Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Thursday, April 26, 2012

စာ စားသုံးခြင်း






ပျက်နေတာတွေပြင်ဖို့ သုံးလို့ရတဲ့အပျက်တွေလိုတယ်
ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ ဓါတုစွန့်ပစ်အညစ်အကြေးတွေကတော့
ကမ္ဘာမြေပေါ်က အပြီးအပိုင်စွန့်ထုတ်သန့်စင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။

စာတော့ဖတ်တယ် စာမတတ်ဘူး။

အခုချိန်က နာရီပြန်ပြန်ကြည့်နေရမဲ့ အချိန်မှမဟုတ်တာ
ကာလတွေမေ့မျောသည်အထိ မြှုပ်နှံထားရမဲ့ အုတ်မြစ်တွေကြားက
ငါ့နေရာငါ့အလင်းနဲ့ ငါ့အသိဉာဏ်ကို အောက်ခံကျောက်အဖြစ်
နင်း .. ဖို့ .. ရမဲ့အချိန်မဟုတ်လား။

စာတော့ရေးတယ် စာမတတ်ဘူး။

ဒီလိုနဲ့တည်မြဲမဲ့ နေရာကို ရှာကြရာမှာ
အစီအစဉ်တွေ ထင်ရှားလွန်းလို့
ဈေးကြီးကြီးပေးဝယ်ရတဲ့ မဂဇင်းထဲက စာမျက်နှာမှာ 
ဝေလငါးတွေပဲ လွတ်လွတ်ကျနေရတယ်။

ကဗျာတော့ရေးတယ် စိတ်မရှိဘူး။

မေ့တတ်ခြင်းရဲ့ အလေ့အထနဲ့ ငြီးငွေ့ခြင်းရဲ့ ပုံစံခွက်ထဲက 
လူသားတွေပဲ အဖန်တလဲလဲ ရိုက်ထုတ်ပုံသွင်း 
အချင်းအရာတွေက ရိုးရှင်းအေးစက်လွန်းတယ် ။

စားတော့စားတယ် ဘာမှန်းမသိဘူး။

လူတစ်ယောက်ကို စိတ်ညှိုးကလေးနဲ့ 
နည်းနည်းလေး တောက် ကြည့်လိုက်ယုံလောက်နဲ့
အပုတ်အပွတွေ ကြီးကြီးထွားထွား မူမမှန်ခြင်းတွေ 
သီးပြနေတာ 
ငါ့မှာ ခဏခဏကစားနေရတာမောလာလို့ …
အစာချပြီး တစ်ခါ ဟပ်ရင် တစ်ခါ သတ်တယ်။

သူများလုပ်လို့လိုက်လုပ်တယ် ဘာမှန်းမသိဘူး။

ကိုယ့်ကိုယ်ကို ကိုယ့်ကိုယ်နဲ့ မဆက်ဆံချင်တဲ့ 
ဟန်ဆောင်ခြင်း ခန္ဓာအပုတ်ကြီးထဲက 
ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ် ။
ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။

ကြည့်တော့ကြည့်တယ် ဘာကြည့်နေမှန်းမသိဘူး။

တကယ်တော့ စာရေးတဲ့ လူရဲ့ခံစားချက်နဲ့ 
စာဖတ်တဲ့သူက ၎င်းစာရေးသူရဲ့ခံစားချက်နဲ့ 
ထပ်တူကြချင်လွန်းတဲ့ စိတ်နဲ့ လိုက်လိုက်တိုက်ကြည့်နေခြင်းဟာ 
အတော်ငြီးငွေ့ဖို့ကောင်းတဲ့ 
ငါ့ရဲ့ လွန်ခဲ့တဲ့ ၁၀နှစ်တာကာလတွေပဲ။

ပြောတော့ပြောတယ် မပီသဘူး။

အဲဒီ့လူတွေဟာ 
ကိုယ့်ခံစားချက်အစစ်အမှန် ပျောက်ဆုံးနေမှန်းမသိတဲ့ 
ကိုယ့်နေရာသေဆုံးခြင်းကိုဗဟိုပြုပြီး
စာရေးတဲ့ လူရဲ့ …. စာ … စားသုံးခြင်းကို ခံကြရတယ် … ။

သိတော့သိတယ် မရူးဘူး ရူးတော့ရူးတယ် မသိဘူး။



nelay





No comments: