Pages

Wednesday, October 27, 2010

အမှန်လုပ်ဇာတ်



အမှားတွေကြားမှာ
ငါက ဘာလို့
မကျရှုံးသေးတာလဲ

နေစမ်းပါအုံး
အဲဒီကောင်
မင်းဂုတ်ပေါ်ခွစီးရအောင်
လူရွှင်တော်လား

အတွေးကို
512 လောက်တိုးရတဲ့ခေတ်မဟုတ်ဘူး
ဝမ်းဂစ် တူးဂစ်ကွ
ဝမ်းဂစ် တူးဂစ် …
ယိုစီးမှုခပ်ကြီးကြီးနဲ့
အတွင်းခံပေါ်အောင်ဝတ်ရတဲ့ခေတ်။

မြှုံပြီးမှတော့ သန္ဓတည်မလာနဲ့
ငါရမ်းနေတာ ယပ်တောင်မဟုတ်ဘူး
ERROR တွေ ERROR တွေ
တက်ကုန်ပြီ
လေရှုမရဘူး

ဘာတွေကွဲကွဲ
နှာခေါင်းပိတ်ထားလိုက်မယ်
ငါ့သူငယ်ချင်းရေ …
အပျော်လွန်လို့ မင်းကိုသင်္ဂြိုလ်ခဲ့မယ်။

လေတိုက်တာမဟုတ်ဘူး
ကားကြိတ်သွားတာ
ကားပြီး ကြိတ်ခံလိုက်ရတာ
အနုပညာ .. အနုပညာ .. အနုပညာ
စက်ပစ္စည်းအောက်မှာ
ပြားပြားဝပ်သွားလို့
ညနေဟာမျက်မမြင်တော့ဘူး

ပြဇာတ်တစ်ပုဒ်နဲ့
လင်းနို့တစ်ကောင်ဝင်လာတယ်
အသံထွက်ရွတ်ဆိုလိုက်တော့
ငါ့လည်ချောင်းသွေးတွေရဲတက်လာရော

သတင်းသစ်တော့ မပျဉ်းဘူးပေါ့
အင်အားဖြုန်းတီမှုအနည်းငယ်နဲ
ဆေးရုံကားခေါ်ပြီးရင်
ကန်တော်ကြီးကို တင်ပေးလိုက်ပါ
အဟဲ .. ကြည့်ကောင်းသား

ကွမ်းဂျိုးတွေနဲ့ လမ်းမကသွားဖြဲစေ့နေတယ်
အဲဒါ ကွမ်းသွေးထွက်သွားတာ
လင်းနို့ကဝင်လာပြီး
ပြီးပါပြီ … ။

ငါ့ရေ လာသောက်နေတဲ့
အနက်ရောင် ငှက်စုတ်တွေ မောင်းထုတ်ပစ်

ဂဠုန်နဲ့ မနုသီဟ
ပုံပြင်ထဲမှာ ပတ်သက်ပြီးရင်
ငါပင်လယ်ထဲ ဆင်းတော့မယ်
ရန်ကုန်မြို့ကြီး နင်လိမ်လိမ်မာမာ
ဆားချက်နေခဲ့နော် … ။

လေကုန်ပြီ …
မှတ်ဉာဏ်တွေပြည့်လာလို့
လူလျှော့လိုက်တဲ့ လောကကြီးက
ပထမဆုံးထွက်ခဲ့မယ်
နောက်ဆုံးဆိုပြီး
လူကြားကောင်းအောင်
ပိုစတာမထုတ်ဘူး။

ဒါနဲ့
အမှားတွေကြားမှာ
xXXxxXxXxxxxXx
ခင်ဗျားကဘာလုပ်ပြီး …
ငါကဘာလို့ ဦးမော့နေတာလဲ။



nelay





Wednesday, October 13, 2010

မဟာအဆိပ် လမ်း






 


ဟိုး ........ ငယ်ငယ်တုန်းက
ညညဆို
ပင်လယ်ကြီးက
အဆိပ်တွေသောက်သောက်လာတယ်
အဆိပ်တွေဝါးဝါးလာတယ်
ငါ့ကို အဆိပ်ကြေတွေ ခွံ့ခွံ့ကြွေးပြီး
အဆိပ်ရနံ့တွေနဲ့ ဆုံးမရိုက်နှက်
ညပျက်ဟာ နက်နက်လာတယ်။

လပြည့်ည ...
အဆိပ် လေ ခေါင်ခေါင်မှာထားခဲ့ပြီး
ပင်လယ်ကြီးဟာ
ဟိုး ......... အဝေးကို
ခဏခဏထွက်ထွက်သွားတယ် ။

ဒီလိုနဲ့
ရေကူးတတ်တဲ့အရွယ်ရောက်တော့

မနက်မနက်ဆို
မြစ်ကျယ်ကြီးကပွက်ပွက်ဆူ ...
အဆိပ်တွေတိုက်တယ်
အဆိပ်တွေစားတယ်
အပြစ်တွေချချကြွေးပြီး
အဆိပ်တွေသောင်ထွန်းတယ်။

ငါ့ကိုပိတ်ဆို့သွားတဲ့
အဆိပ်ဒိုက်တွေ
အဲဒီမှာ ...
အဆိပ်စမ်းကလေးစီးမရတော့ဘူး ။

ဟိုး ...... နေဝင်ချိန်မှာ
အဆိပ်ရေဆန်ထဲ
ကိုယ့်ဝမ်းပေါ်ကိုယ်ရပ်ပြီးလှော်လာတဲ့လှေကလေး
ဇင်ယော်ကိုအဆိပ်ကြွေးပြီး
ဝမ်းတွင်းအဆိပ်တွေခပ်ခပ်ထုတ် ...
သူမမြှုပ်အောင်
တိုက်ပွဲဝင်အဆိပ်လွှင့်နေအုံးမယ် .... ။



nelay





ယုန်စကား



ဟာ .........
ငါ့လိပ်ပြာငါတောင်
တခါတခါမယုံရတာ
ငါက
ဘယ်သူ့စကားယုံရမှာလဲ .... ။



nelay










yuriy khudov





Tuesday, October 12, 2010

ဥယျာဉ်ဝှက်အလွမ်း



ငါတို့ရဲ့အိမ်ရှေ့ခန်း နှစ်ယောက်ထိုင်ခုံပေါ်မှာ
အစာအိမ်နှစ်ခု အစာခြေဖို့ မေ့နေတဲ့ အဟုန်နဲ့
လူသတ်သမားကို မှန်ထဲမှာ ပြုံးပြခဲ့ကြတယ်
ဒါကို အယုံသွင်းတဲ့ ကံကြမ္မာစက်ဝန်းအတွင်းက
မျက်ရည်စက်တွေ ငါ့လက်ထဲ ပွင့်ကြွေပြတ်ကျ
ပုန်းခိုနေတဲ့ တောအုပ်ထဲက အစိမ်းရောင်ညများ
ပြတင်းတံခါးမှာ ပြတိုက်မျက်နှာဖုံးနဲ့ ရီနေကြတယ်
ဘယ်မလဲ ကေ၀ ဘယ်မလဲ
လမင်းရဲ့ မှောင်ရိပ်သာ တောအုပ်ကိုဝါးမျိုမသွားဘူးဆိုရင်
ညနေ ၆နာရီ ကျိန်စာလဲ ငါစောင့်နေကြ လှေကားထစ်များကို
ရေတွက်နမ်းရှိုက်ပေးလိမ့်မယ်
အတွက်အချက်ညံ့တဲ့ လက်ချောင်းများထဲမှာ
ငါ့ကိုသုညက လက်ညှိုးဖြစ်ခွင့်မပေးခဲ့ဘူး
စိတ်သဘောတွေကြီးစိုးသွားတဲ့ အတ္တမှာ
နတ်ဘုရားကိုသတ်တဲ့ ဝိဉာဉ်က နှစ်ခါပြန်သေရတယ်
တိမ်ဆိုင်တွေ ကိုးကွယ်ရတဲ့ ကဝေစိတ်တွေ
နတ်ဘုရားကို သတ်တဲ့မာယာပန်းဆိပ်တွေလဲ
သွေးကြောထဲက မျက်ရည်အပိုင်းအစများနဲ့
ငါ့အစိမ်းရောင် ပန်ဒိုရာလေးထဲ ကဝေရယ် အမုန်းရယ်ထိခတ်
အမိုက်တရားနဲ့ သီကျူးငွေ့ရှိုက်လို့
အပွင့်တွေ နီမရတော့တဲ့ ဝင်္ကဘာ
အပြုံးတွေဘာလို့ သေချာချင်နေခဲ့
အရှေ့တစ်လမ်းသွား ဥယျာဉ်မှာ အမှောင်က ဝတ်တွားငြိမ်သက်
အပျော်ရောင်နောက်ကျိကျိ ဘဝထဲမှာ
လျှပ်ပြက်ယုံကလေး အရသာခံဖို့ ကျောင်းဆင်းပေးတဲ့ညနေတစ်ခုပါ
ငါ့ကိုကျမ်းပြုပြီး သေချာတယ်ဆိုတဲ့ ကံတရားကို
ဟာသမှတ်စုထဲက ကေ၀ နင့် လက်မှတ်ထိုးဖို့လက်တွေ
ငါ့အိပ်ကပ်ထဲမှာ နှစ်ခြိုက်နေကြတယ် ။



nelay





Thursday, October 7, 2010

မျက်နှာဖုံးကြားမှ ကြိုးတပ်ထားတဲ့ လက်ချောင်းများ



ညတိုင်းလိုလို သူ့လက်ကို သူဆေးကြောတယ် အလုပ်ကပြန်လာတိုင်း မျက်နှာသစ်တယ်နောက် သူ့လက်ကို သူဆေးတယ် မှန်ရှေ့ခဏသွားရပ်ပြီး လက်ဆယ်ချောင်းလုံးကို မှန်ထဲမှာ သေချာထောင်ကြည့်တယ် ပတ်ချာလည်လှည့်ပြတယ် မှန်ထဲမှာသိပ်လှတယ် သိပ်ခန့်တယ်ထင်လောက်မှ လက်ဆယ်ချောင်းလုံးကို ခေါင်းပေါ်တင်ပြီး တီဗီရှေ့ခေါ်လာတယ် မျက်လုံးများရဲ့ရှေ့တည့်တည်
့မှာ လက်တွေကိုထားလိုက်ပြီး အခန်းဆက် ကိုရီးယားကားကို ညတိုင်းလက်တွေကိုပြတယ်။ နူးညံ့တဲ့လက်ချောင်းလေးတွေက ရိုမန့်တစ်အခန်းဆို ရိုမန့်တစ်ကိုဖြစ်လို့၊ အလိုမကျတဲ့အခန်းဆို လက်သီးတဖက်လက်ဝါးတဖက် အချင်းချင်းကို အသံမြည်အောင်ထိခတ်လို့၊ သူ့လက်ချောင်းတွေအချင်းချင်းအလိုမကျ ... ဒီလိုနဲ့ဇာတ်လမ်းအဆုံးမှာ သူ့လက်ချောင်းတွေ အိပ်ငိုက်လာတယ်။ လက်ချောင်းလေးတွေအိပ်ဖို့ပြင်နေကြတယ်။ အော် ... မအိပ်ခင်လုပ်တာတခုရှိတယ် ဒါကနေ့သစ်တွေတိုင်းအတွက် ရင်ဆိုင်နိုင်ဖို့ လေ့ကျင့်ခန်းတွေ၊ ခွန်အားတွေ၊ မျက်နှာဖုန်းတွေကို အဲဒီ့အလုပ်ကဖြစ်စေတယ်။

သူ ဒါးသွေးတဲ့ကျောက်ခုံကို ယူလာတယ်။ နောက် တချိန်က ကျော်ကြားခဲ့တဲ့ ယခုလက်ရှိကျော်ကြားနေဆဲ နိုင်ငံခြားစာရေးဆရာကြီးမျာ း တက်ကျမ်းများ အချစ်ဇာတ်လမ်းများ စတဲ့ တန်ဖိုးကြီးစာအုပ်တွေ၊ ဘာသာပေါင်းစုံရဲ့စာအုပ်တွေကို အရေဖျော်ထားတဲ့ အဆီကို ဒါးသွေးတဲ့ ကျောက်ပေါ် တစက်ခြင်းချတယ်...။ သူလုပ်နေတဲ့ပုံက တိုက်ပွဲဝင်ခါနီး စစ်သူကြီးရဲ့ ဒါးသွေးခါနီးပုံလို မျက်နှာကလဲခက်ထန်လှတယ်။ ဒီလိုအပြုအမူတွေက ညတိုင်းလူမသိသူမသိ သူ့လက်ချောင်းကလေးတွေသာသိတဲ့ အပြုအမူတွေဖြစ်တယ်။

သူက ဘယ်လက်ကို ညာလက်နဲ့ကိုင်လိုက်တယ် (သူကဘယ်သန်မဟုတ်ဘူး ဘယ်သန်ချင်ယောင်ဆောင်ထားတာ) နောက် သူကအပေါ်ကို မြှောက်တင်လိုက်ပြီး ညာလက်နဲ့ ဘယ်လက်ကို ဒါးသွေးကျောက်ပေါ်ဖိချရင်း စာအုပ်အဆီတွေနဲ့ရောပြီး အားရပါးရ စိတ်ပါလက်ပါကို သွေးနေပါတော့တယ် ... ။ တကိုယ်လုံးချွေးတွေသန်တွေထွက်တဲ့အထိ သူလိုချင်တဲ့ လက်ချောင်းကလေးတွေရတဲ့အထိ၊ သူ့လက်နှစ်ဖက်ကို ဟိုဖက်လှည့်ဒီဖက်လှည့် နာကြင်မှုတစုံတရာမပြပဲ စာအုပ်အဆီတွေကို တစက်ခြင်းချ စိတ်လိုလက်ရကို သွေးနေပါတော့တယ်။ ပြတင်းအပြင်က လရောင်က စူးဆန်းတဲ့ အသံတို့နဲ့ သူ့ ဒါးသွေးကျောက်နားကို ချင်းကပ်လာတယ် လရောင်တွေဘာနံ့ရလိမ့်မလဲ ... ။

(*)

သူ့ကိုတွေ့တဲ့လူတွေတိုင်းက မေးကြတယ် မင်းလက်ချောင်းကလေးတွေက သိပ်လှတာပဲ သိပ်တန်ဖိုးရှိတာပဲ သွယ်သွယ် ရွရွလေး အနုပညာဆန်လိုက်တဲ့လက်ကလေး ဘာလို့အဲလောက်တောင်လှနေတာလဲ လို့လူတွေကမေးတော့ ... သူကရင်ကိုကော့ပြီး ခေါင်းကိုလိုတာထက်ပိုမော့ပြီး မာန်ပါပါပြောချလိုက်တယ် ...

''ကျွန်တော် ညတိုင်းလက်သွေးတယ်ဗျ''

(*)

