Pages

Thursday, May 27, 2010

Within Temptations - Utopia Feat. Chris Jones - Rockenweb

Utopia

The burning desire
to live and roam free,
it shines in the dark
and it grows within me

You're holding my hand
but you don't understand
So where I am going,
you won't be in the end

I'm dreaming in colours
of getting the chance
Dreaming of ( trying )
The perfect romance

In search of the door,
to open your mind
In search of the cure
of mankind

Help us we're drowning
So close up inside

Why does it rain, rain, rain
down on Utopia?
Why does it have to kill
the idea of who we are?

Why does it rain, rain, rain
down on Utopia?
How will the lights die down,
telling us who we are?

I'm searching for answers
not given for free
You're hurting inside,
is there life within me?

You're holding my hand,
but you don't understand
You're taking the road
all alone in the end

I'm dreaming in colours
No boundaries are there
I'm dreaming the dream.
and I'll sing to share

In search of the door,
to open your mind
In search of the cure
of mankind

Help us we're drowning
So close up inside

Why does it rain, rain, rain
down on Utopia?
Why does it have to kill
the idea of who we are?

Why does it rain, rain, rain
down on Utopia?
How will the lights die down,
telling us who we are?

Why does it rain, rain, rain
down on Utopia?
Why does it have to kill
the idea of who we are?

Why does it rain, rain, rain
down on Utopia?
How will the lights die down,
telling us who we are?

Why does it rain?


Within Temptations - Utopia Feat. Chris Jones - Rockenweb



http://beemp3.com/download.php?file=7167952&song=

Monday, May 17, 2010

ဘီလူးဆိုင်းနှင့်တီးခတ်ဖြေဖျော်လိုက်သော ဝါကျအတိုအရှည်များ



# $ ကျပ် @ ! ) * ^ (
စစ်တိုက်တမ်းကစားနေကြတဲ့ဗျာ
သိထားဖို့ကဘယ်ကမ္ဘာမှာမှ စစ်ကိုမလိုလားကြဘူး
ထစ်ကနဲဆိုစိတ်ထကကောက်
ဗျစ်ကနဲဆိုတိုင်းတံတွေးမထွက်ဘူး
အဖြစ်သည်းနေရင် အိပ်ပြန်အိပ်လိုက်
အလေအလွှင့်နဲ့အမှိုက်ကိုမီးရှို့ရင်
ဒီလောက်မြန်မြန်မလောင်ဘူး
အလင်းဆိုတာမျက်စိမှုန်တတ်တယ်လား။
အစွန်းထွက်ကမ်းပါးကြီးတွေ
အနေအထိုင်လွဲချော်သွားတဲ့နေ့တွေ
အူမ မတောင့်ပဲ အယ်လ်ကိုဟော စစ်စစ်လိုက်ရှာမိတဲ့အဖြစ်
ဟေ့ရောင်..နီလေး ဒီကမ္ဘာမှာ စစ်ပွဲမလိုဘူး
စက်ဆုပ်ရွံ့ရာမိပေမယ့် ခေါက်ရိုးအကျိုးအကြေမရှိပဲ
သန့်သန့်ပြန့်ပြန့်လေးဝတ်လိုက်ရင်တော့
အမွေပြတ်စွန့်လွှတ်စရာမလိုဘူးပေါ့
ပြောလိုက်တဲ့ဒိုင်ယာလော့ခ်ထဲမှာ ဒီအခန်းမပါဘူး
မနက်စောစောထမယ်
သဏ္ဍာန်မဲ့ စကားလုံးတွေ ပီပီသသရွတ်မယ်
ဆန္ဒရှိတဲ့အတိုင်း တစ်ရွာဝင်တစ်ရွာထွက်မယ်
နာကျင်မှုနဲ့မျက်ရည်တွေ တွေ့ရင်တွေ့နိုင်တယ်
အိပ်ပြန်နောက်ကျလို့ အမေစိတ်ညစ်ရမယ့်နေ့တွေ ရှိမယ်
လေးလံထုံမှိုင်းမှုတွေရှိမယ်..
ရုပ်ဝတ္ထုကိုအကြောင်းပြုပြီးခဏခဏခလုတ်တိုက်ဖို့တော့လိုတယ်။
အဲဒီ့ စောက်ရေးမပါတဲ့ ငွေကြေးတွေနဲ့
ငါသေရင် ရေဝေးမှာ ငါ့ကိုမသဂြိုၤလ်ကြနဲ့
ငါ့ကျင်းငါတူးပြီး ငါခန္ဓာကို မြေသြဇာလုပ်ပစ်မယ်
စောက်ရေးမပါတဲ့ ငွေကြေးနဲ့
အခွံလွတ် မျက်နှာဖုံးတွေထဲ ဟန်လုပ်ပြီး
အသက်ရှင်ကျန်မဲ့ စောက်ရေးမပါတဲ့ လူသားတွေကို
ကျော်ဟိန်းလို စောက်ဂရုစိုက်ခံချင်လို့ ပိုစတာထုတ်ပြီး
ငါနှုတ်ဆက်မနေဘူး
သိချင်သိမသိချင်နေ
စောက်ရေးမပါတဲ့ လောကကြီးရေ
အိပ်မက်နဲ့လက်ထပ်ချင်သေးလို့လား
စကြဝဠာတစ်ဝှမ်းလုံးကို လွှမ်းမိုးထားချင်လို့မှမရတာ
သေချာပြီဆိုမှ ကောင်းကင်ပေါ်တက် မီးရှို့ကြတာပေါ
တိမ်ပြာမှုံလောက်တောင် အသုံးမဝင်တော့တဲ့ ငါတို့က
ဘာကိုအသုံးဝင်ချင်နေကြတာလဲ
လင်ယူသားမွေးပြီး အောင်မြင်တယ်လို့
ကြွားလုံးထုတ်အုံးမလို့လား
မြုံနေတဲ့ နမတွေတော့ ပြုံးနေတော့မယ်
မီးလျှံအဖုံဖုံကို တုန်ရီနမ်းရှိုက်ပြီးမှ
ငါ့ဗဟိုစနေမှာ လောကကြီးအတွက်
ဘာတခုမှချန်နေစရာမလိုတော့ဘူး
လောကကြီးက
စိတ် ပျက် လက် ပျက် ထွေး ထုတ် လိုက် တဲ့ ကြယ်ကြွေ တွေပါ
လေထုနဲ့မတဲ့ လို့ မီးထတောက်တာ ဆန်းသလား
ဘာကိုမှခံစားမနေနဲ့
ယနေ့အထူးလျှော့ဈေး ၁၀၀ % ဒစ်စကောင့် (discount)
လေကောင်းလေသန့်တစ်ပိဿာ ၁၁၁၀ကျပ်။



အမည်မဲ့၊ nelay





Tuesday, May 11, 2010

ဦးနှောက်အမှတ်(၃) ၏ ဈာပန အပိုဒ်ခွဲ



စံပယ်တွေ ဖွေးနေအောင် ပန်ထားတဲ့ သုဿာန်ဟာ ..

အဖြူရောင်ကြိုးစကို မြှုပ်နှံဖို့ လက်မခံဘူး ။

တစ် ပြီးရင် နှစ် လာမယ် ။

ယခု ကဗျာကို နှစ်သက်တယ်ဆိုရင်

နံပတ် ၂ နေရာမှာ ဓားတစ်ချောင်းကိုင်ပြီး စောင့်နေ ။

အသုံးမကျတဲ့ တတိယ လူမှာ

ထမ်းပိုး ခရာ အညတရ အလင်္ကာနဲ့

ပန်းပျိုးချင်တဲ့ ဆန္ဒ မျက်ဝန်းအဝမှာ

ခဏတာ ဆိုတဲ့ ခဏတာကို ဖြုန်းတီး

တံခါးခေါက်သံကို အိပ်မက်အကျိုးထဲ ထိုးထိုးညီးနေလိုက်တယ်။

ဒီတံခါးကိုခေါက်တာ ဘယ်သူလဲ ။

စာပို့သမားလား ၊ မကြည်ဖြူလား ။

အလှူခံလား ၊ အစိမ်းရောင်လား ။

ရပ်ကွက်လူကြီးလား ၊ ဘုရင်မကြီးလား ။

တစ်ချက် ၊ နှစ်ချက် ၊ သုံးချက် ။

ဆိုင်းတွေ ဗုံတွေ ပစ်ချထားခဲ့ပါ ။

ဖျာသိမ်းသွားတဲ့ အမေ့ရင်ခွင်လဲ မနေ့ကမြည်ဟီးသံကြီးကြီး

ဘာမှမဟုတ်ပါဘူး

ကလေးရာ ....

ကျယ်ကျယ်တီးတီး

လေဟုန်စီးပြီး နွေကြာခဲ့တာ ရက်စိပ်ခဲ့

ဘာဆိုဘာတခုမှ မျောမလာနဲ့ ဒုက္ခဆိုတဲ့ ဒုက္ခိတ ကို

မွေးကတည်းကအစာမကြေ ရပ်ဝန်းထဲ ရပ်ကွက်လှောင်ခဲ့

အပေါ်ယံကြယ်သီးတွေဖြုတ်ပြီးရင်

လက်ဖဝါးနုနုကလေးနဲ့ ငါ့ကိုအဆိပ်ခပ်

လက်အပုတ်တွေနဲ့ ငါ့မျက်နှာကိုလာမသပ်ကြနဲ့ ။

မသတ်ကြနဲ့ ။

လက်အပုတ်တွေနဲ့ ငါ့ကို လာမသတ်ကြနဲ့ ။

ငါက “သတ်ပုံ” မှားတဲ့ကောင် ။

ငါက သတ်ပုံ မှားတဲ့ကောင် ။

ဖြည်းဖြည်းချင်း သတ်ရမယ့်အစား ။

လေကို မြန်မြန်ရှူ ၊ ဓားကို ထိုးမြှောက် ။

စကားလုံးတွေ သွေးစွန်းကုန်တယ် ။

မုသားတွေက မေလရဲ့ အပူချိန်နဲ့

အငွေ့ပျံမသွားဘူး ။

သွေးသားဆန္ဒဆိုတာ ၊ လူရယ်လို့ သိတတ်စကတည်းက

ဒွန်တွဲလာတဲ့ အဖော် ။

အနုပညာ ပျက်သွားပြီ .... ပျက်သွားပြီ အနုပညာ

သုံးရာသီစာ စုဆောင်းခဲ့သမျှ ဒီလိုပဲပျက်ခဲ့ရတာလေ

ပျံကျလာတဲ့ ဒီလိုရပ်ဝန်းမှ ခေတ္တဆိုတဲ့ အဟုန်က

ဒါကိုပြီးဆုံးမယ်လို့ထင်ကြသ လား

မှားသွားမယ် မှားသွားမယ်

စမ်းချောင်းထဲက အရူးတွေမှားသွားမယ်

ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်

အနုပညာကို လှောင်နေကြတဲ့ အလောင်တွေ

''...'' အဲဒါမပါရင် လေဟုန်မစီးနိုင်တဲ့ လှေနဲ့

ဂဠုန်ချီသွားတဲ့ နှလုံးသားကို

ငါ့ဦးခေါင်းပေါ်က နံပါတ် (၃) က ဓါးထုတ်ပြုံးနေတယ်။

အပြုံးရဲ့ နောက်ကွယ်မှာ သွေးစွန်းဓားတစ်လက် ရှိမလား ။

သွေးစွန်းဓားတစ်လက်ရဲ့ နောက်ကွယ်မှာ အပြုံးရှိမလား ။

ဒီကြိုးစကို ဖြတ်ဖို့ ဒီဓား မလိုဘူး ။

ရှင်းရှင်းပဲ ပြောလိုက်မယ် ။

စံပယ်တွေ ဖွေးနေအောင် ပန်ထားတဲ့ သုဿာန်ဟာ ..

အဖြူရောင်ကြိုးစကို မြှုပ်နှံဖို့ လက်မခံဘူး ။



nelay ၊ ဆူးခက်မင်း





Wednesday, May 5, 2010

သို့ …. နိုရာနီ



မျက်လုံးကိုဖွင့်လိုက်တော့ ၈နာရီကိုရောက်တယ်။ ညက အိပ်မက်ထဲမှာ နှိုးစက်သံက … 
ယခုဘဝအထိပါလာလို့ ကျနော် မျက်နှာမသစ်ဖြစ်ခဲ့ဘူး။


ကျနော့် အင်္ကျီပန်းနုရောင် လက်ရှည်ကလေးကို ခေါက်ပေးစဉ်က … 
နာရီစက္ကန့်သံဟာ ရင်ဘတ်ထဲမှာခိုဝင်ရူးခဲ့။ မျှားအစင်းတစ်ထောင်စူးဝင်သွားတဲ့ ဝေးကွာမှုမှာ … 
ကြယ်သီးတပ်ပေးတဲ့ လက်ချောင်းကလေးတွေ လက်ပြနှုတ်ဆက် ….


ကျနော် မမူးပါဘူး။ 
နှလုံးခုန်သံလွန်ကျူးသွားတဲ့ မနက်မှာ 
အမြစ်တွေ စောင့်မျှော်နေတဲ့ နေခြည်စိမ်းကိုကိုင်ထားတဲ့ ကျနော်လက်တွေဘာလို့ တုန်နေခဲ့တာလဲ …. ။ 
မျက်ဝန်းအိမ်ထဲ တိုးဝင်လာတဲ့ အနက်ရောင်သတို့သမီး အရာအားလုံး လင်းလင်းရှင်းရှင်း မနက်ခင်းထက် ပိုလှပါတယ်။


သတို့သမီးမျက်နှာပေါ်မှာ ကျနော့်တစ်ကိုယ်စာ မြင်နေရတဲ့ တိမ်တိုက်တွေရှိတယ်။ 
လမ်းကူးသွားတဲ့လူတွေ ကျနော့်ကိုမမြင်ကြပါဘူး။ 
အခန်းထဲက ဒေါသနဲ့မေတ္တာ ပန်းချီကားပေါ်မှာ ကရုဏာသက်မှုတွေ ငုံ့ကြည့်နေကြတယ်လေ။


အရာအားလုံးဟာ ဘာမှမဟုတ်တဲ့ စက္ကန့်သံကို နောက်ဆုတ်သွားတဲ့ 
ခေတ်မှာ 
ဟင်းလင်းပြင်တခုသာ နီးကပ်ခဲ့ပါတယ်။ ကျနော်တို့ စိတ်တွေ ဝေးခဲ့လို့လေ။ …. ဝေး …… ခဲ့ ……. လို့ …. ။ ကမ်းနဖူးမှာ ဖက်ထားတဲ့ နာမ်နှစ်ခု အခုတော့ တစ်ခြမ်းစီ ပျက်ကျခုန်ဆင်း …. လှိုင်းသံတွေလဲ အခန်းထဲမှာ ချင်းချင်းနီ သွားပါရဲ့ဗျာ … ။


ဘေးချင်းကပ်လျှက် မမောင်းထုတ်လိုက်ပါနဲ့ လက်ရမ်းပေါ်က ခိုနှစ်ကောင် စိတ်ချင် အိပ်ငိုက်နေကြတယ်။ လွင်ပြင်တခုရဲ့ ကြားခံ ခြောက်သွေ့မှုမှာ …. ကျနော်တို့ လက်ချင်းဆုတ်ကိုင်လို့ … ပုဝါဖြူကိုလှုပ်နှိုး … ညနေခင်းလေပြေတွေလဲ ဝင်လာရောလေ … ။


ကျနော်က အပူကြီးပါတယ် … နေမင်းကိုမျိုထားတဲ့လူဆိုတေ ာ့ … သတို့သမီးကို မကျွမ်းလောင်စေချင်တော့ပါဘူး။ ဒါပေမဲ့ အနက်ရောင် သတို့သမီးရဲ့ ဈာပနဟာ ထာဝရလှနေမှာပါ။ တွန်းလှဲလိုက်တဲ့ ခြေသံတွေကို နားမလည်ဘူးလေ …. ကျနော်တို့မဟုတ်တဲ့ ဝိဉာဉ်နှစ်ဖေါ် အခန်းထဲမှာ ပျော်ခဲ့ဖူးမှာပါ။ သူတို့စောင့်ကြည့်နေတဲ့ ရပ်ဝန်းမှာ ထွေးဖက်မိတဲ့ ကျနော်တို့ရဲ့ ဘဝထိခေတ်သံဟာ ဘယ်လောက်ကျယ်ခဲ့သလဲ …. ။


သူကတော့ သတို့သမီးကို သူ့လက်ပေါ်မှာ အိပ်စက်စေခဲ့ဖူးတယ်။ သူကတော့ သတို့သမီးကို မြေမြှုပ်ပေးခဲ့ဖူးတယ်။ ကျနော်ကတော့ ကုတ်အင်္ကျီ အနီရောင်လေး ဖုံးပေးခဲ့ဖူးတယ်လေ။ ဘာများကွာခြားလို့လဲ အဆက်အဆက်မရှိတဲ့ဘဝတွေ။


နေဝင်တော့မယ် ပြန်ကြရအောင် … ။ အပြီးအပိုင် မပြန်နိုင်တဲ့ တောင်ပံတစ်စုံသာ … ကိုက်လန်ကျော်ထဲ အပိုင်းပိုင်းပြတ်။ ကြက်တောင်ပံ ကင်ထဲ အစိတ်စိတ် ချို … ။ စကားမပြောလိုတော့ဘူး သတို့သမီးရေ …. ။ မျက်ဝန်းထဲမှာ အဖြေရှိပြီးသားပါ။ စကားလုံးမလိုတဲ့အဖြေထဲမှာ ဘာလို့
မေးခွန်းတွေအထပ်ထပ်သေနေအုံးမှာလဲ …. ။


နောက်ကျောမှာ ကျနော်ချိတ်ပေးခဲ့တဲ့ ဂျိတ်ကလေး … ထာဝရညှိတွယ်ပေးပါ။ ဝတ်ပေးခဲ့တဲ့ အမှောင်ကိုတန်ဖိုးထားပါ။ ပိုက်ကွန်လို မချုပ်နှောင်လိုတော့ပါဘူး … ။ ပိုက်ကွန်အင်္ကျီကလေး ဝတ်ပေးခဲ့ပါ့မယ်။
အလှတရားမရှိတဲ့ ဥတုပျိုမှာ ကျနော်ငေး …………………………………. ။


လမ်းကြားထဲမှာ ကျနော်မလိုလားတဲ့ နတ်ဆိုးတွေ ထိုင်စောင့်နေတယ် ။ ကျနော်လဲ စောင့်နေခဲ့ဖူးတာပါပဲ။ မှန်များအားလုံးကိုအရောင်တင ်ပြီးရင် … ။ လှောင်အိမ်နွယ်ဆူးအိုထဲ ပြန်ဝင်ခဲ့အုံးပေါ့။ နွေးထွေးပါတယ်။ မလုံခြုံဘူး။ ဘယ်အရာကရော လုံခြုံမှုကို သေချာစေခဲ့လို့လဲ … ။ အဲဒီနတ်ဆိုးကိုမေးကြည့်ရအုံးမယ် …။ မျက်ရည်ဆိုတာ နှလုံးသားက အပိုထုတ်လွှတ်လိုက်တဲ့ တံထွေးစက်တွေလားလို့ … ။


ကျနော်ထွေးခဲ့ဖူးပါတယ် ။ သူတို့ဟာ တံထွေးစင်လို့ စင်မှန်းမသိတဲ့ သူတို့သာဖြစ်ခဲ့။ ကျနော်သာ နစ်ခဲ့ရတဲ့ တိမ်အိုတခုပါ။ ဒီနေ့ မိုးရွာလိမ့်မယ်။ အမှောင်တွေပြေးတက်လာပြီ သတို့သမီးပျို … ကျနော့်ကိုဖက်ထားစမ်းပါ။ မလုံခြုံတဲ့ ရာသီတခုကို အားကုန်သာ ဖက်ထားစမ်းပါ။ ကျနော့် မုတ်သုန်နောက်ကျလိမ့်မယ်။


ဘာမှလုပ်စရာမရှိတော့ဘူးလေ ။ လုပ်စရာတွေက ဘာမှကို သိပ်များခဲ့ပါတယ်။ ကျေးဇူးပြုပြီး နားထဲက အသံတွေတိတ်ပေးကြပါ။ ဟိုးးးးး ဝေးးး ဝေးးး က စာလုံးပေါင်းတွေ စကားမပြောနိုင်လောက်အောင် အဲဒီ့ အပင်ဟာ တစ်ပင်လုံး နီရဲ ခဲ့ပါတယ်။


စမ်းချောင်းကလေးပေါ်က ရွက်ကြွေများလို ဘဝကို ပျော်ပျော်သာနေခဲ့ပါတော့။ကျ နော် မနေနိုင်ဘူး သတို့သမီးပျို … ။
နတ်ဆိုးတွေ ပျိုးဆက်ထားတဲ့ ခရေကုံးကို လိုချင်တက်မက်မှုနဲ့မလိုချင်တက်မက်မှု … အောင်မြင်မှုက အပျိုပျက်ပြီးစ မျက်ရည်များပါပဲ ။ ဟိုးးးးးးးးး မှာ ကြည့် …. ။




……… အစိမ်း ……. အဝါ ……… အနီ ………




သူရူးတစ်ကောင်ရဲ့ မီးပွိုင့် မျှော်စင်မှာ ကျနော့်လိပ်ပြာပခြုပ်ထဲက
လိပ်ပြာအစိမ်းရောင်ကလေး လွှတ်ပေးလိုက်တယ် …. ။



nelay





Tuesday, May 4, 2010

သူတို့ပြောတဲ့ လူမဆန်တဲ့ကဗျာ



ရောက်ပြီ
စောင့်နေတဲ့ ရေ
ကမ်းနဖူးပေါ်က လေ
သစ်ရွက်တွေလဲ ကြွေမယ်ထင်ရဲ့


စောက်ရေးမပါတဲ့ သုညတစ်လုံး
နေဝင်ချိန်မှာ သရဖူဆောင်းပြီး
အတောင်စုတ်နေတဲ့ ပြဇာတ်
အောင်မြင်ခြင်းကို ခြေချိုးလိုက်တယ်


ဂါ နေတဲ့ရပ်ဝန်းမှာ
ကမ္ဘာကြီးလုံးနေခဲ့ဖို့
မဖြစ်စလောက် သီဝရီနဲ့ညကျိုးတယ်


မျက်နှာအတုတွေ လေသလပ်သွားမှ
မျက်နှာကြောတွေ တင်းလာကြ


အပုတ်မ သစ်ခြောက်ပင်
အလွတ်ဆွဲတဲ့ လေထဲမှာ
ကာဗွန်တွေများတယ်


လူရှုနေတာ ဘာတွေလဲ
အရူးတွေ ... အရူးတွေ ... အရေလူးပြီး
တမူးက အစ်ကိုကိုခေါ်
အကြောက်တရားနဲ့ ငှက်ဖျားမိနေတယ်


ကဗျာဆိုတာရည်းစားစာက စတာလို့
ဘယ်သူပြောလဲ
လွန်ပူနဲ့ မင်းနားကိုထွင်း
ဦးခေါင်းမပါပဲ ခင်းတဲ့ပွဲမှာ
လိပ်ပြာတစ်ကောင်ရဲ့ ဆဲဆိုသံများ ပဲ့တင်တယ်



nelay





Sunday, May 2, 2010

နတ်သား .............. သို့



ဟိုး ... ရှေးရှေးတုန်းက .. ။
အနီရောင် နတ်သားတစ်ပါး
နတ်သက်ကြွေတဲ့ ပုံပြင် ၊ ပြောပြခဲ့ဖူးတယ် ။


သူက ကမ္ဘာ့အပြင်ဘက်ဆီကနေ
ကြွေဆင်းလာတဲ့ နတ်သား ။

အနီရောင် နတ်သား ။

အင်္ကျ ီဖို့ရို့ဖားရား ၊ ဂျင်းဘောင်းဘီ ခပ်စုတ်စုတ် ။
ကျောပိုးအိတ်တစ်လုံး အမြဲလွယ် လို့ ။
ဒါတွေက သူ့ရဲ့ ချပ်ဝတ်တန်ဆာတွေ ဖြစ်တယ် ။


သောက်ပွဲသဘင် ကျင်းပပြီးရင်
ကဗျာရွတ်တယ် ။

မူးလာရင် မိန်းမ မကောင်းကြောင်း ပြောတယ် ။
အဲ့ဒီထက် ပိုမူးသွားရင်
သူ ချစ်ရတဲ့ မိန်းမ ကောင်းကြောင်း ပြောတယ် ။
သူ့မကောင်းကြောင်း သူ ပြန်ပြောတယ် ။
ကျွန်တော်တို့ ကောင်းကြောင်း သူ ပြန်ပြောတယ် ။
ခေါင်းအုံးထက်က သွေးစက်တွေအကြောင်းပြောတယ် ။
အဝါရောင် ပိတောက်လမ်းလေးအကြောင်းပြော
တယ် ။


လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားလုံးတွေ ငှဲ့သောက်တတ်တဲ့
နတ်သား က ၊ ဆေးလိပ်သောက်ရင်း ဒဿနတွေ
မှုတ်ထုတ်တတ်ပြန်ရော ။
ကျေးဇူးတရားကို ငရဲတစ်ပါးလို ကြောက်ရွံတတ်တဲ့
နတ်သားက ၊ ကဗျာတွေကို
လိုက်ပြုံးပြတတ်ပြန်ရော ။


တစ်ခါတစ်လေကျ ၊ သူ့ ဗိမာန်တော်မှာ
ရှုပ်ပွနေတတ်တဲ့ အမှိုက်တွေအကြောင်း
စိတ်လိုလက်ရ ရှင်းပြတတ်တယ် ။
ကျွန်တော်တို့ကလည်း ခပ်ပြုံးပြုံးနဲ့ပဲ
သူ့ အမှိုက်တွေကို ကန်ထုတ်ပစ်တတ်တယ် ။


ကဗျာဆရာ နတ်သားက ၊ ကဗျာဆရာ မပီသစွာပဲ
ဖက်ကြမ်း မသောက်တတ်ပြန်ဘူး ။
( နတ်ပြည်မှာ ဖက်ကြမ်း မရှိလို့ နေမယ် )
တစ်ဘူးသုံးရာတန် စီးကရက်ကိုတော့
ခုံမင်စွာ ရှိုက်ဖွာနေတတ်တယ် ။


တစ်ခါတစ်ခါ ကားလမ်းဘေးမှာ အရက်ထိုင်သောက်တယ် ။
တစ်ခါတစ်ခါ ကတ္တရာလမ်းပေါ် ပက်လက်လှန်အိပ်တယ် ။
တစ်ခါတစ်ခါ သီချင်း အော်ဆိုတတ်တယ် ။
တစ်ခါတစ်ခါ အတင်း အော်ငိုတတ်တယ် ။

ကျွန်တော်တို့ရဲ့ နတ်သားက ၊ တစ်ခါတစ်ခါကျရင်
ပန်း ပန် ပေး တတ် သေး တယ် ။


နတ်သား ရေ ။
ရင်ဘတ်ချင်း တူလို့ လမ်းတွေ လျှောက်ခဲ့ကြပြီးပြီပဲ ။
ဖိနပ်တွေ ချွတ် ။
ခေါင်းပေါ် လက်တင်ပြီး ဆက်လျှောက်ကြမယ် ။


( ကိုနီလေးအတွက် အမှတ်တရ မွေးနေ့လက်ဆောင် )


လေးစားစွာဖြင့်
ဆူးခက်မင်း