Pages

Thursday, July 24, 2008

သိပ်မကွာဘူး ဟိုတပုဒ်နဲ့



မင်းက ဟိုမှာဆို နံပါတ်တစ်
ဒီမှာတော့ မင်းအတွက် နံပါတ်မရှိဘူး
ဒီမှာက နူးနေတဲ့လူမှမရှိတာ
အားလုံးလူချောတွေကြီးပဲ
ဘုရားကလိမ်တာမကြိုက်ဘူးတဲ့
ဘယ် ကဝိ က
မုသားမပါလင်္ကာမချောကို အယုံသွင်းခဲ့
အခုတော့ လင်္ကာကျူးသူတွေက တရားကိုဖျက်ကြ
ဒီမှာက အားလုံး ဒဲ့ပြောတဲ့ လူတွေကြီးပဲ
မျက်နှာဖုံးတွေကြိုက်ရင် ပွဲဈေးတန်းသွား
စပိုက်ဒါမန်းလား ဘတ်မန်းလား ပါဝါရိုန်းဂျားလား
တစ်ခုခုကောက်စွတ်လိုက်
ဒါနဲ့ ဗန္ဓုလဦးထုတ်တော့ ဝတ်မလာနဲ့ ခေါင်းဖြတ်ခံရမယ်
ဒီမှာက ဘယ်သူမှ ဦးထုတ်မဆောင်းဘူး
အားလုံး ဦးခေါင်းပါတဲ့ လူတွေကြီးပဲ
တစ်ခုတော့ရှိတယ်
တစ်ခုလိုချင်ရင် တစ်ခုပြန်ပေးရတယ်
ဟိုမှာက တစ်ခုလိုချင်ရင် အကုန်ပေးရတယ် နှမျောနေလို့မရဘူး
ဒီမှာတော့ တစ်ခုလိုချင်ရင်တောင် အကုန်ပေးလဲ ဘာတစ်ခုမှပြန်မရဘူး
အယူသမားတွေပဲရှိတယ်
အယူသီးတာတော့မဟုတ်ဘူး
နတ်ကြီးတယ်တဲ့
ဒီမှာက ကြပ်တဲ့နတ်တွေများတယ်
အင်းဒါဆိုလဲ
မင်းဟိုမှာပဲနေပါတော့
ဒီမှာကိုလဲ ဒီမှာအတိုင်းပဲထား
ဒီကိုမလာချင်ပါနဲ့တော့လေ … ။



nelay





ကောင်းကင်မဲ့ တိမ်



ဟိုးဝေးဝေးက မျက်လုံးများမှာ
ငါ့တိတ်ဆိတ်ခြင်းတွေပြိုကျ
အသံထွက်မရတဲ့တိမ်တွေ
မိုးကြွေတာကိုငေးရင်း စက္ကူအသစ်မှာမိုးချုပ်ခဲ့


တိုးဝှေ့လာတဲ့လေကို မျိုချ
မက်မရတဲ့အိပ်မက်ကို ကြိုးဆွဲချလိုက်တယ်
ပြင်ဆင်ထားတဲ့ ဆိပ်ကမ်းမှာ
တံငါအိုရဲ့ပလိုင်းထဲ
ငါးတွေငို … ငါးတွေငို … ငါးတွေငို


ကောင်းကင်ပေါ်ကပျံကျလာတဲ့ ဒါးတွေ
ငါပစ်တင်ခဲ့သမျှ မျှားတွေ
အဆိပ်ခပ်လိုက်သော ပွင့်ခြပ်ထဲမှာ
လွမ်းစွတ်ခြင်းတွေ
ရက်ရက်စက်စက် ဝတ်မှုံကူးကြ



ပြတင်းတံခါးက ပုဝါဖြူအလွှင့်မှာ
ရနံ့ဆိုးတွေဝင်လာသလား
အလင်းတရားတွေဝင်လာသလား
နှလုံးအိမ်ကလေး
ချမ်းနေပြီ … ချမ်းနေပြီ


ကောင်းကင်နီမှာ ပုံပြင်တပုဒ်
အခန်းရှုပ်နဲ့ တရားပြသလို
ဆေးလိပ်တွေတို
လိပ်ပြာတွေငို


နေမဖြစ်တည်မှုနဲ့ လမင်းဟာ
နေမင်းသီဝရီတအုပ် ပြုစုထုတ်ထားတယ်
တရားကျိုးသွားသလို တရားပျိုးထားဖို့
ငါဘယ်လို ယုံကြည်သေဆုံးရဘါ့


ဘဝကိုအတိုချုန်းပြီး ကပြကြတဲ့အခါ
လူရာဝင်မဲ့သီချင်းကို အရူးတစ်ကောင်ဆိုညည်း
အစာအိမ်မီးနဲ့ အမေ့အိမ်ပြန်လမ်းမှာ
မောဟိုက်နွမ်းလျ တိမ်တွေကြွေခဲ့တဲ့ည ။



nelay





ကမ္ဘာကြပ်တဲ့နေ့



ကမ္ဘာရဲ့


အရိပ်


ကမ္ဘာပေါ်


ပြန်ကျ



nelay

Tuesday, July 1, 2008

လူနေ ကွက်



ဝင်ချင်တိုင်းဝင်
ကြ
ထွက်ချင်တိုင်းထွက်
ကြ
ယဉ်ချင်တိုင်းယဉ်
ကြ
ရိုင်းချင်တိုင်းရိုင်း
ကြ
စိတ်ချင်တိုင်းစိတ်
ကြ
ပြုံးချင်တိုင်းပြုံး
ကြ
မုန်းချင်တိုင်းမုန်း
ကြ
ဖြစ်ချင်တိုင်းဖြစ်
ကြ
ဆာချင်တိုင်းဆာ
ကြ
သာချင်တိုင်းသာ
ကြ
ပေါင်းချင်တိုင်းပေါင်း
ကြ
ညာချင်တိုင်းညာ
ကြ
စားချင်တိုင်းစား
ကြ
သတ်ချင်တိုင်းသတ်
ကြ
သေချင်တိုင်းသေ
ကြ



nelay