Pages

Wednesday, January 27, 2010

အရိပ်စိမ်း



ငါ့မျက်လုံးတွေ ဖွင့်ပေးတဲ့ ကလေးရေ ..........
မင်းပျော်နေရင် မင်းမဟုတ်လည်း ရူးတယ်။
အခန်းထဲက ငိုရှိုက်သံမှာ ငါ လှုပ်မရ ရုန်းမရ .
သစ်ရွက်တွေ ဝါလာပြီ။ ငါ့ကို ရေဘော်ထိုးနေတာလား ။.
ပြီးရင် ...... ။
ရေဘော်စာကို မီးရှို့ကြဦး .။.
မီးလောင်လို့မှ မနွေးလာတဲ့ ဆောင်းမှာ
ငါ့နှလုံးသားတွေ အစိမ်းနွေး .......... ခရေနွေး .......... ။
ပန်းအိုးထဲက အပွင့်တွေ မလွတ်လပ်ဘူး။
ပန်းတွေ အခင်းလိုက် လွတ်လပ်ကြစမ်းပါ။
ငါ့ မြက်ခင်းတွေ ကန္တာရကို ဖုံးပေးမယ်.


တစ်ခါသုံး .......... နီလေး ရေ .................။
သူ့ချွေးတွေ စုပ်လိုက်ရုံနဲ့ မင်းမျက်ရည်တွေ ရွှဲခဲ့ရော့သလား။
စံပယ်ရုံကလေး ပျော်နေတယ်.
သတ္တိရှိရှိ ကြွေကျလိုက်စမ်းပါ။
ငါ အိုးပုတ် ချိုးရုပ်ကလေးနဲ့ ကစားနေမယ် ... ။
မင်း ဆံနွယ်တွေနဲ့ ပါးစပ်ပိတ်ထားလိုက်စမ်းပါ။
သိပ်လှလို့ ........... သိပ်လှလို့ ........... သိပ်လှလို့ .............. ။
ငါပြန်လာခဲ့မယ် ... နင် ဂစ်တာတီးပြီး ကြိုနေနော် ......... ။
မင်္ဂလာရှိတဲ့ နင့် ''နေ့'' မှာ ငါ့သွေးတွေ ပျံပါရစေ .. ။
ဒီနွေမှာ ဧပရယ်လ် မလှဘူး.
ရင်နွေးငွေ့နဲ့ အစိမ်းကြမ်းပါတော့ ... ။
မလာတော့ဘူးလား မုန်တိုင်းရေ ...........
မင်းကို ငါမျှော်နေတာ ....
လှိုင်း .......... သေ .......... တယ် .......... ။



nelay





1 comment:

နေ့ သစ် said...

မိုးပေါ်ကိုကြည့်လိုက်
ပြီး
ဖိနပ်ကိုချွတ်
လက်နှစ်ဖက်ကို ဖြန့် ထားလိုက်
စိတ်ထဲရှိတဲ့ သီချင်းကို အော်ဆို
အစ်ကိုရေ ..
အတူတူ ငိုရအောင်လား ... ။