Pages

Thursday, April 26, 2012

1: စကားပုံတွေကို လုပ်ကြံသတ်ဖြတ်ဖို့ အစီအစဉ်ဆွဲရမယ် 2: ဥပမာပြုတဲ့ ‘‘လို’’ ဆိုတဲ့စကားဆက်ကို ဖမ်းဆီးနှိပ်စက်ပြီး မျိုးဆက်ပြတ်အောင်လုပ်ဖို့ အစီအစဉ်ဆွဲရမယ်






1: စကားပုံတွေကို လုပ်ကြံသတ်ဖြတ်ဖို့ အစီအစဉ်ဆွဲရမယ်

ငါက စကားပုံတွေကို မုန်းတယ် … ဘာလို့ဆိုသူတို့က ငါ့အတွက် မဟုတ်မမှန်များတဲ့ ဆင်ခြေသက်သက်ပဲ နောက်ပြီး ကိုယ်ပိုင်အသိဉာဏ် ကိုယ်ပိုင်စကားတစ်ခွန်ပြောဖို့ ယုံကြည်မှုအားနည်းနေတဲ့ အခါမှာ ဒီကောင်တွေရဲ့စကားတွေကို ယူယူသုံးလိုက်ရတဲ့ ကိုယ်ပိုင်အတွေးအခေါ်မဟုတ်တဲ့ ဆင်ခြေလိမ်ညာခြင်း သက်သက်ပဲ။
စကားပြောရင်ပဲဖြစ်ဖြစ် စာရေးရင်ပဲဖြစ်ဖြစ် သီချင်းဆိုရင်ပဲဖြစ်ဖြစ် တရားဟောရင်ပဲဖြစ်ဖြစ် ကုန်ကုန်ပြောမယ် အိမ်သာတက်ရင်ပဲဖြစ်ဖြစ် အသုဘပို့ရင်ပဲဖြစ်ဖြစ် စကားပုံတွေ ငါ့ကိုလာလာသုံးပြနေကြတာ တော်တော် ရွံဖို့ကောင်းတယ် …. ။
မဖြစ်မနေ မလွဲမရှောင်သာလို့ ငါ့ကဗျာတွေထဲ ငါ့စကားလုံးတွေထဲ ငါ့ပြောသံတွေထဲ ငါ့အတွေးအခေါ်တွေထဲ အဲဒီ့ စောက်ရေးမပါတဲ့ စကားပုံတွေပါပါလာရင်တောင် …. ငါ့ကိုယ်ငါ စောက်ရမ်းရွံလွန်းအားကြီးလို့ ၃ပတ်လောက် ပလုတ်ကျင်းလို့ သွားတိုက်လို့ ကိုယ့်ပါးစပ်ကိုယ် ပြန်ပြန်ရိုက်လို့ မပြီးတော့ဘူး ။ စောက်ရမ်းရွံဖို့ကောင်းတဲ့ မသတီစရာ စကားပုံတွေပဲ ။


2: ဥပမာပြုတဲ့ ‘‘လို’’ ဆိုတဲ့စကားဆက်ကို ဖမ်းဆီးနှိပ်စက်ပြီး
မျိုးဆက်ပြတ်အောင်လုပ်ဖို့ အစီအစဉ်ဆွဲရမယ်

ဟိုလိုလို ဒီလိုလို ကဗျာတွေ စာတွေထဲက
ဟိုလိုလို ဒီလိုလို ပန်းချီတွေထဲက
ဟိုလိုလို ဒီလိုလို ဂီတတွေထဲက
ဟိုလိုလို ဒီလိုလို ဝထ္တုတွေထဲက
ဟိုလိုလို ဒီလိုလို ဂျာနယ်တွေထဲက
ဟိုလိုလို ဒီလိုလို စာပေထဲက
ဟိုလိုလို ဒီလိုလို စကားတွေထဲက
ဟိုလိုလို ဒီလိုလို လို လို လို လို လို တွေထဲက
ဘာတဲ့ ….. ပင်လယ်ပြာကြီး လို ငါ့အချစ်တွေက လှပနေမှာပါတဲ့ …. ။
စောက်ရေးမပါတဲ့ လိမ်ညာခြင်းတွေ ကြီးထွားဖို့အတွက် ‘‘လို’’ ဆိုတဲ့ သူတောင်းစားက ကြီးကြီးမားမားကြီးကို ဒီစကားတစ်ခွန်းထဲမှာ လာလာပြီး အထောက်အကူပြုနေတယ်။
ငါတို့တုန်းက ‘‘လို’’ မဟုတ်တော့ဘူး တဲ့ ။ စောက်ရေးမပါတာတွေ ။
လူဆိုတဲ့ သတ္တဝါတွေက သူတို့ရဲ့ကြီးမြတ်ခြင်းကို ပြစရာ လက်တွေ့မရှိတော့လို့ စောက်ရေးမပါတဲ့ အပိုကြီးကြီးဖြစ်ဖို့အတွက် အဲဒီ့ ‘‘လို’’ ဆိုတဲ့ သူတောင်းစားကို ယုံကြည်ကိုးကွယ်နေကြတယ်။
ငါ သတ်ရမယ် အဲဒီ့ ‘‘လို’’ ဆိုတဲ့ကောင်တွေကို ငါသတ်ကိုသတ်ရမယ် ။



nelay





No comments: