Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Sunday, August 23, 2009

လေ ပုံပြင်



ဒါဟာ လေတွေ မြောက်နေတဲ့ တောင်ကုန်း
အပြုံးတွေ ပြောင်းပြောင်းသွားလို့
သူငယ်ချင်းတွေ ရှိတဲ့ နေရာမှာ
ငိုသံတွေ လှောင်လှောင်ထားတဲ့ ကျောင်းကို
အလံဖြူတွေ လွှင့်လွှင့်ပြီး
မနက်တိုင်း မတ်တပ်ရပ်နေရတဲ့ သစ်ပင်တွေပါ ။


ရှု့ခင်းကို မသိစိတ်ထဲမှာ မှတ်သားပြီး ...
လက်မှတ်ထိုးထိုးထားတဲ့ စာအုပ်များနဲ့ ….
ငါတို့ဟာ အဝေးကို သွားသွားနေကြတဲ့ ငှက်တွေပါ … ။


ကမ်းနဖူး က လေပြောင်းပြန်တွေ တိုက်လာရင် …
မင်း အမေချက်ကြွေးတဲ့ အားလူးထမင်းကို …
သဲမြေပေါ်မှာ ချခင်းလို့
ဝမ်းတွေပူအောင် လှောင်လိုက်ကြမယ် … ။


စိတ်ဟာ ပုံရိပ်တချို့ကို ချန်လှပ်ထားလို့
မျက်လုံးထဲမှာ သစ်ရွက်တွေပဲ ကြွေကြွေနေရတယ် …


အဝေး တစ်နေရာဆီက
မိုးတွေ များ ရွာ ရွာလာခဲ့ရင် ….
ငါတို့ လက်ထဲက ထီးတွေပိတ်လို့ ….
စွန်လွှတ်ခဲ့တဲ့ ကွင်းဆီ
ပြေးလိုက် ….
လေလိုက်
လိုက်လေ
ပြေးလေ …
လေပြေ တွေ မောတဲ့အထိ ပြေးကြမယ် … ။


ကဆင့်ကလျား ဟာ ကိုယ်ပေါ်က ပြုတ်ကျ
ခြေလှမ်းတွေ မြှုပ်သွားခဲ့ရင် ….
ပုံပြင်ကို ခေါ်လို့ …
ငါတို့ အိပ်ယာ ဝင်တိုင်း သီဆိုကြမယ် … ။


ဒါဟာ ရေတွေ ပေါက်နေတဲ့ ဖန်လုံး
မျက်လုံးထဲက အရောင်တွေ ပြောင်းပြောင်းသွားတိုင်း
ချစ်သူတွေ ရှိတဲ့ နေရာမှာ
အလွမ်းတွေ လှောင်လှောင်ထားတဲ့ ကျောင်းကို
အလံဖြူတွေ လွှင့်လွှင့်ပြီး
ညနေတိုင်း မတ်တပ်ရပ်နေရတဲ့ မြက်ပင်တွေပါ ။



nelay





Tuesday, August 18, 2009

နရီအိပ်မက်



အထီးကျန်ခြင်းရဲ့ အရသာဟာ
ဧပရယ်လရဲ့ ချိုမြိန်တဲ့ ညနေခင်းတခုပါပဲ နိုရာ ....


တန်ခူးလရဲ့ တိမ်တိုက်တွေထဲမှာ
ပုန်းခိုနေတဲ့ နှလုံးသားတစ်စုံက
မေပယ်လင်းရဲ့ အနားသပ် ညီမျှခြင်းပေါ့ နိုရာ ....


စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်
အမြဲတမ်းရပ်တန့်နေတဲ့ နှလုံးသားကို
စက္ကူပင်တွေ စိုက်ပျိုးနေတဲ့ ကျွန်းကလေးရှိတယ် နိုရာ ....


အဲဒီ့မှာ
မိုးနတ်လဲ မရှိတော့ဘူး
ပုံပြောကောင်းတဲ့ ပန်းချီကားတွေလဲ မရှိတော့ဘူး
အစိမ်းရောင် ဗိသုကာ အနုပညာတွေလဲ မရှိတော့ဘူး


လက်ချောင်းတွေကို အတင်းလိမ်ချိုးထားတဲ့
မျက်နှာ နုနုပေါ်က အနီရောင်အပြုံးတခုရဲ့
စာတိုက်ပုံးထဲကို
လက်သူကြွယ် ခါးပတ်ကလေးထည့်ပေးလိုက်တယ် နိုရာ ....


အရေပျော် ကျောက်ခဲကလေးတစ်လုံးနဲ့
အနက်ရောင် ဧပရယ်မိုးပျံပူဖေါင်းကလေးကို
အဲဒီနေ့က မိုးပေါ်မှာ ငါတွေ့လိုက်တယ် နိုရာ ....


ဒါ အချစ်ပေါ့ နိုရာ ...
ပေါ့နေတဲ့အချစ်ပေါ့ နိုရာ ....
ဒါ အချစ်ပေါ့ နိုရာ .....
ပေါ့နေတဲ့အချစ်ပေါ့ နိုရာ ....
ဒါ အချစ်ပေါ့ နိုရာ ....
ပေါ့နေတဲ့အချစ်ပေါ့ နိုရာ ...



nelay






Credit to original artist







Friday, July 31, 2009

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး


andrej troha



အနောက် ရေတွေက အဝေးကိုစီးကြ
အရှေ့ လေတွေက အနီးကိုတိုက်ကြ
အစီအစဉ် မဆွဲခင် လက်ဖျံသွေးကြောပေါ်က ငှက်ဟာ
အညိုရောင် ဆံနွယ်တွေအောက်က
တောအုပ်ထဲမှာ သွေးဆာနေရတယ်


ကြောက်လန့်ခြင်းရဲ့ မဟူရာ ဓါးသွားပေါ်က
ငှက်မကလေးရေ ………
ခွဲခွာခြင်းရဲ့ ဝတ်ရုံတော်မှာ အနီရောင်ကျိန်စာ တစ်ပိုင်းက
လွှင့်ကျလာတဲ့ မျက်ရည်တိုင်းကို ဖန်ပုလင်းထဲ ပြုစုပျိုးထားတယ်


ယားယံခြင်းရဲ့ အတတ်ပညာဟာ
အလွမ်းလို့ခေါ်တဲ့ အိမ်ရှေ့ခန်းက
မသေဆုံးတဲ့ မင်းရဲ့ အသံအပိုင်းအစတွေပါပဲ


ပန်း အက်ကြောင်းကို တူးဖေါ်မိတဲ့
အဆိပ်သင့် ဝိဉာဉ်အတွက်တော့
အင်္ဂါမစုံတဲ့ ဒုက္ခိတသက်တန့် ရှု့ခင်းကြီးပဲပေါ့ …


အိမ်ဆိုတဲ့ ရပ်ဝန်းမှာ ပြိုကျမိတဲ့
ငါ့လက်မောင်းထဲက မြစ်တစ်စင်းဟာ
ငါးတွေကိုသယ်လာတဲ့ အသူရာ ကျောရိုးကြီးဖြစ်တယ်


မျက်တောင်ခတ်တိုင်း ကစားဖူးတဲ့
သူရူးအလင်္ကာ တဖျပ်ဖျပ်ကို
အမှောင်စာကြည့်စားပွဲပေါ်မှာ ဖယောင်းစက်ချရက်တယ်နော်


အဖြေက အမေးကို ပြန်သတ်လိုက်တဲ့ ဒါး
အတိတ်ကိုကျဲပက်လိုက်တဲ့ မျှားတွေက
အကြောင်းမကြားပဲ ငါ့ကိုလာစိုက်ဖူးတယ်


ကဲ
ပန်းကို ကိုးကွယ်သူ လူရွှင်တော်က
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း
သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်


မြက်ပျိုတို့ရေ …
ငါ့ကိုမကြည့်ကြပါနဲ့ တရားလောင်ထားတဲ့အနာမှာ
ဖြေစရာ မရှိတဲ့ ကံတရားကိုကြိုးဆွဲချ
ငါ ခု ရပ်နေတဲ့ ကမ္ဘာအိုကြီး ပြိုလဲကျသွားတယ်


သက်ရှိထင်ရှားရှိစဉ်က ရင်ခုန်သံအစစ်တွေပါ
အခုအမှ အတုဖြစ်သွားတဲ့
မဟာမြိုင်က မြရာပင်အိုကြီးအောက်မှာ
ဆေးရုံမတင်လိုက်တဲ့ ဝိဉာဉ်ကောင်
မိုးမသောက်ခင် လှဲကျင်းခံလိုက်ရတယ်


သိပ်ကြောက်နေလား ငှက်ကလေးရေ …….
ပျော်ရွှင်ခြင်းဆိုတာ နတ်ဘုရားလည်တိုင်က
သွေးရောင်သန်းနေတဲ့ ပိုးမွှားကလေးပါပဲ


အညတရ ပိုးကောင်နီ ရဲ့
လက်တွေ့မဆန်းလွန်းတဲ့ အိပ်မက်ကို
ပညာတတ်လူကြီးလူကောင်းတွေရဲ့
ရွှေရောင်ပကာသနလက်ဆောင်တွေကြား
ငါလက်ဖွဲ့ခဲ့ပါရစေ ……


ငါ့အမည်နာမကို မီးရှို့လိုက်တော့ ဘဲကလေးရေ
ဘဝဆက်တိုင်း မီးရှို့လိုက်တော့
သံသရာဆက်တိုင်း မီးရှို့လိုက်တော့


သစ်ရိပ်ပင်ကို နောက်ပစ်လှဲချလိုက်ယုံ
ငါတို့တွေ ဒါးဆွဲနှုတ်လို့
သွေးတွေ ခမ်းလိုက်ကြမယ်


ဘာမဟုတ်တဲ့ အနီရောင်လိပ်ပြာတစ်ကောင်ရဲ့
ဝလုံး ဥတွေကြား
ကြယ်ကြွေသတို့သမီးရဲ့ လက်ညိုးကလေးနဲ့
ကမ္ဘာခြား … ခြား ….ခြား….ခဲ့ပါပြီ …. ။



nelay







ivan stan





Monday, July 27, 2009

မီတာမော်ဖိုးစ် (metamorphose)



အမဲ အဖြူ အများ အနဲ
ဖြူမဲ မဲဖြူ နဲများ များနဲ
ဈေးမများ ပုဒ်မပါးပါး
မြက်တောဝေယံ ရေဝပ်ကျင်း
အပြေးများ တုန်တုန်ခါ
ဖမ်းမရ ပိတုန်း စက္ကန့်များ
ခုန်ချ
ခုန်ချ
ခုန်ချ
ထိုင်မရ ညနေဆည်းဆာ
ကမ်းနဖူး မိုးလှ မာယာဖွဖွ
များများနဲနဲ ဖြူဖြူမဲမဲ
ဟင်းလင်းပြင် အရေခြုံလမ်း
ငါးပွင့်မြောက် ဂျိုကာကြမ်းကြမ်း
ပွင့်ဖူး
ပွင့်ဖူး
ပွင့်ဖူး
ပင့်ကူ အိမ် ပင့်ကူ
ပုရွတ်ဆိတ် ကောင်းကင်တမန်
စာမလာသတင်းမကြား
လက်သည်းခွံ အတွင်းသား ကျီးရိပ်ဝါဝါ
ဆုံးမစကား ဒိတ်လွန်သွား သွားလွန်း ဒိတ်
လက်အုပ်ချီ အဆိပ်ခပ်ကြွားကြွား
သုည
သုည
သုည
အနံ့များ များများနံ အနံ့များများ
အိပ်မက် ဖြူဖြူမဲမဲ အိပ်မက်
စနေနေ့ ပုရွတ်ဆိတ်တက် ကော်ဖီအေးစက်စက်
ပြက္ခဒိန် မီတာမော်ဖိုးစ် ရွက်ကြွေရွက်
မျက်ဝန်း အထက် မျက်ခွံလျှော့ကျ
မိနစ်များစွာ
နာရီများစွာ
နှစ်များစွာ
စက္ကန့်များစွာ
ချိုမြိန်သော
ပြောင်းလဲခြင်းများစွာ



သွေးရိပ်နီ
(nelay)







ivan stan



Friday, July 24, 2009

အပြောအဆိုများ ဆိုင်းဘုတ်



ငါပဲ ငရမကန်းဖြစ်လိုက် အံ့ကျော်ဖြစ်လိုက် ယုန်ဆိုးဖြစ်လိုက်နဲ့
ထမင်းဆီဆမ်းရွှေလင်ဗန်းလည်းဒေါသတကြီးထထရီတယ်
ဟားဟားဟား လို့တော့မမြည်ဘူး


သူ့ဟာသူနေတဲ့လောကကြီး
အထင်သေးမှာစိုးလို့တဲ့
အားလုံးရှင်းပစ်လိုက်မယ်ဆိုပြန်တော့လည်း


နေဖို့ထိုင်ဖို့ ဂွ ကျပြန်ရော
လူပီသလာလေ အသက်ရှုဖို့ဝန်လေးလာလေပဲ
လေသဘာဝကို ရင်ထဲရှိုက်တတ်လာတော့
ဝိဉာဉ်က အနားမကပ်တော့ဘူးပေါ့


ဟာသပဲနော်
တစ်ကိုယ်တော်မှောက်မှားကြတာတဲ့
မန်မိုရီတွေတစ်ဆောင်းပြီးတစ်ဆောင်းသစ်ကုန်ပြီ


မနေ့ကဖုံးဆက်တဲ့အချိန်မှာ
နင့်အသံက လေလှိုင်းထဲ ပါမလာဘူး


အရိုင်းဆန်လိုက်ပုံများ
လူကြီးမင်းဆိုတဲ့ ငနာကြီးက ထထအော်တယ်


ဟားဟားဟား


သစ်ပင်ကို ဓါတ်ကြိုးသွယ်ပြီ
ငါတို့သံယောဇဉ်တွေ လှိုင်းလတ်မီတာ
ဘယ်လောက် ဘယ်လောက်နဲ့ ဝေးးး ခဲ့ ....


ငါဖုန်းမဆက်ရဲဘူး ...
အသံလှိုင်းကလေးပျော်နေရင် ...
ဖုန်းကြိုးတွေတုန်ရီငိုရှမှာစိုးလို့


မတူညီတဲ့ညီမျှခြင်းက အဆင့်တွေ တစ်ဆင့်ပြီး တစ်ဆင့်တက်
ဒီလိုနဲ့လှလှပပကြီးလမ်းခွဲကြလေသတည်းပေါ့


တစ်ကယ်တော့ အသုံးမကျဘူးဆိုတာ
ကန့်လန့်ဖြတ်ဆွဲချလိုက်တဲ့ ဖြတ်မျဉ်းနှစ်ကြောင်းလား


ဖယောင်းစက်တောင် အချမခံဘူး
အရေပြားတွေကအစ အမြစ်တွယ်ထားလို့


လမ်းဆုံလမ်းဂွမှာ အလင်းပြောက်အောင်
မုန်တိုင်းတွေနဲ့ ဝင်ဝင်ဆောင့်တယ်


ရင်ဘတ်ကိုဖြေဖြေပျိုးဆက်ပါ
ခံစားချက်ဆိုတာ ရခဲတဲ့ အနာ စုဗူးလေး


ဒီဝါကျတစ်ကြောင်းကိုပဲဒုက္ခနဲ့လွယ်ပြီး
အဓိပ္ပာယ်ရှိရှိမွေးဖွားကြမယ်


ဘာမှလည်းမတွေးနဲ့ဘာမှလည်းမစဉ်းစားနဲ့
တစ်ခါတစ်ခါ
ပစ်မှတ်ဆိုတာလားရာနဲ့
ဆန့်ကျင်ဘက်သွားတတ်တယ်


ငါ့ကိုယ့်ငါထွေးပိုက် ငါငေးနေလိုက်တယ်
ငါထွက်သွားတဲ့ ရည်ရွယ်ရာ
ငါ့မျက်နှာမူရာမှာ ငါ့ကျောတွေ သေး သေး ... သေး .. သေ .. ။
တဖြည်းဖြည်းနဲ့ ငါတို့နှစ်ယောက်လည်း ဝေး.....ဝေး ....ဝေး........ဝေ ။


အပျော်တစ်ခြမ်း စိတ်ညစ်မှုတစ်ဝက်က
ငါ့ကိုယ်ပေါ် တစ်က္ကန့်ခြားတစ်ကြိမ်ပြုတ်ကျ


လက်သီးကို ကျစ်နိုင်သထက်ကျစ်ကျစ်လေးစုပြီး
ရှေးဟောင်းနှောင်းဖြစ်အကြောင်း
သတိပေးဆိုင်ဘုတ် ထောင်မယ်**
လေသံမထွက်ပဲ မိုးဘယ်နှစ်ခါလင်းခဲ့ရ ... ။



အမည်မဲ့ , nelay






Tuesday, June 30, 2009

စိတ်ကူးတည့်ရာ အမှန်တရား



ခုံပေါ်မှာ မှောက်နေတဲ့နာရီတလုံးက
သူ့အသက်ကိုသူပင်ပင်ပန်းပန်းရှုထုတ်


အချိန်ကာလကိုထမ်းထားရတဲ့ ခုံက
ခြေလေးဖက်ကိုတုန်ရီအောင်တင်းတင်းရပ်


မျက်နှာကျက်ဆိုတာဘယ်တုန်းကမှအကာအရံမရှိ
မင်းတို့တိတ်တိတ်နေစမ်းပါကြယ်တို့ရယ်
ငါ့ဘဲလေး အိပ်မောကျနေတယ် ....


အိမ်ကြီးရဲ့ကြမ်းပြင်ဟာစိတ်ရှုပ်လာတယ်
လေးချောင်းထောက်ဖိစီးမှုတွေမွန်းကြပ်


လေဟာနယ်ထဲမှာမြေကမ္ဘာကျယ်သလောက်
အတ္တဟာဝင်ဆန့်နိုင်လွန်းတဲ့ပေါ့ပေါ့ပါးပါး


မြတ်နိုးမှုတို့ရယ် .. စမ်းရေကိုခပ်သောက်ပေမဲ့
ချစ်သူကို အရင်တိုက်မိတာ အမောပြေစေဖို့ပါ ..


အခုတော့လဲ ကိုယ်ခံအားမကောင်းတဲ့ငါတို့မြို့လေး
ပိုးဝင်မှာစိုးလို့ မျက်နှာဖုံးတွေစိတ်ပါလက်ပါစွတ်နေရတယ်


လက်ငါးချောင်းတော့ ခုံပေါ်မှာပြတ်လျှက်သေ
နာရီတလုံးပိသွားတဲ့ ခေတ်လွန်လက်ချောင်းတွေ ..


ငါတခါပြောဖူးပါတယ် ...
အရောင်စိုးဖို့ကြိုးစားနေတဲ့ နတ်ဆိုးတွေ
ဟောဟိုအနောက်တောင်မှာ ခြေသံလုံအောင်မလျှောက်တတ်ဘူးလို့


နံရံမှာကိုယ့်ဓါတ်ပုံကိုယ်ချိတ်ယုံနဲ့ကြည်ညိုမယ်ဆို
နံရံဟိုဖက်မှာတော့စံသတ်မှတ်ချက်မရှိလောက်ဘူး ...


မှောင်ရီပျိုးဖျဖျမှာ ...
မြွေမျိုခံလိုက်ရတဲ့ဖားတကောင်အဖို့
သူအသက်ရှင်ခဲ့တာ မိုးခေါ်ယုံသက်သက်လား ...


စမ်းရေထဲမှာ အဆိပ်ပါမှတော့
ငါပွေ့ဖက်ပြီးမငိုတော့ပါဘူး
ငါလက်ခုပ်ထဲရေကိုဆယ် ...
ငါသောက်လိုက်ပါတော့မယ် .... ။



nelay





Wednesday, June 24, 2009

တစ်ခုတည်းသော အကြောင်းပြချက်



ဟင်နရီ … နာရီတွေမြည်နေသေးတယ်
ငါ့ကိုတရားချနေတာလား
လက်ညှိုးကလေးကို နမ်းခွင့်ပြုပါ
သွေးကြောတွေ အစိမ်းရောင်သန်းနေတုန်းပါပဲ …


အဆိပ်ခွက်ထဲမှာ အနာဂတ်တွေရှိတယ်
ငါ့ကိုမော့သောက်လိုက်စမ်းပါ
ဟင်နရီ … နင်မမြင်ဖူးတဲ့လူတစ်ယောက်
သဲကြိုးအနီရောင်ကလေးစီးလို့ လျှောက်လာတယ် …


ဦးခေါင်းထဲက လှောင်အိမ်တွေလင်းနေသေးတယ်
ငါ့ကိုခြစ်လိုက်စမ်းပါ … ဟင်နရီ
အဲ့ဒီ့ အမှားနှစ်ကြောင်းအလည်မှာ
စိုက်ပျိုးခဲ့တဲ့ သစ်ပင် ... အဆိပ်ပင်တဲ့


ဟင်နရီ … သစ်အိုပင်အသက်ရှုသံကြားလား
အစီအစဉ်တခုခုကြောင့်လေ
ကိုယ့်လိပ်ပြာကိုယ်မပိုင်သော သံစဉ်တခုက
အနှေးပြကွက်နဲ့ကြွေကြဖူးတယ် …


နှလုံးသားကိုထိုးတဲ့ ဓါးတစ်လက်ပါပဲ
ဟင်နရီ … ဖုန်းခေါ်သံကြားမှာ
တခြားရွေးချယ်မှုတွေ အများကြီးရှိတယ်
ငါအချိန်မီ ရောက်နိုင်ပါ့မလား …


ဘာအစီအစဉ်လဲ …
ကြယ်တစ်ပွင့် တောက်ပခြင်းကို
လောကကြီးထဲ ထာဝရအိပ်စက်ဖို့
နောက်ဆုံး … ပွေ့ဖက်လိုက်ပါ
ဟင်နရီ … အနမ်းတွေ ပြတိုက်ထဲမှာ
အို … ကျ … ။


လူတွေကိုမလေးစားတော့ဘူး
ဟင်နရီ … အနုပညာနဲ့ဂီတကို
နာရီသံအစားထိုးထုတ်လဲ
ကိုယ်ပိုင် ဥပဒေသတခုနဲ့
ကြီးမြတ်ခြင်းတွေနီမြန်းနေပြီပေါ့


ဟင်နရီ … အချိန်မရှိတော့ဘူး
ငါ့ကိုအကြောက်တရားတွေဟောစမ်းပါ
ဖြတ်မျဉ်းဆုံမှတ်အလယ်က သစ်အိုပင် …
အဖူးတွေထက် … အသီးတွေက ပုတ်လွယ်တယ် ။



nelay





အမှားဖြစ်သွားတဲ့ အမှန်တရား





ဘုရားဒကာနားနေတော့ တရားသံပေါက် နေ
လူရမ်းကားနားနေတော့ လူကားသံပေါက် နေ
သစ်ပင်နားနေတော့ အောက်ဆီဂျင်သံပေါက် နေ
လူတွေနားနေတော့ ကာဗွန်သံပေါက် နေ


ခင်ဗျားကိုယ်နား ခင်ဗျားနေတော့ ဘာသံပေါက်နေခဲ့လဲ
ချွေးစော်နံတယ်။ လျှာစော်နံတယ်။ မှန်မကြည့်ဘူးလား
ခင်ဗျားစိတ်နဲ့ခင်ဗျား ရေဖြစ်လိုက် လေဖြစ်လိုက်


တိုက်စားလို့ဝသွားပြီလား ငါ့ကမ်းတွေပြိုပေးထားမယ်
အမှိုက်တွေလဲပစ်ပါ မျက်နှာတွေလဲသစ်ပါ


...............------- သေ -------..................
....-----------------.......-----------------.....
(ဘ)............................................(ဝ)
--------------------------------------------
လျှာတွေဘယ်ဖက်ပါနေလဲ။လျှာမထွက်ဘူး။
--------------------------------------------
(အေး) ………………………………… (ငြိမ်း)
....---------------…….---------------…….
…………..------- (စိတ်) -------……………


ဂိုဏ်းခွဲထားတဲ့ ခင်ဗျားတို့တရားထဲကထွက်
ငါ့တရားငါပိုက်ပြီ ဟင်လင်းပြင်မှာအောက်ခြေလွတ်


ဟိုးရှေးရှေးတုန်းက
ငါက သူတော်ကောင်းကြီး
ပုံပြင်ထဲကထွက်လာတော့
ခင်ဗျားက သူတော်ကောင်းကြီး
ငါ့ကို ရေစက်ချအမျှဝေ


နောက်ဝေလာမဲ့ အပွင့်တွေကို
လေဘာသာနဲ့ ခင်ဗျားကပြော


ငါပဲ ငရမကန်းဖြစ်လိုက်
အံ့ကျော်ဖြစ်လိုက်
ယုန်ဆိုးဖြစ်လိုက်


မုသားဝါဒလှလှကို အဖုံးချုပ်ပြီး
ပုံပြောကောင်းတဲ့ ခင်ဗျားကြီးက
ကိုယ်ချင်းစာဖို့လဲ နောက်ဖုံးမှာ
လက်ရေးတိုရေးတတ်သေးတယ်


ငါ့အတောင်တွေရုန်းထနေပြီ
မျက်နှာကျက်ကနှိမ့်လွန်းတယ်


ဖြူရာကနေ မဲ
မဲရာကနေ ဖြူ
ငါက တစ်ခါသုံးစက္ကူဆိုရင်
ခင်ဗျားက အိမ်သာသုံးစက္ကူ


ကံတရားဆိုတာ
ခင်ဗျားပြောသလိုမဟုတ်ဘူး
ဒီကောင်က လက်တွန်းလှဲပေါ်ထိုင်နေတာ
ငါတွန်းမှရွေ့မဲ့ကောင်


ခင်းဗျားနောင်တရလို့မော့ကြည့်တော့
အဆိပ်ပင်က ဒါးတွေပွင့်နေပြီ


အကောင်းဆုံးအကြံတခုပေးရရင်
ပုတီးကိုလည်မှာဆွဲ
နှင်းဆီကိုသရော်ကင်မွန်းနဲ့လျှော်ပြီး


။ စောင့်နေ ။
အမှားဖြစ်သွားတဲ့ အမှန်တရားတွေ
အမှန်ဖြစ်သွား အမှားတရားတွေ
ရေချိုးမလို့
။ စောင့်နေ ။



nelay





နှစ်ဆယ့်တစ်ရာစု မျက်နှာအတုများ



(: :)


:D :d


:P :S


:B :F


:G :K


:x :R


:-) (-:


:C) (;


:Q :E


XOxOXoXOX


:@) :^)


(*: :*)


:’) (‘:


:>) (
(v: (^:


O.o


O.O


0.P



nelay