Pages

Wednesday, September 12, 2012

စုန်းတစ်ကောင်ဟာ ကဗျာဆရာကို လိပ်ပြာသန့်လိုက်တဲ့ ည



စုန်းမဟာ သူ့ပါးပြင်ပေါ်က မျက်ရည်စ များကို သုတ်လိုက်တယ် ....
ပြီးတော့ သူဟာ ခပ်တည်တည်နဲ့ youtube ကိုဖွင့်ပြီး သူ့မျက်ရည်စ များကို upload တင်လိုက်တယ် .... ခဏနေတော့ .... အမေရိကန်သမ္မတ တစ်ယောက်ယောက်က ဖေါက်ပြန်နေတဲ့ ရုပ်ရှင်တွေကြားက ဝုန်းခနဲ ခုန်ထွက်လာပြီး .... မြန်မာပြည်လို့ သုံးကြိမ်အော်လိုက်တယ် ...
ဒီတော့ ... စုန်းမ တင်ထားတဲ့ youtube ကို ဝင်ရောက်ကြည့်ရှု့သူပေါင်း သန်းချီသွားလေရဲ့ ..... တကယ်တော့ ..... လူ့အရိုးတွေ ထည့်ထည့်ပြုတ်ထားတဲ့ .... အိုးးးး .... ဆိုတာ .... ပွက်ပွက်ဆူနေမှ ကြည့်ကောင်းတာမဟုတ်လား .... တံခါးက ကျွီးး ခနဲ့ ဖြေးဖြေးကလေး ပွင့်လာတယ် .... ငါ့ စိတ်အထင် ... ပန်းချီဆရာ ဟာ သူ့ဒေါက်ဖိနပ်ကို ဖွဖွ ကလေး နင်းလာရ ပုံ ရတယ် ..... သူ့စုတ်တံနဲ့ အဲ့ဒီ လူ့အရိုးပြုတ် အိုးကို .... တုန်တုန်ယင်ယင်နဲ့ မွှေနေလိုက်တယ် .... ဘာလို့ဆို .... သူ့ခြေဖဝါးအောက်က ဒေါက်ဖိနပ်တွေကို ခြေဖျားထောက်ပြီး အသံမ မြည်အောင် စီးထားရလို့လေ ...
ဒီမြင်ကွင်းကို မြင်တဲ့ ကဗျာ ဆရာက စိတ်ငြိမ်ဆေး ငါးလုံး ပြူးလိုက်ကို ပါးစပ်ထဲ ပက်ခနဲ ပစ်သွင်းလိုက်တယ် ..... ဒါနဲ့ .... ဒေါက်တာက နှလုံးခုန်သံနားထောင်ဖို့ သူ့ နားကြပ်ကြီးကို အမြင့်ကြီးမြှောက်လိုက်တယ် .... ငါလဲ ကြောက်ကြောက်နဲ့ .... ငယ်ငယ်က အမေပြောဖူးတဲ့ ပုံပြင်တွေထဲ ဝင်ပုန်းနေလိုက်တယ် ..... ဘယ်ရမလဲ .... ခေတ်ကိုထင်ဟပ်ရမယ်ဆိုတဲ့ စကားလုံးထဲမှာ …. ငါ့နာမည်များပါမလားလို့ လိုက်ရှာကြည့်လိုက်တယ် … လားလား …. ငါ့နာမည်မပြောနဲ့ …. ငါကြည့်ဖူးတဲ့ ရုပ်ရှင်ထဲက မင်းသားနာမည်တောင်မပါဘူး ….. ဒါနဲ့ …. စုန်းမက ပြောတယ် ….. နင်တို့တွေ ခေတ်မှားရောက်နေကြတာပဲ …. စုန်းမကို မှန်ထဲမှာ ရှင်းလင်းတိကျစွာ ငါမြင်လိုက်ရတယ် … လားလား … စုန်းမက ငါတို့ ကြားဖူးတဲ့ ပုံပြင်ထဲကလိုမဟုတ်ဘူး ….. သူက နှုတ်ခမ်းနီ အနီကို ရဲနေအောင်ဆိုးထားတာမှ …. တကယ့်ကို လိင်စိတ်ကြွစေတယ် …. ဒါရိုက်တာက ဒီမှာ ဆရာကြီးဝင်လုပ်ပြီးပြောတယ် …. မင်းတို့တွေ ပရိတ်သတ်ကိုလေးစားရမယ်ကွ …. ဒါရိုက်တာရဲ့ …. စကားလဲဆုံးရော …. စာကြည့်တိုက်ထဲက စာအုပ်တွေ သူ့အိမ်မှာ တပည့်ခံဖို့ ထွက်ပြေးကုန်တယ် ….. မထူးပါဘူးကွာ လမ်းပေါ်က အကြွေတွေ လိုက်ကောက်ပြီး ငါလဲ မှီရာ စပယ်ရာ နဲ့ လိုက်ရတယ် .... ဒါနဲ့မဆီမဆိုင် လွှတ်တော်ထဲက ဝန်ကြီးက သူ့စာတန်းရှည်ကြီးကိုဖတ်ပြတယ် …


“ငါက ကဗျာဆရာဖြစ်ချင်တာမဟုတ်ဘူး
ငါက ကဗျာဖြစ်ချင်ခဲ့တာ
ကဗျာရေးနေရယုံနဲ့ ငါ့မှာပြည့်စုံနေတာ
ကဗျာဆီကနေ ငါက
ဘာတစ်ခုမှ ကြီးကြီးမားမား မျှော်လင့်ထားတာမဟုတ်ဘူး
ကဗျာကို ကဗျာအတိုင်း တယုတယ ထားချင်ခဲ့တာ
ကဗျာတွေကို သူ့ရဲ့လုံခြုံတဲ့နေရာမှာ ထားဖို့အတွက် ….
ရုပ်သေးဆိုတဲ့ လူတစ်ယောက်ဟာ ခရီးတွေအများကြီးထွက်ပြီး
တစ်ခါတုန်းက ရုပ်သေးဆိုတဲ့ လူတစ်ယောက်ရေးတဲ့ကဗျာတွေရှိနေခဲ့တယ်”
ဖြစ်ချင်တော့ စာတန်းက တစ်ဝက်တစ်ပြက်နဲ့ မပါလာဘူး …. အဲဒီ့ ဝန်ကြီးလဲ မကြာပါဘူး အပေါ်က တစ်ဝက်တစ်ပျက် စာတန်းရှည်ကြီးလဲ ဖတ်ပြီးရော …. တစ်ခါထဲပြုတ်သွားပါလေရော …..
စုန်းမဟာ တီဗီပေါ်မှာ ပါချင်လွန်းလို့ ….. သူ့ကိုယ်သူ အမ်တီဗီ တစ်ပုဒ်ရိုက်တယ် ….. သူရိုက်တုန်းကတော့ ….. ကိုယ်ပိုင်ဖန်တီးမှု ပါပဲ …. တီဗီပေါ်ပါလာတော့ …. သူ့သံစဉ်ကြီးက …. ဟိုက ဆိုလား ဒီက ဆိုလား …. ကူးချထားတာကြီးဖြစ်နေတယ် …. ဒါနဲ့ဗျာ …. စုန်းမလေ .. သုံးရက်သုံးည လုံးလုံး ငိုလိုက်တာ လွန်ပါရော ………… ။



nelay











No comments: