ဘဝအကြောင်းတွေ ခေါက်သိမ်းလို့
မုန့်စိမ်းပေါင်း ကို ခပ်စစ ကလေး ဝယ်စားလာခဲ့
ငါတို့ရဲ့ ….. အနက်ဓိပ္ပါယ်တွေ
လူတွေရဲ့ မသတီစရာတွေကြားထဲ နှစ်မြုပ်ခဲ့
မီးတောက်ကိုမြင်မှ
ဟုန်းဟုန်းတောက်ခဲ့ရတဲ့ ကြက်ဥပြုတ်တွေ အေးစက်ခဲ့
ပျော်စရာတွေကို အပြီးသတ်ပြီး
ပုလင်းဘေးက တွဲကျနေတဲ့
ဖယောင်းခဲတွေသာ အေးစက်ခဲ့တယ် ….
ပုပ္ပါးမှာ မိုးခေါင်လွန်းလို့ ….
ခေါင်းပေါ်က ခေါင်းမိုးတွေကို ရေဖြန်းနေရတယ် …
မျက်လုံးကို အတင်းမှိတ်ပြီး စိတ်ချလိုက်ဖို့
ပြန်မပွင့်မှာ စိုးတဲ့ စိတ်နဲ့ မျက်နှာတွေကို ပြူးပြူးနေရတယ် …
တိမ်တိုက်တွေနဲ့လိုက်ပါဖို့ … အငွေ့ဖြစ်ဖို့လိုတယ် ဆိုလို့ …
ကိုယ့်ကို ကိုယ် မီးရှို့လိုက်ပါတယ် …
ပြုံးနေပါတော့လေ ….
မမြင်ဖူးတဲ့ လူကို ထုတ်ပြီး ပစ်ပစ်နေကြရင် …
မကိုးဖူးတဲ့ အရာတွေကို ကွယ်နေကြရင် …
စမ်းချောင်းကလေးရဲ့ဘေးမှာ လက်မောင်းပေါ်က
ဇွဲတွေ သတ္တိတွေ ရွှေငါးကလေးတွေ ခုန်ခုန်ချသွားလိမ့်မယ် …
တိတ်ဆိတ်ခြင်းဟာ အလင်းနှစ်ပေါင်းများစွာထက်
ပိုမိုကျယ်လောင်လွန်းလို့
ခရမ်းချဉ်သီး ပုတ်တွေပဲ ပြုတ်ပြုတ်စားနေပါ့မယ် ….
နွံ့အိုင်ထဲက ကျွဲ
အပြုံးတွေကို စီကျဲလို့ ပါးကြီးပြဲအောင် ဖြီးဖြီးနေ ….
ကျေးဇူးပါပဲ အမေ …
ဒါဟာ မြန်မာဘာသာက တိုက်ရိုက်ပြန်ဆိုလို့ …
ကဗျာ လိုက်ပါတယ် ။
nelay
No comments:
Post a Comment