Pages

ပူစီဖေါင်း
ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...
Read More
ဇီဇဝါ ဝင်္ကပါ
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...
Read More





လူငယ်တစ်ယောက်နဲ့ ခြေထောက်များ
သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...
Read More

စာ စားသုံးခြင်း
ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...
Read More
မေဦးပေါက်တဲ့ စာကလေး
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...
Read More


မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ
ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...
Read More
ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်
နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...
Read More
ပုံပြင်ပေါ်မှာ ဇီဇဝါ
လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...
Read More

ဒီနေရာမှာ သုညတွေပေါတယ်
အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...
Read More
နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း
လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...
Read More

ဖြစ်မှဖြစ်ရလေ
ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...
Read More
ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...
Read More

Sunday, January 11, 2009
ပန်း ရုပ်သေး
Tuesday, December 23, 2008
သူဟာ စောက်ကျင့်
သူဟာ လမ်းမှာ သူ့နာမည်ကို
သူဟာ သူမဆက်ဆံချင်တဲ့
သူဟာ အိပ်သာ တက်အပြီး
သူဟာ Post တစ်ခု တင် အပြီး
သူဟာ ဘာသာစကားနဲ့ ပတ်သက်ပြီး
သူဟာ ဆေးလိပ်သောက်ပြီး
သူဟာ မနက် မနက် အိပ်ယာ ထ နေခြင်း
Monday, December 22, 2008
D ဇင်ဘာ ဝိုင်
အိပ်မက်တွေထဲ လိုက်ကပ်နေတဲ့
ဖားပျံတွေပဲ ရိုက်သတ်လို့မကုန် ….
အရေပြားညှိထားတဲ့ ရာသီဥတုကို
ပေါင်ကားပြီး ခုန်ချလိုက်မှ ပွင့်မဲ့ လေထီးများနဲ့
ငါ့ကိုပြောပြစမ်းပါ ….
ညာဖက်လက်ကိုဖြတ်ပြီးမှ အင်္ဂါဂြိုလ်ကို သိမ်းမဲ့ ရတုတစ်စုံ
ခြေတစ်ဖက်ဆာနေတဲ့ ဟောဒီ့ ရင်အုံထဲမှာ
မမွေးဖွားနိုင်တဲ့ မိုးမခ ပင်အိုကြီး
မင့်မျက်နှာဖူးငယ်ငယ်ကို မြင်ရယုံနဲ့
ငါ့ရဲ့ လေသလပ်နေတဲ့ ဒုက္ခတွေ ပြေးလွှားနေရတယ် ….
ပြန်ပေးဆွဲတဲ့ နက္ခတ်မှာ မွေးဖွားခဲ့ရလို့
မေ့မရတော့တဲ့ တေးသွားတွေပဲ
ကြယ်လမ်းကြောင်းမှာ မှားယွင်းစွာနဲ့ ဆုတောင်းနေရ …
အထပ်ထပ်ကို ထုခြေ ပ လိုက်ပါရဲ့
မျက်နှာပေါ်က စမ်းပျိုကလေးကို
သောကနဲ့ပဲငါ့မှာ လှော်ခတ်လို့ မရောက်နိုင်ဘူး
လက်နောက်ပြန်တွေ အသေခြည်နှောင်တုတ်လို့
အစိမ်းရောင် မုဒ်ဦးဝမှာ ငှက်ပြောရွက်တွေကြီးထွားရှုပ်ပွ
လိုရာမှာ ပစ်ချမရတဲ့ အစိုင်အခဲတွေ အ နေရတယ် ….
ခေါင်းပေါ်က ပန်းတွေ ခြေပြီ
အပေါင်းတွေ လျှောက်ပြန်မရခဲ့ရင်
အလင်းအနားသားကို အမှောင်ဝမှာ ဆိုးပေးခဲ့ပါရစေ …
သစ်ပင်နဲ့ သစ်ရွက်
မြေကြီး ပြောက်တဲ့အရပ်မှာ
ဘာ ရနံ့တွေပဲ ဘာ ဆိုတဲ့ ဘာသာနဲ့ လှိုင်လှိုင်ပွင့်
အပြုံးတွေ ပြယ်မဲ့ လက်တစ်စုံနဲ့
ငါနဲ့ ငါ့ရဲ့ ဟိုးဝေးဝေးက အဟုန်ကို
မနာကျင်တဲ့ ဒုက္ခ အပြည့်အစုံနဲ့
မှားယွင်းစွာ ပွင့်ခဲ့ရတဲ့ ဆောင်းအလွန်က အနမ်း ပါပဲ။
Thursday, December 18, 2008
မင်္ဂလာရေး ကူညီမှုအသင်းကြီး
ဟို ကျော်သူ ဆိုတဲ့ ဘဲ ကြီး လို မှုတ်ဆိတ် မွှေး အရှည်ထား
ရောင်ကြီးဘွေ ကို စွေ့ နေအောင် ထုံးပြီးးး ....
ဘိတ်သိတ် ဆရာယောင်ယောင် MC ယောင်ယောင်
ဟို နက္ခတ် ကြည့် ဒီ နက္ခတ် ကြည့်
ဟို စာရွက်လှန် ဒီ စာရွက်လှန်
မင်္ဂလာ မဆောင် နိုင်တဲ့
တောသားတွေ
ခွက်ပြောက်တွေ
သူတောင်းစားတွေ
ဟိုတယ်ပေါ်က အလေ အလွှင့် အမှိုက်သရိုက်တွေ
ဆွေမကြည့်မျိုးမကြည့် ဟာ တွေ
အလေနတ်တော တွေ
အဖေမနိုင်အမေမနိုင်တွေ
ခိုးရာလိုက်ပြေး ဆင်းရဲသားတွေ
လက်ဖေ့ရည်သောက်ချင်နေတဲ့ တရားရုံးကဝန်ထမ်းတွေ
ဆွေမရှိမမျိုးမရှိ ကြွက်စုတ်တွေ
ဂေါ်မစွန်တဲ့ အပျိုပုတ်ကြီး လူပျိုပုတ်ကြီးတွေ
ဘယ်တော့မှမပြည့်လာတဲ့ ငွေကိုစုနေတဲ့ ဝန်ထမ်း လဒတွေ
ဘုန်းကြီးကို အလုပ်ရှုပ်အောင်လုပ်ဖို့ကြံနေတဲ့ကောင်တွေကောင်မတွေ
မိဘ သဘောမတူတဲ့ နန့်နန့်တက်ဆပ်ဆလူးတွေ
ဟန်ပြ ဆောင်ချင်တဲ့ ကြာကူလီတွေ
အဲဒါတွေ အားလုံးကို
မင်္ဂလာရေး ကူညီမှုအသင်းကြီး ဆိုပြီး
ရွာလုံးကျွတ် မြို့လုံးကျွတ်အောင် မင်္ဂလာ ဆောင်ပေးလိုက်အုံးမှာ
ဒါနဲ့ ဗုံး ကွဲ သွားတော့တာပါပဲ
Saturday, December 13, 2008
နေကွယ်တိမ်
တိမ်တိုက် တွေ ဟာ
ငါတို့ ကို ကောင်းကောင်း နင်းပြီး
လွှင့် နေခဲ့တာ ပေါ့ .....
ငါ တို့ မှာ သာ
သူတို့ ခြေဖဝါး အောက် မှာ
ရွှဲရွှဲ ကိုစို လို့
Saturday, December 6, 2008
ဘိလပ်မြေ
မြောက်ဖက်မုခ် က
အရှေ့ဖက်မုခ် က
အနောက်ဖက်မုခ် က
အရှေ့ဖက် မုခ် မှာ
အနောက်ဖက်မုခ် က
တောင်ဖက်မုခ် က
မြောက်ဖက်မုခ် က
ရွှေ နာမ် ငွေ နာမ် နဲ့
ငါ့ ကို အသက်သွင်းပြီး
နာမည်မကြီးတဲ့ ငါ့မှာ
အုန်းပွဲ ငှက်ပျောပွဲ နဲ့
ငါ့ ကိုယ်ငါ
ငါ့မှာသာ ဟိုမရောက် ဒီမရောက်
သဲများသွားတဲ့ အသားတွေ
Thursday, December 4, 2008
ပညာရေး အသုံးအနှုန်း
ကိုး တန်း လဲ အရေး မကြီး ဘူး
ခြောက် တန်း လဲ အရေး မကြီး ဘူး
ငါး တန်း လဲ အရေး မကြီးဘူး
သုံး တန်း လဲ အရေး မကြီးဘူး
လေး တန်း လဲ အရေး မကြီးဘူး
နှစ် တန်း လဲ အရေး မကြီးဘူး
ခုနစ် တန်း လဲ အရေး မကြီးဘူး
တစ် တန်း လဲ အရေး မကြီးဘူး
ဆယ် တန်း လဲ အရေး မကြီးဘူး
အရေး အကြီး ဆုံး က
မသိရင် မှတ်ထား
မူလ တန်း ဟ
Sunday, November 23, 2008
လူရှင် ကမ္ဘာကြား လူသေ
ငါတို့ အချင်းချင်း စားသုံးနေရတဲ့ ဧည်ခံပွဲတစ်ခုမှာ
ဘယ်သူ့ ဧည်ခံပွဲလဲ မသိရှိရပါပဲနဲ့
ငါတို့ အချင်းချင်း အမုန်းပွားလိုက်ကြတယ်
သိပ်ကိုလှပတဲ့ အခန်းအနားပါပဲ ယုန်ငယ် …..
ဟောဟို ဝေးဝေးကိုကြည့်လိုက်တိုင်း
အရိုင်းအစိုင်းတွေ မွေးဖွားကြီးပြင်း
လူ့နိုင်ငံအိုကြီး ပျက်စီးပါစေကြောင်း
အရိုးနန်းဆောင်ထက်က ခန်းနားရှင်းလင်းခြင်းနဲ့
အမိုက်မှောင်ခန်းမှာ သားသတ်ပွဲတွေ ကျင်းကျင်းပပ …
အရေတွန့်နေတဲ့ လက်အိုထဲက
စစ်ပွဲတွေခင်းနေတဲ့ ဦးနှောက်အိုကြီးတစ်ခုကို
ကလေးတွေက မုတ်သုန်မိုးနဲ့ ချိုးချိုးနေခဲ့တဲ့ ရာဇဝင်တွေ …. အ ….
ဘယ်ဆီမှာလဲ ငွေရောင် အနားသတ်နဲ့
အသွားထက်ထက် မိန့်ခွန်းတော်တွေ
လစ်လျှူရှုခြင်း အတတ်ကို တတ်မြောက်ခဲ့ပြီနောက်
သားသမီးတွေ ပြောက်ခဲ့ပါပြီ အဖေ …..
ဘယ်တုန်းကမှ မ တ ခဲ့ဘူးတဲ့ ရတနာသုံးပါးမို့
လူတွေဖွားဖွားနေတဲ့ အရပ်မှာ ပြိတ္တာတွေကြီး မြင်မြင်နေရတယ်
ဘာစကားကိုစစ်ထုတ် မန်းမှုတ် ဈာန်လျှော
လူအိုကြီးတွေ လစ်လျှူရှုထားလို့
လူမိုက်သွားတဲ့ ကလေးငယ် ကလေးတွေ
ပြန်ပြန် သတ်လို့ သေသွားတဲ့ လူအိုကြီးတွေ
ပရိုမီးသီရပ် လက်ထဲက မီးဒုတ်ကိုဆွဲလုမိမှတော့
ရန်ကုန်မြို့ နေပြည်တော်ရုံမှာ အပြာကားပြသလိုဖြစ်နေမှာပေါ့
ငါ့ကမ္ဘာပေါ်မှာ ငါ့ကိုယ်ငါ လှမ်းခေါ်လို့
ပြန်မထူးနိုင်တော့ပါဘူး
လူကိုလူတွေပြန်ပြန်လုယက်
စိတ်ကို စိတ်တွေပြန်ပြန်လုယက်
လူကိုလူတွေပြန်ပြန်စားသုံး
စိတ်ကို စိတ်တွေပြန်ပြန်စားသုံး
မရှင်နိုင်
မကြားနိုင်
မသေနိုင်
Sunday, November 16, 2008
ပုံပြင်ပေါ်မှာ ဇီဇဝါ
ငါ့အလွန်က
ဖိတ်စာတွေအား ကြည်လင်အေးမြ
အရောင်ချွတ်ထားတဲ့ နံနက်ခင်းအလှနဲ့
မလွတ်လပ်ချင်ဘူး
လက်သည်းခွံပေါ်က
ခရုကမာနဲ့ ပွတ်သတ်ရယ်မော
နှောင်ကမ္ဘာမအိုခင် အခါက
ခြေရင်းမှာ ဝတ်ဆင်းသွားမဲ့
အလုံပိတ် နံရံတွေ
ငါ့လမ်းကလေး အော်နေတုန်းကများ
ရင်ဘတ်ပေါ်တင်ထားတဲ့ လက်ကိုဖြုတ်ပြီး
အဆံမပါတဲ့ အံစာတုံးတွေ ပစ်ကြဲအုံးမယ်
ဘာတွေပဲဖြစ်ဖြစ်လို့ ဘယ်လောက်ဝေးဝေး
အရိပ်တွေ မမြင်နိုင်တဲ့ အရပ်ကနေ
လက်ကမ်းထားတဲ့ ရိုးပြတ်တောကို
မေလ အပေါ်က ကြယ်ခက်တွေဆွဲလို့
ငါ့စိတ်ကို အလျားလိုက် မီးညှိလိုက်ပြီ ဇီဇဝါ
တံခါးပေါက်တွေမှာ သော့တွေငတ်နေလို့များ
နားရွက်နှစ်ဖက်အရှေ့က
အာရုံကြောတွေ စွန့်အ နေကြသလား
ကျွဲပခုံးထနေတဲ့ ငါ့ဗဟို ကျောလယ်ထဲက
ဒေါင်းလိုက်စီးနေတဲ့မြစ်
အသက်ရှင်ခြင်း အထူးပြုတွေနဲ့ ဘာကိုများသွေးလို့
ဓါး လုပ်ချင်နေကြသလဲ
ကိုယ်ဝတ်ရုံကို ည တွေနဲ့ တသားထဲကျအောင်
စကားလုံးတွေကြီး ခါးခါးချနေရတဲ့ ငှက်မဟုတ်လား
လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ
ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား
ထာဝရဆိုတဲ့ ငါတို့ စာအုပ်ထဲက
ငါမဟုတ်တဲ့ အကြောင်းအရာတွေ
ငါ့အကြောင်းများ ထထပြောနေကြသလား
ဆေးထိုးအပ်ထဲမှာ ထားခဲ့ပါပြီ
နောင်လာမဲ့ ဇီဇဝါပန်းအိုပင်ကြီး နဘေးက
ဆေးသောက်ချိန်မေ့နေတဲ့ နာရီအသေကြီးလဲ
ကိုယ့်ကိုယ် အစိမ်းဝါးနေရတာနဲ့
သွားတွေ မပေါက်နိုင်တော့ဘူး
မုတ်သုန်နောက်က ပုံပြင်တစ်ပုဒ်
ထိုင်ခုန်ပေါ်က ထလာတဲ့ ကျောက်သေရုပ်တွေနဲ့
ဇီဇဝါ ပန်းခင်းကြီးကို စကားလုံးတွေသင်ကြား
ပုံရိပ်ယောင်တွေရဲ့ အလှမွေးငါးတွေ
အပေါ်နှုတ်ခမ်းမှာ ပေကျံနေတဲ့
အတိတ်လက်ကောက်ဝတ်က သွေးတစ်စ ကို
အံဆွဲထဲက လျှာတွေထုတ်ပြီး
အရသာခံလိုတဲ့ မိုးသောက်ယံရဲ့ နတ်ဆိုးတွေ







