ငါ့ စာလုံးပေါင်းလဲ မင်း မသိ
မင်း နာမည်လဲ ငါ Click မနှိပ်
ငါ့ နာမည်လဲ မင်း Click မနှိပ်
မင်း ပြောသံဆိုသံတွေ ငါ ကျော်သွား
ငါ့ ပြောသံဆိုသံတွေ မင်း ကျော်သွား
မင်း ရုပ် ငါ မကြည့်
ငါ့ ရုပ် မင်း မကြည့်
မင်း အသံတွေ ငါ ကျယ်လို့
ငါ့ အသံတွေ မင်း ကျယ်
မင်း တက်တူးကို ငါ မကြိုက်
ငါ့ တက်တူးကို မင်း မကြိုက်
မင်း Code ကို ငါ မသုံး
ငါ့ Code ကို မင်း မသုံး
မင်း About မှာ ငါ မပါ
ငါ့ About မှာ မင်း မပါ
မင်း နွယ် ကို ငါ မ ငင်
ငါ့ နွယ် ကို မင်း မ ခင်
မင်း Post ကို ငါ မ Like
ငါ့ Post ကို မင်း မ Like
မင်း Digital ကို ငါ ထွေးထုတ်
ငါ့ Digital ကို မင်း ထွေးထုတ်
မင်း အလေအလွင့် ကို ငါ မမက်မော
ငါ့ အလေအလွင့် ကို မင်း မမက်မော
မင်း သူစိမ်း ကို ငါ ချစ်လို့
ငါ့ သူစိမ်း ကို မင်း ချစ်တယ်
nelay
No comments:
Post a Comment