Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Sunday, January 17, 2010

WHAT SHOULD WE DO



IS NOT COMPLETE IN OUR LIFE ...
A FULL OF FIGHT...
THEY DO OF KNIFE ..
FOR THE YOUNG MEN'S LIFE ...
DEATH IS THE ONLY WAY OF SILENT NIGHT ...

IS NOT COMPLETE IN CRY PEACE ...
OUR HAND IS USELESS FOR THAT TEARS ...
THEY HAVE NOT BITCH A BRAIN  ...
WHAT SHOULD WE DO NOW ...
EVERYTHING IS NOT AROUND ...

IS NOT COMPLETED KIN ...
WHERE IS A BLIMP...
THE GENTLE CANDLE IS FAINTED SCENE ...
OUR CHILDS BONE WAS HISTORY IN BURY ...
WHERE IS TRUTH MEMORY ...

IS NOT COMPLETE IN COMBAT ...
OUR LONELY WITH BLOOD FLAG ...
JUZ A PLUTO'S HOPE ...
( HOPE AGAINST HOPE )
ANOTHER STOKE ARE SCREWY MOCK ...
THEY ARE SUCKING OUR THROAT ...

IS NOT COMPLETE IN THAT WAY ...
YEARS ARE SNUFF AWAY ...
WE SINKING WHAT !!!! ...
JUZ A FLOWING F.. KING HEART ...

THE END
DEATH IS ONLY
L .. U .. C .. K ...
(? I THINK ''F'' NOT HERE WHY)



nelay










Thursday, January 14, 2010

မီးပျိုး မိတ္တူ



မီးကိုသိုဝှက်ထားတဲ့ ရင်ဘတ်တစ်ခုက
အောက်စီဂျင်နဲ့ မတည့်ဘူး ....... နိုရာ
လေတွေ တဟူးဟူးတိုက်နေတုန်းက
ငါ့ရင်ဘတ်ကို ကြိုးခြည်ပြီး
တိမ်တွေထဲ လွှတ်တင်ခဲ့တဲ့ နိုရာ
တိမ်ညစ်မဲတွေ ငါသောက်ပြီး
အတ္တတွေ ရုန်းကန်ပျိုးတက်လာတော့
ဟိုး ဝေး ဝေး အစွန်းတဖက်မှာ
ဘယ်တော့မှ မဆွဲယူခဲ့တဲ့ လက်ညှိုးကလေးနဲ့
ငါ့ကို ကြိုးဖြတ်ခဲ့တဲ့ နိုရာ
မှောက်လိုက် … လှန်လိုက်
မှောက်လိုက် … လှန်လိုက်
မှောက်လိုက် … လှန်လိုက်
လွှင့် …. လွှင့် …. လွှင့် ….


