Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Sunday, March 7, 2010

'' မြက်သေ ''



မြက်ခင်းကျယ်ကြီးပေါ်လှဲ အိပ်ယုံနဲ့ ကောင်းကင်ကြီးကိုကြည့်လို့ရရင်
ငါတော့အပြီးအပိုင် မြက်ခင်းပဲဖြစ်ချင်တော့တယ် ......

လောကသစ္စာ ကျမ်းသစ္စာ အရာရာနဲ့ ငါ့ကိုချုပ်လုပ်ချင်တယ်ပေါ့
ဇကောရဲ့အစွန်းတဖက်မှာ ငါလိမ့်ပေမဲ့ အတ္တနဲ့အပြီးအပိုင်မံထားတယ်
ဟန်ဆောင်ခြင်းအတတ်ကို ငါတတ်ပေမဲ့ ငါ့မျက်နှာမှာအဖုံးမပါဘူး
ရိုးအီစရာ ဖြစ်စဉ်ကြီးကိုနေ့တိုင်ပြုလုပ်နေကြတာ ဘာလို့ရီပြနေရတာလဲ
တိုက်ပေါ်ကခုန်ချသွားတဲ့ ငါ့ချစ်သူအတွက် ငါဝမ်းနည်းရမှာလား
အလကားပါ သေနတ်နဲ့ နထင်ကိုတေ့ပြီးမှ သေနတ်မပစ်တတ်တဲ့ ကောင်လေ
စိတ်ရှုးပေါက်တဲ့ စကားတွေဆိုတာ အမှန်တရားကဆင်းသက်လာတာ သူတို့သိပုံမရဘူး
ရေတစ်ဘူးတော့ကုန်အောင်သောက်နိုင်မယ်ထင်ပါတယ်။

ငါ့ကိုယ်ငါမြက်ခင်းဖြစ်ဖို့ကြိုးစားတာ ဒါပါနဲ့ဆို ၉နှစ် ...
ဘဝဖြစ်တည်မှုရဲ့ အကြောင်းတွေငါ့ကိုကောင်းကောင်းထောင်းခြေပြီပြီ
မလွမ်းလောက်တော့တဲ့ သန္ဓေအကြောင်းကို ငါ့ပါးစပ်မှာပေါင်းပြီးမပြောပါရစေနဲ့တော့
တသက်လုံးလိုချင်လို့မဆုံးနိုင်တဲ့ အတ္တတွေဘယ်တော့မှကွာကျနိုင်မှာတဲ့လဲ
မြေမြုပ်ဖို့ ပေါက်တူးတလက်ကို အရင်တူးရှာရအုံးမယ် .....
ပိုးစုန်းကြူးလောက်မှ လင်းအားမရှိတော့တဲ့ ဘဝကို အပြီးသတ်လိုက်ဖို့
နံနက်ခင်းလှောင်ရီသံတွေကို ကြောက်နေရတုန်းပဲ ...။

နောက်ဆုံး ... ဖိနပ်ကိုဖွဖွချွတ် ဘောင်ဘီးကိုတိုတိုခေါက်ပြီး တလှမ်းချင်းငါဆင်းသွားလိုက်တယ်
အင်းယားရဲ့ခြေရင်းဆိုတာ ဒါပဲလား ဘာမှသိပ်ထူးထူးဆန်းဆန်းကြီးတော့မဟုတ်ပါဘူးလေ ....
သိပ်လှတယ်ဆိုတဲ့ အင်းယားအပေါ်ပိုင်းတွေလဲ ပါးစပ်ဆော့ပြီး လှနေကြတာနေမှာ ....
စပယ်ယာတယောက်ပြောသလိုပေါ့ ဘဝဆိုတာ ရှင်သန်ခြင်းလမ်းမများတဲ့
ငါကတော့ လမ်းမလျှောက်နိုင်တဲ့သူဆိုတော့ ဘဝကိုမရှင်သန်ချင်ဘူး
အဆုံးသတ်ကိုကြိုသိရက်နဲ့ ပြောနေကြတာ အကျိုးရှိဖို့အတွက်လား ဘယ်သူ့အတွက်လဲ
ကိုယ့်အတွက်ကိုယ်လုပ်နေကြတာပဲလေ .... ဒါဆိုဘာလို့ အဆုံးသတ်မှာကြောက်နေတာလဲ
အားလုံးနီးပါးက ကိုယ်ဖက်ကိုယ်ရပ်ပြီး စာအုပ်ဖတ်နေကြတာပဲ
လောကကြီးကိုတခုခုပေးဆပ်ဖို့တဲ့လား ... လောကကြီးက ဘာတခုမှမလိုချင်တာ မသိကြဘူး ...
လောကကြီးကဘာကိုမှမလိုတော့ဘူး ... ။
ဒါနဲ့များ နောက်ဘဝကူးကောင်းအောင် ဆုတွေတောင်းနေကြသေးတယ်
နောက်တကြိမ်လူပြန်ဖြစ်မှာမရှက်ဘူးလား ... မသေချာမှုတွေကို စွဲပြီးသေနေကြရတာပဲလေ . . .
ငါတို့မျှော်လင့်တာ ဒီလို ရှင်သန်ခြင်းတွေလား .....

ဟန်ဆောင်ကောင်းတဲ့လူ့လောကကြီးရေ ....
နင့်အိမ်ရှေ့ကမြက်ခင်းစိမ်းစိမ်းပေါ်မှာ ငါချီးစိမ်းစိမ်းတွေတအားပန်းနေပြီးလေ ....
ငါဟာအစွမ်းကုန်အော်ငိုနေတယ်ဆိုတာ နင်မသိဟန်ဆောင်နေနိုင်လိုက်တာ ......
ဘလိုင်းဂျန်နရေးရှင်း ရဲ့အမှုံအမွှားလေးထဲမှာလဲ ငါကိုယ်တိုင်ပါဝင်ခဲ့တယ်ဆိုတာ
ဂဏာန်းကြီးတွေရှေ့က သုညကြီးကြီးခေါင်းဆောင်မှုတွေ လစ်လျှူရှုထားရက်နိုင်လိုက်တာ ....
ငါဟာအစွမ်းကုန်ရွံ့စရာကောင်းနေပြီး မဟုတ်လား .....

လူတွေဟာသေဖို့ဘာလို့ဟန်ဆောင်နေကြရတာလဲ စောစောသေတာနဲ့ နောက်ကျသေတာပဲကွာတယ် ...
မြက်ခင်းဖြစ်ချင်တဲ့ ဆန္ဒတွေ ငါ့တကိုယ်လုံးကုတ်ဖဲ့တက်လာလိုက်တာ လုံးလုံးကိုနီရဲနေတာငါတွေ့တယ်
ငါဖြစ်ချင်တဲ့ မြက်ခင်းတွေငါ့အပေါ် ရဲတင်းစွာဖုန်းအုပ်လိုက်တာလေ ....
ရေခဲရိုက်ပြီးသာ ညီညူးမှုတွေနဲ့ ငါ့ကိုငါပြည့်ကြပ်အောင် အလုံပိတ်လိုက်ကြတာ
ဟန်ဆောင်ယုံကြည်မှုတွေက ငါ့နံရံနဲ့ကပ်လျှက်မှာ နေ သာနေလိုက်တာ ... ငါကိုမသိတဲ့အတိုင်းပဲ ...
တစ်ရွက်ကြွေပြီးရင်တော့ နောက်ရွက်သစ်တွေဆက်တိုက်ထွက်လာအုံးမှာပါပဲ
ခြေရာတခုရဲ့ အဆုံးဟာ ခြေရာတခုရဲ့အစပါပဲ .... နောက်နေ့တခုရဲ့ နံနက်ခင်းတွေဟာ မနေ့ကလိုပါပဲ .... ။
ဒါပေမဲ့ အတိတ်ရဲ့ကြွေအံကိုတော့ ဒီနေ့ပြန်ခေါက်ချင်လို့ဘယ်ရတော့မလဲ .... သေခြင်းတရားက Ctrl + Z ပြန်လုပ်လို့မရဘူးလေ .... ။
ဘုရားသခင်ကတရားမျှတလား
ကိုယ်ကျင့်အဘိဓမ္မာ ကရောလူတွေတကယ်လိုက်နာနိုင်လို့လား
ကံဆိုတာကရော အလေးချိန်ညီရဲ့လား
မေတ္တာတရားဆိုတာကရော ဘယ်လောက်ထိစိတ်ချမ်းမြေ့မှုပေးသလဲ
လူ့ဘဝဆိုတာ အဖြူအမဲတွေနဲ့ဖွဲ့စည်းထားတာလား
ဘာသာတရားရဲ့အဆုံးသတ်ကရော အေးငြိမ်းစွာ သေတတ်ဖို့လား
နင်ဒို့ကို ငါဟန်ဆောင်ခေါင်းငြိမ့်ပြမနေချင်တော့ဘူး လူတွေဘာကြောင့်အသက်ရှင်ချင်သလဲဆိုတဲ့အကြောင်းကို
နင်ဒို့မေ့ထားသလို ငါမမေ့ထားနိုင်ဘူး ....
''မနက်ဖြန်တော့ငါမသေလောက်သေးပါဘူး ဟာ''
မနက်ဖြန်တွေသေချာချာရှိနေလိမ့်မယ်လို့ နင်ဒို့ယုံကြည်သလို ငါမယုံကြည်နိုင်ဘူး ....
လောဘတွေဆက်တိုက် တိုက်ခိုက်နေသလိုမျိုး ငါဆက်မတိုက်ခိုက်ချင်တော့ဘူး
ငါအမှန်တကယ်ဖြစ်ချင်နေတာက
သံယောဇဉ်ရှိဖို့ မဟုတ်ဘူး
တရားတော်တွေမဟုတ်ဘူး
ကိုယ်ကျင့်အဘိဓမ္မာ မဟုတ်ဘူး
စည်းဇိမ် မဟုတ်ဘူး
စားသောက်စရာတွေမဟုတ်ဘူး
ဇိမ်ခံအရာအစုံအလင်နဲ့မဟုတ်ဘူး
အောင်မြင်ကျော်ကြားဖို့မဟုတ်ဘူး
ဖီးလိမ်ပြင်ဆင်ပြီး သေဖို့လဲမဟုတ်ဘူး
ဟန်ဆောင်အပြုံးတွေနဲ့ ငါ့ကိုသနားဖို့လဲမဟုတ်ဘူး
အခုချိန်မှာ .....
ငါ့ကိုယ်မှာရှိနေတဲ့ အသွေးအသားတွေ စိတ်ကူးတွေကို မြက်ခင်းထဲမြေမြုပ်လိုက်ဖို့ပဲ
ခြည်နှောင်တင်းကြပ်မှုတွေနဲ့ အသက်ဆက်မရှင်ချင်တော့လို့ပါ
ဟန်ဆောင်လိမ်ညာမနေချင်တော့လို့ပါ
ပူလောင်ခြင်းနေရောင်အောက်မှာမနေချင်တော့လို့ပါ
ငါ့မျက်ရည် ငါ့ဟန်ဆောင်မှုကိုမထိန်းချုပ်နိုင်သလို
ငါ့မြက်ခင်းဖြစ်ချင်စိတ်ကို မတားစီးနိုင်တော့လို့ပါ
ငါ့အတိတ်ကိုကြည့်ပြီး ငါကြေကွဲမနေချင်တော့လို့ပါ
ပေါက်ကွဲတော့မဲ့ အနူမြူပေါင်းအိုးကို ငါ့ကုတင်အောက်ထဲဆွဲသွင်းပြီး
နံရံမှာထွန်းထားတဲ့ ခပ်မှိုန်မှိုန် ဖယောင်းတိုင်မီးတွေအားလုံး မှိတ်ပြစ်လိုက်ဖို့ပဲ
အမှန်တကယ်လိုအပ်နေတာ .... ။

မြက်ခင်းကျယ်ကြီးပေါ်လှဲ အိပ်ယုံနဲ့ ကောင်းကင်ကြီးကိုကြည့်လို့ရရင်
ငါတော့အပြီးအပိုင် မြက်ခင်းပဲဖြစ်ချင်တော့တယ် ......  



nelay










1 comment:

thioo said...

မက်ခင်းကျယ်ကြီးပေါ်လှဲ အိပ်ယုံနဲ့ ကောင်းကင်ကြီးကိုကြည့်လို့ရရင်
(I want to be the bright blue sky who looking down the green green grass) and made the grass alive by pouring down my tears (raindrops)