Pages

Wednesday, January 27, 2010

(ဝ)

 
 
(ဝ)

ငွေကြေးရဲ့လိုအပ်ချက်က
လူငယ်ဘဝရဲ့အိပ်မက်ကို
ကားနဲ့ တိုက်သတ်သလိုပဲ။

နေ့သစ်


(ငါ့လက်ဝါးပေါ်က နေ့သစ်)

အရိပ်စိမ်း



ငါ့မျက်လုံးတွေ ဖွင့်ပေးတဲ့ ကလေးရေ ..........
မင်းပျော်နေရင် မင်းမဟုတ်လည်း ရူးတယ်။
အခန်းထဲက ငိုရှိုက်သံမှာ ငါ လှုပ်မရ ရုန်းမရ .
သစ်ရွက်တွေ ဝါလာပြီ။ ငါ့ကို ရေဘော်ထိုးနေတာလား ။.
ပြီးရင် ...... ။
ရေဘော်စာကို မီးရှို့ကြဦး .။.
မီးလောင်လို့မှ မနွေးလာတဲ့ ဆောင်းမှာ
ငါ့နှလုံးသားတွေ အစိမ်းနွေး .......... ခရေနွေး .......... ။
ပန်းအိုးထဲက အပွင့်တွေ မလွတ်လပ်ဘူး။
ပန်းတွေ အခင်းလိုက် လွတ်လပ်ကြစမ်းပါ။
ငါ့ မြက်ခင်းတွေ ကန္တာရကို ဖုံးပေးမယ်.


တစ်ခါသုံး .......... နီလေး ရေ .................။
သူ့ချွေးတွေ စုပ်လိုက်ရုံနဲ့ မင်းမျက်ရည်တွေ ရွှဲခဲ့ရော့သလား။
စံပယ်ရုံကလေး ပျော်နေတယ်.
သတ္တိရှိရှိ ကြွေကျလိုက်စမ်းပါ။
ငါ အိုးပုတ် ချိုးရုပ်ကလေးနဲ့ ကစားနေမယ် ... ။
မင်း ဆံနွယ်တွေနဲ့ ပါးစပ်ပိတ်ထားလိုက်စမ်းပါ။
သိပ်လှလို့ ........... သိပ်လှလို့ ........... သိပ်လှလို့ .............. ။
ငါပြန်လာခဲ့မယ် ... နင် ဂစ်တာတီးပြီး ကြိုနေနော် ......... ။
မင်္ဂလာရှိတဲ့ နင့် ''နေ့'' မှာ ငါ့သွေးတွေ ပျံပါရစေ .. ။
ဒီနွေမှာ ဧပရယ်လ် မလှဘူး.
ရင်နွေးငွေ့နဲ့ အစိမ်းကြမ်းပါတော့ ... ။
မလာတော့ဘူးလား မုန်တိုင်းရေ ...........
မင်းကို ငါမျှော်နေတာ ....
လှိုင်း .......... သေ .......... တယ် .......... ။



nelay





Sunday, January 17, 2010






အက္ခရာတွေ အက်ကွဲတော့
မျက်ရည်ဘာသာစကားကိုပြန်သင်ရ


တိုက်ပွဲဝင်ဖို့အဆင်သင့်ဖြစ်နေပေမဲ့
တိုက်ပွဲတွေမရှိတဲ့နေရာရောက်နေရ


မိုးရေထဲမှာ မိုးစက်တွေပြန်ရှာသလို
ပျော်ရွှင်မှုကို ဒဏ်ရာတွေထဲပြန်ရှာရ


နားမလည်ခြင်း၊ မသိခြင်းများကို
ရှင်းလင်းတိကျတဲ့ တောအုပ်ထဲမှာတွေ့ရ


သတ္တိမရှိတော့ဘူး မေမေ
ဖေဖေ့ကို ပြန်ခေါ်လို့လဲမရ


ပြင်းထန်လင်းရှမှုကို တရိုတသေသိမ်းထုတ်
နီလန်းမှုတို့ စောစီးစွာတိမ်ကောသွားရ


ကလေးတစ်ယောက်ကို ဘဲဥဟင်းနဲ့
စစ်တလင်းမှာ အစာမကြေဖြစ်ရ


Zero ကိုဘာသာပြန်ဖို့ကြိုးစားရင်း
ညပေါင်းများစွာ …
တခြမ်းပဲ့လမင်းကိုလက်ကိုင်တပ်ရ


ခုတ်ထစ်စရာမရှိရင် …
ဦးနှောက်ထမ်းတဲ့ လူတွေအတွက်
ကဗျာဟာ အာသာပြေမှုဆန္ဒ
သမိုင်းဝမှာ မြုပ်ဝင်ဆူးနှစ်ရ


သန့်စင်နုငယ်တိုးတိတ်တဲ့
ရင်ဘတ်အောက်က သိပ္ပံနှလုံးကို
မျက်နှာထူထူများ မမြင်ရအောင်
ပြင်းထန်ရက်ယုတ်တဲ့ စိတ်ဘီလူးတသိုက်နဲ့
……. ဖုံး …
.. ဖုံး ……. ဖုံး …
….. ဖုံး …
ဖုံးထား ရ …. ။



nelay





ကိုယ်ပိုင် သံလမ်း



အသုံးမကျတဲ့အိမ်ဦးနတ်ကိုခေါင်းနဲ့မော့တိုက်လို့မရဘူးတဲ့လား
ငါကိုက တိမ်တွေကိုဖောက်ထွက်နေမိတာ
ခေါင်းက ရှည်လွန်းတယ် . . .


ပစ်မှတ်တွေက ရတနာတွေပေါ်
ရ ... တာ ... နာ ခဲ့ . . .
အသိဉာဏ်တွေက
'' ... '' ခေါ်ဖို့တောင်မထိုက်တန်ခဲ့
ဒီနေရာလေးမှာပဲ ငါတို့ရပ်တန့်လိုက်ကြမယ်


လေးပုံပုံရင် ငါ့ဓါတ်ပုံကို
မြေမြှုပ်ပစ် ... (အပြီးအပိုင်)
မြေမြှုပ်ပစ် . . .


သိပ်လှတဲ့အသိုက်အမြုံလေးကို
စစတွဲသီကတည်းက ... အမြုံ
ရယူခြင်းတွေ ပိုင်ဆိုင်ခြင်းတွေ
အတ္တကြီးနေခဲ့လို့ အခု ...
လျှော့ရဲ့ရဲ့ ပြေရတော့မယ် . . .


အပွင့်အလင်းဆုံး လမ်းမှာ
ငါတို့တွေရဲ့ လေတွေ မလျှောက်ခဲ့လို့
အနားလည်တတ်ဆုံး စိတ်တွေ
လေ . . . လေ . . လေသွားခဲ့ . .


ငါတို့တွေ တိုးတိုးလေးခွဲထွက်ဖို့
တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း
ခြံစည်းရိုးအသေတွေ ဖျက်စီးကြ
မှောင်ရီပျိုတော့မှ တယောက်ကိုတယောက်
အလှမ်း ၆ဝနဲ့ ဘဝကိုအဆုံးတိုင်ခဲ့ . . .


ထုံးစံအတိုင်းပါပဲ ပြတင်းတို့ရယ်
ငါ့လေညှင်းမှာ ပျော်ရွှင်စရာမရှိ
ငါတို့ကိုယ်တိုင်အသိနဲ့ခေါင်းတွဲကြီးကို
နှလုံးသွေးတွေထုတ်ပြီး .... ဖောက်ခွဲ ..
ဖောက် ... ခွဲ ...
ဖောက်ခွဲပြစ်ခဲ့တယ် ... ။



nelay





WHAT SHOULD WE DO



IS NOT COMPLETE IN OUR LIFE ...
A FULL OF FIGHT...
THEY DO OF KNIFE ..
FOR THE YOUNG MEN'S LIFE ...
DEATH IS THE ONLY WAY OF SILENT NIGHT ...

IS NOT COMPLETE IN CRY PEACE ...
OUR HAND IS USELESS FOR THAT TEARS ...
THEY HAVE NOT BITCH A BRAIN  ...
WHAT SHOULD WE DO NOW ...
EVERYTHING IS NOT AROUND ...

IS NOT COMPLETED KIN ...
WHERE IS A BLIMP...
THE GENTLE CANDLE IS FAINTED SCENE ...
OUR CHILDS BONE WAS HISTORY IN BURY ...
WHERE IS TRUTH MEMORY ...

IS NOT COMPLETE IN COMBAT ...
OUR LONELY WITH BLOOD FLAG ...
JUZ A PLUTO'S HOPE ...
( HOPE AGAINST HOPE )
ANOTHER STOKE ARE SCREWY MOCK ...
THEY ARE SUCKING OUR THROAT ...

IS NOT COMPLETE IN THAT WAY ...
YEARS ARE SNUFF AWAY ...
WE SINKING WHAT !!!! ...
JUZ A FLOWING F.. KING HEART ...

THE END
DEATH IS ONLY
L .. U .. C .. K ...
(? I THINK ''F'' NOT HERE WHY)



nelay










Thursday, January 14, 2010

မီးပျိုး မိတ္တူ



မီးကိုသိုဝှက်ထားတဲ့ ရင်ဘတ်တစ်ခုက
အောက်စီဂျင်နဲ့ မတည့်ဘူး ....... နိုရာ
လေတွေ တဟူးဟူးတိုက်နေတုန်းက
ငါ့ရင်ဘတ်ကို ကြိုးခြည်ပြီး
တိမ်တွေထဲ လွှတ်တင်ခဲ့တဲ့ နိုရာ
တိမ်ညစ်မဲတွေ ငါသောက်ပြီး
အတ္တတွေ ရုန်းကန်ပျိုးတက်လာတော့
ဟိုး ဝေး ဝေး အစွန်းတဖက်မှာ
ဘယ်တော့မှ မဆွဲယူခဲ့တဲ့ လက်ညှိုးကလေးနဲ့
ငါ့ကို ကြိုးဖြတ်ခဲ့တဲ့ နိုရာ
မှောက်လိုက် … လှန်လိုက်
မှောက်လိုက် … လှန်လိုက်
မှောက်လိုက် … လှန်လိုက်
လွှင့် …. လွှင့် …. လွှင့် ….


မီးကိုသိုဝှက်ထားတဲ့ ငါက
အောက်စီဂျင်လို လူတွေကို ရှောင်တယ်
သူတို့ လောင်ကျွမ်းသွားမှာ ငါစိုးလို့
Ch3M!CaL မပါတဲ့ ဒြပ်စင်တစ်ခုဟာ နိုရာပေါ့
ချို့ငဲ့မှုနဲ့ သိမ်းပိုက်သွားတဲ့
ဝိဉာဉ်ကို ငါ့သွေးကြောထဲက စုတ်ထုတ်လိုက် နိုရာ
အသင့်စားသုံးဖို့ ထုတ်ပိုးထားတဲ့
ရုပ်ဝတ္တုတွေဟာ ကာဗွန်သိပ်များတယ် နိုရာ
လူဆိုတာ မီးနဲ့မတွေ့ခင်တော့ ရှုလို့ကောင်းတဲ့
အောက်စီဂျင်တွေပဲပေါ့ သတိထားပါ ....... နိုရာ
ပေါက်ကွဲတတ်တဲ့ အရာတွေထဲမှာ အနုမြူထက်ဆိုးတယ်
အပေါ်ယံ ချိုမြိန်မှုတွေဆိုတာ
မစင်ကို သကာသုတ်ထားတာပဲ ....... နိုရာ
ဝင်္ကဘာအစွန်းထဲမှာ မျက်လုံးတွေ လမ်းလျှောက်နေကြတယ်
ကမ္ဘာကို မျိုချထားတဲ့ လူ့ပါးစပ်တွေဆိုတာ
အဆင့်မြင့်လာတဲ့ ဆုတ်ယုတ်မှု စက်ရုံတွေပဲ ....... နိုရာ
ပျံရင်းပဲသေသေ မြက်ခင်းထဲမှာပဲ သေသေ
နံရံရဲ့ အခြားတစ်ဖက်မှာ ရာထူးတွေမရှိဘူး
ဂုဏ်ပကာသနတွေမရှိဘူး
ဒယ်အိုးပဲရှိတယ် ....... နိုရာ
အကြိမ်ကြိမ်တိုက်ချွတ်လို့ ပြောင်လက်လာတဲ့ ဖိနပ်တွေ
ငါမဝတ်ချင်ဘူး သူတို့လျှောက်မဲ့လမ်းတွေ မသန့်ဘူး ....... နိုရာ
ဖြူစင်မှုကို အပျိုစစ်မစစ်နဲ့ တိုင်းတာဖို့နဲ့
စိတ်ဓါတ်တွေ စစ်ထုတ်ဖို့ဆိုတာ မုန်းတိုင်းထဲက
အလွန်ရှားပါးတဲ့ တွယ်ကပ်သွပ်မိုးကလေးပါပဲ ....... နိုရာ
မိုးကြိုးနဲ့အလင်းတန်းကို ငါ ခိုဝင်နမ်းရှိုက်
ကြိုးတန်းလန်းနဲ့ ငါ မိုက်တယ် ဆိုတာ
ငရဲသွားမဲ့ မင်းကို မမှီပါဘူး ....... နိုရာ
လူ့ကျင့်ဝတ်ကို သင်ကြားပို့ချပြီး လူ့ကျင့်ဝတ်ချိုးဖောက်တဲ့ ဆရာက
တပည့်ငမိုက်သားတွေကြား သူတော်ကောင်းလုပ်နေကြပြီ ....... နိုရာ


ငါဘယ်လောက်ထိ လွှင့် ရအုံးမှာလဲ
မီးခိုးခေါင်းတိုင်းတွေ အလွန်ထိ
လယ်ကသင်းရိုးတွေ အလွန်ထိ
အင်တာနက် အနှေးပြကွက်တွေ အလွန်ထိ
အိမ်တွင်းအကြမ်းဖက်မှုတွေ အလွန်ထိ
တရားသမားအယောင်ဆောင်တွေ အလွန်ထိ
ငါ့ကို လိုက်သတ်နေတဲ့ ငါ့အရိပ်တွေ အလွန်ထိ
ငါဘယ်လောက် လွှင့် ရအုံးမှာလဲ ....... နိုရာ ။



nelay