ကြိုးဆွဲရာနောက် လိုက်ကနေတဲ့ စက္ကူစွန်
မာလကာပင်ပေါ် နားနေတဲ့ စက္ကူစွန်
ငါက ဘာကို ကြိုးပြတ်ခဲ့တာလဲ ...
သစ်ခြောက်ပင်ကို ခြည်ထားတဲ့ကြိုး
အစိမ်းပြတ်ကြိုးမှာ ငါ့လမ်းတွေ ပေါက်ခဲ့ ပျက်ခဲ့
မညီညာတဲ့ တံခါးနှစ်ချပ်မို့ ပိတ်မရဘူး
မုန်တိုင်းတွေ ၀င်လာစမ်းပါ
လက်အုပ်ချီပြီး ငါ့ကို သတ်ကြ ... ။
လှောင်အိမ်ထဲက မိုးခေါင်မျက်ရည်များကို
ငါ့နှလုံးသားတွေ သွေးထွက်ဝေဖူးအောင် ကြည့်နေရတယ်
ဘ၀ရေ ............ ဘယ်တော့ ဆုံးမှာလဲ .
ခြံစည်းရိုးထဲက လွတ်မြောက်ခွင့်ပေးပါ
လေးဘီးကားတွေ မရပ်ရ .
ငါ့နယ်မြေထဲ သူမ၀င်လာတုန်းက ဘုရားလိုကိုးကွယ်ခဲ့
သူမနယ်မြေထဲမှာ ငါက ကျူးကျော်သူ နတ်ဆိုး
နားရည်ဝနေတဲ့ ဂီတသံမှာ အချိန်ဖြစ်ကြောင်းဟာ
နယ်လွန်အိပ်မက်နဲ့ တရေးနိုး
ငါ့ကို ခါးရက်လေခြင်း
အစိမ်းဖူးလေး ... စကားပြောစဉ်က ငါချိုခဲ့သလား
သော့ ..... သော့ .... သော့ .....
သော့ရေ ...........
ငါ့ကို အပိတ်မှားခဲ့တဲ့ ရာသီ
ကုန်လွန်သွားတဲ့ မျက်နှာကျက်မှာ မီးစိမ်းအိမ်ကလေး
လင်း ....
လင်း ....
လင်း ..........................
ကြယ်စင်မြစ်ဝှမ်းရေ .....................
ငါ့ဘေးမှာ ဘာလို့ ငိုနေတာလဲ ..................... ။
nelay
No comments:
Post a Comment