ဖြူလွန်းဝေ
ဟိုး .. ထိဝေး
တိမ်အက်ကြောင်းအောက်
ငါ့ကို တိမ်မျိုလို့
ဆောင်းရာသီနက်ခဲ့ …
စမ်းချောင်းကလေးငို
မြက်အိုတွေ ဝေး …
ရေသောက်မြစ်အောက်
ငါ့ကို ရစ်တွယ်ချုပ်မွှန်း
အိပ်မက်ကျိုးလို့သေခဲ့ပြီ …
မိုးသောက်ယံစုန်း
ကျိန်စာအိုတွေ ပြုံး …
တစ္ဆေမုန်း .. သုံးညအိုမှာ
ငါ့ကို မြှုပ်နှံပွင့်ဖူး
အဆိပ်ပန်းတွေမြူးခဲ့ပြီ …
ဒေဝီ … စို
သလွန်မှားတင်မိတဲ့နှလုံးသား
အပြုံးတုတွေအား
ဖျော်ဖြေတင်ဆက်
ငါ့ကို ဆူးခြွေခိုင်းတဲ့လက်တွေ
အခု ….
အလိုမတူပဲ ပုဝါဖြူခဲ့ရပေါ့
ပုဒ်မ ပုဒ်မ ပုဒ်မ
ပုဒ်ကလေး ဆို
ကမ်းနဖူးမှာချ
ဘယ်မှန်မသိတဲ့တံတားအိုပေါ်က
ငါ့ကို …
ပင်လယ်နီမှာ နေမျိုလိုက်တယ်
အလင်းကွယ်
ဖန်အိမ်ထဲကဆောင်း
နံရံပေါ်က မျက်သေတခုနဲ့
ပြန်မရှင်တော့တဲ့အသက်ကို
ငါ့က ငါ့အား
ရက်ရက်စက်စက်
မော်ဖူးခွင့်ပေးလိုက်ပါတယ် … ။
nelay
1 comment:
ငါ့လည်ပင်းကို မိုးထားတဲ့ဓါး
ငါ့ကျောက်ခေတ်မှာ ငါ့ပင်လယ်ကို လောင်တဲ့မီး
မီး ... ဓါး ... ။
Post a Comment