Pages

ပူစီဖေါင်း
ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...
Read More
ဇီဇဝါ ဝင်္ကပါ
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...
Read More





လူငယ်တစ်ယောက်နဲ့ ခြေထောက်များ
သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...
Read More

စာ စားသုံးခြင်း
ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...
Read More
မေဦးပေါက်တဲ့ စာကလေး
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...
Read More


မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ
ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...
Read More
ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်
နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...
Read More
ပုံပြင်ပေါ်မှာ ဇီဇဝါ
လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...
Read More

ဒီနေရာမှာ သုညတွေပေါတယ်
အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...
Read More
နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း
လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...
Read More

ဖြစ်မှဖြစ်ရလေ
ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...
Read More
ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...
Read More

Tuesday, May 6, 2014
ပညာတတ် လူမလေး ခွေးမခန့်
Sunday, February 9, 2014
ပွဲပေးခြင်း
ပွ ပွ ပွ ပွ ပွ ပွ
ပွဲ ပွဲ ပွဲ ပွဲ ပွဲ ပွဲ
ဟေ့ ….. ပွဲ
ပွဲ ဖြစ် ပြီ ဟေ့ ….
ပွဲ ဖြစ် ပြီ ဟေ့ ….
ပွဲ ဖြစ် ပြီ ဟေ့ ….
ပွဲ ပွဲ ပွဲ ပွဲ ပွဲ ပွဲ
ပွ ပွ ပွ ပွ ပွ ပွ
ပ ပ ပ ပ ပ ပ
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွ ပွ ပွ ပွ ပွ ပွ
ပွဲ ပွဲ ပွဲ ပွဲ ပွဲ ပွဲ
ပ ပ ပ ပ ပ ပ
ဟေ့ ….. ပွဲ
ရွှေ ရွှေ ရွှေ ရွှေ ပွဲ
ပွဲ ရွှေ ရွှေ ရွှေ ရွှေ
ပွဲ ပွဲ ရွှေ ပွဲ ပွဲ
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွဲ တွေ ပေးပြီး ဟေ့ ….
ရွှေတိဂုံ တောင်ဖက်မုဒ်မှာ
ဟေ့ ….. ပွဲ
ပ ပ ပ ပ ပ ပ
ပွ ပွ ပွ ပွ ပွ ပွ
ပွဲ ပွဲ ပွဲ ပွဲ ပွဲ ပွဲ
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွဲ တွေ ပေးပြီး ဟေ့ ….
Friday, January 17, 2014
မိုးဇက် မြို့ရောက်တော့ သူ့အဖေဆီ ဒီလို စာရေးတယ်
တစ်ယောက် အနာ ကို တစ်ယောက်အကြွေးလဲပြီး မိဘတွေကို ဒူးထောက်ရှိခိုးဦးချပါတယ်
ကိတ်မုန့်ပေါ်မှာ ယင်မနားအောင် ဖယောင်းတိုင်ထွန်းပြီး လေတွေစုလို့ အားရပါးရမှုတ်ထုတ်ပါတယ်
ကျောကုန်းအမဲပေါ်က ဆေးပျယ်နေတဲ့ လူကူးမျဉ်းကျားပေါ် ငါတို့လက်ကိုမြဲမြဲတွဲလို့ ကူးပါတယ်
နတ်ဆိုးတွေကို ပြုစုယုယပြီး အလှူခံကိုလည်း ငွေတွေ ထည့်ပါတယ်
ပင်လယ်ပြင်ပေါ် ဖြတ်တိုက်လာတဲ့လေတွေကို ရှုရှိုက်ပြီး အနာဂတ်မရှိတဲ့ အိပ်မက်ကိုနှစ်နှစ်ခြိုက်ခြိုက်မက်ပါတယ်
Restart ခလုတ်ကို ခဏခဏ နှိပ်ပြီး ဘဝကို ခဏခဏပြန်စဖို့ ပါးစပ်တွေအကျယ်ကြီးဟ လို့ ပြုံးပါတယ်
သိပ်ချစ်တယ်ဆိုတဲ့ စကားကို လိုအပ်မှပြောတတ်ဖို့ ကင်ဆာရောဂါပါတဲ့ အစားအစာကို တစ်ပတ် တစ်ခါမှန်မှန်စားပါတယ်
ကဗျာတွေမှာပါတဲ့ ဂီတအသံကို လူတွေမကြားအောင် တီးတတ်ဖို့ နှလုံးသားကို လူ့အဖွဲ့အစည်းထဲက ထုတ်ထားပါတယ်
အမြင်အာရုံကို အကြားအာရုံ နဲ့ ဖျော်ဖြေတင်ဆက်ရင်း ဖုန်းဘက်ထရီကိုလဲ အားမှန်မှန်သွင်းထားပါတယ်
ကျေးဇူးတရားကို ကိုယ့်အရပ်နဲ့တိုင်းပြီး ၅ပေ ၇လက်မ ဗီနိုင်းနဲ့ ပရင့်ထုတ်လို့ ဘုရားကျောင်းတော်အောက်မှာ ကပ်ထားပါတယ်
မိန်းမယူဖို့နဲ့ မိဘလုပ်ကြွေးဖို့ အိပ်မက်အလယ်က Volume ကိုလဲ အဆုံးထိတင်လို့ ချဲ့ထားပါတယ်
မြို့ပြ လူနေမှုမှာ ပျဉ်းရိညီးငွေ့လာရင် မျောက်ပွဲတွေ ကြည့်ဖို့နဲ့ အောက်လမ်းက ကားကိုစီးဖို့တစ်ခါတစ်ခါစိတ်ကူးမိပါတယ်
မြို့လယ်ခေါင်မှာ တိုက်တွေပေါ်မှာ တိုက်တွေကြားမှာ ဓါတ်လှေကားမှာ စက်လှေကားမှာ ဘုရားပေါ်မှာ အလုပ်ခန်းထဲမှာ တီဗီရောင်းတဲ့ဆိုင်မှာ ကွမ်းယာဆိုင်မှာ ဖုန်းရောင်းတဲ့ဆိုင်မှာ အခပေးအိမ်သာထဲမှာ ရုပ်ရှင်ရုံမှာ ၁၉လမ်းမှာ ကျန့်တိတ်တရုတ်ကျောင်းမှာ အမျိုးသားစာကြည့်တိုက်မှာ စာပေဗိမာန်မှာ ရုပ်ရှင်အစည်းအရုံးမှာ ကားပွဲစားတန်းမှာ ခြံနဲ့ဝင်းနဲ့ ဝက်သားဒုတ်ထိုးဆိုင်ထဲမှာ အဖေ တွေများလို့ ဘယ်သူ့ အဖေခေါ်ရမလဲ စိတ်ကို မွေးထားပါတယ်
အဖေ မသိတဲ့ Facebook ပေါ်မှာ လူတွေအမှန်တကယ်မျိုးပွား နေကြောင်း နောက်တစ်စောင်မှာ ရေးလိုက်ပါ့မယ်
အပေါင်းအသင်း နဲ့ ရောင်းရင်းနဲ့ စားလို့ရတဲ့ အဟာရကို MRTV4 က လာ ဗျူးရင်ဖြေဖို့ ပွဲမှန်သမျှကိုလဲ မှန်မှန်တက်ပါတယ်
လူတွေ စိတ်ဆင်းရဲပြီး ဒုက္ခရောက်မှ ရာထူးတက် လစာကောင်းတဲ့ ဘစ်ဇစ်နပ် သီဝရီကို ကမ္ဘာပြုကျမ်းထဲမှာ မတွေ့ပေမယ့် ဒီမြို့ မှာတွေ့လိုက်ရလို့ အဖေ့ကိုပြဖို့ ဖုန်းနဲ့ဓါတ်ပုံရိုက်ပြီး ဒီစာနဲ့ အတက်ချ် လုပ်လိုက်ပါတယ်
စာဖတ်ရတာ စိတ်မရှည်တဲ့ အဖေ့ စိတ်ကိုသိလို့ တချို့ နာမဝိသေသနတွေ နာမ်စားတွေဖြုတ်ထားခဲ့ပါတယ်
စောက်သုံးမကျတဲ့ သားစာကို ဖတ်ပြီး စွတ်မယုံဖို့လဲ မှားချင်ပါတယ်
မိုးဇက် မြို့တက်တော့ သူ့အဖေက ဒီလိုမှာတယ်
ခြေမကိုက်ပြီး ရယ်လိုက်ရတယ်
အားလုံးတိတ် . . .
ပွဲပြီးမှလက်ခုပ်တီးပါ
ပြန်ဆိုပါ
ကော်ပီကူးပါ
ပြီးရင် နာရေးပါကူညီပါ
အားလုံး Censor ကျပြီးသားတွေပါ
အားမရသေးရင် မီးဖွားကူညီမှုအသင်းပါ ဖွဲ့ပါ
အပျက်မတွေမတိုးကြနဲ့
International ဆန်ဆန် တန်းစီပါ
လူကြီးလက်မှတ်မလိုပါဘူး
ကလေးလက်မှတ်ရှိရင် လုံလောက်ပါပြီ
၅၀ ထက်မကျော်ရ
ကျော်ရင်ပြန်အမ်းမည်မဟုတ်ပါ
မှုတ်ဆိတ်ထားပါ သကြားသုတ်ပါ
ပျားဆွဲဖို့ ပြတင်းပေါက်မှာ မတ်မတ်ရပ်ပါ
အဒေါ်ကို မိဒွေးတော်ဖို့ အားမွေးပါ
လောကမှာ ရှိသမျှ မိန်းမအားလုံး မိခင်ပဲလို့ အဆိုပြုပါ
စိတ်ဖြေဖို့ ဆင်းရဲသား ရုပ်ရှင်ကြည့်ပါ
သိပ်နာပြရင် ကြည့်မကောင်းတော့ဘူး
ဒီနေရာမှာ ခင်မောင်တိုးရဲ့ ဆည်းလည်းလှိုက်သံကိုကျယ်ကျယ်ဖွင့်ထားပါ
အမှားနဲ့အမှန်ဆိုတာ အတ္တရဲ့တယူသန်စိတ်ကူများဖြစ်တယ်
L ဆိုင်းဇီ နားထောင်ပြီး L လွန်းဝါရဲ့ မျက်ဝန်းကိုစိုက်ကြည့်ပါ
L ဇေးရှင်း အကိုက်ခံဖို့ ခြေသလုံးသားတွေ ဖွင့်ထားပါ
အခုမြင်နေကြ အဘိုးကြီးတွေလို ရွှေထုတ်ကြီးပိုက်ပြီး
Withdraw နဲ့ ရက်တွက်ပါ အတိတ်ကို ဖီလ်လင် တက်ပြီး
Ozzy Osbourne နားထောင်ပါ
Jme နဲ့အောင်ကိုလတ် သားအဖ ဖြစ်ကြောင်းရဲရဲကြီးလက်ခံပါ
ဘောင်းဘီဝတ်ပြီး လိင်မဆက်ဆံပါနဲ့
ဆေးလိပ်ကို 90 ဒီဂရီ ထောင်ပြီးမသောက်ပါနဲ့
တောသားဆန်တဲ့အပြုအမူဖြစ်ကြောင်းသတိပြုပါ
မင်းရဲ့ကလေးတွေကို ဆူပူကျိန်းမောင်းရိုက်နှက်ခြင်းကိုရှောင်ပါ
ကလေးတွေဆိုတာ တချိန်မင်းကို ပြန်လုပ်ကြွေးနိုင်တဲ့ ကျွန်ကောင်းတွေဖြစ်ပါစေ
မင်းကိုယ်တိုင်တော့ ကျွန်ကောင်းတစ်ယောက် မဖြစ်ပါစေနဲ့
စာအုပ်တွေကိုဖတ်ပါ စာအုပ်ကြီး မဖြစ်ပါစေနဲ့
မင်း အဖေ ငါ အခုရေးတဲ့ စာကိုလဲ စောက်သုံးမကျတဲ့ ဦးနှောက်နဲ့ စွတ်မယုံပါနဲ့ ။
nelay
Thursday, December 26, 2013
မြူ
ဇီဇဝါပန်းတွေဟာ အငမ်းမရ ရှုရှိုက်ရင်း တစ်ကိုယ်လုံး ဖြူစွတ်ထား
လက်နှစ်ဖက်နဲ့ ရုန်းကန် ဖယ်ရှားရင်း အမြင်အာရုံဟာ ေ၀ဝါးလို့
အရိပ်တွေဟာ အေးစက်တဲ့ ငါ့လက်ကို ဆွဲယူသွားကြတယ်
အလင်းရောင်ဟာ အရိပ်တွေနဲ့ စစ်ထုတ်လိုက်လို့ အားဖျော့နေတဲ့အကြည့်နဲ့ လင်းတယ်
လေတိုးသံထဲမှာ လေတိုးသံ လို့ တိကျတဲ့ အရသာတစ်ခုဟာ ငါ့မျက်နှာပေါ်ဝဲကျထားတယ်