မီးကိုသိုဝှက်ထားတဲ့ ငါက
အောက်စီဂျင်လို လူတွေကို ရှောင်တယ်
သူတို့ လောင်ကျွမ်းသွားမှာ ငါစိုးလို့
Ch3M!CaL မပါတဲ့ ဒြပ်စင်တစ်ခုဟာ နိုရာပေါ့
ချို့ငဲ့မှုနဲ့ သိမ်းပိုက်သွားတဲ့
ဝိဉာဉ်ကို ငါ့သွေးကြောထဲက စုတ်ထုတ်လိုက် နိုရာ
အသင့်စားသုံးဖို့ ထုတ်ပိုးထားတဲ့
ရုပ်ဝတ္တုတွေဟာ ကာဗွန်သိပ်များတယ် နိုရာ
လူဆိုတာ မီးနဲ့မတွေ့ခင်တော့ ရှုလို့ကောင်းတဲ့
အောက်စီဂျင်တွေပဲပေါ့ သတိထားပါ ....... နိုရာ
ပေါက်ကွဲတတ်တဲ့ အရာတွေထဲမှာ အနုမြူထက်ဆိုးတယ်
အပေါ်ယံ ချိုမြိန်မှုတွေဆိုတာ
မစင်ကို သကာသုတ်ထားတာပဲ ....... နိုရာ
ဝင်္ကဘာအစွန်းထဲမှာ မျက်လုံးတွေ လမ်းလျှောက်နေကြတယ်
ကမ္ဘာကို မျိုချထားတဲ့ လူ့ပါးစပ်တွေဆိုတာ
အဆင့်မြင့်လာတဲ့ ဆုတ်ယုတ်မှု စက်ရုံတွေပဲ ....... နိုရာ
ပျံရင်းပဲသေသေ မြက်ခင်းထဲမှာပဲ သေသေ
နံရံရဲ့ အခြားတစ်ဖက်မှာ ရာထူးတွေမရှိဘူး
ဂုဏ်ပကာသနတွေမရှိဘူး
ဒယ်အိုးပဲရှိတယ် ....... နိုရာ
အကြိမ်ကြိမ်တိုက်ချွတ်လို့ ပြောင်လက်လာတဲ့ ဖိနပ်တွေ
ငါမဝတ်ချင်ဘူး သူတို့လျှောက်မဲ့လမ်းတွေ မသန့်ဘူး ....... နိုရာ
ဖြူစင်မှုကို အပျိုစစ်မစစ်နဲ့ တိုင်းတာဖို့နဲ့
စိတ်ဓါတ်တွေ စစ်ထုတ်ဖို့ဆိုတာ မုန်းတိုင်းထဲက
အလွန်ရှားပါးတဲ့ တွယ်ကပ်သွပ်မိုးကလေးပါပဲ ....... နိုရာ
မိုးကြိုးနဲ့အလင်းတန်းကို ငါ ခိုဝင်နမ်းရှိုက်
ကြိုးတန်းလန်းနဲ့ ငါ မိုက်တယ် ဆိုတာ
ငရဲသွားမဲ့ မင်းကို မမှီပါဘူး ....... နိုရာ
လူ့ကျင့်ဝတ်ကို သင်ကြားပို့ချပြီး လူ့ကျင့်ဝတ်ချိုးဖောက်တဲ့ ဆရာက
တပည့်ငမိုက်သားတွေကြား သူတော်ကောင်းလုပ်နေကြပြီ ....... နိုရာ


ငါဘယ်လောက်ထိ လွှင့် ရအုံးမှာလဲ
မီးခိုးခေါင်းတိုင်းတွေ အလွန်ထိ
လယ်ကသင်းရိုးတွေ အလွန်ထိ
အင်တာနက် အနှေးပြကွက်တွေ အလွန်ထိ
အိမ်တွင်းအကြမ်းဖက်မှုတွေ အလွန်ထိ
တရားသမားအယောင်ဆောင်တွေ အလွန်ထိ
ငါ့ကို လိုက်သတ်နေတဲ့ ငါ့အရိပ်တွေ အလွန်ထိ
ငါဘယ်လောက် လွှင့် ရအုံးမှာလဲ ....... နိုရာ ။



nelay





Monday, December 7, 2009

သေချင်းဆိုးငှက်ပျောပင်







အခွံကလွဲပြီး အနှစ်မရှိဘူး
လှုပ်ကြည့်ရင်တောင်ရေပဲရှိတယ်


တလွှာချင်းခွာ
အဲဒီ့ သေချင်းဆိုးအလွှာကို
ငါးဟင်းရည်ထဲပစ်ထည့်
သူမပါရင်မပြီးတဲ့
ဗမာကြိုက်တဲ့မုန့်ဟင်းခါးရတယ်


သေချင်းဆိုးအပင်ကတခိုင်လုံးရွှေတဲ့
ရနံ့မွှေးမွှေးသေချင်းဆိုးအသီးကိုသီးတယ်
မမှည့်ခင်ကသေချင်းဆိုးအစိမ်းရောင်
မှည့်လာတော့သေချင်းဆိုးအဝါရောင်
အနီရောင်တောင် တစက်ကလေးမှမပါဘူး


သေချင်းဆိုးစွိုင်းပေါ်ကပျော့တွဲတွဲအသီးတွေ
သေချင်းဆိုးရောဂါလည်းထည့်ပေးထားတယ်
သေချင်းဆိုးအဟာရလဲဖြည့်ပေးထားတယ်
အဲဒီလိုသေချင်းဆိုးကောင်းတဲ့အသီးတွေ
သေချင်းဆိုးနတ်တွေလဲကြိုက်တယ်
ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်


ပြာယာခတ်တဲ့သေချင်းဆိုးမျောက်လွဲကျော်က
သေချင်းဆိုးအောင်ကြိုက်တဲ့အသီးတွေ


ခုတ်လှဲပြီးလို့သေချင်းဆိုးအခွံမို့အထင်မသေးနဲ့
သေချင်းဆိုး အတုံးက ဖက်အိပ်လို့ရတယ်
ကုန်ကုန်ပြောမယ်ဗျာ ...
လှံနဲ့စိုက်ရင်တောင်
သေချင်းဆိုးအောင်လျှောကနဲဝင်တယ်


ဘာအနှစ်မှမရှိဘူး သေချင်းဆိုးအခွံကြီးပဲ
ဒါမို့ ငါက ငှက်ပျောပင်လိုမျိုး
သေချင်းဆိုးလှောင်ရယ်ဖို့ကောင်းတဲ့
သေချင်းဆိုးနေတဲ့ကောင် ... ။



nelay





Sunday, December 6, 2009

မေ ဒီဇင်ဘာ





ခဏခဏ ထုတ်ထုတ်ကြည့်နေရတဲ့
ညနေခင်းကလေးကို ပြောပေးပါ .....
ဘဝအပေါ်မှာတင်ထားတဲ့ ရုပ်ကိုခွာပြီး
နှလုံးသား ဒီဇင်ဘာနဲ့ နာမ်လက်ဆောင်ကို
ငါမသိခင်
ဉာဏ်အလင်းရဲ့ ခြေရင်းမှာ တင်ခဲ့ပါလို့ ..... ။



nelay





Monday, November 23, 2009

မင်းကိုငါမချစ်တော့ဘူး



ငါ့ကိုချစ်သေးရဲ့လား
နေဝင်သွားတဲ့ အဖူးတွေနောက် 
မခူးခင်ရောက်လာမယ့် ပြိုပျက်ခြင်းတွေ
ဒါတွေ ငါမသိခြင်း

စောင့်ရှောက်ခဲ့တဲ့ မြောက်လေမှာ 
စိတ်တည်ခြင်းကိုရှာ
အမှန်တိုင်းပဲ ငါ့ကိုချစ်သေးရဲ့လား

မမှန်ချင်လဲနေပါ 
လေနှင်ရာ အငွေ့အသက်နဲ့ 
အသက်ဆက်ခဲ့တဲ့ 
မင်းရဲ့ မင်းအပြုံးတွေ

အနက်ရောင် ပြောင်းခဲ့တဲ့ 
ပျော်ရွှင်ခြင်းကိုတွေ့ပြီလား 
အကျယ်ကြီး အော်လိုက်စမ်းပါ
ဒီနေရာမှာ ငါ့ကိုချစ်သေးရဲ့လား

ပိတ်ထားတဲ့ကြားက 
မလင်းလာမဲ့ အသံကို 
ဂီတ ပုံစံအောက်မှာ 
ကဗျာဆန်ဆန်ကျဆုံးပြဖို့
လက်ခုပ်သံတွေ 
ပြောင်းပြန် ပြန်ရောက်လာမယ့် 
အဲ့နေရာမှာ ငါ့ကိုစောင့်နေရဲသေးလား
စိတ်ချလက်ချ ငါ့ကိုချစ်သေးရဲ့လား

ရွေးခဲ့တဲ့ လမ်းမှာ 
တိမ်လွှာတွေ ကြေမွနေလို့ 
ဖုန်တကာ့ အလယ်မှာ 
ကြုံရာတွေနဲ့အကြောင်းကြားဖို့
ယုံတယ်မယုံဘူးတွေ 
မှန်ထဲမှာ မှန်ရှေ့မှာ မင်းနဲ့ မင်း 
အကြိမ်ကြိမ် ငြင်းထားပါသလား

ငါ့ကိုချစ်သေးရဲ့လား
ဝိုး …. အို … အိုးးးး …. ဝိုး …. အို …. အိုးးးးး
ထုတ်ဖော်မပြောခင် ကိုင်ထားတာတွေ 
လွှတ်ချလိုက်ဖို့ ရောက်ပြီ
ဒါတွေ ငါမသိခြင်း

စပါးကျီထဲမှာ 
ပိုင်ဆိုင်ခြင်း မရှိတဲ့ လုံခြုံမှုကိုရှာ
ငါ့ကိုချစ်သေးရဲ့လား

မေးစရာမလိုတဲ့ မေးခွန်းတွေ 
နံရံပေါ်မှာ သုတ်လိမ်းထားပြီး 
ငါတို့လှလှကြီး ထိုင်ကြည့်ကြမယ်
မင်းကိုငါမချစ်တော့ဘူး



nelay





Friday, November 13, 2009

သူစိမ်း



မင်း စာလုံးပေါင်းလဲ ငါမကြည့်
ငါ့ စာလုံးပေါင်းလဲ မင်း မသိ
မင်း နာမည်လဲ ငါ Click မနှိပ်
ငါ့ နာမည်လဲ မင်း Click မနှိပ်
မင်း ပြောသံဆိုသံတွေ ငါ ကျော်သွား
ငါ့ ပြောသံဆိုသံတွေ မင်း ကျော်သွား
မင်း ရုပ် ငါ မကြည့်
ငါ့ ရုပ် မင်း မကြည့်
မင်း အသံတွေ ငါ ကျယ်လို့
ငါ့ အသံတွေ မင်း ကျယ်
မင်း တက်တူးကို ငါ မကြိုက်
ငါ့ တက်တူးကို မင်း မကြိုက်
မင်း Code ကို ငါ မသုံး
ငါ့ Code ကို မင်း မသုံး
မင်း About မှာ ငါ မပါ
ငါ့ About မှာ မင်း မပါ
မင်း နွယ် ကို ငါ မ ငင်
ငါ့ နွယ် ကို မင်း မ ခင်
မင်း Post ကို ငါ မ Like
ငါ့ Post ကို မင်း မ Like
မင်း Digital ကို ငါ ထွေးထုတ်
ငါ့ Digital ကို မင်း ထွေးထုတ်
မင်း အလေအလွင့် ကို ငါ မမက်မော
ငါ့ အလေအလွင့် ကို မင်း မမက်မော
မင်း သူစိမ်း ကို ငါ ချစ်လို့
ငါ့ သူစိမ်း ကို မင်း ချစ်တယ်



nelay





Monday, November 9, 2009

တိုနန့်နန့်ကဗျာ လှသန်း



Credit to mgpo from mmcpcommunity.net


  တိုနန့်နန့်ကဗျာ လှသန်း

    ကြည်မောင်သန်း ရဲ့ ဒီပရင်္ဂ ဆိုရင် ကဗျာချစ်သူ တော်တော်များများ သိကြပါလိမ့်မယ်။ အဲဒီ ဆရာ ကြည်မောင်သန်းရဲ့ အမည်ရင်းက လှသန်းပါ။
    စာပေစီစစ်ရေးရဲ့ ပိတ်ပင်မှုကြမ်းတမ်းတဲ့ ခေတ်က ဆရာဟာ ကလောင်နာမည် အမျိုးမျိုးပြောင်းပြီး ကိုယ်ကိုဝှက်ပြီး ရေးခဲ့ရပါတယ်။
    ကြည်မောင်သန်း၊ လိပ်ပြာသန့်သန့်၊ မောင်သီးသန့် ၊ ရန်မခ စတာတွေဟာ ဆရာလှသန်းရဲ့ ကလောင်ခွဲ တချို့ ဖြစ်ပါတယ်။

    အခု ဆရာ့ရဲ့ ''တိုနန့်နန့်ကဗျာ'' စာအုပ်ကို တင်ဆက်ပေးချင်ပါတယ်။


 --------------------------------------------------------------------------------------------------------

    တိုနန့်နန့်ကဗျာ

    လှသန်း



    ကိုယ့်ကဗျာက တိုလည်းတိုတယ်
    ကိုယ့်ကဗျာက နန့်လည်းနန့်တယ်
    ဒါကြောင့်
    တိုနန့်နန့်ကဗျာကို ကိုယ်ရေးမိတယ်။

 --------------------------------------------------------------------------------------------------------

    ကမ္ဘာဦးဥယျာဉ်ထဲမှာ

    ကမ္ဘာဦးဥယျာဉ်ထဲမှာ
    ဆူနာမီ မရှိဘူး
    ကမ္ဘာဦးဥယျာဉ်ထဲမှာ
    နာဂစ်မရှိဘူး
    ကမ္ဘာဦးဥယျာဉ်ထဲမှာ
    မိဘမဲ့ကလေး မရှိဘူး
    အကြမ်းဖက်သမားမရှိဘူး
    ကမ္ဘာဦးဥယျာဉ်ထဲမှာ
    ကဗျာဆရာလည်းမရှိဘူး

    ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။

  --------------------------------------------------------------------------------------------------------

     အရက်သမား

    ပြန်တမ်းဝင်အရာရှိလည်း
    အရက်သောက်ရင်
    အရက်သမား

    အောက်တန်းစာရေးလည်း
    အရက်သောက်ရင်
    အရက်သမား

    ဒါနဲ့များ
    ဘာလို့ စကားတွေ
    အများကြီး ပြောနေမလဲ။


  --------------------------------------------------------------------------------------------------------


    ပန်းပု

    အပေါ်ယံကို ခွာချလိုက်မှ
    အတွင်းသားကိုတွေ့ရမယ်

    အပိုတွေကို ဖဲ့ထုတ်လိုက်မှ
    အနှစ်သာရကို မြင်ရမယ်

    လူ့ဘဝဆိုတာ
    ပန်းပုရုပ်တစ်ရုပ်လိုပါပဲ

    အပိုဆာဒါးတွေနဲ့
    အစ်ကိုဗျာများနေတာ
    ဘယ်လောက်ကြာပြီလဲ။


  --------------------------------------------------------------------------------------------------------


ရိုသေကြမယ်

    ဘုရားစင်ပေါ်က
    ဘုရားကို ရိုသေကြမယ်

    စာအုပ်တွေထဲက
    တရားကို ရိုသေကြမယ်

    ငါတို့ ကိုယ့်ကိုယ်ကိုယ်
    ရိုသေကြမယ်

    ကိုယ့်ကိုယ်ကိုယ်
    ရိုသေကြရင်
    လောကမှာ လူပိုတွေ မရှိတော့ဘူး။


   --------------------------------------------------------------------------------------------------------

    ဘယ်လောက်ထိမှားမလဲ

    ဘယ်လောက်ထိမှားမလဲ
    မတရားတာက
    အဓမ္မ

    ဘယ်လောက်ထိမှားမလဲ
    တရားတာက
    ဓမ္မ

    ''ကျွန်မနာမည် စိန်စိန်
    ပန်းဆိုးတန်းမှာ ဈေးရောင်းစားတာ
    ၆ နှစ်ရှိခဲ့ပြီ...''

   --------------------------------------------------------------------------------------------------------

 တံဆိပ်

    မောင်လေးအောင်ဘရန်ဒီ
    ဖော်ဝေးအာမီရမ်
    မြေချစ်သူဝီစကီ
    မောင်ချောနွယ်ဘီယာ
    ကျွန်တော် နှစ်သက်ခဲ့တဲ့ ယမကာတွေပါ

    ကျွန်တော့်နာမည်နဲ့ အရက်သန့်
    မကြာမီဖြန့်ချိတော့မည်ဖြစ်ပါကြောင်း။

    --------------------------------------------------------------------------------------------------------

တီထွင်မှု

    လူသားတွေက
    စစ်ပွဲတွေကို တီထွင်တယ်
    ငြိမ်းချမ်းရေး နိုဘယ်ဆုကို တီထွင်တယ်
    ကွန်မြူနစ်ဝါဒကို တီထွင်တယ်
    ကွန်ပြူတာကို တီထွင်တယ်
    ကွန်ဒုံးကို တီထွင်တယ်

    တီထွင်စရာမလိုတာက
    မေတ္တာတရား
    သူက မွေးရာပါ။


     --------------------------------------------------------------------------------------------------------

 လိပ်စာ

    ဓာတ်ကြီးလေးပါးက မသန့်တော့
    ဗြဟ္မာကြီးလေးဦးလည်း
    လန့်ပြေးပြီထင်တယ်
    အသက်ရှည်ကျန်းမာဆိုတာ
    ဒဏ္ဍာရီထဲက စကားပုံအဟောင်း

    လိပ်စာမေးရင်
    သံသရာလို့ ဖြေရမလား
    သုံးဆယ့်တစ်ဘုံလို့ ဖြေရမလား။

     --------------------------------------------------------------------------------------------------------

အပေါ် စက်၊အောက်စက်


လူ့ဘဝဆိုတာ
TV နဲ့ DVDလိုပါပဲ

အပေါ် စက်က
အောက်စက်မရှိလည်း
ပုံမှန်အစီအစဉ်တွေ ကြည့်လို့ရတယ်

အောက်စက်ကတော့
အကုသိုလ်အချပ်တွေကို ထည့်ကြည့်မှ
ငရဲကို ပြတ်ပြတ်သားသား မြင်ရတယ်။


--------------------------------------------------------------------------------------------------------


ပြဿနာ

အဖေက ပင်လယ်ဓားပြ
သားက သင်္ဘောသား
ဘယ်လို ရှေ့ဆက်စခန်းသွားကြမလဲ။

     --------------------------------------------------------------------------------------------------------

    ပျင်းရိခြင်း

    ဘာလုပ်ရမှန်းမသိလို့
    ဘာမှမလုပ်ဘဲ နေမိတယ်

    အချိန်တွေကုန်သွားတယ်
    အကုန်ချိန်ကြည့်ရင်
    ဘယ်နှစ်ပိဿာ ရှိမလဲ။

     --------------------------------------------------------------------------------------------------------

    မသေခင်

    မသေခင်
    ရှင်ရမှာ သေချာတယ်
    မသေခင်
    သေရမှာ သေချာတယ်
    မသေခင်
    ဘာတွေလုပ်ခဲ့သလဲ
    မရှင်ခင်
    ဘာတွေဖြစ်ခဲ့သလဲ

    ခင်မောင်တိုး သီချင်းတစ်ပုဒ်ရဲ့ ခေါင်းစဉ်
    ''ပြင်ဆင်နိုင်ခွင့် မင်းအတွက် ခုချိန်ပဲ ...''


     --------------------------------------------------------------------------------------------------------

    သံသယ

    သံသယတွေနဲ့
    စာသင်ခန်းကို ကျောခိုင်းခဲ့

    သံသယတွေနဲ့
    ချစ်သူကို စွန့်လွှတ်ခဲ့

    သံသယတွေနဲ့
    မိတ်ဆွေကို လမ်းခွဲခဲ့

    လွမ်းလိုက်တာ
    သံသယတွေကြောင့်
    ပြန်မရတော့တာတွေ အများကြီး။


     --------------------------------------------------------------------------------------------------------


    အသည်းကွဲခဲ့ရတဲ့ကမ္ဘာ

    ကမ္ဘာကြီးဟာ
    မုန့်ပုံးတစ်ပုံးဆိုရင်
    အားလုံးပျော်ရွှင်ရမှာပေါ့

    ကမ္ဘာကြီးဟာ
    အချိုရည်တစ်ဘူးဆိုရင်
    အားလုံး ပျော်မြူးရမှာပေါ့

    ခုတော့ ကမ္ဘာကြီးဟာ
    အချိန်ကိုက်ဗုံးတစ်လုံး
    အားလုံးအသည်းကွဲရပြီပေါ့။


     --------------------------------------------------------------------------------------------------------


    သူငယ်ချင်းနှစ်ယောက်

    သူငယ်ချင်းနှစ်ယောက်
    အနှစ်နှစ်ဆယ်လောက်ကွဲပြီး ပြန်တွေ့တော့

    တစ်ယောက်က မိန်းမလျာ
    အောင်မြင်တဲ့ အလှဖန်တီးရှင်
    ဖက်ရှင်ဒီဇိုင်းနာ
    နောက် အေ့ဒ်စ်ရောဂါနဲ့သေသွားတယ်

    တစ်ယောက်က ကဗျာဆရာ
    မသေမရှင်
    လည်ချောင်းထဲ အမဲရိုးနင်လို့။


     --------------------------------------------------------------------------------------------------------


မမှားတာတွေဟာ အမှန်မဟုတ်ဘူး


မမှားတာဟာ အမှန်မဟုတ်ဘူး
သိပ်အူမြူးမနေနဲ့

မမှားတာဟာ အမှန်မဟုတ်ဘူး
သိပ်စိတ်ကူးမယဉ်နဲ့

မမှားတာဟာ အမှန်မဟုတ်ဘူး
ဇာတ်ပေါင်းသော်
အားလုံးဟာ ဇာတ်ရူးတွေ။

     --------------------------------------------------------------------------------------------------------


    လူပေါင်းမှားခြင်း

    ဒေးဗစ်ဘိုဝီက
    ကမ္ဘာကြီးကို ရောင်းစားမလို့တဲ့
    ကက်ကိုဘိန်းကလည်း
    ကမ္ဘာကြီးကို ရောင်းစားမလို့တဲ့
    အဲရစ်ကလပ်ပတန်က
    ကမ္ဘာကြီးကို ပြောင်းချင်တယ်တဲ့
    ဘော့ဒိုင်လန်ကလည်း
    ကမ္ဘာကြီးကို ပြောင်းလဲချင်တယ်တဲ့
    ဂျွန်လင်နွန်ကလည်း
    ကမ္ဘာကြီးကို ပြောင်းလဲချင်တယ်တဲ့

    အမေရေ
    ကျွန်တော် လူပေါင်းမှားခဲ့တယ်။


     --------------------------------------------------------------------------------------------------------


    အမေမရှိတော့မှ

    အမေမရှိတော့မှ
    ဆီမွန်ဒီဗူးဗွားရဲ့
    ''ရေပွက်ပမာ''ကို ပြန်ဖတ်မိတယ်

    အမေမရှိတော့မှ
    ဆမ်းမားဆက်မွန်ရဲ့
    ''အမေ''ကို ပြန်ဖတ်မိတယ်

    အမေ
    အနတ္တနဲ့တောင် အစားထိုးလို့မရ

    ငါ့အမေက
    ဂျွန်လင်နွန်ရဲ့ အမေမဟုတ်ဘူး
    ငါ့အမေက
    ရော်ဂျာဝါးတားရဲ့ အမေမဟုတ်ဘူး။


     --------------------------------------------------------------------------------------------------------


ရဲရဲနွယ်

သမီးနာမည်က ရဲရဲနွယ်ပါ
သမီးဆိုမယ့် သီချင်းနာမည်က
''လေလွင့်ငှက်ရဲ့ ခြေရာများ ...''

ညီမလေး ရဲရဲနွယ်
မင်း ''ညီမလေး''ကို မင်းမှ မစောင့်ရှောက်ရင်
ဘယ်သူက လာစောင့်ရှောက်မှာလဲ။

     --------------------------------------------------------------------------------------------------------

သမိုင်းသားကောင်

ဟစ်တလာသာ
ပန်းချီဆရာဖြစ်ခဲ့ရင်
ဒုတိယကမ္ဘာစစ် ဖြစ်ပါ့မလား

ကလက်ရှ်နီကော့သာ
ကဗျာဆရာဖြစ်ခဲ့ရင်
AK 47 သေနတ်တွေ ဖြစ်လာပါ့မလား


အင်္ဂုလိမာလ
နောင်တမရခင်အထိ
လူတွေမှာ ဒုက္ခအတိ။

     --------------------------------------------------------------------------------------------------------


    ရာပြည့်

    ၂ဝဝ၉ ခုနှစ်မှာ
    ဦးသန့် နှစ်တစ်ရာပြည့်တယ်
    မင်းသုဝဏ် နှစ်တစ်ရာပြည့်တယ်
    ရွှေပြည်အေး နှစ်တစ်ရာပြည့်တယ်
    ရွှေတိုင်ညွန့် နှစ်တစ်ရာပြည့်တယ်
    မြို့မငြိမ်း နှစ်တစ်ရာပြည့်တယ်

    ငါ့နှစ်တစ်ရာပြည့်ကို
    ဘယ်သူတွေ တွေ့ရှိမလဲ။

     --------------------------------------------------------------------------------------------------------

 အား

    တစ်ခါတစ်ခါ
    မိဘတွေမရှိလို့ အားငယ်တယ်

    ဒါပေမယ့်
    ညီအစ်ကို မောင်နှမတွေရှိ
    မိတ်ဆွေအပေါင်းအသင်း
    သူငယ်ချင်းတွေလည်းရှိ
    ချစ်သူခင်သူတွေလည်းရှိ
    ကြည့်မရတဲ့ကောင်တွေလည်းရှိ
    ငါ ပြန်လည်အားတက်မိ။

      --------------------------------------------------------------------------------------------------------

   ဖြစ်ပုံ

    ဇနီးမယား
    သမီးသားနဲ့
    ကြီးပွားချင်စိတ်လေး
    မျှော်လင့်မိတယ်

    ကိုယ့်ကံကြမ္မာက
    ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့
    ဘောလုံးသမားတစ်ယောက်လို။

      --------------------------------------------------------------------------------------------------------

 လူဆန်ခြင်း

    ဘဝမှာ
    မရခဲ့တာတွေအများကြီးအတွက်
    တစ်ဝက်နောင်တနဲ့ နေထိုင်တယ်

    စိတ်မကုန်နိုင်သေးသောကမ္ဘာကြီး
    မိုက်လုံးကြီးမှုတွေအတွက် ခွင့်လွှတ်ပါ။

      --------------------------------------------------------------------------------------------------------

   လူပျို

    ခြေထောက်အောက်က
    မြေကြီးကို မယုံဘူး
    ခေါင်းပေါ်က ကောင်းကင်ကို ယုံလိုက်မယ်
    ငလျင်လှုပ်တာ ကြုံဖူးလို့။

      --------------------------------------------------------------------------------------------------------

 Credit to mgpo from mmcpcommunity.net
ပြန်လည် ကူးယူ ဖေါ်ပြမယ်ဆို ကျနော် ရေးထားတဲ့ Credit လေးတွေပါ ဖေါ်ပြပေးစေချင်ပါတယ် ။





အပြုံး



မရှိ သုံး ကလေးတွေ မို့

အပြုံးတွေကို မုန်းနေအောင်

ပြုံး ထား တယ် ။



nelay






charlie scott pale1





Tuesday, November 3, 2009

ကြွက်



အနီးက ရှု့ခင်း
အဝေးက ရှု့ခင်း
တခင်းခင်းကို ရှင်းမှ ဖြစ်မယ်ဆိုပြီး
မြက်ခင်းထဲက ကြွက်ဟာ ထွက်လာ

အရင်တုန်းက ဗိုလ်အောင်ကျော် တိုက်ကြို့တိုက်ကြားတွေမှာ 
ကပ်ကပ်ပေါက်နေတဲ့ မြက်တွေကို စားစား နေတဲ့ ကြွက်ပေါ့

အခုတော့ လှည်းတန်း ဂုံးကျော် တံတားကြီးရဲ့ အောက်မှာ 
မျက်မမြင်တစ်ယောက်ရဲ့ ခြေသံကိုစောင့်ရင်း ပျဉ်းရိသန်းဝေနေတဲ့ ကြွက်ပေါ့

မျက်နှာတွေကို ကပ်ကပ်ပြီး နားထောင် လိုက်တိုင်း 
အဟာရချို့တဲ့ နေတဲ့ နှလုံးသားဟာ တစ်စက္ကန့်ကို 
အကြိမ် ကိုးဆယ်နှုန်းနဲ့ ခုန်နေတဲ့ ကြွက်

ထမင်းဆာ လို့ အစာအိမ်က ထုတ်ထုတ်နေတဲ့ အက်စစ်ရေတွေကြောင့် 
စိတ်ဓါတ်ခဏခဏ အကျခံပြီး အစာ အငတ်ခံနေတဲ့ ကြွက်

သွေးတွေ မြင်တိုင်း နောက်ဖေးလမ်းကြားထဲက အမှိုက်ပုံကို 
ငြိမ်းချမ်းရေး ကြိုးဝိုင်းအထင်နဲ့ ခဏခဏ လမ်းသလားနေတဲ့ ကြွက်

တခြားကြွက်တွေ တူးပြီးသား တွင်းတွေမှာ မာနကြီး တခွဲသားနဲ့ 
ခြေလှမ်းကို ဖွဖွလှမ်းရင်း အရေးပေါ်တွင်းတူးနည်း ကျမ်းကို 
ရှာရင်း လမ်းပျောက်နေတဲ့ ကြွက်

တာဝန်ယူချင်စိတ်ရှိတဲ့ ကြွက်
အရင်တုန်းက လူလစ်မှ မီးဖိုချောင်ထဲ ဝင်ဝင် ခိုးတတ်တဲ့ ကြွက်ဟာ 
လူသိရှင်ကြား နာမည်ကြီးချင်လွန်းလို့ နာမည်ကြီး တဲ့ လူတွေ ဝတ်တဲ့ 
အတွင်းခံကို ဝင်ဝင်ခိုးရင် မသိမသာ နာမည်ကြီးကြီး လာတဲ့ ကြွက်

ကြွက် တစ်ကောင် နာမည်ကြီးလာတော့ 
ကြွက် ဘာလုပ်လုပ် လူတွေက အပြစ်မမြင်ကြတော့ 
ကြွက်ကို ဒီအတိုင်းလွတ်ထားလိုက်ကြတယ် 
ကြွက်ကလဲ ကြွက်တွင်း ကြွက်တူးပြီး
အနီးက ရှု့ခင်း
အဝေးက ရှု့ခင်းနဲ့ စကားမပြောတဲ့ ရှု့ခင်းများကို 
တွင်း၀ ကနေမျှော်နေလိုက်တာ သီတင်းကိုကျွတ်ရော ။



nelay