Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Tuesday, June 24, 2008

ကျုပ် အရိပ်ခန်း



(သူ)ကပြေးလာပြီး (ငါ့)အနားတီးတိုးပြောသွားတယ်။ ဘာသာစကား မိုးလောက်ကြီးနဲ့။ (လူ)ကိုလိမ်ယူနည်း(လူ)။ (ဘဝ)ကိုသံပတ်ပေးနည်း(ဘဝ)။ (ကောင်း)ချင်ယောင်ဆောင်နည်း(ကောင်း)။ ပလေကပ်ဝတ်နည်းနဲ့ တရားအစမ်းထိုင်နည်း(ကပ်တရား)။


ဒါနဲ့ငါပြောမယ်။ ပန်းသီးမဟုတ်တာတော့ သေချာတယ်။ စာရေးရမယ်လေ။ သူပြန်မတွေးချင်ဘူး။ အရာအားလုံးက ငါ့ကိုလိမ်နေတယ်လို့ ယုံကြည်ဖို့ပဲ။ နောက်ပြီး ဘာမှမပြောင်းလဲဘူး။ ဟုတ်ပါတယ် သူအလုပ်ပြောင်းလာတာ။ အချိန်ကိုကုစားဖို့လား အချိန်က ငါ့ကို ကုစားဖို့လား။ သူမယုံဘူး။ ၆နှစ်ကျော်သွားပြီ။ ပိတောက်ပန်းတွေ အချိန်မှန်မှန်ပွင့်ကြတာမဟုတ်ဘူး။ ငုံနေတဲ့နှစ်တွေလဲရှိမှာပဲ။ သူကော်ဖီတစ်ခွက်ထားတယ်။ ငါသေချာကြည့်နေပါတယ်။ စက္ကန့်တံကလေး ချပ်ချပ်ချပ် ရွေ့သွားတိုင်း။ ကော်ဖီခွက်ထဲမှာ ဗဟိုပြိုအားနဲ့ စက်ဝိုင်းငယ်ကလေး လှုပ်ခတ်သွားတယ်။ သူအသံတွေမကြားချင်ဘူး။ ပြီးတော့ ငါအိပ်မက်မမက်ချင်ဘူး။ ဘာလို့ဆို အိပ်မက်တွေကုန်သွားမှာ နှမျောလို့။ စိတ်တွေဖြုန်းတီးနေတာမကောင်းဘူး လို့ ခွဲခြားသိတတ်ရင်ပဲ တော်လောက်ပါပြီ။ ငါကမယုံဘူး။ သူကမဟုတ်ဘူး။ နေပါအုံး ဘာလို့ နားလည်ချင်နေရတာလဲ။


အခန်းတိုင်းက ဘာမှမပြောင်းလဲဘူး။ နာရီရှိချင်ရှိမယ်။ ထိုင်ခုန်ရှိချင်ရှိမယ်။ ပြတင်းပေါက်ရှိချင်ရှိမယ်။ ပေတံရှိချင်ရှိမယ်။ ပန်းချီကားရှိချင်ရှိမယ်။ သီချင်းသံရှိချင်ရှိမယ်။ ပန်းအိုးအခြောက်ကလေးရှိချင်ရှိမယ်။ ကွန်ပြူတာရှိချင်ရှိမယ်။ အနုပညာရှိချင်ရှိမယ်။ သေချာတာက ဝင်ပေါက်အရှင်တစ်ခုရှိနေတယ်။ သူ့ကိုယ်သူပဲနားလည်အောင်အရင်လုပ်ပါအုံး။ ငါ့အကြောင်း ပုရပိုက်ကိုးခုထုတ်ထားတယ်။ ဖတ်ကြည့်ချင်တယ်ဆို ကြမ်းပြင်မှာ ချထားပါတယ်။ဘာတခုမှမပြောင်းလဲဘူး။
ပြောင်းလဲနေတာတွေလဲ မပြောင်းလဲဘူး။ ပြောင်းလဲနေတာတခုပဲရှိတယ် သူ့လက်ဖျံသွေးကြောထဲက စက္ကန့်တံနဲ့ ငါ့ကော်ဖီခွက်ထဲက စက်ဝိုင်းငယ်ဟာ အတူတူပဲ ပြောင်းလဲနေတယ်။
မနေနိုင်လို့အဲဒီ့စိတ်ကိုအလိုလိုက်မိပြီမဟုတ်လား။ မျက်မှန်ပင့်မနေပါနဲ့ သူ့မျက်လုံးထဲမှာ ပင့်စရာဘာမှမရှိဘူး။ ကြွက်လား။ဘဲလား။ အနုပညာရှင်လား။ အတူူတူပဲ အားလုံးအတူတူပဲ။ ငါက မြက်ခင်းတွေသိပ်ကြိုက်တယ်လေ။


ပုရပိုက်မဖွင့်ခင် ဝင်လာတဲ့ ဝင်ပေါက်အရှင်တစ်ခုမှာ မြက်ခင်းအစစ်ကလေးကို ဘဲဥပုံပိုင်းချထားတယ်။ အီတလီ ကတောင်မှာထားတာ။ သူခြေသုတ်ခဲ့ဖို့တော့လိုတယ်။ ဘာမှမပြောင်းလဲဘူး။ လက်တံအတို လက်တံအရှည် လက်တံပါးပါးကလေး။ ဟော မီးလာပြီ။ မီးလာလို့ ရော ဖယောင်းတိုင်က အကုန်မမြန်ဘူး။ ငါ့အခန်းထဲမှာဆို လေမတိုက်ဘူးလေ။ စက္ကန့်တံတွေက ပိုမြန်မလာပါဘူး။ သူ့အခန်းထဲမှာ ဟန်လုပ်ပြီး အကောင်းပြောမဲ့လူမှမရှိတာ။ ပိတောက်ပန်းတွေဝါထိန်နေအောင် ပွင့်နေတာကို ငါငုံ့ကြည့်ဖူးတယ်။ သူက အပေါ်ဆုံးအထပ်မှာရှိတာလေ။ သိပ်မဆန်းပါဘူး ပြီးတော့ ဘာမှမပြောင်းလဲဘူး။


ဓါတ်လှေကားထဲမှာ ငါလက်ချောင်းတွေခွေခေါက်ဖူးတယ်။ သူ့အခန်းလေးထဲကို ဝင်လာစက သတင်းမှာ ဘာလာနေလဲ ငါဘယ်သိမှာလဲ။ လူကိုလိမ်ယူနည်းဆိုတာ လူကိုပါတခါထဲ လိမ်ပြီးယူသွားတာ။ အသက်ဝိဉာဉ် ခန္ဓာတစ်ခုလုံးကို လိမ်ယူသွားတာ။ အမှတ်တမဲ့ကြည့်ရင် သူ့အခန်းလေးက မှောင်နေတယ်ထင်ရတယ်။ အကောင်းတွေသိပ်လွန်းနေတဲ့ လင်းအားကြီးအရပ်က ငါက ခြေချလာတာကိုး။ နောက်တော့လဲကျင့်သားရသွားမှာပါ။ သူသိတယ် ဒီနေရာဟာ ဘာတစ်ခုမှ မပြောင်းလဲဘူး။အရမ်းလင်းလွန်းနေတာလဲ အလိမ်အညာတခုဆိုတာကို ငါအခန်းနံရံပေါ်မှာ ချိတ်ထားတဲ့ ပန်းချီကားကိုကြည့်ရင် သိနိုင်ပါတယ်။


အင်း … မအားရင်နောက်တော့လာကြည့်ပေါ့။ သူအလုပ်လုပ်လိုက်အုံးမယ်။ ဘာမှမပြောင်းလဲတဲ့ ပုံစံနဲ့။ ငါထိုင်ချလိုက်တယ်။ ဒီအရောင်။ ဒီအခန်း၊ ဒီကော်ဖီခွက်။ ဒီစက္ကန့်သံ။ ဒီပန်းချီကား။ ဒီလိုတစ်ပုံစံထဲ ကွန်ပြူတာ။ ဒီလိုစာလုံးတွေ မြှုပ်ထားတဲ့ခွက်။ ဒီလို စိတ်သွားတိုင်းမလိုက်နိုင်တဲ့ ကြွက်နဲ့ သူထိုင်နေရင်းတခုခု လိုနေသလိုခံစားရတယ်။ ငါတွေ့မိသေးလား။ ဝင်လာတုန်းက သတိမထားမိပါဘူး။ သူ့မြက်ခင်းခြေသုတ်ခုန်အောက်မှာရော ။ စားပွဲပေါ်က ပုရပိုက်ထဲမှာရော။ ငါ့ပါးစပ်ထဲမှာရော။ သူ့နားရွက်ထဲမှာရော။ ငါတို့နှစ်ယောက်အလုပ်ရှုပ်နေကြတယ်။ ဒါနဲ့ ငါခြေရာတွေ ဆေးခဲ့ပြီးပြီလား။ သူ့ခြေရာနဲ့တူလိုက်တာ။ ငါဝင်လာတုန်းက အလင်းထဲမှာ ကျကျန်ခဲ့တာ သူ့ခြေရာတွေလား။ မဟုတ်သေးဘူး သူ ငါ့နောက်မှာဘာလုပ်နေတာလဲ။ ငါဘာမှမပြောင်းလဲတဲ့ အခန်းထဲမှာလေ ။ သူ့ကိုကျနော်မတွေ့ချင်ဘူး။ ထွက်သွား ……….. ထွက်သွား ………….. ငါ့ခြေဖဝါးအောက်မှာ မမြင်ချင်ဘူး။ ဟုတ်တယ်။ သူတို့ခန္ဓာက လင်းလွန်းရင် အမှောင်ဆုံးပဲ။ ငါထွက်လာခဲ့တာ ၆နှစ်ကျော်ပြီ သူတို့မမြင်အောင် ငါအခန်းထဲမှာနေနေတာပါ။ အခု သူဝင်လာတဲ့ ဝင်ပေါက်အရှင်က ငါ့လိုက်လာတယ်နော်။


ဟိုပန်းချီကားကြောင့်လား။ ရော့ယူသွားဗျာ …. ။ ဒီတစ်ခန်းလုံးမှာအလင်းဆုံးဆိုလို့ ဒီပန်းချီကားတချပ်ပဲရှိတယ်။
သူလိုချင်ရင်ယူသွားတော့။


ပုရပိုက်ကိုးခုကိုဖွင့်လိုက်ရင် အထဲမှာ သူ့အကြောင်းဘာတစ်ခုမှတွေ့ရမှာမဟုတ်ဘူး ဗလာပဲ။
ပန်းချီကားထဲမှာ စက္ကန့်သံနဲ့ ငါ့နှလုံးသားတစ်ခုပဲပါတယ်။


မပြောင်းလဲဘူး ဘာတစ်ခုမှမပြောင်းလဲဘူး။ မှောင်လွန်းတော့သွေးစက်တွေမတွေ့ရဘူး။ သူထိုင်ချလိုက်တယ်။
ဘာမှမပြောင်းလဲဘူး။



nelay








No comments: