Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Tuesday, August 26, 2014

ကျောင်းမှာ မသင်ခဲ့ရတဲ့ ပုံပြင်



ပြုတ်နေတဲ့ ပါးစပ်ကို ပြန်တပ်ပြီး လန်းနေတဲ့ အမြီးကို ပြန်ကုတ်ရတယ်
ဒါဟာ သောကြာနံမကင်းတဲ့ လူသုံးဦးရဲ့ ညနေခင်းပွဲတော်တစ်ခုပဲ
ရှင်းတာတွေကိုနားထောင်ချင်လွန်းလို့ ဟောပြောပွဲတကာလိုက်တက်နေတဲ့သူက
ကဗျာဖတ်ဖို့ စ လုံးတွေ ပါမလာခဲ့ဘူး ဒါဆို လက်ညှိုးကို နားထင်ပေါ်တေ့ပြီးပစ်ထည့်
ဘာသာရေးအသုံးအနှုန်းတွေနဲ့ မလွတ်ကင်းသေးတဲ့ မိတ်ဆွေတွေကို မနှုတ်လောက်တစ်ပေါင်း
အခေါင်းထဲရောက်မှ ငါတို့တွေ့ကြမယ် မျက်ရည်နဲ့ မျက်ခွက်ကို ကော်နက်ရှင်ကောင်းတိုင်းတင်
စာလုံးပေါင်းတွေ ပြင်ပြင်ပြီးမှ ကလေးတွေကို သင်ရမယ်တဲ့ ရောဂါကြီးကြီး ထမ်းထားပြီးမှ
အိပ်မက်ကြီးကြီးတွေ ချချရေးနေရတယ် လက်ဖျောက်တီးလိုက်တိုင်း ဂေါင်းထောင်လာတဲ့ နတ်မင်း
ဟောဒီ့ တလင်းပြင်မှာ ဘယ် လဒ မှရေမငတ်ဘူး ကိုယ့်ကိုယ်ကိုယ် ဖန်ဆင်းရှင်အထင်နဲ့
ရေမသောက် ရှုးမပေါက်ဘူးတဲ့ ကဲ ဘယ်လောက်များ လဒ တွေ အ ကြသလဲ
ပုံရိပ်ရောင်တွေကိုများ မှုံဝါးဝါးမြင်နေရရင်ဖြင့် အမြင်တွေမကြည်လင်ပဲ ငါတို့ဝေးသွားကြပါပြီးသတဲ့
ချွတ်ထားတဲ့ မျက်မှန်ကိုမှ အားမနာ ဇာတ်တူသားတွေပဲ စားနေတဲ့ စာသားတွေသူ့ကိုယ်ပေါ်မှာ ရွှဲလို့နစ်လို့
ငါ့ကိုယ်ငါ ကဗျာရေးလို့ မရတော့ဘူးဆိုပြီး ဆက်အိပ်နေတာ ဘယ်ကလာတဲ့ ဝိဉာဉ်မှန်းမသိတသိက
မနက်အာရုဏ်ကြီး ရင်ဘတ်ကို ဖနောင့်နဲ့ ကန်ပြီးနှိုးတယ်လေ မြင်ဖူးနေတဲ့ ရာသီဥတုကြီးကိုပဲ
မြည်တွန်တောက်တီးပြီး ပြန်ထရတယ် ပညာရှင်ကြီးတွေရဲ့ နာမည်ကို မြန်မာအသံထွက်နဲ့
ကဗျာတွေထဲ ထည့်ထည့်ရေးနိုင်မှ လူထင်ကြီးမယ်ဆိုလဲ ငါက အိမ်သာ ဆက်တက်နေအုံးမှာပါပဲ
လူကြီးပီပီ ဖင်ပေါ့တယ် မီဒီယာ အသုံးအနှုန်းတွေထဲ အပေါ်ရည်စိမ်ထားတဲ့ အချပ်ပိုတိုင်းပါ
ပါပြီးရင်း ပါ ဗလာစာရွက်တွေ အကုန်သုံးလိုက်တာတောင် ရှေ့က စို့နေတဲ့ အတုံးက မဆင်းနိုင်ဘူး
ငှက်ပျောတုံးသာ ဆိုတယ် ရင့်လို့ထော်လို့ ငါတော့ ဒီကမ္ဘာပြီးရင်ဖြင့် လူဖြစ်ဖို့ကို အတော်စဉ်းစားရအုံးမယ်
အော် ကျေးဇူးပြုပြီး ငါ့ရှေ့မှာ လာလာ ဖန်ဆင်းပြမနေပါနဲ့တော့ မင့် နှလုံးသားထဲက ကြည်လင်အေးမြခြင်းကို
ဘုရားမှာလှူ ဆွမ်းတော်ကပ် ပန်းတွေဆက်ပြီး လူ့ဖြစ်ခြင်းရဲ့ အနှစ်ကိုသာ အမေကိုဆပ် အဖေကိုဆပ်
လူ့မုန်းတီးရေးဝါဒ အလွန်က ခဏခဏခတ်နေတဲ့ အမြီးကို ဘယ်ဂီတအတွက် စည်းချက်လိုက်နေသလဲ



nelay





No comments: