ယုန် . . . နရီ
ကျုပ်ပခုံးထက်က အကြွေကြယ်နဲ့
အနက်အဓိပ္ပါယ်တွေ . . .
ယုန်တစ်ကောင်ရဲ့ မျက်ဝန်းချိုထဲက
အဖြူရောင် ရှု့မျှော်ခင်းတစ်ရာကို
နှလုံးသားနဲ့ အိပ်မက်တွေ ဆူးခဲ့တယ်
အလယ်ရောင် လက်ချောင်းကလေးများနဲ့
ကျုပ်ရင်ကို တူးဆွ
ဘယ်ကမ္ဘာက တောအုပ်ပျိုထဲမှာ
မျှော်လင့်ခြင်း စာသားတွေ အခက်လိုက်ဝေကျ
မှန်ရာကို ဦးနှောက်ထမ်းပြီး နှလုံးသွေးနဲ့
ကျုပ်နီးစပ်လာခဲ့တယ်
Sunday ရဲ့ကြည်လင်မြတ်နိုးမှုမျိုးက
ပင်လယ်အိုကို ရမ္မက်မပါတဲ့
ကြေးဝါသော့နဲ့ သစ်လွင်တောက်ပ
ဟိုးရှေးရှေးတုန်းက
ကျုပ်တို့ အနာဂတ်တွေ ဟောင်းနွမ်းရှေးကျ . . .
နံနက်ခင်းမျက်ဝန်းတွေထဲက
ကျုပ်ဂြိုလ်ကမ္ဘာမှာ အပေါ်ယံမပါတဲ့
ယုန်မငယ်ရဲ့ ခြေသံနဲ့ မုန်တိုင်းအိုကို
သက်ငြိမ်းအေးမြ
နရီသံ စမ်းကလေးပေါ်က
ကျုပ်ည ကျုပ်ဂီတကို
ထာဝစဉ် သီကျူး မျက်နှာဖူးကလေး
အိပ်မက်တွေရစ်မူး . . .
ဇရာအို ပုံပြင်တွေက အဆိပ်မဲ့ဖြစ်ထွန်းမှုနဲ့
အဖြူရောင်မာယာကို ဖန်ဆင်း
ကျုပ်သွေးတွေနဲ့ ဘယ်တော့မှ မထင်လင်းနိုင်ဘူး
အလှတရားကိုမယုံကြည်တဲ့ လူတစ်ယောက်
သစ်အိုပင်အောက်မှာ
ဘယ်တော့မှရောက်မလာတဲ့ ဆီးနှင်းကို
အဖြူရောင်မျက်ရည်စကားနဲ့စောင့်နေခဲ့တယ် ။
nelay
No comments:
Post a Comment