Pages

Sunday, January 17, 2010

ကိုယ်ပိုင် သံလမ်း



အသုံးမကျတဲ့အိမ်ဦးနတ်ကိုခေါင်းနဲ့မော့တိုက်လို့မရဘူးတဲ့လား
ငါကိုက တိမ်တွေကိုဖောက်ထွက်နေမိတာ
ခေါင်းက ရှည်လွန်းတယ် . . .


ပစ်မှတ်တွေက ရတနာတွေပေါ်
ရ ... တာ ... နာ ခဲ့ . . .
အသိဉာဏ်တွေက
'' ... '' ခေါ်ဖို့တောင်မထိုက်တန်ခဲ့
ဒီနေရာလေးမှာပဲ ငါတို့ရပ်တန့်လိုက်ကြမယ်


လေးပုံပုံရင် ငါ့ဓါတ်ပုံကို
မြေမြှုပ်ပစ် ... (အပြီးအပိုင်)
မြေမြှုပ်ပစ် . . .


သိပ်လှတဲ့အသိုက်အမြုံလေးကို
စစတွဲသီကတည်းက ... အမြုံ
ရယူခြင်းတွေ ပိုင်ဆိုင်ခြင်းတွေ
အတ္တကြီးနေခဲ့လို့ အခု ...
လျှော့ရဲ့ရဲ့ ပြေရတော့မယ် . . .


အပွင့်အလင်းဆုံး လမ်းမှာ
ငါတို့တွေရဲ့ လေတွေ မလျှောက်ခဲ့လို့
အနားလည်တတ်ဆုံး စိတ်တွေ
လေ . . . လေ . . လေသွားခဲ့ . .


ငါတို့တွေ တိုးတိုးလေးခွဲထွက်ဖို့
တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း
ခြံစည်းရိုးအသေတွေ ဖျက်စီးကြ
မှောင်ရီပျိုတော့မှ တယောက်ကိုတယောက်
အလှမ်း ၆ဝနဲ့ ဘဝကိုအဆုံးတိုင်ခဲ့ . . .


ထုံးစံအတိုင်းပါပဲ ပြတင်းတို့ရယ်
ငါ့လေညှင်းမှာ ပျော်ရွှင်စရာမရှိ
ငါတို့ကိုယ်တိုင်အသိနဲ့ခေါင်းတွဲကြီးကို
နှလုံးသွေးတွေထုတ်ပြီး .... ဖောက်ခွဲ ..
ဖောက် ... ခွဲ ...
ဖောက်ခွဲပြစ်ခဲ့တယ် ... ။



nelay





No comments: