ဒီမှာတော့ မင်းအတွက် နံပါတ်မရှိဘူး
ဒီမှာက နူးနေတဲ့လူမှမရှိတာ
အားလုံးလူချောတွေကြီးပဲ
ဘုရားကလိမ်တာမကြိုက်ဘူးတဲ့
ဘယ် ကဝိ က
မုသားမပါလင်္ကာမချောကို အယုံသွင်းခဲ့
အခုတော့ လင်္ကာကျူးသူတွေက တရားကိုဖျက်ကြ
ဒီမှာက အားလုံး ဒဲ့ပြောတဲ့ လူတွေကြီးပဲ
မျက်နှာဖုံးတွေကြိုက်ရင် ပွဲဈေးတန်းသွား
စပိုက်ဒါမန်းလား ဘတ်မန်းလား ပါဝါရိုန်းဂျားလား
တစ်ခုခုကောက်စွတ်လိုက်
ဒါနဲ့ ဗန္ဓုလဦးထုတ်တော့ ဝတ်မလာနဲ့ ခေါင်းဖြတ်ခံရမယ်
ဒီမှာက ဘယ်သူမှ ဦးထုတ်မဆောင်းဘူး
အားလုံး ဦးခေါင်းပါတဲ့ လူတွေကြီးပဲ
တစ်ခုတော့ရှိတယ်
တစ်ခုလိုချင်ရင် တစ်ခုပြန်ပေးရတယ်
ဟိုမှာက တစ်ခုလိုချင်ရင် အကုန်ပေးရတယ် နှမျောနေလို့မရဘူး
ဒီမှာတော့ တစ်ခုလိုချင်ရင်တောင် အကုန်ပေးလဲ ဘာတစ်ခုမှပြန်မရဘူး
အယူသမားတွေပဲရှိတယ်
အယူသီးတာတော့မဟုတ်ဘူး
နတ်ကြီးတယ်တဲ့
ဒီမှာက ကြပ်တဲ့နတ်တွေများတယ်
အင်းဒါဆိုလဲ
မင်းဟိုမှာပဲနေပါတော့
ဒီမှာကိုလဲ ဒီမှာအတိုင်းပဲထား
ဒီကိုမလာချင်ပါနဲ့တော့လေ … ။
nelay
No comments:
Post a Comment