လက်ဖဝါးပေါ်မှာ အကြွေစေ့တွေ ရိုက်နှိပ်ထားတဲ့ ကောင်
ဗုဒ္ဓဟူးနေ့ကိုမျှော်ပြီး မင်းက အရိပ်တွေနဲ့ ပျော်နေတဲ့ ကောင်
တိတ်ဆိတ်ခြင်းကို ပြီးဆုံးခြင်းနဲ့ အပြန်ပြန်နားထောင်နေရတဲ့
ပိတ်ကားပေါ်က အစိမ်းရောင် ကျွဲရိုင်းဘူးခွံတွေနဲ့ ကောင်
လူမလောက်တော့လို့ တိတ်တိတ်ကလေးငိုနေရတဲ့
သူမပါးစပ်ထဲက ဂျလေဘီ အိပ်မက်တွေနဲ့ ကောင်
အနီရောင်နဲ့လဲလှယ်ခွင့်ကိုပိတ်ပင်လိုက်ကြပြီလား
ကျေးဇူးပြုပြီးဒီကောင့်ကို ကျိန်းစပ်စေတဲ့အရာများနဲ့ပစ်ပေါက်
မွန်းတည့်ချိန်နဲ့ မွန်းလွဲချိန်ကို ခေါ်ယူလို့ခြစ်ခြောက်ရတယ်
နည်းပညာအခက်အခဲကြောင့် ကဗျာတွေ ပျော်ကျကုန်ပြီလား
လေးအေးပေးစက်ကို အဆုံးထိတင်ပြီးမှ
နံရံထဲက နေလုံးကိုဘယ်နှစ်ကြိမ်ထုတ်နေရအုံးမှာလဲ
လောကကြီးကြောင်းကို အကြောင်းရာတွေပိုနေတုန်းပဲမို့
သံကြိုးတွေလွတ်မြောက်လာရင်တောင်မှ
စိတ်တွေလွတ်မြောက်ဖို့ မေ့မေ့ နေတဲ့ ကောင်
ဘယ်သီလကို လက်ငါးချောင်းအောက်က ကွက်လပ်ထဲမှာ
ဒီကောင်က မတူးချင်ဘူး မစွချင်ဘူး ဒီအတိုင်းလေး ပျော်နေတဲ့ကောင်
ဒီကောင့်ကို ဟိုကောင့်ကို ထိန်းမရတော့လို့
လေတံခွန်လေးနဲ့ မှန်စာကြိုးကို ဖြတ်ပစ်လိုက်ပြီ
အောက်ပိုင်းအရာတွေ ပြသနေတဲ့
နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း
မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်

nelay
No comments:
Post a Comment