မိုးပေါ်က ကျလာတဲ့ အထဲမှာ လိုက်ရှာ
မီးလောင်နေတဲ့ သစ်ပင်အောက်မှာလိုက်ရှာ
ရာဇဂြိုလ် လမ်းပေါ်မှာလဲရှာ
သုံးထပ်သားချက်တဲ့ အိမ်ပေါ်တက်ရှာ
ဘောဓိညောင်ပင်အောက်မှာလဲရှာ
ငုတ်တိုပဲကျန်တဲ့လက်ညိုးတစ်သန်းပေါ်မှာလဲရှာ
ခြေဖဝါးအကွဲထဲဆားသိပ်ထားတဲ့အနာတွေထဲလိုက်ရှာ
တောင်း ပြန်သယ်ခဲ့တဲ့ သင်္ချိုင်းကုန်းကအပြန်မှာလဲရှာ
သွေးရင်းသားရင်းပဲ ရွေးပါတယ်ဆိုတဲ့ ပညာရှိ မိန်းမအသိဉာဏ်တွေထဲလိုက်ရှာ
FUCK!!!!!!
မတွေ့ဘူး
အိမ်ကဆင်းလာတော့ အိတ်တလုံးနဲ့
လမ်းတစ်ဝက်ရောက်မှ
မဖြစ်သေးဘူး ကျန်နေတဲ့အဝတ်တွေပြန်ယူဖို့ အိမ်ကိုပြန်လာတော့
အိမ်သော့ဂလောက်က မိုးနတ်မင်းကြီးရဲ့ မေတ္တာတော်နဲ့ အသစ်ဖြစ်နေတယ်
ကိုယ့်အိမ်ကိုယ်ဖောက်ထွင်းဖို့ ရပ်ကွက်လူကြီးကိုသွားပြောပြီးဝင်ရတယ်
နေစရာမရှိတော့ အလုပ်မှာပဲ ခိုးနေရတော့တာပေါ့
ကြွက်တွေနဲ့
ထောင့်ငါးရာတန်လေး မပြဲအောင် လက်ထဲကြစ်ကြစ်ပါအောင်ဆုပ်ရင်း
အသက်ဆက်ခဲ့ပါတယ်
အချိန်ဆိုတဲ့အရာဟာ ငါ့အတွက်တော့ ပရောဂကုထုံးတစ်ခုပဲ
မအောင်မြင်ဘူး အတုအယောင် တတ်ယောင်ကား
ဗိုလ်ဒေါက်တာလေးပေါ့
အော်ဒါနဲ့
ဘုရားကျောင်းတော်ပေါ်က လောက်တက်နေတဲ့ ဆွမ်းတော်ကို
ခင်ဗျားစွန့်ဖို့ မေ့နေအုံးမယ်
nelay
No comments:
Post a Comment