Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Saturday, November 3, 2012

သန္ဓေ ရင်းတိုက်



လူငယ်တစ်ယောက်ရဲ့ ကလန်ကဆန် လုပ်ချင်စိတ်ဟာ သူတစ်ယောက်တည်း မှ ထူးပြီး ဖြစ်လာတယ်လို့ ခဏခဏ ထင်ထင်နေတော့ စကားမပြောတာကြာပြီ ဖြစ်တဲ့ သစ်ပင်ကို စကားပြောမိတယ်
ကြွေတယ် …
ပွင့်တယ် …
သီးတယ် …
သူ့အမေအတွက် သူ စိတ်မကောင်းဘူး ဒါလဲ သူ့လက်ထဲက ကလန်ကဆန် နိုင်လွန်းတဲ့ စောင့်ကြီးအောင့်ကြီး အသံတွေက သူ့အမေရင်ကို ဘယ်လောက်များ နာစေနိုင်လိမ့်မလဲ .. နောင်တ သံ မပါအောင် သူက ချောင်းကိုလဲ ပြင်းပြင်းဟန့်တတ်ရဲ့ စိတ်လို လက်ရ မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းတွေဟာ ပိတောက်ရိပ်တွေ သေနေတဲ့ ညနေပေါင်းများစွာကို ညှို့မှိုင်းစေခဲ့တာ ရာစုတွေ ဘယ်လောက် တိုင်တိုင် မျက်မမြင်တစ်ယောက်ရဲ့ အလင်းဖန်ဆင်းအားမှာ သူ့လမ်းတွေကို သူသပ်ချလိုက်တိုင်း မောရတယ် ပန်းရတယ် ခေါင်းကိုခါထုတ်လိုက်တိုင်း လွှင့်စင်ပျောက်သွားမဲ့ အရာတွေထဲမှာ အဲ့ဒီ အရာက သူ့ကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားဆဲ လက်ထဲမှာ အကြွေ ၂၀၀ ကိုင်ပြီး ငွေမရတဲ့ အလုပ် တွေ လုပ်တဲ့ ကောင်ဆိုပြီး သူ့ကိုယ်သူ ဂုဏ်ယူတယ် တစ်နေ့တစ်နေ့ စိတ်ပျက်စရာ အစီအစဉ်ကြီးကို စိတ်ပါလက်ပါ ကိုယ်တိုင် ကပြတယ် ဗမာကို တောင် စာလုံးပေါင်းမှန်အောင် မပေါင်းတတ်တဲ့ လူငယ်တွေနဲ့ စကားပြောရင်း ဖေါ်လန်ဖားတွေ နဲ့ အောက်ဖိ အပေါ်ဖားတွေ နေရာ ရလာတာကို ငေးရင်း မုဒိတာပွားတယ် ၂ကျပ်တန်အရည်အချင်းတွေ ခေတ်စားလာတာကို ကော်ဖီသောက်ရင်း အရသာတွေ့လာတယ် ဟိုးဝေးဝေးက လော်စပီကာ သံတွေလဲ နားရင် လာလို့ ကျယ်နေတဲ့ ဖင်ဂေါင်း လဲ ကျဉ်းစပြုလာတယ် အစာ မမှန် အအိပ်မမှန် နဲ့ မပြောင်းလဲ လာတဲ့ လောကကြီးဟာ ပြားရည်ဆမ်း ခဏခဏ ထွက်နေတဲ့ ဟန်နီးမွန် ဇာတ်ဝင်ခန်းကြီးကို ရီပိ လုပ်ထားတဲ့ အပ်ကြောင်း ရာ ကြီးပါပဲ ကိုယ်နှစ်ထပ်ကို ခွာပြီး သူ့နံရိုးတွေထဲ စာအုပ်တွေ ထိုးထိုးထည့်လို့ သူ့လူကောင်သေးသေးကလေးက စာအုပ်တွေ ဘယ်လောက်များ ဆန့်နိုင်မှာမို့လဲ Commercial ဆန်ဆန်အပြုံးကို သူမှန်ထဲမှာ လုပ်ယူကြည့်တယ် Commercial ဖြစ်မလာဘူး ဒါနဲ့ Commercial ရှယ်ဆန်ဆန်အပြုံးတွေကို တွေ့တိုင်း သူ သိမ်းထားတယ် တစ်ချိန်ကျ သူ့မှာ မျက်နှာတွေမရှိခဲ့ရင် အဆင်သင့် ဝတ်ဆင်ဖို့ ရုတ်တရက် အဲ့ဒီ့ အတွေးကို တွေးနေတာ မုန်းလာတယ် သူစိတ်တိုင်းမကျဘူး သူစိတ်တိုင်း မကျတာတွေကို သမ္မတကြီးကို ကြားစေချင်ခဲ့တာလား သူမသိဘူး တကယ်တော့ သူငယ်ငယ်ထဲက ကလန်ကဆန်လုပ်ချင် စိတ်ထဲမှာ သူ မနှိုးနိုင်သေးဘူး သူ့ကိုယ်တိုင် လမ်းလျှောက်တတ်ဖို့ သူကိုယ်တိုင် စူးစမ်းလေ့လာဖို့ ဆိုတာ သူတကယ် မရောက်သေးတဲ့ အသံပါပဲ ။



nelay





လူငယ်တစ်ယောက်နဲ့ ခြေထောက်များ



ဒဏ်ရာဟာ မလုံလောက်တော့လို့ ကိုယ့်ချုပ်ရိုးကိုယ် ပြန်ပြန်ဖြေနေရတယ်
ကောင်းကင်ရဲ့ အနားသားတွေသာ လက်ဖြန့်တောင်းတတ်ကြမယ်ဆိုရင် ငါက ဘာမျှော်လင့်ခြင်းကို အကြွေလဲ ပြီး ထည့်ပေးမှာလဲ … ကျောပေးရတာ ရိုးလာလို့ အရိုးအက်ကြောင်းတွေကို နှဲ့ နှဲ့ တမ်းကစားရတာ ပျော်လာတယ် ။ မရေရာခြင်းဟာ သေချာခြင်းရဲ့ အဝေးဆုံးက အော်သံတွေ … ခြေနှစ်ဖက်ရဲ့ အောက်မှာ ခြေရာတွေ ငိုနေကြသလား .. မူးမူးပြီး ရှုနေကြ လေထဲမှာ ဥယျာဉ်တစ်ခုလုံး သေနေတဲ့ အနံ့က ရက်ရက်စက်စက်လှတယ်.. စာအုပ်တွေ စိုက်နေတဲ့ ဒဏ်ရာကို ဆံနွယ်တွေ သေဆုံးမှ မီးရှို့လောင်မြိုက် ကြမယ် … ပုန်းခိုနေတဲ့ အသက်ရှုသံတိုးတိုးကလေးရဲ့ အနောက် … မှန်ကွဲစတွေနဲ့ .. အ .. နေတဲ့ ဒဏ်ရာကို ခွဲခွဲထုတ်ပြီး ငေးကြည့်နေရတယ် … ရေထဲနှစ်သတ်ထားတဲ့ လက်ဖဝါးတွေ မသေနိုင်သေးဘူး အရေပြားကို လှီးပြီးမှ သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး …. နံနက်စာနဲ့ စကားထာတွေ သိမ်းပြီး အံ့ဆွဲကို သူ့ရင်ဘတ် ထဲ သူပြန်ထည့် … မှတ်ဉာဏ်ကို သွေးအေးအေးနဲ့ နှိပ်စက်ဖို့ ငါ ဗူး တွေ ငါဗူးတွေ ငါဗူးတွေ ပန်ဒိုရာထဲ အပြည့် … စကားပြောနေတဲ့ ငါလား စာရေးနေတဲ့ ငါလား ငါပြောနေတဲ့ ငါလား ငါတစ်ခုခုကို ရွေးခြယ်ဖို့ သစ်ခြောက်ပင်ရဲ့ အနားသား စွတ်ကျယ်ကို လက်ဇက ဝတ်ပြီး သပ်သပ်ရပ်ရပ် ဝင်လာခဲ့ … အလုပ်တွေ အားလုံးဟာ မြေပုံပေါ် အသက်နဲ့ နာမည်ရေးပြီး စိုက်စိုက်ထားတဲ့ သချိုင်း လွင်ပြင် တွေပဲ စက္ကူ တွေအားလုံးဟာ မြေကြီးတွေပဲ ဝါး သံ ကို ကြားရလား ဝါး အချင်းချင်း ပွတ်တိုက်နေတဲ့ ငြီးငြူသံဟာ သေခါနီး အသက်ငင်နေကြ အခုထိ ခြေလှမ်းဟာ ကောင်းကောင်း မလှမ်းရသေးဘူး ဝါသနာ တွေ ကိုယ့်ရှေ့မှာ အချင်းချင်း သတ်သေ သွားကြတာ အတုံး အရုန်းပဲ … ငါ မနင်းရက်ပါဘူး … နံနက်ခင်းပေါင်းများ စွာ အိပ်ဆေးသောက်ပြီး သတ်သေ သွားတဲ့ နေရာကိုရောက်တော့ မြင်မကောင်းဘူး …. ငါဘာလို့ ပုလင်းတွေ ကမ်းပေးလိုက်မိတာလဲ …. ဒါဟာ နံရံပေါ်မှာ ဟပ်နေတဲ့ နံရံအရောင် ကို ငါ့ပါးစပ်ထဲက ထွက်ကျလာတဲ့ အရောင်နဲ့ ငါ ရေးခြယ်လို့ မပြီးနိုင် သေးခင် မီးစာကုန်တဲ့ အထိဖြုန်း … ဆရာဝန်က ဝင်လာတာနဲ့ လက်လျှော့ လိုက်ပြီ .. အဲ့ဒီ့ အထိကို ဖြုန်း ဖြုန်း ဖြုန်း ဖြုန်း .. ဖြုန်း ဟာ ဘာသာ တရား တစ်ခုခုရဲ့ ပြောစကား ဆို စကား ကို နားမထောင် ခဲ့ ဘူး .. နောက်ကျော ပေး လျှောက် နေတဲ့ လမ်း တွေဟာ ဘာလို့ သစ်တောအုပ်နဲ့ မြူတွေကြီး ပဲ ပါပါနေကြတဲ့ မြင်ကွင်း ဖြစ်နေရတာလဲ … ဖြူဖတ်ဖြူရော် အတွေးစ ဟာ လည်နေတဲ့ အရာ တစ်ခုခု မှာ ကျစ်ကျစ်လစ်လစ် ကို လိမ်ကျစ် မိသွားရမှာ …. ငါ့ခြေထောက်တွေကို ငါတိုးတိုးကလေး ပြောလိုက်တယ် ဒီနေရာကို ငါလိမ်ပြီး မင်းကို ခေါ်လာတာလို့ … ငါ့မျက်နှာပေါ်က အချိုတွေ ထည့်လိုက်တယ် ငါ့စကားလုံး ထဲက အခါးတွေ ထည့်လိုက်တယ် … ငါ့ အတိတ် ဆူဆူပွက်ပွက်ကို လောင်းချ လိုက်တယ် … ငါ့ခြေထောက်တွေ ထည့်ပြီး ငါ့ကိုယ်ငါ ခပ်နာနာကလေး မွှေလိုက်တယ် … အိပ်ငိုက်နေရင် သောက်ဖို့ ဘာမှ မရောထားဘူးလို့ ငါ့ခြေထောက်တွေကို ငါပြောပြီး တိုက်ရတယ် …. အိပ်ယာခင်း ဆိုတာ ဈေးထဲက ဈေးပေါပေါ ပိတ်စပေါ်မှာ L အို V အီး ဆိုတဲ့ သင်္ကေတ ပါနေတာ ကို ခေါ်တာ ။



nelay





ဖုတ်သွင်းရထား နဲ့ မဟူရာ ဘူတာ



လွန်ခဲ့တဲ့ တစ်နှစ်လောက်က မိတ္တူကူးနဲ့ မုန့်ဝယ်ဖို့ကို ကမ္ဘာကြီး ပြိုတဲ့ အထိ ထမ်းဆောင်ဖို့ပဲ တွေးတွေးနေတဲ့ ကောင် အတွေးတွေ ဂျောင်ထိုးပြီး ကထဲ က အမှောင်မှာ သာတဲ့ လ ကိုတောင် လှောင်ချင်နေတဲ့ ကောင် ဘတ် ဘတ် ဘတ် ဘတ် ဘတ် ဘတ်စ် ကားပေါ်မှာ အနားကပ်လာတိုင်း ခါချ ပုတ်ချ ခါခလူရည် မဝသေး တဲ့ ဘတ် ဘတ် ဘတ် ဘတ် ဘတ် ဘတ်စ် ကားပေါ်မှာ တန်းတွေ ခါတိုင်း ချတိုင်း လူတွေ လွှင့်လွှင့် နေတဲ့ ကောင် မအေ ဘေး လေးတွေ အကြွေးမအမ်းနိုင်တိုင်း ငါ့ဘဝတွေကို ပတ်တာ အိတ်ထဲက ထုတ်ထုတ်အမ်း စုတ်စုတ် အမ်း ပုတ်ပုတ်အမ်း မပြောရဲ မဆိုရဲနဲ့ ဘရိတ်အုပ်ထားတဲ့ မိသံ ဖသံ ဆူညံနေတဲ့ စောက်ကလေး အသံ တွေ လမ်းဘေး ဈေးသည်ကြားက တစ်ရာတန်တွေထဲမှာ ငါ့ခြေရာ ငါ့မျက်နှာ ငါ့စေတနဲ့ ဘယာကြော်တွေ တူး တူး တူး တူး တူး ဘုရား ဘုရား ဘုရား အစက ပြန်စ အပြန်ကစကြလေ မဝသေးတဲ့ ရုပ်ခွက်တွေနဲ့ လက်တွေယားလို့ ကုတ် ကုတ် ကုတ် ကုတ် ထားတဲ့ အမြှီးတွေ မှားမှားမှား စုပ် ဓါတ်တိုင်အောက်က ဆိုက်ကားသမားနဲ့ ပခုံးပေါ်က ကြောင် မြောင်ထဲမှာ ညှောင်နေတဲ့ လေသံအပွ ဦးလေးဒေါ်ဒေါ်မမ ကြွရောက်လာကြတဲ့ လူကြီးလူကောင်း ဧည့်သင်္ခါ ပရိတ်သတ် အပေါင်းကြီးတို့ မိတ္တူကူးဖို့ မုန့်ဝယ်ဖို့နဲ့ အိပ်မက်တွေကောင်းကောင်း မက်ကြစေဖို့ ငါ့ဂေါင်းထဲမှာ ဘာတွေ ဘာတွေ ဘာတွေဖြစ် ဖြစ် ဖြစ် ဖြစ် ဖြစ် နေ အသက် အသက် အသက် မွေးပြီးဝမ်းကျောင်း ကြောင်တောင်တောင်တွေဖန်ဆင်းဖို့ လက်မဖြစ်ဖြစ် ခြေမဖြစ်ဖြစ် စုပ်လို့ မဝတဲ့ ကောင် မိုးကောင်းကင်ကို လက်ညှိုးထိုး ပင်လယ်ကြီးကို လက်ညှိုးထိုး မြေကြီးပေါ်က မကြွတဲ့ အရောင်နဲ့ ပါးစပ်တွေဖြဲဖြဲပြီး ပြောင် တိုက်ဆိုင်မှုတွေခွဲထုတ် အစားထိုးပြီး ပြန်ပြန် ချုပ် ငါ့လက်ချုပ်ရာတွေ ငါ့လက်ချုပ်ရာတွေ 
မလိုချင်ဘူး မကြိုက်ဘူး မသိချင်ဘူး ငါ့အတွက် ငါ့အတွက် မိုးပေါ်မှာ ပန်းခင်းကြီးတွေပွင့် မြေကြီးအောက်မှာ အသေ ပန်းတွေလွှင့် ငါ့ကိုယ်ငါ အစားထိုးလို့ ပြန်ပြန်ချုပ် မိတ္တူကူးဖို့ မုန့်ဝယ်ဖို့ အစတွေ မူး အမူးတွေစ အဖြေတွေရ အမေးတွေပြန် ငါ့အနေ ငါ့အထား ငါ့စကားနဲ့ ငါ့စက္ကူတွေ ပုရွက်ဆိပ်တွေတက် ပုရွက်ဆိပ်တွေဆင်း ပိုက် ပိုက် ပိုက် ပိုက် ပိုက် ကွန်ထဲမှာ ငွေမိ လူတွေမိ မိန်းမတွေမိ မိ မိ မိ မိ မိ မိမဆုံးမသားတွေ အလုပ်ရလို့ အဟုတ်တွေပြ အပြတွေဟုတ် ငွေမရတဲ့ ရုပ်နဲ့ ကမ်းနဖူးမှာလေတွေတိုက်လို့ လိပ်ပြာလွှင့်အောင် အသံကုန်အော်လိုက်မယ် ….ငါ့တံခါးဝမှာ လာမရပ်ကြနဲ့ ငါ့တံခါးပေါက်ကို လာမခေါက်ကြနဲ့ ငါ့တံခါးဘောင်မှာ ငါ့ကိုခေါ်ဖို့ ငါ့ကိုအော်ဖို့ ငါ့နာမည်ကို မှတ်ပုံတင်ထဲကဖျက်လိုက်ကြဖို့ သန်းခေါင်းစာရင်းမှာ လူလိုနေလို့ ခြေသုတ်ခုံပေါ်က စောက်ရူးတွေကို ခေါ်ထုတ်သွားပါ မုန့်ကြွေးပရေတိုက်ပါ စောက်ကြီး စောက်ကျယ်များများ ပြောပါ ငါအိပ်နေတုန်း မိုးဇက်ရောက်လာ ငါ့ လည်ကို သူလှီးသွားလို့ သွေးတွေထွက် ကြမ်းခင်းတွေပေ မီးအလင်းရောင်တွေ သေကုန်ကြလို့ ငါ့ကိုထွန်းပါ ငါ့ကိုညှိပါ ငါ့ကို အိပ်ယာခင်းအဟောင်းကြီးပေါ်က ဆွဲချ ဘတ် ဘတ် ဘတ် ဘတ် ဘတ် ဘတ်စ် ကားပေါ်မှာ 
ဖင်ကိုင်ဖို့ကြိုးစားနေတဲ့ ဟိုကောင်တွေ ဆေးရုံရောက်ရင် နှာခေါင်းထဲမှာ ပိုက်တပ်ပြီး ဘုရား ဘုရား ဖြစ်ဖြစ် တရား တရား ဖြစ်ဖြစ် စည်းနဲ့ ကမ်းနဲ့ စည်းပြီး ကန်း ခိုင်းလိုက်မယ် စာလည်းရှည်ပြီး အဖွားလဲ သေပြီ လူ့လက်ဖျံထဲက အရိုးကို ငါက မျက်စောင်းထိုးမိလို့ အစားမကြွေး ရေမတိုက် ဘယ်သူနဲ့မှ မတူတဲ့ အမှိုက်ကို ပုန်းထဲကိုထည့် သုံးစားမရတဲ့ ငါက လေးစားမရတဲ့ သူ့ကို ငါးရိုးတွေကြွေး မစူးနိုင်တဲ့ မျက်လုံးတွေနဲ့ ဒေါင့်ပစ်လိုက်တဲ့ အစာမှာ ငါ့ကိုယ်ငါ နှစ်ချပ်ခွာလို့ ဒီဘူတာမှာ မဟူရာလိုက်တယ် ။



nelay



ဦးနှောက်တဲ့ အသက်ရှု တံ



အရင်တုန်းက လို အိုး အဟောင်းကြီးနဲ့ မရှုဘူး
သွားလေရာ သံချေးကိုက်နေတဲ့ အပ်တွေကိုမသုံးဘူး
သွားရည်တွေ ကျတိုင်း လိုက်ထိစပ်တွယ်ညှိမနေဘူး
ဦးနှောက်တွေဟာ ဆေးကို တကယ်အလိုရှိလို့
အားဆေး ဆိုပြီး ညာညာ တိုက်နေကြ
ငါ့ကိုယ်ငါ လုံခြုံမှုကို ငါ့ကိုယ်ငါ ထက်တန်ဖိုးထားလို့
ဆေးသမားဟာ ဦးနှောက်ကို ဖောက်စားဖို့ကြောက်ရွံ့နေတယ်
သတ္တိမရှိတဲ့ ပညာတတ်တွေရဲ့ အပ်ချောင်းထဲမှာ
ဆေးသမားဟာ ဉာဏ်မရှိသလို လွှန့်လူးမနေဘူး …
တစ်ရွက်ခြင်းစီဟာ သန့်ရှင်းလတ်ဆတ်လွန်းလို့ …
ဦးနှောက်ကြီးဟာ အဟာရတချို့ကိုဖယ်ထုတ်ထားရတယ် …
ဒါဟာ ဆေးသမားလောက် ဉာဏ်ရှိတဲ့ ဆေးသမားမျိုးကို
ဘာလို့ ဒေါက်တာဘွဲ့ထူးတွေ မပေးနိုင်တာလဲ …
ဆေးသမား ကောင်းစွာ ငြင်းဆန်ခဲ့ပါတယ် ….
ပညာရှိဖို့ထက် ဦးနှောက်ရှိဖို့ကို ဆေးသမားက


ကောင်းစွာဦးစားပေးလိုက်လေရဲ့ …
ဘိုးဘွားတွေရဲ့ ဆယ်နှစ်ရာသီမတိုက်ထားတဲ့ သွားကြားကအမျှင်ကို
ဆေးသမားကကောင်းကောင်းကလေးဆွဲထုတ်ခဲ့တယ်
ငါမသေဘူး ငါမရူးဘူး ငါနောက်မလိုက်ဘူး
ငါဟာ သူတို့တွေ အသက်ရှုထုတ်လိုက်တဲ့အနံ့ကိုမခံမရပ်နိုင်လွန်းလို့
ဆေးသမားအဖြစ်နဲ့ နှာခေါင်းတွေကို သန့်စင်တဲ့လေနဲ့ လုံခြုံမှုပေးခဲ့တယ်။
ဆေးသမားမှာ အမှန်တွေအမှားတွေရှိဖို့ မလိုအပ်လွန်းလို့
ဘေးမှာထိုင်ပြီး စောက်ခြောက်သီချင်းတွေနားထောင်နေတဲ့ကောင်ကိုစားလိုက်တယ်
အရိုးတွေဟာခါးလွန်းလှလို့ ဦးနှောက်ကြီးကထွေးထုတ်လိုက်တယ်
ဒါမပြီးသေးဘူး ဒါမပြီးသေးဘူး ဒါမပြီးသေးဘူး ဒါမပြီးသေးဘူး



nelay





အမုန်း



အချစ်
သွေးကိုချစ်တယ်
အလှတရားဟာမှောင်လွန်းလှလို့
ဘဝကိုတိုးတိုးကလေးရယ်မိတယ်

ခွေးတွေနဲ့ကစားစရာတွေ
လက်ချိုးရေထားတဲ့မျက်လုံးတွေ
တိုက်ခန်းနံပါတ်ကိုပြောပြောပြီး
လက်မပေါ်ကခရုခွေတွေကိုနာနာခေါက်နေရ

အချစ်
ဗုဒ္ဓကိုချစ်တယ်
တရားဟာမှောင်လွန်းလှလို့
လောကကိုတိုးတိုးကလေးရယ်မိတယ်

ခြေလှမ်းတွေနဲ့အသက်ရှုသံတွေ
သောက်တော်ရေအိုးထဲကပိုးကောင်တွေ
ခုနစ်ရက်နံပါတ်ကိုဟောဟောပြီး
ကြက်သွေးရောင်ပေါ်ကအစွန်းတွေကို
နာနာကလေးချွတ်နေရ

အချစ်
လိင်အပေးအယူနဲ့မိန်းမကိုချစ်တယ်
အခန်းဟာမှောင်လွန်းလှလို့
ရမ္မက်ဟာတိုးတိုးကလေးရယ်မိတယ်

အရေပြားတွေနဲ့ငွေကြေးတွေ
အဆင့်မြင့်အိပ်မက်ထဲကတစ်ခါသုံးဘဝတွေ
မိဘနံပါတ်ကိုတွက်ချက်ပြီး
လှောင်အိမ်ပေါ်ကကျောက်တုံးကို
ဓါးတွေထက်အောင်သွေးသွေးနေရ

အချစ်
မသန့်စင်ခြင်းကိုချစ်တယ်
သန့်စင်ခြင်းဟာမှောင်လွန်းလှလို့
အလင်းကိုတိုးတိုးကလေးရယ်မိတယ်

ပဝါအနားသားတွေ
မျက်နှာဖုံးတွေ
ဖန်ပုလင်းထဲကလိပ်ပြာတွေ
လူသေနံပါတ်ကိုရေတွက်ပြီး
မြက်ခင်းပေါ်ကမြက်ကို
အပေါက်တွေဖြစ်အောင်တူးတူးနေရ

အချစ်
စိတ်ကိုချစ်တယ်
အမှောင်ဟာစိတ်လွန်းလှလို့
အသိဉာဏ်ကိုတိုးတိုးကလေးရယ်မိတယ်

စိမ့်ထွက်လာတဲ့နံရံတွေ
မျှတတဲ့အရှုံးတွေ
စိတ်ထဲကအပိုလွှမ်းမိုးထားတဲ့အရာတွေ
စိတ်နံပါတ်ကိုရေတွက်ပြီး
တပ်ဆင်ထားတဲ့အရာတွေကို
စိတ်ပေါ်မတက်အောင်ခွာခွာချနေရ

အမုန်း
အချစ်တွေကိုမုန်းတယ်။



nelay








မိုးရာသီ (မြန်မာသံစဉ်)





လေ သံ အမှန်က ဒီလို ……


ရထား အပင်ပေါ်မှာ အကျိုးပြု မီးခိုးတွေက အူလို့
သောက်သုံးရေလိုနေတဲ့ မျက်နှာထားများနဲ့
လမထွက်တဲ့ ဟင်းလင်းပြင်မှာ
ခွေးတွေလဲ အူလို့ ဆူကြတယ်


ဘယ်လောက်ပြောပြော အမှတ်မရှိတဲ့ ကျည်တောက်တွေ
ရပ်အကျိုး ရွာအကျိုး သယ်ပိုးကြဖို့
စနေနေ့တိုင်း ထထလှဲနေတဲ့
ဥပုတ်သည်ကြီး လည်မှာ ဘာတွေများဆွဲထားပါ လိမ့်ကွယ်


ရေကျော်အရပ်မှာ လေးနေခဲ့တဲ့ ပဲဟင်း အရေကျဲတွေ ကရော
မွေးခါစ တောအုပ်ထဲက မီးတွေကိုပဲ မွှေးမွှေးနေကြသလား


ငါချွတ်ခဲ့တဲ့ စွတ်ကျယ် ဂျိုင်းအပြဲကလေး
ဘယ်နားမှာများ တင် မိခဲ့သလဲ


ကြားဖူးချင်ယောင်ဆောင်ခဲ့တဲ့ လေသံထဲမှာ
အရှေ့ရိုးမက မိုးတွေပဲ သွေးတိုး နေရတယ်


ဂျာနယ်ထဲမှာ ပါနေကြ စကားလုံးတွေကို ချက်ကြွေးပြီး
ဧည့်ခံရမယ်ဆိုရင် ဘုန်းကြီးတွေ အီနေကြမှာ စိုးတယ်


လေတွေများ အစမ်း တိုက်မိ လိုက်သလား
ဘာကိုများ သေသေချာချာကြားချင်နေတဲ့
အသိဉာဏ် အပိုင်း အစ တွေလဲ


လက်မဦးသေးခင်က
ကျောက်ဒိုးတွေကြီး ပိုက်ပိုက်ပြီး
င နဲ့ ငါ ကိုများ Patterns တွေခွဲခွဲပြီး စီစီထားတာလား


မိုးကောင်းတုန်းမှာ စာအုပ်တွေ ထုတ်ထားကြပြီး
မြစ်ကျိုးတုန်းမှာ လှေလုပ်စီးကြမဲ့ စက္ကူလှေတွေ
အများကြီး …. အများကြီး …. အများကြီး


ပျော်ပျော်ကြီးကို လက်ခတ် မှန်မှန်နဲ့ ညံ လိုက်ပါတယ်


ကတို့ ခ တွေ ကျန်အောင်လို့
တစ်ကောင် အော်တိုင်း လိုက်လိုက် အော်နေတဲ့ ဖားတွေ
ငါ့ အိမ်ရှေ့ ပိန်းပင်အောက်မှာ ငယ်သံပါအောင် ဆူကြတယ်


မိုးတွင်း အခါမို့
ရေမငတ်အောင်လို့ ပေါင်ပေါ်အောင် လိပ်တင်ထားတဲ့ အတွေးကို
ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ


စိတ်လိုလက်ရ လေမလည်နိုင်တဲ့
ဒီလို ဥတုရာသီမျိုးမှာ
ရွာနေတဲ့မိုးကို ငါက လက်ဆိပ်တက်အောင်သာ
ဆိတ်လိုက်ချင်ရဲ့လေ


ငယ်ငယ်ထဲက မ၀ ခဲ့တဲ့ ရာထူးကို
သေခါနီးမှ ၀ ၀ လင်လင် စို့စို့နေကြတဲ့
ဝက်အိုကလေးတွေ ကြောင့် ခွေးအိုမကြီး မျက်နှာတောင်
ပိန် လို့ ချုန်း လို့


ပုတ် လို့ ခတ် လို့ ရိုက်ခတ်လာတဲ့ လှိုင်းတွေက
သေလောက်အောင်မာတဲ့ ကျောက်ဆောင်တွေကို
စား ….. စား …… စား …… စား


နွံနစ်သွားတဲ့ ပတ္တမြားတွေ အပင်ပေါက်လာတော့
ရထားလမ်းပေါ် ရေကျော်ထားတဲ့ အထာ နဲ့
သွေးထဲမှာ ဂျာနယ်လစ်စ် အတု တွေ ရောရောပြီး
Ethic တွေ အလပ်ဂျစ် ဖြစ်နေကြတယ်


ကုရာနတ္ထိ ဆေးမရှိပါပဲ


မိုးရာသီမှာ ပိုးပေါင်းစုံထ တဲ့ စုံတောမြိုင်ကြီးထဲ
Intro ကို စန္ဒရားသံ လေးလေးကြီးနဲ့
ကျနော် ချစ်သော မိုးရာသီ ဆိုပြီး စန္ဒရားလှထွဋ် စတိုင်နဲ့
ငါက မြန်မာသံလေးလေးကြီးကို ညည်းလိုက်လေရဲ့ ။



nelay











Saturday, September 15, 2012

ရုပ်ရှင်ကြည့်သူများ



ရုပ်ရှင်ကြည့်သူများဟာ မုန့်ပဲ သရေစာနဲ့ ဈေးကြီးကြီးပေးဝယ်ရတဲ့ လက်မှတ်ကို လွှင့်ပစ်လိုက်ကြ ။
မမြင်ရဘူး ဆိုတဲ့ အမှောင်ထဲမှာ ချောင်းဟန့်သံဟာ ငါ့ရင်ကိုတုန်သွားစေသလား ။
ရုပ်ရှင်ကြည့်သူများဟာ ပိုက်ဆံမပေးရတဲ့ လက်မှတ်ကို တယုတယ ကိုင်လို့ ရုပ်ရှင်ရုံမဟုတ်တဲ့ ရုပ်ရှင်ရုံကိုဝင်လာကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
စုပုံထားတဲ့ အရောင်ကတောင် ငါ့ရင်အုံပေါ် နင်ခြေသွားသလား။
ရုပ်ရှင်ကြည့်သူများဟာ ရုပ်ရှင်ရုံရှေ့မှာ ဖိနပ်ကို ညီညီညာညာ ချွတ်လိုက်ကြ ။
လက်မှတ်ဖြတ်တဲ့သူတွေက ပိုက်ဆံမရတဲ့ အလုပ်နဲ့ လက်မှတ်တွေကို ဝမ်းသာအားရ ဆုတ်လို့ ဖြဲလို့ ပြုံးလို့ ပျော်လို့ ။
ငါက တစ်ခါတစ်လေ အကောင်းဖက်က စဉ်းစား ကြည့်ရတာကို အရသာတွေ့လာ ။
မကြာပါဘူး ။
မိုးတွေရွာ ။
မကြာပါဘူး ကောင်းကင်ကြီးက မှောင်လို့ ။
မကြာပါဘူး အလင်းရောင်ကို ရုပ်ရှင်ကြည့်သူများဟာ တိုးတိုး တိတ်တိတ် လှောင်ဖို့ ကြိုးစားလိုက်ကြ ။
အတ္တဟာ သုံးပုံ တစ်ပုံအထက်ကို ရောက်လာတော့ ရုပ်ရှင်ကြည့်သူတွေဟာ နေကြာစေ့ကို ထုတ်ဝါးဖို့ မေ့နေ ။
နေကြာ စေ့ မရောင်းပါ ။
နေကြာစေ့ မဝယ်လာပါ ။
နေကြာစေ့ ဝါး မဲ့ ပါးစပ် တွေက ရုပ်ရှင်ကြည့်ရင်း ဟ နေရလို့ ။
နှလုံး ခုန်သံတွေက ပါးစပ်ထဲမှ အသံတွေအဖြစ် ထွက်ကျလာ ။
ရုပ်ရှင်ကြည့်သူများဟာ လိုက် မကောက်အားဘူး ။
လက်နှစ်ဖက်က မအားဘူး ။
လက်နှစ်ဖက်က လက်ခုပ်တီးဖို့ အဆင်သင့် ။
မမြင် ကွယ်ရာမှာ ရွံ့နေကြတဲ့ လက်တွေတောင် ငါတို့ အသံနဲ့ အမှီလိုက်လို့ တီးလို့ ခတ်လို့ လက် ခုပ်သံတွေ ပြည့်လို့လျှံလာကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
နေပြည်တော်မှာ မြင်ဖူးကြမယ်မထင်ဘူး ။
ရှေ့ဆောင်မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction MawTin Cineplex Theatre 1 မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction MawTin Cineplex Theatre 2 မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Naypyitaw Mini Theatre မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction Square Cineplex Theatre 1 မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction Square Cineplex Theatre 2 မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction Square Cineplex Theatre (3D) မှာ မြင်ဖူးကြမယ်မထင်ဘူး ။
မင်္ဂလာ (Dagon Center – D II ) (3D) မှာ မြင်ဖူးကြမယ်မထင်ဘူး ။
မန္တလေး မြို့မ မှာ မြင်ဖူးကြမယ်မထင်ဘူး။
မန္တလေး ဝင်းလိုက် မှာ မြင်ဖူးကြမယ်မထင်ဘူး။
ရုပ်ရှင်ကြည့်သူများဟာ အိပ်မက်ကို ခပ်နာနာကလေး ရိုက်နိုးလိုက်တဲ့ အသံမို့ ။
နီးစပ်ရာတွေ ထိ လျှံရတယ် ။
သိပ်မကြာပါဘူး ။
ရုပ်ရှင်ကြည့်သူတွေဟာ ဘာ ဖြစ် မလဲ ကြိုကြိုသိနေတဲ့ အသိဉာဏ်မှိုင်းတိုက် ရုပ်ရှင်တွေကို ထွီး … ခနဲ ထွီး … ခနဲ ထွေးထုတ်လိုက်ကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ဆိုက်ကားသမားကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ မိဘမဲ့ကလေးကို မျက်ရည်ကျ ကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ သုံးရက်လောက်ထမင်းမစားရတဲ့လူကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ဝက်မွေးတဲ့ မိန်းမတွေကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ပန်းချီဆရာကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ဇာတ်လမ်းပြောင်းပြန်ကို ကြိုက် ကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ဝက်သားသည်ကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ
မိတ်ကပ်များနဲ့ မျက်တောင်အတုတပ် မိန်းမတွေကို မုန်းကြ ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ဟန်လုပ်ထားတဲ့ ပုံရိပ်တွေကို ဆွဲဆုတ်ကြ ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ အသံတုတွေကို ရွံမုန်းကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ မျက်ရည်တုတွေကို ဟားတိုက်ကြ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
ပိတ်ကားထက်က အရောင်တွေ ပြန်ပြန်ဟပ်တိုင်း ရုပ်ရှင်ကြည့်သူတွေဟာ ဆေးလက်စ မျက်နှာများကို သုတ်လိုက်ကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
ရုပ်ရှင်ကြည့်သူတွေဟာ
မမြင်ဖူးတဲ့ ရုပ်တွေ
မမြင်ဖူးတဲ့ အသံတွေ
မမြင်ဖူးတဲ့ စကားတွေ
မမြင်ဖူးတဲ့ အငြင်းအခုန်တွေကို အံ့သြကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
ရုပ်ရှင်ကြည့်သူတွေဟာ တကယ့် မင်းသမီး မင်းသားတွေကို မေ့သွားကြ ။
ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ကြည့်နေကြ ။
ရုပ်ရှင်ကြည့်သူတွေဟာ ဘဝတွေကိုကြည့်နေကြ။
ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ရုံအပြင်မှာကြည့်နေကြ။
ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ကြည့်သူတွေနဲ့ အတူတူ ကြည့်နေကြ။
ရုပ်ရှင်ကြည့်သူတွေဟာ တီဗီတွေကို မေ့ထားလိုက်ကြ။
ရုပ်ရှင်ကြည့်သူတွေဟာ အသံတွေကို မြင်နေရ ။
ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်တွေကို ကြားနေရ ။
ရုပ်ရှင်ကြည့်သူတွေဟာ ပိတ်ကားအပြင်ကို မြင်နေကြ။


ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ကြည့်ရင်း ရုပ်ရှင်ဖြစ်လာကြတယ် ။


nelay




Inspiration from ဝဿန်ရုပ်ရှင်ပွဲတော် #2





Wednesday, September 12, 2012

စုန်းတစ်ကောင်ဟာ ကဗျာဆရာကို လိပ်ပြာသန့်လိုက်တဲ့ ည



စုန်းမဟာ သူ့ပါးပြင်ပေါ်က မျက်ရည်စ များကို သုတ်လိုက်တယ် ....
ပြီးတော့ သူဟာ ခပ်တည်တည်နဲ့ youtube ကိုဖွင့်ပြီး သူ့မျက်ရည်စ များကို upload တင်လိုက်တယ် .... ခဏနေတော့ .... အမေရိကန်သမ္မတ တစ်ယောက်ယောက်က ဖေါက်ပြန်နေတဲ့ ရုပ်ရှင်တွေကြားက ဝုန်းခနဲ ခုန်ထွက်လာပြီး .... မြန်မာပြည်လို့ သုံးကြိမ်အော်လိုက်တယ် ...
ဒီတော့ ... စုန်းမ တင်ထားတဲ့ youtube ကို ဝင်ရောက်ကြည့်ရှု့သူပေါင်း သန်းချီသွားလေရဲ့ ..... တကယ်တော့ ..... လူ့အရိုးတွေ ထည့်ထည့်ပြုတ်ထားတဲ့ .... အိုးးးး .... ဆိုတာ .... ပွက်ပွက်ဆူနေမှ ကြည့်ကောင်းတာမဟုတ်လား .... တံခါးက ကျွီးး ခနဲ့ ဖြေးဖြေးကလေး ပွင့်လာတယ် .... ငါ့ စိတ်အထင် ... ပန်းချီဆရာ ဟာ သူ့ဒေါက်ဖိနပ်ကို ဖွဖွ ကလေး နင်းလာရ ပုံ ရတယ် ..... သူ့စုတ်တံနဲ့ အဲ့ဒီ လူ့အရိုးပြုတ် အိုးကို .... တုန်တုန်ယင်ယင်နဲ့ မွှေနေလိုက်တယ် .... ဘာလို့ဆို .... သူ့ခြေဖဝါးအောက်က ဒေါက်ဖိနပ်တွေကို ခြေဖျားထောက်ပြီး အသံမ မြည်အောင် စီးထားရလို့လေ ...
ဒီမြင်ကွင်းကို မြင်တဲ့ ကဗျာ ဆရာက စိတ်ငြိမ်ဆေး ငါးလုံး ပြူးလိုက်ကို ပါးစပ်ထဲ ပက်ခနဲ ပစ်သွင်းလိုက်တယ် ..... ဒါနဲ့ .... ဒေါက်တာက နှလုံးခုန်သံနားထောင်ဖို့ သူ့ နားကြပ်ကြီးကို အမြင့်ကြီးမြှောက်လိုက်တယ် .... ငါလဲ ကြောက်ကြောက်နဲ့ .... ငယ်ငယ်က အမေပြောဖူးတဲ့ ပုံပြင်တွေထဲ ဝင်ပုန်းနေလိုက်တယ် ..... ဘယ်ရမလဲ .... ခေတ်ကိုထင်ဟပ်ရမယ်ဆိုတဲ့ စကားလုံးထဲမှာ …. ငါ့နာမည်များပါမလားလို့ လိုက်ရှာကြည့်လိုက်တယ် … လားလား …. ငါ့နာမည်မပြောနဲ့ …. ငါကြည့်ဖူးတဲ့ ရုပ်ရှင်ထဲက မင်းသားနာမည်တောင်မပါဘူး ….. ဒါနဲ့ …. စုန်းမက ပြောတယ် ….. နင်တို့တွေ ခေတ်မှားရောက်နေကြတာပဲ …. စုန်းမကို မှန်ထဲမှာ ရှင်းလင်းတိကျစွာ ငါမြင်လိုက်ရတယ် … လားလား … စုန်းမက ငါတို့ ကြားဖူးတဲ့ ပုံပြင်ထဲကလိုမဟုတ်ဘူး ….. သူက နှုတ်ခမ်းနီ အနီကို ရဲနေအောင်ဆိုးထားတာမှ …. တကယ့်ကို လိင်စိတ်ကြွစေတယ် …. ဒါရိုက်တာက ဒီမှာ ဆရာကြီးဝင်လုပ်ပြီးပြောတယ် …. မင်းတို့တွေ ပရိတ်သတ်ကိုလေးစားရမယ်ကွ …. ဒါရိုက်တာရဲ့ …. စကားလဲဆုံးရော …. စာကြည့်တိုက်ထဲက စာအုပ်တွေ သူ့အိမ်မှာ တပည့်ခံဖို့ ထွက်ပြေးကုန်တယ် ….. မထူးပါဘူးကွာ လမ်းပေါ်က အကြွေတွေ လိုက်ကောက်ပြီး ငါလဲ မှီရာ စပယ်ရာ နဲ့ လိုက်ရတယ် .... ဒါနဲ့မဆီမဆိုင် လွှတ်တော်ထဲက ဝန်ကြီးက သူ့စာတန်းရှည်ကြီးကိုဖတ်ပြတယ် …


“ငါက ကဗျာဆရာဖြစ်ချင်တာမဟုတ်ဘူး
ငါက ကဗျာဖြစ်ချင်ခဲ့တာ
ကဗျာရေးနေရယုံနဲ့ ငါ့မှာပြည့်စုံနေတာ
ကဗျာဆီကနေ ငါက
ဘာတစ်ခုမှ ကြီးကြီးမားမား မျှော်လင့်ထားတာမဟုတ်ဘူး
ကဗျာကို ကဗျာအတိုင်း တယုတယ ထားချင်ခဲ့တာ
ကဗျာတွေကို သူ့ရဲ့လုံခြုံတဲ့နေရာမှာ ထားဖို့အတွက် ….
ရုပ်သေးဆိုတဲ့ လူတစ်ယောက်ဟာ ခရီးတွေအများကြီးထွက်ပြီး
တစ်ခါတုန်းက ရုပ်သေးဆိုတဲ့ လူတစ်ယောက်ရေးတဲ့ကဗျာတွေရှိနေခဲ့တယ်”
ဖြစ်ချင်တော့ စာတန်းက တစ်ဝက်တစ်ပြက်နဲ့ မပါလာဘူး …. အဲဒီ့ ဝန်ကြီးလဲ မကြာပါဘူး အပေါ်က တစ်ဝက်တစ်ပျက် စာတန်းရှည်ကြီးလဲ ဖတ်ပြီးရော …. တစ်ခါထဲပြုတ်သွားပါလေရော …..
စုန်းမဟာ တီဗီပေါ်မှာ ပါချင်လွန်းလို့ ….. သူ့ကိုယ်သူ အမ်တီဗီ တစ်ပုဒ်ရိုက်တယ် ….. သူရိုက်တုန်းကတော့ ….. ကိုယ်ပိုင်ဖန်တီးမှု ပါပဲ …. တီဗီပေါ်ပါလာတော့ …. သူ့သံစဉ်ကြီးက …. ဟိုက ဆိုလား ဒီက ဆိုလား …. ကူးချထားတာကြီးဖြစ်နေတယ် …. ဒါနဲ့ဗျာ …. စုန်းမလေ .. သုံးရက်သုံးည လုံးလုံး ငိုလိုက်တာ လွန်ပါရော ………… ။



nelay











Monday, August 20, 2012

ရင်ဘတ်တူမှ လမ်းလျှောက်ချင်တဲ့ သူတွေအတွက် *Brassiere လိုတယ်






သူတို့တွေနဲ့ ပေါင်းလို့ သူတို့လို ကဗျာ .....
သူတို့တွေနဲ့ အရက်သောက်လို့ သူတို့လို လေချဉ် ....
သူတို့တွေနဲ့ ရောနှောထားလို့ သူတို့လို အရောင် .....

သူတို့တွေနဲ့ ကြိုက်လို့ သူတို့လို အကြိုက် …..
သူတို့တွေနဲ့ ရင်ခုန်လို့ သူတို့လို ရင်ခုန်သံ ….
သူတို့တွေနဲ့ facebook သုံးလို့ သူတို့လို မျက်နှာ ….
သူတို့တွေနဲ့ အိမ်သာ တက်လို့ သူတို့လို ချီးးးးးး ….

သူတို့တွေနဲ့ နိုင်ငံတကာကဗျာတွေဖတ်တော့ သူတို့လို တကာခံတဲ့ ကဗျာ …
သူတို့တွေနဲ့ လက်ရေးလှပြိုင်လို့ သူတို့လို လက်ခလေး ရေး ကဗျာ လှလှ …

သူတို့တွေနဲ့ ဘုရားသွားတော့ သူတို့လို တရား တရား တရား ကဗျာ တရား …
သူတို့တွေနဲ့ မိဘမဲ့ကျောင်းသွားလို့ သူတို့လို ကလေးထိန်း ကဗျာ ….
သူတို့တွေနဲ့ ဒဿနအကြောင်းကို ဒသမ ချပြတော့ သူတို့လို ဒဿ ကဗျာ ….
သူတို့တွေနဲ့ Gtalk မှာ စောက်ဖောင်းထုတော့ သူတို့လို စောက်ဖေါင်း ကဗျာ …
သူတို့တွေနဲ့ ဖင်ခံကြတော့ သူတို့လို ဖင်ခံခံနေတဲ့ ကဗျာ ….
သူတို့တွေနဲ့ ကောင်းတာတွေလုပ်လုပ်နေရလို့ သူတို့လို ကောင်းသွားပြီထင်ထင်နေတဲ့ ကဗျာ …
သူတို့တွေနဲ့ ဟိုပွဲ ဒီပွဲ မျက်နှာပြမှ သူတို့လို မျက်နှာရရနေတဲ့ ကဗျာ ….

သူတို့တွေနဲ့ ဟိုသီအိုရီ ဒီသီအိုရီကြီးကို လူကွယ်ရာမှာ ဖင်ပိတ်လေ့ကျင့်ထားလို့
သူတို့လို ဆရာဖြစ်ချင်နေတဲ့ ကဗျာ …..

သူတို့တွေနဲ့ လမ်းအတူတူလျှောက်တော့ သူတို့လို ခြေထောက်
သူတို့တွေနဲ့ အခြောက်အတူတူလှမ်းတော့ သူတို့လို အခြောက် ….

သူတို့တွေနဲ့ အတင်း အတင်း အတင်း တူတူ နေရလို့
သူတို့ နာမ်တွေ ဝင် ဝင် ပူးးးး ခံနေရတဲ့ ကောင် ….


ဘယ်မှာလဲ ….
မင်းရဲ့ ကိုယ်ပိုင် ကဗျာ ....

ဘယ်မှာလဲ ….
မင်းရဲ့ ကိုယ်ပိုင် လေချဉ် ....
ဘယ်မှာလဲ ….
ဘယ်မှာလဲ ….
ဘယ်မှာလဲ ….
မင်းရဲ့ ကိုယ်ပိုင် ………. အသံ ….. ။



nelay





creidt: wiki
*A brassiere is a woman's undergarment that supports her breasts. Bras are typically form-fitting and perform a variety of functions and have also evolved into a fashion item. The primary purpose of a bra is to enhance the wearer's comfort by supporting her breasts.