Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Saturday, December 6, 2008

ဘိလပ်မြေ



တောင်ဖက်မုခ် က 
ဘိလပ်မြေ အရုပ်ကြီးများ 
ငါ့ ကို ပြုံးပြ နေသလား

မြောက်ဖက်မုခ် က 
ဘိလပ်မြေ အရုပ်ကြီးများ 
ငါ့ ကို က ပြ နေသလား

အရှေ့ဖက်မုခ် က 
ဘိလပ်မြေ အရုပ်ကြီးများ 
ငါ့ ကို စိတ်ကောက် နေသလား

အနောက်ဖက်မုခ် က 
ဘိလပ်မြေ အရုပ်ကြီးများ 
ငါ့ ကို ဆုတောင်း နေသလား

အရှေ့ဖက် မုခ် မှာ 
အလှူခံကြီးများ ငါ့ကို ကြည့်ပြီး 
တစ်ယောက်ကို တစ်ယောက် 
စောက်တင်းချ နေကြတယ်

အနောက်ဖက်မုခ် က 
တံမြက်စည်း များ ငါ့ကိုကြည့်ပြီး 
အမှိုက်ဖွနေကြတယ်

တောင်ဖက်မုခ် က 
ရေဘုံဘိုင်တွေ ငါ့ ကိုကြည့်ပြီး 
လျှံ နေလိုက်ကြတာ

မြောက်ဖက်မုခ် က 
ပန်းတွေ ငါ့ ကို ကြည့်ပြီး 
ကြွေ

ရွှေ နာမ် ငွေ နာမ် နဲ့ 
ငါ့ ကိုယ်ပေါ်က ယတြာပန်းတွေ 
ပုရွက်ဆိပ်တက်လို့ ငါ့မှာယားးးးး

ငါ့ ကို အသက်သွင်းပြီး 
ရွှေချထားဖို့ ဘယ်အခြောက် တွေ 
အလုပ်ရှုပ်နေကြသလဲ

နာမည်မကြီးတဲ့ ငါ့မှာ 
မှန်ဘောင်ရှေ့ က 
သော့ခလောက် ကိုသာ ငေးးးး

အုန်းပွဲ ငှက်ပျောပွဲ နဲ့ 
ဝေး နေတဲ့ ကာလ များဟာ 
ငါ့ အသဲကို 
ပိုးဆိုးပက်စက်ခွဲလွန်းတယ်

ငါ့ ကိုယ်ငါ 
Still ဖမ်းထား ရတာ 
ညောင်း ညောင်းလာလို့ 
ါ့ကိုယ် ငါ ခြွေချ .....

ငါ့အသား တွေ ပွ သွားပြီး 
ငါ့ အသား ကို ဒီကောင်တွေ 
ခိုးခိုး ထားတဲ့ ဘိလပ်မြေ က 
အခုမှ ပေါ်ပေါ်လာလို့

ငါ့မှာသာ ဟိုမရောက် ဒီမရောက် 
မုခ်ဦး ကြီး က 
ဘိလပ်မြေ အရုပ်ကြီးကို ဖြစ်လို့

သဲများသွားတဲ့ အသားတွေ 
ပွပွ ကျလာ တိုင်း ထုံးတွေကို ဖွေးးးးး



nelay





No comments: