Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Monday, January 16, 2012

ငါက မိသားစု ကြည့်ရန် မသင့်တော်တဲ့ ကောင်



လက်ဖဝါးပေါ်မှာ အကြွေစေ့တွေ ရိုက်နှိပ်ထားတဲ့ ကောင်
ဗုဒ္ဓဟူးနေ့ကိုမျှော်ပြီး မင်းက အရိပ်တွေနဲ့ ပျော်နေတဲ့ ကောင်


တိတ်ဆိတ်ခြင်းကို ပြီးဆုံးခြင်းနဲ့ အပြန်ပြန်နားထောင်နေရတဲ့
ပိတ်ကားပေါ်က အစိမ်းရောင် ကျွဲရိုင်းဘူးခွံတွေနဲ့ ကောင်


လူမလောက်တော့လို့ တိတ်တိတ်ကလေးငိုနေရတဲ့
သူမပါးစပ်ထဲက ဂျလေဘီ အိပ်မက်တွေနဲ့ ကောင်


အနီရောင်နဲ့လဲလှယ်ခွင့်ကိုပိတ်ပင်လိုက်ကြပြီလား
ကျေးဇူးပြုပြီးဒီကောင့်ကို ကျိန်းစပ်စေတဲ့အရာများနဲ့ပစ်ပေါက်
မွန်းတည့်ချိန်နဲ့ မွန်းလွဲချိန်ကို ခေါ်ယူလို့ခြစ်ခြောက်ရတယ်


နည်းပညာအခက်အခဲကြောင့် ကဗျာတွေ ပျော်ကျကုန်ပြီလား
လေးအေးပေးစက်ကို အဆုံးထိတင်ပြီးမှ
နံရံထဲက နေလုံးကိုဘယ်နှစ်ကြိမ်ထုတ်နေရအုံးမှာလဲ


လောကကြီးကြောင်းကို အကြောင်းရာတွေပိုနေတုန်းပဲမို့
သံကြိုးတွေလွတ်မြောက်လာရင်တောင်မှ
စိတ်တွေလွတ်မြောက်ဖို့ မေ့မေ့ နေတဲ့ ကောင်


ဘယ်သီလကို လက်ငါးချောင်းအောက်က ကွက်လပ်ထဲမှာ
ဒီကောင်က မတူးချင်ဘူး မစွချင်ဘူး ဒီအတိုင်းလေး ပျော်နေတဲ့ကောင်


ဒီကောင့်ကို ဟိုကောင့်ကို ထိန်းမရတော့လို့
လေတံခွန်လေးနဲ့ မှန်စာကြိုးကို ဖြတ်ပစ်လိုက်ပြီ


အောက်ပိုင်းအရာတွေ ပြသနေတဲ့
နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း
မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်



nelay











Saturday, December 31, 2011

ဒါက လက်တွေ့လုပ်ရမဲ့အချိန်

 



ဒါက ကိုယ့်ကိုယ် ထိုးသိပ်ထည့်ထားတဲ့ လွယ်အိပ်မဟုတ်ဘူး
ဒါက ပေပွနေလို့ အရေမရအဖတ်မရတွေကို လျှက်နေရတဲ့ ဘဝမဟုတ်ဘူး
ဒါက တခေတ်တစ်ခါက သတ်ပုံလိုက်စစ်နေတဲ့ ပုံတုံးကြီးမဟုတ်ဘူး
ဒါက အကြမ်းစာ ။
ဒီကနေထွက်သွားရင် ဒီကိုပြန်ရောက်တဲ့အကြောင်းအရာလဲမဟုတ်ဘူး
ဒီကနေထွက်သွားရင် ကိုဘော့ကျန်လို့ခေါ်တဲ့ လူတစ်ယောက်ကိုတွေ့မှာ
ဒါက အဲဒီ့လူ ၎င်းလူ အတင်းရေးခိုင်းလို့ ရေးလိုက်ရတဲ့ ကဗျာလားဆိုတော့ မဟုတ်ဘူး
ဒါကကိုနောက်မှထားပြီး ဒီနေရာမှာ ကိုဘော့ကျန်ဆိုတာကို အင်တာနက်မသုံးဖူးရင်သိမှာမဟုတ်ဘူး။
ဒါက ဉာဏ်ပညာမထွန်းလင်းတဲ့ အင်တာနက်မဲ့ Anti-internet လူတန်းစားကို သရော်ချင်ပုံရပေမဲ့
ဖိုရမ်မဝင်ဖူးပဲ ဒီလိုလူတွေရှိနေတာကို အိပ်မက်ထဲမှာချပြဖို့မသင့်တော်တဲ့ 
ကလေးတွေမကြည့်ရနယ်မြေသာသာ
ဒါဆို ခင်ဗျားက ကလေးလား ကုလားလား ။
ဒီနေရာကနေခွဲထွက်သွားရင် စာသာဖတ်တတ်ပြီး မတွေးတတ်တဲ့ လူတန်းစားကို သရော်ချင်ပုံရပေမဲ့
ဒါက နားလည်ချင်ယောင်ဆောင်ပြီး နားမလည်တဲ့ အဆင့်နိမ့်သတ္တဝါမတွေပြပြနေတဲ့ 
Discovery Channel ။
ဒီနေရာမှာ လေ့လာချင်စရာတွေ အများကြီးနဲ့
ဒါက ပိုက်မပါတဲ့ အဆံချောင် အိမ်ထောင်ရေး ။
ဒါက ခင်ဗျားတို့လိုချင်တိုင်း ဟ နေရတဲ့ ဦးနှောက်ကြီးရဲ့ နေရာ
ဒီနေရာက အရင်နေရာ ဒါက ထည့်ပြောစရာမလိုတော့ဘူး ။
ဒါက လမ်းတွေ့ရင် မနှုတ်ဆက်ချင်တော့လို့ ဒီနေရာမှာလဲ မတွေ့ချင်ရင် ပိတ်ထား ။
ဒါက ဘာတစ်လုံးမှမတတ်ပဲ ပြောနေတဲ့ လူတွေတစ်ယောက်မှမရှိဘူး
ဒါက ဘာတစ်လုံးမှမတတ်ပဲ လိုက်ပြောနေတဲ့ လူတွေလဲရှိတယ်
ဒီနေရာက မိန်းမ ယောကျာ်း ကလေး လူကြီးမခွဲခြားထားဘူး ။
ဒါက လူကို လူလိုဆက်ဆံတတ်တဲ့နေရာ ….
ဒီနေရာကို လူလိုမသိတဲ့ ကောင်တွေလာရင် နေရာတကာဝင်ပါချင်တဲ့ ချီးထုတ်တွေပဲဖြစ်လိမ့်မယ်
ဒါက ဘာနဲ့မှ သရုပ်ခွဲစရာမလိုဘူး ဘာနဲ့မှ တိုင်းတာစရာမလိုဘူး ဒါကဘောင်အပြင်ကလူတွေရှိတဲ့နေရာ
ဒီနေရာကိုရောက်ပြီးမှ ဘာဘောင်အတွင်းကမှ လာနုရွမနေနဲ့ ဒီနေရာကိုက ဘောင်းကင်းမဲ့ဇုံ
ဒါက မင်းအမေနဲ့ မင်းအဖေ ဘောင်းလွတ်ခဲ့လို့ မွေးလာတဲ့ 
မင်းလိုလူတွေအကြောင်းကိုထည့်ပြောစရာမလိုတဲ့နေရာ
ဒါက ဝါဒဖြန့်ပေမဲ့လဲ ဝါဒမပြန့်နိုင်တဲ့အရပ် ဒါက ငြိမ်းချမ်းချင်ပေမဲ့ မငြိမ်းချမ်းနိုင်တဲ့နေရာ
ဒီကနေ ဟိုးရှေးရှေးတုန်းကလို သူရဲကောင်းမရှိတော့လို့ 
အားမကျနိုင်တော့တဲ့ ခွန်အားမရှိသတ္တဝါတွေနေတဲ့နေရာ
ဒါက မြစ်ဆောက်တဲ့ ပညာရှင်မဟုတ်တဲ့ အနုပညာရှင်တွေကို 
ဟီးရိုးလို့ထင်ထင်ပြီး ဖွသမျှကို အထင်ကြီးစေတဲ့နေရာ
ဒါက စိတ်ကူးအယဉ်လွန်သူတွေ ဆောက်ထားလိုက်လို့ ခဏခဏ ပြိုပြိုကျနေရတဲ့
ဒီနေရာက ရန်သူရှိမှတိုးတက်မှာ အခုတော့ မတိုးတက်တော့တဲ့ ရန်တွေ ကုံးကုန်းတဲ့ ရန်ကုန်
ဒါက ဘုန်းကြီးတရားပွဲက ပြန်လာတဲ့ လေသံနဲ့ မရှိဆင်းရဲသားကို မပေးကမ်းချင်ပဲ 
ရှိပြီးသားကို ထပ်ဖို့ချင်တဲ့ ကိုးနဝင်းမဟုတ်ဘူး
ဒါက စာလုံးသာပေါင်းတတ်ပြီး စာမတတ်တဲ့ တတ်ယောင်ကားအခြောက်မတွေ မဝင်ရနယ်မြေ
ဒီနေရာက သူပြောတာကိုနားထောင် သူ့လိုလိုက်လုပ်ရဲမှ လုပ်ရမဲ့အရပ် 
စာမတတ်ပဲနဲ့တော့ ငှက်ပျောသီးလာမစားရ
ဒါက အမှန်ပြောသူကို နှုတ်ပိတ်သတ်တဲ့နေရာ အမှန်ပြောသူကို 
နက်ဂတစ် စန့်ဆိုပြီး ခေါင်းစဉ်တပ်တဲ့နေရာ
ဒါက ထင်ယောင်ထင်မှားတွေကို မင်းတို့အမေတွေပြောဖူးတဲ့ ပုံပြင်အတုကြီး အဆုံးသတ်ရမဲ့ကာလ
ဒါက မင်းပါးစပ်ဟလိုက်တာနဲ့ မင်းရဲ့ပြောရေးဆိုခွင့်ကို ချီးတွင်းထဲပစ်ချလို့ရတဲ့ အာဏာ
ဒါက လက်တင်ဘာသာစကားနဲ့ လိင်စိတ်ကိုနိုးကြားစေတဲ့ အမှန်တရား
ဒါက တီတီတာတာ ‘‘ဟက်ပီးနယူးရီးးယား 2012 … ယေးးး’’ 
(အခြောက်မလေသံနဲ့) 
အော်ရမဲ့ အချိန်မဟုတ်ဘူး
ဒီနေရာက စောက်ရှက်နဲ့ စောက်ကြောက်ကို 2011 မှာထားခဲ့ပြီး 
2012 မှာတကယ်လက်တွေ့လုပ်ရမဲ့အချိန် ။



nelay





 





Tuesday, December 6, 2011

ဘဝသစ်တည်ထောင်သူများ နှင့် လွတ်လပ်စွာတွေးခေါ်သူများ ရလဒ် (ဝါ) မရှိ






စကားကြီး စကားကျယ် အမှန်အတိုင်း ပြောတော့လဲ စောက်ကလေး က ကလေးမျက်နှာ လူကြီးလေသံထွက်တယ်ဆိုပြီး ပြောခံရတယ် ။ (ပြောခံ ရအုံးမယ်) မဟုတ်ဘူး သေချာဖတ် (ပြောခံ ရတယ်) ။ ဒါပေမဲ့လဲ ကလေး ရေးတာတွေကို လူကြီးတွေ နားမလည်တာကတော့ လူကြီးစောက်ခွက်နဲ့ ကလေးဦးနှောက်ရှိတယ်လို့ပဲ ဆိုရမယ် ။ (ဆိုရမလား) မဟုတ်ဘူး သေချာဖတ် (ဆိုရမယ်) ။
အောက်ပါအကြောင်းအရာများကို ကိုယ့်ကိုယ်အထင်ကြီးနေတဲ့လူတွေ မဖတ်မိစေဖို့တော့ လိုတယ်။


မသိစိတ် နိုင်ငံတော်မှာ ကြီးမားအုပ်စိုးနေတဲ့ လူနှစ်မျိုးရှိတယ် ..
စာဖတ်နေရင် နှာခေါင်းလာနှိုက်ပြမနေနဲ့ …. စောက်ခွက်ရိုက်ပစ်လိုက်မယ် ။


ဘဝသစ်တည်ထောင်သူတွေ (life-builder) အနေနဲ့ သူတို့ ဘဝအောင်မြင်တိုးတက် ပျော်ရွှင် သာယာ ဘဝကူးကောင်းရေးအတွက် ရှေးရှု့ပြီး လုပ်ငန်းစဉ်များကို ဘဝသစ်တည်ထောင်သူတွေကလုပ်ကြတယ် ။
လွတ်လပ်စွာတွေးခေါ်နေထိုင် သူတွေကတော့ သူတို့မသိစိတ်ရဲ့ နောက်မှနေထိုင်ရှင်သန် လင်းပွင့်လှုပ်ရှားကြတယ် ။
ဒီ့အထဲမှာ ဟိုမရောက် ဒီမရောက် လူတွေပါလာနိုင်သလို
ကိုယ့်ကိုယ် မမြင်သေးတဲ့ နှစ်လမ်းမောင်း အရူးတွေလဲ ရှိကြတယ် ။


ဒါကဘာ ပြသနာမှမရှိဘူး။ ရှိလာ တာက social network ထဲကို ရောက်ရှိလာတဲ့ အဲ့ဒီ့မျိုးမတူ အင်အားကြီး အုပ်စုနှစ်ခုတွေ့ကြတဲ့အခါ ယေဘုယ ဗီဇတွေ တူညီနေကြောင်း တွေ့ရှိနိုင်တယ် ။ အဲဒီ့ယေဘုယ တူညီဗီဇတွေကို ဖျောက်ဖျက်လစ်လျှူရှုထားဖို့ထက် မသိစိတ်ကို တိုက်ခိုက်အနိုင်ယူဖို့ ကို လုပ်ကြရမှာဖြစ်တယ် ။ အဲဒီ့လိုမှ မဟုတ်ရင် မျိုးမတူ မသိစိတ် ကျူးကျော်ဝင်ရောက်မှုတွေဖြစ်လာပြီး စစ်ပွဲတွေရဲ့ယေဘုယျ ထုံစံအတိုင်း အင်အားကြီးတဲ့ သူက အနိုင်ရပြီး ဘာငြိမ်းချမ်းမှုမှ ရှိလာမှာမဟုတ်ဘူး ။


ဒီကြားထဲမှာဖြစ်လာတဲ့ တိုက်ခိုက်မှု စိတ်အနီးအဝေး လွဲချော်ခြင်း အလင်းနှစ်များက ခဏတာ များသာဖြစ်တယ်။
ဘဝတစ်ခုလုံးစာလို့ မှတ်ယူမထားသင့်ဘူး ။ အဲဒီ့မှတ်ယူခြင်း အသိဉာဏ်ရဲ့နောက်မှာ အမြစ်တွယ်နေတဲ့ မျှခြေမတူမှုတွေကို ဘာနဲ့မှ မတိုင်းတာ မဆုံးဖြတ်ဖို့ လိုတယ် ။ မှန်တွေရဲ့ လုပ်ထုံးလုပ်စဉ် အတိုင်းပါပဲ ။ စာလုံးတွေဟာ နံရံတွေကို ထိမှန်ပြီး ပြန်ကန်လာနိုင်တယ်ဆိုတာ သိထားရမယ် ။ အဲလိုမှ မသိရှိ မလေ့လာပဲ ပုံတူထုတ်လုပ်ရေး လုပ်ငန်းစဉ်တွေဟာ ဝင်ရိုးစွန်း အပေါက်ကထွက်ကျလာတဲ့ အမှိုက်တွေပဲ။


သိထားရမှာက အဲ့ဒီ့ မသိစိတ် နိုင်ငံတော် မှာ အကျဉ်းကျခံထားရတဲ့ ၎င်းတို့အတွက် အလွန်းသေးငယ်တဲ့ ဟာသ တွေသာ ဘာသာစကားအဖြစ်နဲ့ အချင်းချင်း ပစ်ပေါက်နေတဲ့ သေးငယ်တဲ့ အစိတ်အပိုင်း သေးသိမ်တဲ့ ပေါက်ကွဲမှုဖြစ်စဉ်လေးသာဖြစ်တယ်။
လောကကြီး အတွက် လုပ်ပေးနေသူများအတွက် လောကကြီးက ဘာမှ အလိုမရှိပါဘူး လောကကြီးဟာ သူ့ဟာသူ ပြီးပြည့်စုံနေတဲ့ အစီအစဉ်များသာ ဖြစ်တယ်ဆိုတာပဲ။


ဘဝသစ်တည်ထောင်သူတွေက သူ့အလုပ်သူလုပ်နေကြပါစေ
လွတ်လပ်စွာတွေးခေါ်သူတွေကလည်း သူ့အစီအစဉ်အတိုင်ရှိနေကြပါစေ
မလွဲမရှောင်သာ အဲ့ဒီ နှစ်ဦး ထိပ်တိုက်တွေ့ကြရင် ဖြေရှင်းရမဲ့ နည်းလမ်း (လုံးဝ) မရှိနိုင်ဘူး
မတွေ့ခင် ကိုယ့်ဖက်က ကြိုတင်ပြင်ဆင်ပြီး နောက်ဆုံး ဘယ်လိုအဆုံးသတ် ထွက်ရှိရမယ်ဆိုတာကို မသိစိတ်က သိရှိနေရမယ်။


အထက်ပါအကြောင်းအရာများမှာ ပဲစေ့ သာဖြစ်တယ် ။ သေချာဖတ် ပဲစေ့ အပင်မပေါက်သေးဘူး ။


ဖြေက
ဘာမှ မရှိခြင်း (ဝါ) ပျက်သုံးခြင်း မြေဆီ အဆိပ်များသာ။
ငါကိုးကွယ်သော ငါ့ဘာသာ ။
‘‘ကိုး’’ ခြင်းအမှုများ များလာသောအခါ ‘‘ကွယ်’’ ခြင်းအဖြစ်သို့ ဆိုက်ရောက်ခြင်းသာ ရလဒ်။



nelay












Friday, November 25, 2011

ဆေး







ဘာတွေလဲ .... ဒီနေရာမှာ စ ပြီး .... ဒီ .... နေ ... ရာ ... မှာ ... ပြန် ... ဆုံး .... ဘာတွေလဲ .... သစ်ပင် ... အရုပ် ... စက္ကူ ... ဘာတွေလဲ ... ဘာတွေလဲ .... မျက် .... မ .... မြင် ... နဲ့ ..... ဆေး ... လိပ် .... တို ..... ဘာတွေလဲ ... ပလုံစီ နေတဲ့ .... လင်္ကာ တွေ ... ရှုရှိုက် ..... ဘာတွေလဲ ... နှာခေါင်းပေါက်ထဲက .... ကြည်ဆံတွေ .... ဘာတွေလဲ ..... အိမ် ..... သာ .... နံရံပေါ်က ပင့်ကူတွေ .... ဘာတွေလဲ .... iNt3rNeT မသုံးဖူးလို့ .... ငါ့ကိုမသိဘူး .... ဘာတွေလဲ … စာအုပ်မဖတ်ဖူးလို့ ... သူ့ကိုမသိဘူး …. ဘာတွေလဲ …. TV မကြည့်ဖူးလို့ …. ကျော်သူ ဆိုတာ မသိဘူး …. ဘာတွေလဲ … ဘာတွေလဲ ….. မသိဘူး … ဘာတွေလဲ …. သူ့မျက်လုံး သူငယ်အိမ်ထဲမှာ….. ဘာတွေလဲ ….. ငါ့ကိုယ်ငါပြန်ပြန်တွေ့တွေ့နေရလို့ ….. ဘာတွေလဲ ….. ငါဆိုတာ တကယ်ရှိတယ်ဆိုတာ ….. ဘာတွေလဲ …..သိလိုက်ရတယ် … ဘာတွေလဲ ….. သစ်ပင်မစိုက်ဘူးလို့ ….. အမြစ်တွေရှိတယ်ဆိုတာ မသိဘူး …. ဘာတွေလဲ …… လမ်းပေါ်က ဖုန်တွေ မြောက်မြောက်တက်သွားမှ လေရှိတယ်ဆိုတာ ကြိတ်မှိတ်ပြီး ယုံလိုက်ရတယ် …. ဘာတွေလဲ မသိဘူး …. နောက်တစ်ဆင့်တက်သွားပြီလား ….. ဘာတွေလဲ ….. ဆံပင်တွေထဲမှာ မျက်လုံးတွေ ဝှက်ထားတယ် …. ဘာတွေလဲ …. ဘာတွေလဲ …. အုပ် ….. စု …… လိုက် …… ကြီး ဘာတွေလဲ …. တြိဂံ တွေ လား …. ဘာတွေလဲ …. လက်ငါးချောင်းပူးပူး ….. ဘာတွေလဲ ….. လိုက်တာမြင်မှ ….. ဘာတွေလဲ ….. ဘာသာတရား ….. ဘာတွေလဲ ….. ရှိတယ် ….. ဘာတွေလဲ ….. အဲယားကွန်း က လေတွေ အေးကုန်ပြီလား ….. ဘာတွေလဲ ….. အတွင်းခံ … ….. ဘာတွေလဲ ….. ထဲမှာ … ….. ဘာတွေလဲ ….. စကားလုံးတွေ …. ….. ဘာတွေလဲ ….. ဝှက်ဝှက်ထား ….. ဘာတွေလဲ ….. အထီးနဲ့ အမ ….. ဘာတွေလဲ ….. ကို ….. ဘာတွေလဲ ….. မယုံကြည်တော့ဘူး ။ ….. ဘာတွေလဲ ….. ။



nelay












Saturday, November 12, 2011

ဓာတုဗေဒ







မျက်နှာသစ်ပြီး သွားတွေဖွင့်လိုက်တော့ ပြတင်းပေါက်တွေမရှိတော့ဘူး
သားတွေနဲ့ သမီးတွေ ကိုနေလင်း မနက်ခင်းဆိုတာ သော့တွေရဲ့အိပ်စက်ခြင်း
အိုဗာတင်းပါ ဆရာမ ကာဗွန်ဒိုင်အောက်ဆိုဒ် ကို ခပ်၀၀ ဗိုက်ထဲ အတင်းလောင်းလောင်းထည့်နေရ
လမ်းပေါ်မှာ လမ်းပေါ်မှာ ခွေးတွေမရှိတော့ဘူး ပလာတာပဲကွာ နာရီတွေအမြှီးညှပ်နေလို့လား
သစ်ခြောက်ပင်ပေါ်က ငါးတွေကိုခူးခဲ့ပါ မျက်လုံးရှုမရတော့လို့ စကားလုံးတွေနဲ့ပဲ လိင်ဆက်ဆံနေရ
ဒါမျိုးတွေကြီးပဲလို့ ဒေဂျာဗူးကိုပြောပေးပါ ကျပ်စေ့တွေနင်နေလို့လား ပြောင်းပြန် စစ်ခက်တွေနဲ့ မုတ်ဆိတ်
အကျားအကျား အကွက်အကွက် နဲနဲကလေး လွန်နေတာကလွဲလို့ ကိုနေလင်းရယ် အင်္ဂါပါ
ပြဒါး သံ ဖြိုး ဟီးဟီး ဟားဟား ညီမကအကြီး ကျနော်က အငယ်
ဝတ်စံတွေ နှစ်လုံးပေါက် စံပယ်ပန်းတွေ ပျော့စိကွေး စိတ် စိတ်မရှည်တော့ဘူး
ချိတ် ဆိတ် ဘ မ အ ကိုးကိုးကိုး ခေါင်းသုံးလုံးနဲ့ ကိုး စိတ်ကုန်ခြင်း အရူး တန်ဖိုးရှိတဲ့ အချိန်
အလကား အားအားယားယား အသစ် အသစ် အဟောင်း အဟောင်း အသောင်းရော
ဖဲပြား ပဲပြား ညစ်ပတ်ပေပွ ကော်လံပေါ်မှာ သနားပါတယ် ငါ့အစ်ကိုကြီး လေးခွ ငါးခွ သုံးခွ
ကျောက်ဆည် ဖရုံသီး မျက်နှာသစ်ပြီး အဟောင်းအတိုင်း အဟောင်းအတိုင်း ဘာမှမထူးဘူး စောက်ရူး
လေးလေးစားစား ယဉ်ယဉ်ကျေးကျေး ပညာတတ် လူလိမ် မာ အစိုးရ ဥပဒေ စာအုပ်စာအုပ်
အိုဗာတင်းပါ ဆရာမ သွေးတွေခြောက်သွား ခြောက်တွေသွေးသွား ဒါလေးများ ပေါင်မုန့် စတော်ဘယ်ရီ
ငါတို့တုန်းက ငါတို့တုန်းက ငါတို့တုန်းက ငါအရင်လုပ်ခဲ့တာ ငါအရင်လုပ်ခဲ့တာ ငါအရင်လုပ်ခဲ့တာ


အရေမရ အရေမရ အရေမရ အဖတ်မရ အဖတ်မရ အဖတ်မရ ရှစ် ရှစ် ရှစ် ရှစ် ရှစ် ရှစ် ရှစ် ရှစ်
ဓါတ်ခွဲခန်းထဲက အကြည်ရောင် အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး ။



nelay





Tuesday, November 1, 2011

မျက်လုံးရှေ့က အနက်ရောင် ပဝါများ






နေမင်းကို ကျောခိုင်း တယ်ဆိုတာ
အရပ်လေးမျက်နှာကို ကျောခိုင်းလိုက်တာ
ကိုယ်ရေးကိုယ်တာ စကားလုံးများ
အများနှင့်သက်ဆိုင်သော ပါဒများ
လိုက်လံဖတ်ရှု့နေရသော ခေါင်းတစ်လုံးကို

ကဗျာ
ဂျင်းဘောင်းဘီ ဇစ် ပွင့်နေတဲ့ စာအုပ်များနဲ့
အောက်သိုးသိုး အတွင်းခံ ခေတ်မှာ
အရေဟောင်းတွေ ချွတ်ပြီး
ပေါ်ပြူလာဖြစ်သမျှကို လိုက်လိုက်လုပ်ယူနေကြ


လိင်အသားပေး ဂီတနဲ့ အိပ်မက်မရှိတဲ့ ဂီတ
လင် မြန်မြန်ရတဲ့ ခေတ်ဆိုတော့
ဒါနဲ့စကားမစပ်
ပညာဆိုတာဘာလို့ သင်ယူရသလဲဆိုတာက
ဒဏ်ရာဆုတွေအရနည်းဖို့
ထွားကြိုင်းလာရင် မိုက်ရိုင်းဖို့
ကြိုတင် သင်ကြားခြင်း


ဒါဆို
မိဘဖြစ်နည်းနဲ့ သားသမီးဖြစ်နည်းအတွက် တက္ကသိုလ်တွေထားသင့်တယ်
ဒါတောင် ကျောင်းပြေးပြီး အရက်ဆိုင်နဲ့ ဖာခန်းတွေလိမ့်နေရင်တော့
ပထမတွေကြီးလိမ့်လိမ့်ရနေတဲ့ ငါ့သမီးအလိမ္မာလေးအတွက်
ဒုက္ခ


အခုတော့
လူ့နှံကောင်တွေက လိင်ဆက်ဆံပြီးရင်
ဇာတ်တူသားကို စားပစ်ကြတယ်
အခုတော့
လူ့ကြောင်တွေက ကိုယ့်သားသမီးနီတာရဲတွေကို
မီးတွင်းထဲမှာ စားပစ်ကြတယ်


အခုပြောနေတာ လွန်ခဲ့တဲ့ ဟိုးရှေးရှေးတုန်းက စောက်ရူးတွေ
ပေးအပ်လိုက်တဲ့ အောက်သိုးသိုး အတွင်းခံဘောင်းဘီးတွေ
အခုဝတ်ဆင်ထားရတဲ့ လူ ဆိုတဲ့ သတ္တဝါတွေ


တစ်ချိန်က စောက်ရူးလို့အပြော ခံရတဲ့
မင်းလဲလူ ငါလဲလူ အတူတူချင်း
မင်းလဲနာ ငါလဲနာ အတူတူချင်း တောင်
မင်းက ပိုနာပြနေရအောင် ဆေးရုံပေါ်က
ကုလားမတွေ ကလေးမွေးသလို ပိုအော်ပြနေတာလား


တစ်သက်လုံး ဘာမှမမြင်ရတဲ့ အသိုင်းအဝိုင်း အကောင်းစားကြီးထဲမှာ
တစ်သက်လုံး သေနေတဲ့အတွက် သေရင်တောင် အသနားခံချင်ကြ
ဒီလို ဖြစ်မျိုးက ရုပ်ရှင်ထဲမှာပဲတွေ့ဖူးမှာပေါ့
ဒါက မင်းအတွက် အနုပညာ ရသတစ်ခုပေးရင်
အိမ်မှာပေါက်ပေါက်စား ဒူးနန့်ပြီးကြည့်နေလိုက်


မျက်လုံးတွေကို အဝတ်အမဲတွေ စည်းစည်းထားပြီး
ရန်ကုန်မြို့ လယ်ခေါင်မှာ လမ်းသလားနေတဲ့ သတ္တဝါတွေက
သူတို့အချင်းချင်းတိုက်မိကြရင် မမြင်မစမ်းနဲ့
အချင်းချင်း ပြန်ပြန် ဆဲနေတဲ့ စောက်တွေပျံမကျအောင်စီးကားနေတယ်


ပျက်စီးခြင်း အပါး တစ်သန်းလောက် ရွာကျနေလဲ
မြက်ခင်းတွေ စိမ်းလန်းပါစေ မြက်ဖျားပေါ်က ရေစက်တွေကြည်အေးစိမ့်စေ
ဆုတောင်သံတွေကို လော်စပီကာထဲက ငါမကြားနိုင်တဲ့အရပ်မှာ
အော်ကြီးဟစ်ကျယ် လမ်းသလားနေကြသလား


ခေတ်ကိုထင်ဟပ်စေဖို့တဲ့လား အရောင်မတောက်တော့တဲ့
ကြေးခေတ်က သေးအိုးကို ဘယ်လိုများ တိုက်ကာချွတ်ချွတ်
မကျွတ်မလွတ်နိုင်တဲ့ မိတဆိုးမလေးရဲ့ သားဆိုတော့
ဘုရားဖူးထွက်ဖို့ ဘုရားကို အရင်လိမ်တတ်ရတယ်
ငါး ပါးစပ်ထဲက သွားကြားညှပ်နေတဲ့ ခပေါင်းထမင်းတစ်ပွဲနဲ့
ဆပ့်ခုံကို ဖင်မပါတဲ့ ခုန်နဲ့ထိုင်ထိုင်စား ဈေးမဆစ်နဲ့
ပဝါအုပ်ပြီးသား အလကားရတဲ့ ငါးပါးသီလ



nelay











Wednesday, October 26, 2011

ဗျည်းသံတွေပဲ ပါးစပ်ထဲမှာ ပေကျံ



ပါးစပ်ထဲမှာ ပြောင်းထည့်ပြီး ပြောရင် သရသံတွေပဲ ပြောနိုင်မှာပေါ့
မြန်မာတော ဇာတ်လမ်းတွေထဲက သူတို့ စိတ်ချမ်းသာဖို့ ရွေးခဲ့ပါတယ်
မကြည့်ဖြစ်တော့တဲ့ ဖျဉ်လိပ်တွေ မီးရှို့ပြီး
အဝေးကို မြင်နေကြပုံစံအတိုင်း အဝေးလိုက်ခြင်း
ဆုတ်ဖြဲထားသမျှကို ပြန်လည် သန့်စင် အသုံးပြုပြီး တစ်ခါသုံး မိတ်ဆွေများအဖြစ်
စကားကြီးစကားကျယ်များ ပြောရန်
သူတို့ဦးနှောက်မြေပုံပေါ်က ပြောင်းပင်များမှ ပြောင်းဖူးစေ့များကို တစ်စေ့ခြင်း ကွန်ယက်
အစီအစဉ်များအား စနစ်တကျ ပျက်ရယ်ပြုပြီး
ခြင်း ၍ ၎င်း မအားမလပ်သည့် ကြားမှ အပုတ်အပွများကို ဟန်လုပ်ဖြီး သွားပြများ
အပိုထွက်ရှိနေသော နားရွက်များနှင့် နှာခေါင်းများကို ညှပ်ပစ်ရန်
သင့်လျှောသော လျှာများ ရှည်ကြလွဲမှား လေသံ
ရှုးနန့်နန့် အချိန်တိုအတွင်း နောက်ပြန်ဆုံးသေခြင်းများ
အလကားရသမျှနှင့် ဘကုံးနှင့်ဝလုံးကို တစ်ဖက်စီထားပြီး ချိန်ကြည့်ရန်
သမာဓိမရှိတော့သော အသေတရားများဖြင့်
နံရံအတွင်းသားများမှ ရေငတ်နေသော ရှုရှိုက်သံအားရမှုကိန်း
မြန်မာစာတန်းထိုး လှလှပပ
ဗိုက်နာခန်းများ ဝမ်းသွားခန်းများ
အရက်နာကျခန်းများ လက်ထိုးအန်ခန်းများ
ကြာကူလီခန်းများ
ခွေယောင်ဆောင်တဲ့ ဘုရင်တွေရဲ့ တစ်ပင်တိုင် အူဟောင်ခန်းများ
အငိုမျက်နှာဖုံး အပြုံးမျက်နှာများ
စာတန်းထိုးခန်းများ
ခေါင်းမပါ လျှာ သွား နား ကန်းနေခြင်း
အယုံသွင်းခံရ နွားခြေရာကောက်ရိုး ဘာသာ
တင်စီးလိုက်တဲ့ ဝမ်းမနာသားများ ရေငတ်နေတဲ့ လယ်ထွန်စက်



nelay





လမ်းနာမည် စက္ကူ စာရွက် စာအုပ်





ကားဂိတ်များ
ဗဟန်း ၃လမ်း အသွားရှိပြီး အပြန်မရှိတဲ့ မင်းလမ်း
ယောက်လမ်း လမ်းဆုံ စက်မှု ၁
တဏှာတူးဖို့ ဓါးနဲ့ အကြိမ်းခံရတဲ့ အကြောက်တရားနဲ့
ဖောက်ပြန်ဖို့ စောက်ကန်ခံရ
နွားတွေလို စိတ်အေးလက်အေး နှစ်ကူးကြ
အခုဆို ဘာဖြစ်နေလဲ သိပ်မစဉ်းစားတော့ဘူး
ဘူးသီးကို ခူးမဲ့လူတွေထဲ ငါ့ကြက်သွန်ဥကလေးကို
အာပုတ်စော်အနံ ခံပြီး ငါက စား
စားဝတ်နေရေးအတွက် စောစောအိပ်ပြီး စောစောထ
ကားပေါ်ကို အိုကြီးအိုမတွေနဲ့ စောစောအလုတက်
စောစော အလုအရက်ဆင်းပြီး စောစော သေကြ
ငါကလဲ စိတ်ဝင်စား ချင်ယောင်ဆောင်ပြီး
သိကြားမင်း ကို ပျားရည်ထုတ်ထုတ်ကြွေး
ပျားဘုရင်မကြီး ဖိုက်လိုက်လို့ ပျားလုပ်သားတွေ တဖွဲဖွဲကြွေကျ
ယဉ်ကျေးမှုအရ ခေါင်းငုံ့ လျှောက်ပြီး နောက်ဆုတ်ကြရင်
ယဉ်ကျေးမှုအရ ခေါင်းပေါ်ကကျော်လျှောက်ပြီး ရှေ့ကိုတိုးကြရတယ်ဆိုတာ
နီလေးပြောခဲ့ဖူးသလား
လောလောဆယ် ဈေးကွက်ရှာဖွေရေးက လမ်းခွဲသွားတဲ့ မှတ်တိုင်မှာ
မီးကအမြဲ အနီနဲ့အဝါ
လမ်းတွေပေါ်မှာ ဆပ်ပြာတွေအလုအယက် ရောင်းကြ
စားသုံးသူတွေ ခေါင်းမပါတာကလွဲလို့
သွားတွေသွေးကြ
တစ်ကိုယ်လုံးချွတ်ကြည့်ရင်တောင် သွားကြီးပဲရှိကြ
ငါ့အကြောင်းကို ငါမပြောပဲ မနေနိုင်ပါဘူးဆိုတဲ့ မိန်းမပါးစပ်နဲ့ ယောကျာ်း
ငါ့အကြောင်းကို သူတို့ မပြောပဲ မနေနိုင်ပါဘူးဆိုတဲ့ ယောကျာ်းပါးစပ်နဲ့ မိန်းမ
အဲ့ဒီ့နှစ်ယောက်ကို အခန်းစဉ်ထဲ အတူတူထည့်
ဘယ်သူ့အကြောင်းမှမကြားရတော့တဲ့
ဘူးသီးဟင်းခါးကို အသုတ်သယ်ဆီက နဲနဲတောင်း
လမ်းနာမည်ဟောင်းလောင်းပေါ်မှာ လမ်းလိုက်ကြ လမ်းလိုက်ကြ
လိုက်ကန်းပြောက်တဲ့ လိုက်လမ်းများ ကား နေကြ လမ်းများ



nelay












Monday, October 24, 2011

အခ အဆ




အခ     အဆ



 ပ     ရ   က       ပ က ရ    သမ
ဆ   သ    မက  ဖ     တ     လ     သ
က    တ  ခ   အ  သမ   က လ    လဆ    သ
ဟ  ဟ  ဟ   ဟ    ဟ
ငသမ    အ ဖ   မ ထ    ပ ခ  သ
ဘ၀  ပ   မ   စ  က Li  k မ   ဖ
သ  မ   လတ  စ   မ    ႏ   မဆ    သ
န  မ၀ သသနမ   က  စ   ပ   ပ  ဖ  သ
ဟ   ဟ    ဟ   ဟ ဟ
စ    ပ  ဖ  ထ   လ   သ   အပ  က တ
 က မ  ရ  သ  ပ လ
အရ  ဖအ   မ   ဖ   ပ      တ    သ     သ  အသမ
သရ အ  သမ   က ထ  မ က တ
  လယ    ပ သ  ဘ  မ   ပ   က     မဆ  က
ဗ     သမ      ပ     ဆ က    က
ဟ   ဟ    ဟ   ဟ  ဟ  ဟ
ပ  မ  တ ရ  ခလ    လ စရသ    သ   သ  ယ  ဇ မ    ႏ



  e a






     ျိတ်       က်



ြ  တ်ေ  ွ့ေြ   ာင်း ေ  ါ်      ယ်    ံ ျား
   က်   ွယ်  ှု    ို ြ  တ်ေ   ာက်   ိုက်ေ   ာ
   ိုယ်    စ်ြ မ်း    ေ     ျား    ို    ိုက်   ံ    က်
   ီး    ီး     ား    ား     ား
  ို   ံ  ျား    ြ  စ်ေ ွး   ုတ်ေ း  ဲ့ေ    ာ
     ေ  ါင်း ျား   ွာ   ို    n    ျားြ  င့်
   ာ  န်     ူ   န်း ား   ျား   ှင့်     ိုင်ေ    ာ
  ာ    ိေ         ျား    ို    ိုက် ျိုးြ  ီး ြ  စ်   ည်
   ား    ား     ား    ိ    ိ
  ိုက်  ျိုးြ  စ်   ွန်း   ာေ   ာ      င်ြ   ီး    ို့
ြ   ီး  ား  ှင်   န်ြ  ို    ဲ
     ိပ်  ိ   ား  ျားြ  င့်ြ  တ်ေ    ာက်   ွားေ    ာ       ံ ျား
         ေ     ျား    ို    ပ်  ံြ   ိုး   ပ်
ေ       ာဉ်  ျံ    ေ   ၤာ   ေြ  ာေ   ာင်း      ိုေ   ာင်း
  ျည်း   ံ  ျား ေြ  ာက်   ုံး   ုန်ေြ   ာင်း
   ား    ား     ား    ီး    ီး    ီး
  ုဒ်  ေ   ွ   ွာ  ျ   ိုက်    ို့  ို  ွဲ   ွားေ   ာ     ံေ   ာ  ဉ် ျက်   ှာ



n  l y


--------------------------------------------

အရိပ်တွေ ပေါင်းပြီး ချရေးလိုက်တဲ့ ကဗျာ