Pages

Saturday, November 3, 2012

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ



ဒဏ်ရာဟာ မလုံလောက်တော့လို့ ကိုယ့်ချုပ်ရိုးကိုယ် ပြန်ပြန်ဖြေနေရတယ်
ကောင်းကင်ရဲ့ အနားသားတွေသာ လက်ဖြန့်တောင်းတတ်ကြမယ်ဆိုရင် ငါက ဘာမျှော်လင့်ခြင်းကို အကြွေလဲ ပြီး ထည့်ပေးမှာလဲ … ကျောပေးရတာ ရိုးလာလို့ အရိုးအက်ကြောင်းတွေကို နှဲ့ နှဲ့ တမ်းကစားရတာ ပျော်လာတယ် ။ မရေရာခြင်းဟာ သေချာခြင်းရဲ့ အဝေးဆုံးက အော်သံတွေ … ခြေနှစ်ဖက်ရဲ့ အောက်မှာ ခြေရာတွေ ငိုနေကြသလား .. မူးမူးပြီး ရှုနေကြ လေထဲမှာ ဥယျာဉ်တစ်ခုလုံး သေနေတဲ့ အနံ့က ရက်ရက်စက်စက်လှတယ်.. စာအုပ်တွေ စိုက်နေတဲ့ ဒဏ်ရာကို ဆံနွယ်တွေ သေဆုံးမှ မီးရှို့လောင်မြိုက် ကြမယ် … ပုန်းခိုနေတဲ့ အသက်ရှုသံတိုးတိုးကလေးရဲ့ အနောက် … မှန်ကွဲစတွေနဲ့ .. အ .. နေတဲ့ ဒဏ်ရာကို ခွဲခွဲထုတ်ပြီး ငေးကြည့်နေရတယ် … ရေထဲနှစ်သတ်ထားတဲ့ လက်ဖဝါးတွေ မသေနိုင်သေးဘူး အရေပြားကို လှီးပြီးမှ သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး …. နံနက်စာနဲ့ စကားထာတွေ သိမ်းပြီး အံ့ဆွဲကို သူ့ရင်ဘတ် ထဲ သူပြန်ထည့် … မှတ်ဉာဏ်ကို သွေးအေးအေးနဲ့ နှိပ်စက်ဖို့ ငါ ဗူး တွေ ငါဗူးတွေ ငါဗူးတွေ ပန်ဒိုရာထဲ အပြည့် … စကားပြောနေတဲ့ ငါလား စာရေးနေတဲ့ ငါလား ငါပြောနေတဲ့ ငါလား ငါတစ်ခုခုကို ရွေးခြယ်ဖို့ သစ်ခြောက်ပင်ရဲ့ အနားသား စွတ်ကျယ်ကို လက်ဇက ဝတ်ပြီး သပ်သပ်ရပ်ရပ် ဝင်လာခဲ့ … အလုပ်တွေ အားလုံးဟာ မြေပုံပေါ် အသက်နဲ့ နာမည်ရေးပြီး စိုက်စိုက်ထားတဲ့ သချိုင်း လွင်ပြင် တွေပဲ စက္ကူ တွေအားလုံးဟာ မြေကြီးတွေပဲ ဝါး သံ ကို ကြားရလား ဝါး အချင်းချင်း ပွတ်တိုက်နေတဲ့ ငြီးငြူသံဟာ သေခါနီး အသက်ငင်နေကြ အခုထိ ခြေလှမ်းဟာ ကောင်းကောင်း မလှမ်းရသေးဘူး ဝါသနာ တွေ ကိုယ့်ရှေ့မှာ အချင်းချင်း သတ်သေ သွားကြတာ အတုံး အရုန်းပဲ … ငါ မနင်းရက်ပါဘူး … နံနက်ခင်းပေါင်းများ စွာ အိပ်ဆေးသောက်ပြီး သတ်သေ သွားတဲ့ နေရာကိုရောက်တော့ မြင်မကောင်းဘူး …. ငါဘာလို့ ပုလင်းတွေ ကမ်းပေးလိုက်မိတာလဲ …. ဒါဟာ နံရံပေါ်မှာ ဟပ်နေတဲ့ နံရံအရောင် ကို ငါ့ပါးစပ်ထဲက ထွက်ကျလာတဲ့ အရောင်နဲ့ ငါ ရေးခြယ်လို့ မပြီးနိုင် သေးခင် မီးစာကုန်တဲ့ အထိဖြုန်း … ဆရာဝန်က ဝင်လာတာနဲ့ လက်လျှော့ လိုက်ပြီ .. အဲ့ဒီ့ အထိကို ဖြုန်း ဖြုန်း ဖြုန်း ဖြုန်း .. ဖြုန်း ဟာ ဘာသာ တရား တစ်ခုခုရဲ့ ပြောစကား ဆို စကား ကို နားမထောင် ခဲ့ ဘူး .. နောက်ကျော ပေး လျှောက် နေတဲ့ လမ်း တွေဟာ ဘာလို့ သစ်တောအုပ်နဲ့ မြူတွေကြီး ပဲ ပါပါနေကြတဲ့ မြင်ကွင်း ဖြစ်နေရတာလဲ … ဖြူဖတ်ဖြူရော် အတွေးစ ဟာ လည်နေတဲ့ အရာ တစ်ခုခု မှာ ကျစ်ကျစ်လစ်လစ် ကို လိမ်ကျစ် မိသွားရမှာ …. ငါ့ခြေထောက်တွေကို ငါတိုးတိုးကလေး ပြောလိုက်တယ် ဒီနေရာကို ငါလိမ်ပြီး မင်းကို ခေါ်လာတာလို့ … ငါ့မျက်နှာပေါ်က အချိုတွေ ထည့်လိုက်တယ် ငါ့စကားလုံး ထဲက အခါးတွေ ထည့်လိုက်တယ် … ငါ့ အတိတ် ဆူဆူပွက်ပွက်ကို လောင်းချ လိုက်တယ် … ငါ့ခြေထောက်တွေ ထည့်ပြီး ငါ့ကိုယ်ငါ ခပ်နာနာကလေး မွှေလိုက်တယ် … အိပ်ငိုက်နေရင် သောက်ဖို့ ဘာမှ မရောထားဘူးလို့ ငါ့ခြေထောက်တွေကို ငါပြောပြီး တိုက်ရတယ် …. အိပ်ယာခင်း ဆိုတာ ဈေးထဲက ဈေးပေါပေါ ပိတ်စပေါ်မှာ L အို V အီး ဆိုတဲ့ သင်္ကေတ ပါနေတာ ကို ခေါ်တာ ။



nelay





No comments: