ပိုးဟပ်ကိုခေါ်ပေးပါ
ပိုးဟပ်ကို ငါအော်ခေါ်လိုက်တယ်
ပိုးဟပ်က ငါ့အနားလာတယ်
ပိုးဟပ် ပါးစပ်ကို ငါဖြဲကြည့်လိုက်တော့
ဆက်သွယ်မှု ကရိယာနဲ့ ၀ါယာကြိုးတွေထွက်လာတယ်
ငါနားမလည်တဲ့ ဆိုရှယ်နက်ဝေါ့ကိုမျိုချထားတဲ့
ပိုးဟပ်က
ငါရှင်းပြဖို့လိုတဲ့
ငါမရှင်းပြချင်တဲ့ မေးခွန်းတွေနဲ့
ငါ့အပေါ်တက်လာတယ်
ငါ့မှာ ယား ယား ယား ယားးးးးး
ယားးးး လိုက်တာ
အဲလိုမျိုး သူမ လည်တိုင်နုနုပေါ်က
ပြေးဆင်းလာတုန်း ငါချှော်လဲတယ်
ပိုးဟပ်က ငါ့ အလံ ကိုဆွဲယူပြီး
သူသိမ်းပိုက်လိုက်တဲ့
ငါ့ ဒူးမှာ စိုက်ထူဖို့ကြိုးစားတယ်
ငါ့မှာ အသံမကြားအောင်
သူ့ကို
ချစ်လို့ မုန်းလို့ လွမ်းလို့
ငါးပါးသီလကို ခဏခဏချိုးဖူးတဲ့
ပိုးဟပ်လိုမျိုး
လူကြီးတွေလို ငါ့ကိုယ်ငါ
ဆဲတတ်အောင် သင်ယူရင်း
ပုတ်သိုးနေတဲ့ ခြေအိတ်စုတ်တွေကို
ပိုးဟပ်မမြင်အောင် ငါပစ်ရတယ်
ပိုးဟပ်ဟာ အခုတော့ ခေါ်မကြားအော်မကြား
ဘယ်အသံတွေနောက် ဘယ်မာတိကာအောက်ဝင်ပုန်းလို့
ငါ့အသံကိုများယဉ်သွားရော့သလား
ပိုးဟပ်ဆိုတဲ့ သဘာဝက
အသံကြားရာ ပြေးပြေးလာတတ်တဲ့သဘောမှန်း
ငါကောင်းကောင်းကြီးသိလျှက်
nelay
No comments:
Post a Comment