Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Wednesday, October 26, 2011

ဗျည်းသံတွေပဲ ပါးစပ်ထဲမှာ ပေကျံ



ပါးစပ်ထဲမှာ ပြောင်းထည့်ပြီး ပြောရင် သရသံတွေပဲ ပြောနိုင်မှာပေါ့
မြန်မာတော ဇာတ်လမ်းတွေထဲက သူတို့ စိတ်ချမ်းသာဖို့ ရွေးခဲ့ပါတယ်
မကြည့်ဖြစ်တော့တဲ့ ဖျဉ်လိပ်တွေ မီးရှို့ပြီး
အဝေးကို မြင်နေကြပုံစံအတိုင်း အဝေးလိုက်ခြင်း
ဆုတ်ဖြဲထားသမျှကို ပြန်လည် သန့်စင် အသုံးပြုပြီး တစ်ခါသုံး မိတ်ဆွေများအဖြစ်
စကားကြီးစကားကျယ်များ ပြောရန်
သူတို့ဦးနှောက်မြေပုံပေါ်က ပြောင်းပင်များမှ ပြောင်းဖူးစေ့များကို တစ်စေ့ခြင်း ကွန်ယက်
အစီအစဉ်များအား စနစ်တကျ ပျက်ရယ်ပြုပြီး
ခြင်း ၍ ၎င်း မအားမလပ်သည့် ကြားမှ အပုတ်အပွများကို ဟန်လုပ်ဖြီး သွားပြများ
အပိုထွက်ရှိနေသော နားရွက်များနှင့် နှာခေါင်းများကို ညှပ်ပစ်ရန်
သင့်လျှောသော လျှာများ ရှည်ကြလွဲမှား လေသံ
ရှုးနန့်နန့် အချိန်တိုအတွင်း နောက်ပြန်ဆုံးသေခြင်းများ
အလကားရသမျှနှင့် ဘကုံးနှင့်ဝလုံးကို တစ်ဖက်စီထားပြီး ချိန်ကြည့်ရန်
သမာဓိမရှိတော့သော အသေတရားများဖြင့်
နံရံအတွင်းသားများမှ ရေငတ်နေသော ရှုရှိုက်သံအားရမှုကိန်း
မြန်မာစာတန်းထိုး လှလှပပ
ဗိုက်နာခန်းများ ဝမ်းသွားခန်းများ
အရက်နာကျခန်းများ လက်ထိုးအန်ခန်းများ
ကြာကူလီခန်းများ
ခွေယောင်ဆောင်တဲ့ ဘုရင်တွေရဲ့ တစ်ပင်တိုင် အူဟောင်ခန်းများ
အငိုမျက်နှာဖုံး အပြုံးမျက်နှာများ
စာတန်းထိုးခန်းများ
ခေါင်းမပါ လျှာ သွား နား ကန်းနေခြင်း
အယုံသွင်းခံရ နွားခြေရာကောက်ရိုး ဘာသာ
တင်စီးလိုက်တဲ့ ဝမ်းမနာသားများ ရေငတ်နေတဲ့ လယ်ထွန်စက်



nelay





လမ်းနာမည် စက္ကူ စာရွက် စာအုပ်





ကားဂိတ်များ
ဗဟန်း ၃လမ်း အသွားရှိပြီး အပြန်မရှိတဲ့ မင်းလမ်း
ယောက်လမ်း လမ်းဆုံ စက်မှု ၁
တဏှာတူးဖို့ ဓါးနဲ့ အကြိမ်းခံရတဲ့ အကြောက်တရားနဲ့
ဖောက်ပြန်ဖို့ စောက်ကန်ခံရ
နွားတွေလို စိတ်အေးလက်အေး နှစ်ကူးကြ
အခုဆို ဘာဖြစ်နေလဲ သိပ်မစဉ်းစားတော့ဘူး
ဘူးသီးကို ခူးမဲ့လူတွေထဲ ငါ့ကြက်သွန်ဥကလေးကို
အာပုတ်စော်အနံ ခံပြီး ငါက စား
စားဝတ်နေရေးအတွက် စောစောအိပ်ပြီး စောစောထ
ကားပေါ်ကို အိုကြီးအိုမတွေနဲ့ စောစောအလုတက်
စောစော အလုအရက်ဆင်းပြီး စောစော သေကြ
ငါကလဲ စိတ်ဝင်စား ချင်ယောင်ဆောင်ပြီး
သိကြားမင်း ကို ပျားရည်ထုတ်ထုတ်ကြွေး
ပျားဘုရင်မကြီး ဖိုက်လိုက်လို့ ပျားလုပ်သားတွေ တဖွဲဖွဲကြွေကျ
ယဉ်ကျေးမှုအရ ခေါင်းငုံ့ လျှောက်ပြီး နောက်ဆုတ်ကြရင်
ယဉ်ကျေးမှုအရ ခေါင်းပေါ်ကကျော်လျှောက်ပြီး ရှေ့ကိုတိုးကြရတယ်ဆိုတာ
နီလေးပြောခဲ့ဖူးသလား
လောလောဆယ် ဈေးကွက်ရှာဖွေရေးက လမ်းခွဲသွားတဲ့ မှတ်တိုင်မှာ
မီးကအမြဲ အနီနဲ့အဝါ
လမ်းတွေပေါ်မှာ ဆပ်ပြာတွေအလုအယက် ရောင်းကြ
စားသုံးသူတွေ ခေါင်းမပါတာကလွဲလို့
သွားတွေသွေးကြ
တစ်ကိုယ်လုံးချွတ်ကြည့်ရင်တောင် သွားကြီးပဲရှိကြ
ငါ့အကြောင်းကို ငါမပြောပဲ မနေနိုင်ပါဘူးဆိုတဲ့ မိန်းမပါးစပ်နဲ့ ယောကျာ်း
ငါ့အကြောင်းကို သူတို့ မပြောပဲ မနေနိုင်ပါဘူးဆိုတဲ့ ယောကျာ်းပါးစပ်နဲ့ မိန်းမ
အဲ့ဒီ့နှစ်ယောက်ကို အခန်းစဉ်ထဲ အတူတူထည့်
ဘယ်သူ့အကြောင်းမှမကြားရတော့တဲ့
ဘူးသီးဟင်းခါးကို အသုတ်သယ်ဆီက နဲနဲတောင်း
လမ်းနာမည်ဟောင်းလောင်းပေါ်မှာ လမ်းလိုက်ကြ လမ်းလိုက်ကြ
လိုက်ကန်းပြောက်တဲ့ လိုက်လမ်းများ ကား နေကြ လမ်းများ



nelay












Monday, October 24, 2011

အခ အဆ




အခ     အဆ



 ပ     ရ   က       ပ က ရ    သမ
ဆ   သ    မက  ဖ     တ     လ     သ
က    တ  ခ   အ  သမ   က လ    လဆ    သ
ဟ  ဟ  ဟ   ဟ    ဟ
ငသမ    အ ဖ   မ ထ    ပ ခ  သ
ဘ၀  ပ   မ   စ  က Li  k မ   ဖ
သ  မ   လတ  စ   မ    ႏ   မဆ    သ
န  မ၀ သသနမ   က  စ   ပ   ပ  ဖ  သ
ဟ   ဟ    ဟ   ဟ ဟ
စ    ပ  ဖ  ထ   လ   သ   အပ  က တ
 က မ  ရ  သ  ပ လ
အရ  ဖအ   မ   ဖ   ပ      တ    သ     သ  အသမ
သရ အ  သမ   က ထ  မ က တ
  လယ    ပ သ  ဘ  မ   ပ   က     မဆ  က
ဗ     သမ      ပ     ဆ က    က
ဟ   ဟ    ဟ   ဟ  ဟ  ဟ
ပ  မ  တ ရ  ခလ    လ စရသ    သ   သ  ယ  ဇ မ    ႏ



  e a






     ျိတ်       က်



ြ  တ်ေ  ွ့ေြ   ာင်း ေ  ါ်      ယ်    ံ ျား
   က်   ွယ်  ှု    ို ြ  တ်ေ   ာက်   ိုက်ေ   ာ
   ိုယ်    စ်ြ မ်း    ေ     ျား    ို    ိုက်   ံ    က်
   ီး    ီး     ား    ား     ား
  ို   ံ  ျား    ြ  စ်ေ ွး   ုတ်ေ း  ဲ့ေ    ာ
     ေ  ါင်း ျား   ွာ   ို    n    ျားြ  င့်
   ာ  န်     ူ   န်း ား   ျား   ှင့်     ိုင်ေ    ာ
  ာ    ိေ         ျား    ို    ိုက် ျိုးြ  ီး ြ  စ်   ည်
   ား    ား     ား    ိ    ိ
  ိုက်  ျိုးြ  စ်   ွန်း   ာေ   ာ      င်ြ   ီး    ို့
ြ   ီး  ား  ှင်   န်ြ  ို    ဲ
     ိပ်  ိ   ား  ျားြ  င့်ြ  တ်ေ    ာက်   ွားေ    ာ       ံ ျား
         ေ     ျား    ို    ပ်  ံြ   ိုး   ပ်
ေ       ာဉ်  ျံ    ေ   ၤာ   ေြ  ာေ   ာင်း      ိုေ   ာင်း
  ျည်း   ံ  ျား ေြ  ာက်   ုံး   ုန်ေြ   ာင်း
   ား    ား     ား    ီး    ီး    ီး
  ုဒ်  ေ   ွ   ွာ  ျ   ိုက်    ို့  ို  ွဲ   ွားေ   ာ     ံေ   ာ  ဉ် ျက်   ှာ



n  l y


--------------------------------------------

အရိပ်တွေ ပေါင်းပြီး ချရေးလိုက်တဲ့ ကဗျာ






Wednesday, September 21, 2011

ကြွေစရာ ကမ္ဘာ မရှိတဲ့ ကြယ်



Htut Htake

ကြွေစရာ ကမ္ဘာ မရှိတဲ့ ကြယ် .....
တွယ်စရာ နေရာ မရှိတဲ့ နွယ် .....ခိုလှုံရာ ရင်ခွင်ပျောက် ဘဝမို့ ..... ဒီကာရံတွေ နည်းနည်း ခါးတယ်.... ဒါ ငါ့ ၂၀၁၀ ..September 2, 2010 at 10:34pm

Ne Lynn
အလဲ့ .... ဆယ်စုနှစ်အလွန်က ရင်ဘတ်မျိုးနဲ့ ခိုးခိုးပြီးကြွေနေရတဲ့အခါ ... ခြေချစရာ စကြာဝဠာပြောက်လို့ အလွမ်းတွေသောက်ပြီးမှ ပြန်လာခဲ့မယ် ငါ့ ညကို ၂၀၀၉ တွေ ဝင်မလာစေနဲ့ ... ။
September 2, 2010 at 10:41pm

Htut Htake
နွေကန္တာဆီ လက်ပစ်ကူးသလို
ရင်ခွင်အဟောင်းဆီ အပြုံးအသစ်တွေ ဝေဆာ မလာသေးသရွေ့တော့
၂၀၀၉ တွေ အရည်မဖျော်လိုက်ပါနဲ့...
ဒီသံယောဇဉ်လက်ကျန်..
မနက်ဖြန် ဆက်ရန် ချွေတာရဦးမယ်..
ငါ့ ၂၀၁၀ ခေါင်းပါးလွန်းတယ်...
September 2, 2010 at 10:53pm

Ne Lynn
ခေါင်းပေါ်က နှလုံးသားတွေ ဦးတည်ညွှတ်တွား အလွမ်းတွေ oneway တက်လာခဲ့တဲ့အခါ မေ့မျောခြင်းတိုင်းပြည်မှာ ထုံထိုင်းမှုတစ်စုံတစ်ရာနဲ့ လိပ်ပြာလှောင်ခဲ့တဲ့ အပြုံးအိမ်ကလေးကို လူသိရှင်ကြား ရင်ခွင်ထဲထိုးထိုးသိမ်းထားလ
ိုက်တယ် ...
.
နှစ်
.
ထောင့်
.
တစ်
.
ဆယ်
.
.
.
September 2, 2010 at 10:58pm

Htut Htake
ရင်ခွင်ထဲ ထိုးထိုးသိမ်းထားတာတွေ...
ပြည့်အံ ထွက်လျှံ စီးကျ ယိုဖိတ်တဲ့အခါ အိပ်မက်တွေတောင် တခြမ်းစောင်းတယ်...
မမှောင်ဘဲ အလင်းမဲ့ ညမှာ... ကာရံတွေ အာခေါင်ခြောက်လို့ သံစဉ်တွေ အအေးမိတယ်... ငါ့ခေါင်းပေါ်က ငါ့နှလုံးသား နာဖျားရပြီ ငါ့ ၂၀၁၀...
September 2, 2010 at 11:08pm

မြိုင်ရာဇာ တာတေ
ဘုရားသခင်ရဲ့ အလိုတော်လား ... ရှောင်လို့မလွှဲနိုင်တဲ့ ကံတရားလား ... ငါ့မေ့ပစ်ထားချင်တဲ့ ၂၀၁၀ ...
September 2, 2010 at 11:09pm

ဂျစ်ပစီ မိုးတိမ်
ကြွေစရာ . . တွယ်စရာ . . ခိုလှုံစရာ . . ရှာရင်း ရှာရင်း
မင်းကို သတိရတယ် ငါ့ရဲ့ အလုံးစုံသော ညဟိုး . . . က . . နဂါးငွေးတန်းရယ်
September 2, 2010 at 11:10pm

Ne Lynn
အသစ်တွေထပ် မသိုးတော့ဘူး
အရွက်တွေက ကြွေဖို့ပဲ ငိုရှိုက်ခဲ့
လေပြေလာရင် ခြေရာတွေ ရနံ့လှိုင်လွန်းလို့
သစ်အိုပင်ခြေရင်း ...
စကြာဝဠာကြွေမှာကို ငါစောင့်ရင်း နေခဲ့မယ် ၂၀၁၀ ...
September 2, 2010 at 11:17pm

Htut Htake
မနက်ဖြန်တွေ လှမ်းလာဖို့ ဒီတညကို တံခါးပိတ်ရဦးမယ်.....
စိတ်ရဲ့ စေစားရာ အတွေးစတွေ အဆုံးသတ်ခဲ့ရင်တောင်
ငါ့အိပ်မက်ထဲထိ စကြာဝဋ္ဌာ အကြွေစောင့်နေပါ့မယ် ငါ့ ၂၀၁၀ ရယ်...
September 2, 2010 at 11:33pm

ဂျစ်ပစီ မိုးတိမ်
ငါ ထမ်းပိုးထားတဲ စကြာဝဠာ နင့်နာမည်ကို ငါမေ့နေ
ကမ္ဘာတွေ အသိန်းသိန်း ကြွေပြီးတာတောင်မှ
နင်က ကဗ္မည်းမထိုးရသေးဘူးလား
ငါရေတွက်တတ်သမျှ ဂဏန်းတွေ အထပ်ထပ် ဖြစ်နေပြီ
September 2, 2010 at 11:39pm

Gwa Sar
လိုချင်စရာတွေ ပေါပေါလာတယ်...
အသက်ရှုရတာ မောမောလာတယ်...
မြင်သမျှရယ်
တွေ့သမျှရယ်
လောဘအလယ် ဒေါသကြွယ်နေတဲ့
နှစ်...ထောင့်...တစ်...ဆယ်.....
September 3, 2010 at 7:07am



-------------------------------------------
ကိုထွဋ်ထိပ် status အဟောင်းလေးတစ်ခုကို fb ရဲ့ အသစ်ပြောင်းထား app တစ်ခုကြောင့် ပြန်လည်တွေ့ရှိပြီး collage လေးလုပ်ထားပါတယ်။ အပေါ်ဆုံးအပိုဒ်က status ဖြစ်ပြီး ကျန်တာများက ကွန့်မန့်တွေဖြစ်ပါတယ် ။






ဂိမ်းကစားနေတဲ့ E တုံး





သူအစာကြေချ လိုက်တဲ့အခါ
တွင်းနက်ထဲပြုတ်ကျသွားတဲ့ မင်းက
E တုံးပေါ်မှာ ခနော်ခနဲ့စိတ်နဲ့ဘာတွေပြောနေတာလဲ


သူတောက်ချ လိုက်တဲ့အခါ
တွင်းနက်ထဲကျသွားတဲ့ ဆေးလိပ်တိုကို
မရင့်ကျက်သေးတဲ့ အနံ့နဲ့ မင်းက
E တုံးတွေကြားထဲ စက္ကူတွေ လိုက်လိုက်ရှုနေတာလား


သူသွန်ချ လိုက်တဲ့အခါ
တွင်းနက်နက်ထဲ ရွဲစိုသွားတဲ့ မင်းက
E တုံးတွေဖက် မိုးပေါ်ကို လက်ကလေးထောင်ပြီး
ဆဲရေးတိုင်းထွာနေတာလား


ဘာသာစကားမှမတူတာပဲ
နတ်ကြီးတဲ့ ခလုတ်ကလေးနဲ့
နားကပ်ဝတ်ထားတဲ့ အမှောင်ကို
အနာတွေဖုံးထားတဲ့ အလင်းက
ပြဋ္ဌာန်းထားသမျှကို ပေါ့ပျက်ပျက်အတွေးအခေါ်နဲ့
မင်းအတွက် Game Over လေးကပ်ပေးလိုက်တယ်



nelay





Saturday, August 27, 2011

သို့ ... အိမ်



မျက်နှာဦးမေ စိတ်အလှရုန်းကြွ
လေညှင်းတွေ အသက်ရှုမဝလဲ ဘာမှမဖြစ်ပါနဲ့
အကြောက်တရားကို သိခြင်းပညာနဲ့ဖျောက်လို့
ငါ့ရင်မှာ နင်က အမြဲလှနေမယ် . . . ။


ရာစုကမ္ဘာတွေ ငါတို့ ဇရာကို စားသွားလဲ
အိမ်ငယ်ကလေး တစ်လုံးနဲ့ လေပြင်းတွေကို ပုန်းရှောင်ကြမယ်


ငါ့အတွက် အဓိပ္ပါယ်မရှိခြင်းတွေကို
ကြည်လင်အေးမြတဲ့ မျက်ဝန်းအနွေးဓါတ်နဲ့နှစ်သိမ့်လို့
ငါ့စိတ်ကူးထဲမှာ အဝါရောင်အိမ်ကလေးတစ်လုံး ဆောက်နေတယ်


ငရဲလမ်းကို ဖြတ်သန်းလာတဲ့
ငါတို့ ဝိဉာဉ်တွေ ငြိမ်းချမ်းစေဖို့
ဘာနဲ့မှမလဲနိုင်တဲ့ ငါ့အိမ်ကလေးထဲ လုံခြုံစေရမယ်


ပင်လယ်ကို ဖြတ်ကျော်လာတဲ့ အဲ့ဒီ့မျှော်လင့်ချက်က
နင့်ပါးပြင် အိပ်မက်ထက်က နံနက်ခင်းကို
တယုတယ လှုပ်နှိုးဦးခိုက်လိမ့်မယ်


ငါ့အိမ်ကလေးက အမှောင်မရှိတဲ့အလင်းကမ္ဘာမှာ
အဆွေကောင်းတွေနဲ့ ပညာအပေါင်းကို စိုက်ပျိုးဝေဖူးလိမ့်မယ်


နင့်လက်ချောင်းသေးသေးကလေးတွေနဲ့
မိုးမခပင်ကို အိမ်ရှေ့ဟင်းလင်းပြင်မှာ စိုက်ပျိုးအုံးမယ် . . .


မြေနီလမ်းပေါ်က ယုံကြည်ချက် ညနေခင်းကို
နောက်နေ့ မနက်မရောက်ခင်အထိ
ငါတို့အားတင်း အမှောင်ကိုခွင်းကြမယ် . . .


ကြာသာပတေး စိုက်ခင်းကြီးထဲက
နေကြာပင်တွေ မိုးမျှော်လာတဲ့အချိန်
အရောင်ဂါဝန်ကလေးနဲ့ ငါ့လက်ကိုတွဲပြီး
အစိမ်းရောင်မြက်ခင်းပေါ်က
ငါတို့အိမ်ကလေးဆီ ပြန်လာကြလိမ့်မယ် . . . ။



nelay





Saturday, August 20, 2011

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း



နှလုံးသားထဲက မနားတမ်း အတိတ်တွေ အဒွန့်ရှည်ပါစေ
မျက်လုံးထဲက ဆံနွယ်တွေ မြစ်ကိုရစ်လို့ ဒီအချစ်ကိုတည်ဖြစ်စေ
မပြောစကား အခြေနဲ့ နားအိုထဲက မြွေကိုလဲ လန့်နိုးပါစေ


ရုပ်လုံးအထပ်ထပ်နဲ့ ငါ့လက်ကိုဆွဲမှတ်လို့ အချစ်ကိုဦးညွှတ်ပါရစေ
ဘယ်နေရာက ရွှေငါးတွေလဲ မင်းအရိပ်ကို ခိုးနမ်းကြလို့
မျက်ရည်တွေ သုတ်ပြီး ညမအိပ်နဲ့တော့ ကလေးရေ ...


လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား
ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့


စိတ်အမုန်းအခြေရဲ့ အူတိုင်တည့်တည့်က ဒေါသတေးသွားကို
ဧဒင်ဥယျာဉ်ထဲက အဆိပ်ခွက်နဲ့ဖြေဖျောက် နံနက်မိုးသောက်ရင်
ကလေးတစ်ယောက် အိပ်မက်တွေပိုက်လို့
ရည်ညွှန်းရာ တိမ်ကိုးကို အပြုံးတွေမှုံရည်လူးလို့ ပြန်လာပါစေသား


ခရီးလမ်းတစ်လျှောက် ငါ့ခြေရာတွေက ဆူးဆိပ်တွေ ပွင့်ဝေဖူးလို့
ဘယ်လိုမှဖြောက်မရတဲ့ ခြောက်ကမ္ဘာမှန်ထဲ အဖြူရောင်ကိုဘောင်ကွတ်ဖူးတယ်


မြွေတစ်ကောင်ရဲ့ သူ့အမြှီး သူပြန်မျိုနေတဲ့ အသံ
... ... ... ... ... ... ... ... ... ... ... ... ... ... ... ...

ညာဖက်မျက်လုံးနဲ့ကြည့်ပြီး ဘယ်ဖက်ရင်ခုန်သံနဲ့ကြားရဲ့လား ကလေးရေ


တိတ်ဆိတ်ခြင်းရဲ့ အိပ်မက်တေးသွားလောက်
မင်းကို ကိုယ်ချင်းစာတတ်တဲ့ လူတစ်ယောက်
မင်းသာ အိပ်ယာအောက်မှာ ရှိခဲ့ဖူးလိမ့်မယ်


ကမ္ဘာကို လျှော့တွက်ပြီးသာ မင်းလမ်းတွေဖောက်
လည်ချောင်းထဲက ပရိတ်သတ်တွေ ကျော့ကျော့ကလေး လျှောက်လာလိမ့်မယ်


စာမျက်နှာပြည့်ပြီမို့
ဘလူးဘယ်ရီ ပင်တွေကြားက ကြိုးတပ်စန္ဒာယားသံနဲ့
ခရမ်းရောင်ကြိုးတပ် ထီးတစ်ချောင်ကို ကိုင်လို့
နတ်ဆိုးတစ်ကောင်ရဲ့ ပန်းချီကားထဲက ငါထိုင်စောင့်နေမယ် ။



nelay






charlie scott pale1




Thursday, August 18, 2011

ယုန် . . . နရီ



ကျုပ်ပခုံးထက်က အကြွေကြယ်နဲ့
အနက်အဓိပ္ပါယ်တွေ . . .


ယုန်တစ်ကောင်ရဲ့ မျက်ဝန်းချိုထဲက
အဖြူရောင် ရှု့မျှော်ခင်းတစ်ရာကို
နှလုံးသားနဲ့ အိပ်မက်တွေ ဆူးခဲ့တယ်


အလယ်ရောင် လက်ချောင်းကလေးများနဲ့
ကျုပ်ရင်ကို တူးဆွ
ဘယ်ကမ္ဘာက တောအုပ်ပျိုထဲမှာ
မျှော်လင့်ခြင်း စာသားတွေ အခက်လိုက်ဝေကျ


မှန်ရာကို ဦးနှောက်ထမ်းပြီး နှလုံးသွေးနဲ့
ကျုပ်နီးစပ်လာခဲ့တယ်


Sunday ရဲ့ကြည်လင်မြတ်နိုးမှုမျိုးက
ပင်လယ်အိုကို ရမ္မက်မပါတဲ့
ကြေးဝါသော့နဲ့ သစ်လွင်တောက်ပ


ဟိုးရှေးရှေးတုန်းက
ကျုပ်တို့ အနာဂတ်တွေ ဟောင်းနွမ်းရှေးကျ . . .


နံနက်ခင်းမျက်ဝန်းတွေထဲက
ကျုပ်ဂြိုလ်ကမ္ဘာမှာ အပေါ်ယံမပါတဲ့
ယုန်မငယ်ရဲ့ ခြေသံနဲ့ မုန်တိုင်းအိုကို
သက်ငြိမ်းအေးမြ


နရီသံ စမ်းကလေးပေါ်က
ကျုပ်ည ကျုပ်ဂီတကို
ထာဝစဉ် သီကျူး မျက်နှာဖူးကလေး
အိပ်မက်တွေရစ်မူး . . .


ဇရာအို ပုံပြင်တွေက အဆိပ်မဲ့ဖြစ်ထွန်းမှုနဲ့
အဖြူရောင်မာယာကို ဖန်ဆင်း
ကျုပ်သွေးတွေနဲ့ ဘယ်တော့မှ မထင်လင်းနိုင်ဘူး


အလှတရားကိုမယုံကြည်တဲ့ လူတစ်ယောက်
သစ်အိုပင်အောက်မှာ
ဘယ်တော့မှရောက်မလာတဲ့ ဆီးနှင်းကို
အဖြူရောင်မျက်ရည်စကားနဲ့စောင့်နေခဲ့တယ် ။



nelay





Wednesday, August 10, 2011

ဒီနေရာမှာ သုညတွေပေါတယ်



ပျူတို့ရဲ့ ဘုရင်
ရှမ်းတို့ရဲ့ သခင်
တရုတ်တို့ရဲ့ နတ်ဘုရား
ခင်ဗျားက ပျူစောထီးလား


ဒါနဲ့များ ဒီလိုကောင်တွေ ပေါက်ဖွားလာတယ်
သုံးရုပ်ထဲကျန်တဲ့ သခင်နဲ့
အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့
ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်


တော်ပီဒိုတွေ မတင်မိလို့ လေယာဉ်တွေရေထဲမြုပ်ကုန်ပြီ
တောင်အရပ်နဲ့ မြောက်အရပ်ကို တပ်ဖြန့်မိလို့
အမိမြေမှာ ဘာမှမကျန်တော့ဘူး


၆ရက်၆လပါပဲ အီကွေတာတည့်တည့်မှာ ကျွန်းမကျန်တော့လို့
Enigma တွေထဲမှာ လူပြောက်ရှာနေတဲ့သူက
လောကကြီးအတွက် စက္ကူရှ သွားတယ်တဲ့


ဓါတ်ကြီးလေးပါးမှာ ရေဓါတ် လေဓါတ် မီးဓါတ်
ခင်ဗျားစိတ်ဓါတ်ကို သတ်ပြီး နားတွေကို ငိုကြွေးခိုင်းတဲ့ ပါးစပ်က
လူကြားကောင်းအောင် ကဗျာတွေဘဲထိုင်ထိုင်ရေးနေတယ်


ခင်ဗျားတို့ငယ်ငယ်တုန်းက ဘေဘီဘိုက်တာပဲသောက်ခဲ့ရတာ
ငါတို့ငယ်ငယ်တုန်းက Dumex သောက်ရတယ်


WA လုံး တွေပေါ်မှာ သရဖူတွေ တလက်လက်နဲ့
၅၀ တန် အိမ်သာ တံခါးကိုဖွင့်လိုက်တော့
တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့
၁၇၀၀ ကျပ်တန် အလုပ်သမားလေးရဲ့ ဘဝထဲရောက်သွားတယ်


မြင်ဖူးချင်လိုက်တဲ့ ညနက်နက် လစက်စက်တွေကို
၁။ ကားခက ၄၀၀
၂။ ခရမ်းချဉ်သီးအပုတ်တွေက ၂၀၀
၃။ ဆန်ကွဲသာသာ ဆန်တပြည်က ၅၀၀
၄။ ၁၀၀ က ကလေးငိုလို့ သကြားလုံးဝယ်လိုက်တယ်
၅။ ကျန်တဲ့ ၃၀၀ က မနေ့က အကြွေးကိုဆပ်ရတယ်
၆။ နောက်နေ့လမ်း စရိတ်အတွက် ၂၀၀
ကျပ်မပြည့်တဲ့ ခင်ဗျားတို့ သိခဲ့သမျှ အဲ့သကောင်က ဒူးနန့်နေတယ်

သွားကြားညှပ်နေတဲ့ကြားက နေကလဲ မဝင်နိုင်ဘူး
လူတွေသာ စိတ်ကူးမယဉ်တတ်ရင် ဘာဖြစ်လာမလဲလို့
Second thought နဲ့မီးညှိလိုက်တယ်



nelay