မနက်ရောက်တော့ သူကမျက်နှာမသစ်ဘူး အလုပ်သွားမဲ့အင်္ကျီကိုကောက်ဝ တ်တယ် ရေချိုးခန်းထဲကမှန်ရှေ့ကိုသွားပြီး ရှေ့ဖန်ခွက်ထဲမှာထည့်ထားတဲ့ ဖြူရော်ရော်နှုတ်ခမ်းတစုံကိုတပ်လိုက်တယ် ပြီးတော့ အသာအယာဟပြီးပြုံးဖို့ကြိုးစားတယ် မရဘူး နောက်တကြိမ်ကြိုးစားတယ် နဲနဲပြုံးရောင်သန်းလာတယ် သူနောက်ဆုံးအကြိမ်
ညကသွေးထားတဲ့လက်တွေရဲ့အကူအညီနဲ့ နှုတ်ခမ်းအနားသား နှစ်ဖက်ကိုဆွဲတင်လိုက်တယ် မှန်ထဲမှာသူပြုံးနေပါပြီး ပြုံးနည်းကိုသူသတိရသွားပါပြီး ... ။ သူအလုပ်သွားဖို့ ဖိနပ်စင်ပေါ်က ခြေသလုံးမွှေးခပ်ရှည်ရှည်နဲ့ ခြေထောက်ကိုကောက်ဝတ်ပြီး အလုပ်သွားမဲ့ သင်္ချိုင်းကို အပြေးနှင်ခဲ့တော့တယ် .... ။

သူလုပ်နေတဲ့အလုပ်က လူတွေက ပါးစပ်မပါကြ သူအပါအဝင်တရုံးလုံး ပါးစပ်မပါကြဘူး ဒါပေမဲ့ သူတို့အလုပ်က လက်ပါမှဖြစ်တဲ့အလုပ်မျိုး တခါတလေ ဦးနှောက်ကို ကော်ပီစက်ပေါ်တင်ပြီး ဆွဲယူအသုံးချသေးတယ်။ နှလုံးသားလား နှလုံးသားကတော့ ဘာတွေ့တွေ့ကြိုက်တတ်လွန်းလိ ု့ အလုပ်အဝင်ဝမှာထုတ်ထားခဲ့ရတယ်။ ''တိုင်းကဒ်''လိုမျိုး အလုပ်အဝင်ဝမှာ ခြင်းကြီးတလုံးချထားပေးတယ် အလုပ်မဝင်ခင် စားပွဲပေါ်က နံပါတ်ပြားတွေနဲ့ နှလုံးသားကိုထုတ်ပြီး ကပ်ရတယ် ပြီးတော့ ခြင်းကြီးထဲပစ်ထည့်ခဲ့ပေါ့ ကပ်ထားတဲ့နံပါတ်တွေကတော့ သူ့ပါးစပ်မှာအထင်းသားပေါ်နေတယ်။ ဒီနေ့ သူကျတဲ့ နံပါတ်က ''၈'' အင်္ဂလိပ်လို ''အိတ်'' မြန်မာလို ''ရှစ်'' သူကျေကျေနပ် သူ့အလုပ်စားပွဲကိုလျှောက်လာတယ်။

(*)

တခု ခြွင်းချက်ရှိတာက အထက်အရာရှိ အလုပ်ရှင်မပါ တခြားလက်အောက်ငယ်သားတွေကို အုပ်ချုပ်တဲ့ အရာရှိတချို့သာ နှလုံးသားယူဆောင်ခွင့်ရှိတယ ်တယ် သူတို့က အလုပ်ကိုဦးဆောင်အုပ်ချုပ်နေရတာဆိုတော့ (၁) ရင်ခုန်နိုင်ဖို့အလှအပခံစားဖို့(အနီးအနားမှ ဝန်ထမ်းသူလေးတွေကို ရင်ခုန်နိုင်ဖို့) (၂) အကြင်အနာတရားရှိဖို့ ဒီနေရာမှာ ပထမတချက်ထက်ပိုအရေးကြီးတာက ဒုတိယအချက်ရှိစေချင်လို့သူတို့ကိုအထူးအခွင့်အရေးပေးထားတာဖြစ်တယ် ဒါပေမဲ့ ပထမအချက်ကသူ့အလိုလိုမလုပ်ချင်ပဲပါသွားခြင်းသာဖြစ်ပါတယ် ဒါကိုဘယ်သူမှလက်ခါပြလို့မရပါဘူး။ ဒါသူတို့ရုံးရဲ့ ထူးခြားချက်တခုပေါ့။

သူတို့အလုပ်ကပါးစပ်မလိုဘူးဆ ိုပေမဲ့ ဘာသာစကား သုံးမျိုးလောက်တော့တတ်ထားရတယ် သူတို့က ကွန်ပြူတာဆိုတဲ့ ရုပ်သေးရုပ်တွေကို ခိုင်းစားဖို့ ဒီဘာသာစကားတွေကို တတ်ထားရတာပေါ့။ အဲဒီ့နေရာမှာ ပါးစပ်မလိုတဲ့အကြောင်းအရင်းကစတာပါပဲ ခင်ဗျားတို့လဲကြားဖူးမှာပေါ့ ဘာ ''တော့'' ဆိုလဲ ပါးစပ်မပါပဲလဲ အတော်အလုပ်ဖြစ်တယ်ဆိုပဲ နောက် တခြားအရာအတွေက ကွန်ပြူတာဆိုတဲ့ သတဝါထဲမှာ ပိုက်ကွန်လိုမျိုးရှိတယ်ဆိုပဲ အဲဒီ့အထဲမှာ သူ့လက်ချောင်းကလေးတွေရှိနေရုံနဲ့စကားပြောလို့ရတယ်၊ ပါးစပ်မပါပဲ ပြုံးပြလို့ရတယ် ငိုပြလို့ရတယ် စိတ်ဆိုးပြလို့ရတယ် ဘယ်လောက်အံ့သြဖို့ကောင်းလဲ ဒါပါးစပ်မပါပဲ လက်ချောင်းကလေးတွေနဲ့ပဲအလုပ်ဖြစ်နေတဲ့ အလုပ်စစ်တွေပဲပေါ့။

(*)

သူတို့တွေတချိန်းလုံး အဲဒီ့နေရာကနေစကားပြောကြတယ် ကြာလာတော့ လက်တွေကသူ့ထက်ငါ ထက်ချင်လာတယ် နောက်လက်တွေက အကျင့်တခုပါလာတယ်။ ဒါကဘာလဲဆိုတော့ လက်တွေက အလိုက်သိလွန်းနေတယ် သူမပြုံးချင်ပေမဲ့ လက်တွေကပြုံးနှင့်ပြီးပြီး သူမငိုချင်ပေမဲ့ လက်တွေကငိုနှင့်ပြီးပြီး သူစကားမပြောချင်ပေမဲ့ လက်တွေကပြောနှင့်ပြီးပြီး နောက်ဆုံး သူမလိမ်ချင်ပေမဲ့ လက်တွေက လိမ်နေနှင့်ပြီးပြီး။ ဒါမို့သူတို့ အလုပ်မှာ လက်တွေသိပ်တန်ဖိုးကြီးတယ် ပါးစပ်တွေတန်ဖိုးမရှိဘူး နှလုံးသားတွေခြင်းထဲမှာ ဦးနှောက်တွေ ကော်ပီစက်ပေါ်မှာ သိပ်ကိုနေရာကြနေကြတယ်။ အဲဒီ့သူတို့အလုပ်မှာ လက်လိမ်နေတဲ့လူတွေ များများလာတယ်။ အဲ့တချို့က လိမ်ယုံနဲ့အားမရတော့ဘူး သူတို့အလုပ်က မိန်းမတွေဆိုပိုဆိုး လက်ဝါးနဲ့လက်ဖဝါးကို ရိုက်ရိုက်ပြီး အတင်းအဖျင်းတွေ အာဘောင်အာရင်းသန်သန်နဲ့ အပြုံးအမဲ့တွေ လက်နဲ့နှိပ်နှိပ်ပြီး ပြောချင်တိုင်းပြောနေတော့တာ ။ လေကုန်တောင်သက်သာသေးတယ် ဘယ်လောက်ကောင်းလိုက်လဲ။ တခါတလေ ဖဲကစားတာလဲ ကျွမ်းကျင်ကြတယ် အို ... စုံလို့ပါပဲ အဲဒီ့လက်ချောင်းလေးတွေ လုပ်တတ်တာ စုံလို့ပါပဲ။ တချို့ဆို အဲ့ဒီ့ကွန်ပြူတာဆိုတဲ့ သတဝါရဲ့အောက်မှာ ဒါးတွေ ထောင်ထားတယ် တချို့ကသေနတ်တွေ အပြည့် မကျေနပ်တဲ့လူ သိပ်ချစ်တဲ့သူကို နောက်ကျောကနေ ဒါးနဲ့ထိုးဖို့ သေနတ်နဲ့ပစ်ဖို့ အဲဒီ့လက်ချောင်းကလေးတွေကပဲ လူသတ်တတ်တယ် စိတ်တွေကို ခလုတ်ကလေးတချက် ဖွဖွလေးနှိပ်ပြီးသတ်တယ် ဘဝတွေကိုသတ်တယ်။ လက်ချောင်းလှလှလေးတွေက ဒါးထိုးတဲ့ လက်တွေလဲဖြစ်တယ်။

(*)

ဒီလိုနဲ့ အလုပ်ဆင်းချိန်ဆို အဲ့ဒီလက်တွေနဲ့ ကွန်ပြူတာဆိုတဲ့သတဝါထဲမှာ နှုတ်ဆက်ကြ အလွမ်းသယ်ကြ ပွေ့ဖက်ကြ စကားတွေမကုန်နှိုင်အောင်ဖောင ်ဖွဲ့ကြ တချို့က လက်မှိုင်ချပြီးအိမ်ပြန်ကြ အဲလိုတဝကြီးလုပ်ပြီးရင်တော့ .... ခြင်းရှေ့ကမှန်မှာ ပါးစပ်မှာပေါ်နေတဲ့ နံပါတ်ကိုကြည့်ပြီး ခြင်းထဲက ကိုယ့်နှလုံးသားနံပါတ်ကို ကောက်ယူ ရင်ဘတ်ထဲ ထိုးကြိတ်ထည့် ''၈'' ဂဏာန်းတွေ ရင်ထဲမှာ ခိုးလိုးခုလုဖြစ်ပြီး အိမ်ပြန်လမ်းတလျှောက်လုံး လက်ချောင်းတွေဘယ်ထားရမှန်မသိ လက်တွေကအပိုကြီးလုံးလုံးကိုဖြစ် အိတ်ထဲဖြုတ်ထည့်ရမလား လက်ချောင်းတွေကိုခေါက်သိမ်းရမလား အခုမှ မပြုံးနိုင်မရီနိုင်နဲ့ ရင်ခံခံပြီးပြန်လာခဲ့တာလဲ ပြဒကဒိန်တွေ အုပ်အထူးကြီးကျန်နေခဲ့ပါပြီး .... ။

(*)


ဒါနဲ့ပဲ အချိန်တန် လုပ်စာရ လက်လုပ်လက်စားဘဝတွေ ... ။
မဖြစ်နိုင်ဘူးဆိုတာနဲ့ပဲ လက်လျှော့လိုက်ရတော့မှာလား ... ။ လက်ချောင်းတွေမှာအသက်ရှိတယ် လက်ချောင်းတွေမှာ ဒီနေ့တွေရှိတယ် သူကတော့ သူ့လက်ချောင်းလေးတွေနဲ့ လက်လျှော့မှာမဟုတ်ဘူး လက်ချောင်းလေးတွေ ကျိုးပြတ်လွဲခတ်တဲ့အထိ သူ လက်မလျှော့နိုင်သေးတဲ့ မဖြစ်နိုင်တာတွေကို ဆက်ကြိုးစားနေအုံးမှာပါပဲ .... ။ သူ့လက်ချောင်းတွေကို ဘယ်နတ်ဘုရားကမှတားရမယ်မထင်ဘူး ..။

လက်ချောင်းကလေးများကတော့ နေဝင်တာကိုဘယ်တော့မှ သိချင်လိမ့်မယ်မထင်ဘူး ။



nelay




thu hang tram