ဒီနေရာမှာ နွေးထွေးချိုမြိန်ခြင်းတွေ ပြင်းပြတောက်လောင်တဲ့ မျှော်လင့်ခြင်းတွေ မရှိဘူး
ဒီအငွေ့အသက်နဲ့ ဒီကျောရိုးထဲက ဆာလောင်ခြင်းဟာ ဖြတ်သန်းသွားဖို့ပဲ
မီးတောက်မီးလျှံကို တိတ်ဆိတ်ခြင်းက ဝါးမျိုနေတဲ့ ပုံစံဟာ
တစ်ယောက်ကိုတစ်ယောက်ဖက်ထားလို့ မနွေးနိုင်ဘူး
အဲ့ဒီ့ အရေပြားတွေ ပေါ်က ရေဓါတ်မရှိတော့တဲ့ မျက်လုံးတွေ တောင်လည်မြောက်လည် လည်ကြ
စိတ်တွေနဲ့ အားယူ ပွေ့ဖက် လိုက်တဲ့အခါ ဟာ ကနဲ ဟာ သွားတဲ့ ဟင်းလင်းပြင်းတစ်ခုဟာ ….. ‘‘ဟာ’’
သူ့နာမည်ခေါ်ပြီ ကြိုဆိုလိုက်ပေမယ့် သူပါမလာတဲ့ အေးစက်ခြင်းတွေက
ဘယ်ကိုမှ ထွက်မသွားတော့မယ် ဧည့်သည်ကြီးတွေ
အမှောင်နဲ့ အလင်းကြားမှာ ထင်ထင်ရှားရှား မြင်နေရတဲ့ အမှတ်သား
ငါမင်းကို ရှုရှိုက်ခွင့် များရရင် ငါ့ အဆုတ်ထဲက ချစ်ခြင်းတရားနဲ့ အော်ခေါ်လိုက်ချင်တယ်
‘‘မြူ”
Friday, December 13, 2013
ဒီဇင်ဘာ စကား
အဲ့ဒီ့ နေ့က အကြီးအကျယ် သတင်းဆိုတဲ့ အကျယ်ကြီး သတင်းကို ပြန်ကြားရတော့
လက်ထဲက မကုန်ခင်တောက် ပစ်လိုက်တဲ့ ဆေးလိပ်တောင် ပြန်နှမျော သွားတယ်
စက္ကူကုန်နေလို့ ဒီအတိုင်း မကုန်းပဲ ပြန်ထွက်လာတဲ့ လူတွေ
ငါပဲ မသိချင်ယောင်ဆောင်ပြီး ကြည့်နေရတာ ကိုယ့်ကိုယ်ကိုယ် မလုံ သလိုလို
Page နံပါတ် ၂၃ ကို ကလစ် လိုက်တော့ ကဗျာဆရာမတွေ ကဗျာလောကထဲ
အုံလိုက်ကျင်းလိုက် ဝင်လာကြတယ် ငါလဲ လှတာနဲ့ ကြည့်နေရတာပါပဲ ပြီးမှ
ကျောကုန်းပေါ်ထွက်နေတဲ့ အဆူးတွေ ကို အသာ သပ်ချ
မနေ့တုန်းက ငါတွေ့ဖူးသမျှ လူတွေထဲ သူ့ကိုယ်သူ
စိတ်ချမ်းသာချင် ယောင်ဆောင်ထားတဲ့ လူကို ငါတော်တော် ခေါ်ယူရတယ်
သူ့မျက်နှာမှာ ပေါက် နေတဲ့ ဆံပင်တွေကို ငါ့မှာ စိတ်ရှည်ရှည်ဖီးပေးဖို့လေ
ဒါနဲ့ပဲ ဆောင်းတွင်း ကို ရောက်လာတော့တယ် ဆောင်းတွင်းရောက်လာတော့ ဘာဖြစ်ရမှာလဲ
အသားပတ်တာပေါ့ အသားပတ်တော့ စိတ်တွေ ခြောက်ကပ်ကပ်နဲ့ အရိပ်မကျတဲ့ သစ်ပင်အောက်
သွားထိုင်နေလိုက်မှ ဆောင်းဒဏ်က နည်းနည်း သက်သာ သွားတယ်
I saw myself …. In you. ဆိုတဲ့ အသုံးအနှုန်းကို မိန်းမတွေကို ပြောရင် သိပ်ကြိုက်ကြတာပဲ
ဒါနဲ့ ငါလဲ ဒီနာမည်နဲ့ ကွန်ဒုံး ထုတ်မယ် ဆိုတော့ လူကြီးတွေက ငါ့ကို ဝိုင်းတားလိုက်ကြတာ
ငါလဲ လူကြီးတွေကို ဗွေမယူပါဘူး ဒီလိုလုပ်လိုက်ရင် အဲ့ မိန်းမကြိုက်တဲ့ အသုံးအနှုန်းကြီးနဲ့
သူတို့ဘယ်လုပ်စားလို့ရတော့မလဲ ခေတ်အဆက်ဆက် နတ်သက်ကြွေခြင်းနဲ့
အိန်ဂျယ်တွေပြုတ်ကျလာခြင်းကို ပြတဲ့ အကွက် ကြီးကို ငါက အားအားယားယား တိုင်းနေမိတာလား
စောစော က မှ လက်ဆေးပြီး ထလာတော့ အဲ့ အကွက်ကြီးကို တံမြက်စည်းလှဲသွားကြပြီလေ
ငါလဲ တော်တော်လေး စိတ်ထိခိုက်သွားတာနဲ့ သောက်ထားတဲ့ ဘီယာတွေ ကို ရည်းစားဟောင်းတွေရဲ့
အိမ်ရှေ့တွေမှာ သွားသွားပေါက်နေတာ နှစ်ပေါက်တော့မယ် ဆရာဝန်ကတော့ ပြောပါတယ်
မင်းမှာ ဆီးရောဂါမရှိပါဘူးတဲ့ အစက ငါလဲ မင်းတို့လိုပဲ အမေတွေကို သိပ်ချစ်
မိန်းမတွေကို သိပ်ချစ်တာပေါ့ ချစ်တာမှ မင်းတို့ထက်တောင် ပိုသေးတယ်
မယုံရင်သေသွားတဲ့ ငါ့ကြောင်အနက်လေးကို မေးကြည့်
Friday, November 29, 2013
ငါမျိုး ငါရိုး
တောမှာ ဂျိုကျိုးနားရွက်ပဲ့ နဲ့
အဆွေတွေ အပေါင်း နဲ့ အနုတ် နဲ့ အမြှောက် နဲ့
နိဗ္ဗာန်သာ ရောက်မယ် ဆိုရင် အရိုးတွေ အကုန်ဖယ်ပြီး
အရိုး ကိုသာ လာမထိ ရင် အမျိုးတွေကို
ယဉ်ယဉ်နဲ့ကျေးကျေးနဲ့ ရိုးရိုးနဲ့ရာရာနဲ့ အတွဲလိုက်ဖြုတ်ထားတဲ့ အရိုး
ဇာတိမာန်တွေ တစ်ကွင်းလုံး ထက်သန်စေဖို့
အမျိုးတွေ သာ ခေါ်မယ် ဆိုရင် အရိုးတွေ ကျေလို့ အရေခမ်းခမ်း
အပြောင်းနဲ့ အလဲကို ပါးစပ်ကသာ အကြိုထောက်ပြီး
သူ့ကိုယ်သူ ရိုးလှ ပြီ အထင်နဲ့ နိုင်ငံတကာ က ဝင်လာသမျှ ကို
ဂေါင်းတွေသာ စက်နိုးလို့ရရင် ဘာ ဂေါင်းက ဆွဲဆွဲ
သူ့အမေကလဲရိုး သူ့အဖေကလဲရိုး
အရိုးပေါ်အရေတင်ရုပ်နဲ့ အရိုး Family အထုတ်ကို
နေထွက်တာကို အကြီးကြီး အော်ရယ်ပြီးမှ
အရိုးတွေ အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ လှူခဲ့တယ်
Tuesday, November 26, 2013
အိမ်ထမင်း အိမ်ဟင်း
ကမ္ဘာမြေပေါ် ဥက္ကာခဲ ကျလို့
ထမင်းစားနေရင် Digital အသုံးအနှုန်းတွေ
ငါ့ ကိုယ် ငါ ဆောက်တည်ရာ မရ ဖြစ်နေရတဲ့ ကြားထဲ
ငါ နဲ့ ငါ ကြားက ချုပ်ရိုး ကြောင်းကို ဖြေ ပြီး
ဟို လမ်းဘေး က ဝက်သားဟင်းကို
မိမဆုံးမ ဖမဆုံးမ ရာသီဥတုကြီးက
ပလတ်စတစ် အိတ်ထဲ
ဟင်းဆိုတာ
ငါတော့ ဒီလ ကုန်ရင်
ငါထင်ပါတယ်
မတတ်နိုင်ဘူး

