ့ အစီအစဉ်တွေပဲမို့


ဒါနဲ့များမထူးဆန်းတဲ့ အသံတွေကို
ကြားဖူးန၀ မြည်သံတွေနဲ့ရောရောပြီး
ဘာမှန်းမသိတဲ့ အနာဂတ်တောထဲမှာ
ငါ့ကို ဘာတွေများလာလာ ခြောက်ခိုင်းနေတာလဲ


ငါက တည်ထောင်ဦးဆောင်သူတစ်ယောက်မဟုတ်ဘူး
ငါက ငြိမ်းချမ်းခြင်းကိုရှာဖွေရင်းမောပန်းလာတဲ့ အနီရောင်
ငါက ဒုက္ခကိုချစ်တယ် ဘာလို့ဆို ဒုက္ခက ငါ့ကိုချစ်လို့
ငါက မျှော်လင့်ခြင်းကို သတ်ပစ်ခဲ့ပြီး အောင်မြင်ခြင်းကိုလစ်လျှူရှုခဲ့တယ်
ဒါမို့ငါက


ငါဘယ်သူ့ကိုမှ မသိချင်ဘူး
လူဆိုတာ သေဆုံးသူနဲ့
အသိအကျွမ်းတွေမှ မလုပ်ချင်ကြတာ


ငါ့ကိုယ်ပေါ်က
မလိုအပ်တဲ့ အသံတွေနဲ့ ၂၈ ၊ ၂၈ ၊ စနေနေ့ ဆိုတာ
သူတို့ ရေးကြီးခွင်ကျယ်လုပ်တဲ့
နှစ်တစ်ရာမှာ တစ်ခါပဲကြုံရတဲ့
ကြယ်တွေဆုံတဲ့ အသံ ပိုက်ပွဲကြီး တစ်ခုပါပဲ ….


ကဲ ….
ခင်ဗျားတို့ရော လေထုထဲမှာ …
ဘာ … သံ .. များကြားမိ ကြသလဲ … ။



nelay





No comments: