Pages

Thursday, July 1, 2010

ဟင်လင်းပြင် အရွေ့ပြောင်းခြင်း မူလ -နေနှင်းစက်- nelay

ဟင်လင်းပြင် အရွေ့ပြောင်းခြင်း မူလ





တိမ်ပေါ်ပစ်တင်လိုက်တဲ့ မျှော်လင့်ချက်တွေ ပေါ့


အခန်းဆက် ရုန်းထွက်လာတဲ့ ပင်လယ်ကမ်းစပ်မှာ
ငါ့ကိုငါ မြင်လိုက် ၀ါးလိုက် ဒီလိုနဲ့
နောက်တော့
အနီရေ ..
ကျနော့ လက်တစ်ဖက် ရေစုံမြုပ်နေတုန်းပဲ


ရေစက်တွေပဲပြန်ကျလာတာ
ဗလာကျင်းတဲ့ မလုံခြုံမှုနဲ့
တိမ်နံရံတွေက ဟားတိုက်ရယ်တယ်


ဘုရားလည်း မဖူးဘူး လိပ်ဥလည်း မတူးဘူး
ဒါလည်းဘဲ ညည ဆို
ကျွန်တော် လေသိပ်ငတ်တယ် ....


ဒီလထဲက တစ်ရက်ရက်
ငါ့နေ့စွဲအဟောင်းရော အသစ်ရော
ဖိနပ်ချွတ်ပြီး သစ်ရွက်နောက်က အသံတွေကိုစောင့်နေတယ်


နောက်ထပ် ... နောက် တစ်ခါ ထပ် ပြီး ...
အနှီရေ ... ဒီည နောက် တစ်ည ...
ညတွေ ညတွေ ပြီးရင် ..
စကားလုံး ပျောက်လို့ စကားလုံးနဲ့ ကောက်
ဒီခရီး ရောက်ပါ့မလား ..


ပြီဆုံးခြင်းကို မပြီးဆုံးသေးတဲ့အကြောင်း
ဗလာအပွင့်တွေထဲ လိပ်ပြာထွက်ခွင့်နဲ့
အသက်အရှည်ကြီး ... မက်ခွင့်ပေးထားတယ်


ရေသောက်မြစ်ပေါ်
နောက်တစ်ခေါက် ရောက်သည်အထိ ..
ကျွန်တော်တို့ လမ်းထူထူဖောက်ကြမယ် ...



-နေနှင်းစက်- nelay

No comments: