သူ့ကိုယ်သူ ၂ကျပ်တန်မှန်း မေ့နေလို့ ၂ကျပ်တန်တွေကို ထိုင်ဆဲနေတယ်
မြန်မာနိုင်ငံမှာ အမိန့်သေကျတဲ့ လူတွေထဲက တစ်ယောက်က ငါ ဆိုပဲ
ဒါနဲ့များ ရေးကြီးခွင်ကျယ် လုပ်လို့ ဘုရားလမ်းက သူတောင်းစားကို သွားလှူနေသေးတယ်
သူတို့တွေ မရလိုက်တဲ့ အရာတွေကို ငါ့ဆီက လာလာလုယူနေကြလို့
သူတို့အချိန်တွေပြောက်ဆုံးနေကြတယ်
ဉာဏ်ပညာကြီးမြတ်သူတစ်ယောက်ယောက်ရဲ့ လက်ထဲက

အသိဉာဏ်ကိုခိုးယူလိုက်ရင် အဲ့ပညာရှိကြီးဉာဏ်ရှိနိုင်အုံးမလား
ပန်ကာ အနောက်က စကားလုံးတွေ ခါချရတာ သိပ် သတ္တိရှိဖို့ကောင်းတယ်တဲ့
လေယာဉ်ပျံကို ငါအခုထိ အစာမကြေတုန်းပဲ
ပြောလိုက်ပါ လူတကာလိုက်ဆဲတဲ့ ဝါဒကို ပညာရှိ ဆောင်းညတွေ တွေ့ရှိခဲ့တာ
လူတစ်ယောက်ကိုအကဲဖြတ်ဖို့ လက်ဖက်ခြောက်တွေနှပ်နေကြသလား
နာမဝိသေသန အချင်းချင်း မျိုးစပ်မှမြတ်မယ်ဆိုလဲခင်ဗျားတို့ သဘောပါ
ပြီးမှ ပုဒ်မတွေ မကာရံထားတဲ့ ငါ့ကမ်းနဖူးမှာ လာတော့မရပ်ကြနဲ့
လှိုင်းဆိုတဲ့ အဓိပ္ပါယ်က ငါ့အဘိဓာန်မှာ စားသုံးခြင်းလို့ခေါ်တယ်
ခင်ဗျားတို့တွေ သိပ်ဉာဏ်ကောင်းတိုင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဘာလို့ ဆရာလို့ ခေါ် ကြတာလဲ ဘုရားလို့ ပြောင်းခေါ်ရမှာကြောက်လို့လား
ဖြစ်နိုင်ရင် ငါတော့လေသန့်ဘူးတွေထုတ်ရောင်းချင်တယ်
မွေးကထဲအဆိပ်သောက်ထားတဲ့ မြွေတစ်ကောင်က လူတစ်ကာကိုလျှောက်ကိုက်နေသတဲ့လား
ပျဉ်းရိငြီးငွေ့ခြင်းဆိုတာ အနုပညာရှင်ရဲ့ အဆိပ်သုတ်ထားတဲ့ နှုတ်ခမ်းပါ

nelay