Wednesday, February 27, 2013
မရိုးသား တဲ့ ကဗျာ ဆရာ
ဒါမို့ ငါ့ ကို မရိုးသား တဲ့ ကဗျာ ဆရာလို့ ခေါ်ပါ
ဘာလို့ ဆို မရိုးသား ခြင်းဟာလဲ ခံစားချက် ပေါ်မှာ ရိုးသားခြင်းထက်
ခက်ခက်ခဲခဲ၊ နာနာကျင်ကျင် လင်းပွင့်ရလို့
ဟ ပြသနာပဲ ငါ လူနားမလည် တဲ့ ကဗျာ ဆရာ
ဒါမို့ ငါ့ ကို လူနားမလည် တဲ့ ကဗျာ ဆရာလို့ ခေါ်ပါ
ဘာလို့ ဆို လူနားမလည် ခြင်းဟာလဲ ခံစားချက် ပေါ်မှာ လူနားလည်ခြင်းထက်
ခက်ခက်ခဲခဲ၊ နာနာကျင်ကျင် လင်းပွင့်ရလို့
(ဝါ)
အသိဉာဏ် ရှိတဲ့ လူတွေ အတွက် ကျိုးပမ်း အားထုတ် မှုဆိုတာ လူဖြစ်တည်ခြင်း
လူ့ဖြစ်တည်ခြင်းမှာ စဉ်းစားတွေး ခေါ်ခြင်းမပါတဲ့
ကျိုးပမ်းအားထုတ်ခြင်းမပါတဲ့ ကဗျာ တစ်ပုဒ်ဟာ
လူ့အသိဉာဏ်နိမ့် ကျဖို့ အတွက် အလွယ်ကူဆုံး အနုပညာစာသား
အဆင့် အတန်းရှိတဲ့ လူနားမလည်တဲ့ ကဗျာများ မှာလဲ
ခံစားချက် နက်နက်ရှိုင်းရှိုင်းနဲ့ ပိုမို ဖွံ့ဖြိုး ကြတယ် ။
ဒါမို့ ငါ့ကို စောက်သုံးမကျတဲ့ ကဗျာ လို့ ခေါ်ပါ
စောက်သုံး မကျဖို့ အပိုပါလာတဲ့ နှလုံးသား တစ်စုံဟာလဲ
ခံစားချက် အပြည့်နဲ့ စောက်သုံး မကျ စွာ ခုန်ခုန် နေရတယ်
ကျေးဇူးပြုပြီး ငါ စောက်သုံးမကျတဲ့ ကဗျာ ~

nelay
ကိုရီးယား ရုပ်ရှင် မြန်မာစာတန်းထိုး
ကျုံ ရိုရန်ကိုချီတက်တိုက်ခိုက်ဖို့
ကောင်းကင်ပူဇော်ပွဲအခမ်းအနားစတင်ပါပြီ
မိဖုရားဖုန် မင်းကြီးထိုက်ဂူတိ၏
မိဖုရားထော့ပါထောင်
ပေဝေ့မင်းကြီးထိုက်ဂူတိ
ထောင် မိုးကောင်းကင်အလိုအရ
လောကကြီးကိုပေါင်းစည်းရန်
ကျွန်ုပ်တို့ဆီကိုကျူးကျော်လာတဲ့
ရိုရန်ပြည်ကိုနှိမ်နှင်းရမယ်
ကျွန်ုပ်တို့တိုင်းပြည်ကိုကာကွယ်ဖို့အတွက်
မိုးနတ်မင်းရဲ့အမိန့်ကိုနာခံပြီး
ထောင်း လူဆိုးတွေကိုသွားနှိမ်နှင်းမယ်
မင်းကြီးအသက်ရာကျော်ရှည်ပြီး
တိုက်ပွဲအောင်မြင်ပါစေ
ကျုံးအိုက်ကုန်းကုန်း အပါးတော်မြဲ
ကျုံ မိုးကောင်းကင်အလိုအရ
မင်းကြီးမိန့်တော်မူသည်မှာ
ဖုန်မြောင်ကသေနာပတိအဖြစ်
ရဲမက် ၁ သိန်းကိုဦးစီးပြီး
ရိုရန်သို့ချီတက်တိုက်ခိုက်စေ
တိုင်းပြည်အပေါ်သစ္စာရှိတဲ့သူများကို
ကျုံ ဆုချီးမြှင့်မည်ဖြစ်ပြီး
ခေါင်းရှောင်သူများကိုသတ်စေ
အမိန့်တော်
စာတန် ဖုန်မြောင် ပေယန်းကိုတိုင်ပြည်၏မင်းသား ၃
မြောင် ဖုန်မြောင်အမိန့်နာခံလျက်ပါ
ဟွန်း ခဏလေးနေပါဦး
မင်းကြီး
အင်အား ၁ သိန်းနဲ့ရိုရန်ကိုစစ်ချီတာက
အနိုင် အရှုံးနဲ့ပတ်သက်လို့
သေနာပတိကအရေးကြီးပါတယ်
ဟွန် ဖုန်မြောင်က ကျွန်တော်တို့ဆီစစ်ရှုံးလို့
ခိုလှုံလာတဲ့လူပါ
ဒီတာဝန်ကြီးကို မထမ်းနိုင်ပါဘူး
မင်းကြီးအမိန့်ကိုပြန်ရုပ်သိမ်းပေးတော်မူပါ
ကျွန်တော် ရိုရန်ကိုသွားတိုက်ပြီး
သေတဲ့အထိ မင်းကြီးအပေါ်မှာသစ္စာရှိပါ့မယ်
ထောင်း ရီဖုပုဟွန် ခင်ဗျား
တော်တော်သတ္တိကောင်းပါလား
စစ်ချီပူဇော်ပွဲမှာ
ကျွနု်ပ်ကိုအမိန့်ပြန်ရုပ်သိမ်းခိုင်းတယ်
ရဲမက်တွေစိတ်ဓာတ်ပျက်ပြားအောင်
လုပ်နေတာလား
ဟွန် မင်းကြီး
ကျွန်တော်မလုပ်ရဲပါဘူး
ကျွန်တော် တိုင်းပြည်အတွက်
အသေခံပြီး ထပ်ဖျောင်းဖျပါရစေ
ပြော
ဟိုတုန်းက ကျွန်တော်တို့ပေယန်းကိုတိုက်တော့
ဖုန်မြောင်ရဲ့အဖေ ပေယန်းမင်းကြီးဖုန်ဟုန်က
ရိုရန်ကိုစာရေးအကြောင်းကြာပြီး
ကျွန်တော်တို့ကိုအလစ်ဝင်တိုက်ခဲ့ပါတယ်
ဖုန်အိမ်က ရိုရန်နဲ့အဆက်အသွယ်ရှိပါတယ်
မကာကွယ်လို့မရပါဘူး
ထောင် အရင်ကကိစ္စတွေကို
ဘာဖြစ်လို့တေးမှတ်ထားနေဦးမှာလဲ
ဖုန်မြောင် ဖုန်လန်ညီအစ်ကိုနှစ်ယောက်
ကျွန်ုပ်တို့ဆီခိုလှုံလာကတည်းက
သူတို့နှစ်ယောက်ကို
နှစ်ပြည်နယ်အပိုင်စားပေးခဲ့တာ
ဒါက သူတို့က
ကျေးဇူးကန်းပြီး
ရိုရန်ကိုမျက်နှာလုပ်ပါ့မလား
မြောင် မင်းကြီးကထက်မြက်ပါပေတယ်
ကျွန်တော် မင်းကြီးအပေါ်သစ္စာရှိတာ
မိုးမြေသိပါတယ်
ဟွန် မင်းကြီး
ဟန့်လူမျိုးတွေက ကျွန်တော်တို့နဲ့မတူပါဘူး
သတ္တိကောင်းပြီး တစ်ယူသန်ပါတယ်
သူတို့က ကောက်ကျစ်စဉ်းလဲပြီး
သေမှာကြောက်တဲ့ တစ်ယူသန်သမားတွေပါ
နောက်ပြီး ဖုန်မြောင်က
အရှုံးသမားဖြစ်တဲ့အပြင်
သေမှာကြောက်တဲ့သူဖြစ်တဲ့အတွက်
သူဦးဆောင်ပြီးသွားတိုက်ရင်
မင်းကြီးအရှက်ရမှာစိုးလို့
အသေခံပြီးဖျောင်းဖျရတာပါ
စာတန် ရီဖုပုဟွန် သေနာပတိ
ကျွန်တော်တို့ညီအစ်ကို
ဝေ့တိုင်းပြည်ကိုခိုလှုံတာ
လက်ရှိမင်းကြီးက
လောကမှာရှားပါးတဲ့
သူရဲကောင်းဖြစ်ဖို့ပါပဲ
ဟွန်း Óဏ်များနေတယ်
မြောင် ကျွန်တော်တို့က မင်းကြီးကိုကူညီပြီး
လောကကြီးကိုယူပေးမှာ
သေမှာကြောက်တဲ့သူတွေမဟုတ်လား
ချွေး မင်းကြီး
ကျွန်တော့်တို့မှာလည်းလျှောက်တင်စရာရှိပါတယ်
ထောင် ပြော
ချွေး စစ်သူကြီး ရီဖုပုဟွန်
ပြောတဲ့စကားတွေက
ဘာသက်သေမှမရှိပါဘူး
nelay
---------------ကိုရီးယား ရုပ်ရှင် စာတန်း ထိုးနေသူ ဆီမှ မ လာ သည့် Subtitle အား ကဗျာ မှု ပြု ထားတယ် ဘာ ကိုရီးယား ကားလဲ လာ မမန့် နှင့် ကိုရီးယား ကားမကြည့်ဘူး ကဗျာ မှု ပြု သလိုပဲ ခံစား အလကား အပိုတွေ လာမပွားနဲ့ သောက်ဖက် လုပ်မည်မဟုတ် ။
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
အရုပ်ထောင်ပစ်လို့ ငါက ဂေါင်ထိသွားရင်တောင်
ဒီကောင်က သူ့ဖက်က ပစ်မှ ဂေါင်လို့ ခဏခဏ ပြောင်းချင်နေတဲ့ ကောင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ဒီကောင်က သူ့ အလှည့်ကျရင် စည်းကမ်းအမျိုးမျိုးထုတ်နေတဲ့ကောင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ကျွင်းစိမ်လို့ တစ်ထွာနှစ်ထွာ တိုင်းရင်တောင် သူ့လက်ကို
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ဒီကောင်က သူ့ အလှည့်ကျရင် စည်းကမ်းအမျိုးမျိုးထုတ်နေတဲ့ကောင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ကျွင်းစိမ်လို့ တစ်ထွာနှစ်ထွာ တိုင်းရင်တောင် သူ့လက်ကို
မရှည်ရှည်အောင် အိမ်မှာ ကျင့်ကျင့်လာပြီး ကလိမ် ကျ တိုင်းတတ် တဲ့ ကောင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ဘောလုံးကန်လို့ ဒီကောင်က တခြားလူကို တွန်းရင် ဘာမှမဖြစ်ဘူး
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ဘောလုံးကန်လို့ ဒီကောင်က တခြားလူကို တွန်းရင် ဘာမှမဖြစ်ဘူး
ဒီကောင့်ကို နည်းနည်းကလေး တိုက်မိရင်တောင်
သူ့ အမေကို အော်ကြီးဟစ်ကျယ် ခေါ်တိုင် ချင်တဲ့ ကောင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
လမ်းထဲက အပျိုတွေနဲ့ ထုတ်စီးထိုး လို့ စည်းမကျော်တာကိုလဲ
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
လမ်းထဲက အပျိုတွေနဲ့ ထုတ်စီးထိုး လို့ စည်းမကျော်တာကိုလဲ
အပျိုတွေဖက်က လိုက်ပြီး ကျော်တယ် လုပ်ချင်နေတဲ့ ကောင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ချက်ထိုးလို့ ဒီကောင့်အလှည့်ကျ တစ်ကွက်မှား သွားရင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ချက်ထိုးလို့ ဒီကောင့်အလှည့်ကျ တစ်ကွက်မှား သွားရင်
ဟီးဟီး ဆိုပြီး နောက်ပြန်ဆုတ် ချင်တဲ့ ကောင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်

သက်တမ်း တိုးတဲ့ ကိစ္စ
ကိုယ့် သေး နံ့ ကို ကိုယ် ပြန် မှတ်မိလိုက် သလို
သစ်ပင် အရင်းက အနံ့က ငါ့ အနံ့မဟုတ်မှန်း ငါ ပြန်ပြန် သိလိုက်တယ်
စိတ်မချမ်းသာလို့ မော့မော့ သောက်လိုက်ရတဲ့ ရထားပေါ်က အသံကို
ငါ မမြင်အောင်များ ဝှက်ထားကြသလား
အဝေးကြီးမှာ စီးမဲ့ လှေက မျော…. မျော …. မျော ….
တိတ်တိတ်ကလေးပဲ သူ့မျက်နှာပေါ်က ဆင်းခဲ့ပါတယ်
ဘယ်လို ထုဆစ်လိုက်မှန်းမသိတဲ့ ရုပ်ထုကို
ငါ့ကိုယ်စား ငါပျော်ဖူးရုံကလေး ဖက်ထားပေးပါ
ပိုးရယ် ….. ငါ့ကိုယ်ပေါ်တက်လာတဲ့ အတွေးကို
မျိုးစေ့မမှန်တဲ့ ရထားသံခပ်ကြမ်းကြမ်း ကလေးနဲ့
ပိုးရယ် ….. ငါ့ကိုယ်ပေါ်တက်လာတဲ့ အတွေးကို
မျိုးစေ့မမှန်တဲ့ ရထားသံခပ်ကြမ်းကြမ်း ကလေးနဲ့
သေး နံ့ကို များလွမ်းနေသေး သလား
လမ်းမှား မှာ ငါစောင့်လို့ ငါ မှန်မှန်ကန်ကန်လျှောက်နေပါ့မယ်
ငါ မရောက်ဖူးတဲ့ နာရီတစ်ခြမ်းအလွန်က နေ့ထူးနေ့မြတ်များမှာ
ရန်ကုန်တစ်ဝက်ကိုစားစားသွားတဲ့ နာမဝိသေသနများ ရှင်သန်နေသေးရဲ့လား
အသက်တို သွားတဲ့ စွယ်တော်ရွက်တွေရော
နေရောင် အထိမခံပဲ ဘယ်စာအုပ်ကြားမှာ ခြောက်ကုန်ကြပြီလဲ
မနက်ခင်းမှာ နေလှန်ထားတဲ့ အဝတ်တွေ
နေ့လည်ခင်းမှာ အိပ်မရတဲ့ ငှက်တွေ
ညနေဆောင်းလို့ အဝေးပြေးသွားတဲ့ လမ်းမတွေ
ဘယ်ကားနဲ့များ ငါ့ကို ခိုးပြေးသွားလို့ ဒီရောက်နေတာလဲ
ဖုန်းနံပါတ်ကို ဘယ်မိတ်ဆွေကိုမှ မပေးထားလို့

ငါ့နားထဲမှာ အသံမဲ့ ကပွဲတွေ အကြိမ်ကြိမ်ကျင်းပနေတယ်
မလှဘူးလား ပြဇာတ်ဆိုတာ ပြထားရုံနဲ့ ဇာတ်ဘယ်ဖြစ်လာမလဲ
နေလုံးကြီးရယ်
ရထားကြီးရယ်
လမင်းကလေးရယ်
ဘယ်တော့မှ အချိန်မကုန်တဲ့ နာရီ စုဗူးကြီးရယ်
စကားမပီတဲ့ ငါ့ကို နှင်းဆီတွေ ထပ်ပြီး မတိုက်ပါနဲ့တော့လား
မင်းသိမ်းထားတဲ့ အသိုက်ပျက်နိဒါန်းနဲ့ ဘဝပျက်နိဂုံးကို
လွှတ်တော် က ပယ်ချလိုက်လို့ သဲကြိုးကို ပြန်ပြန်ဆက်နေတာလား
ရေ များ များ သောက်ပါကွာ ဒါမှ သေး များ များ ပေါက်မှာပေါ့ ။

Subscribe to:
Posts (Atom)