Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Sunday, August 24, 2008

အတိတ် တော၊ တောင်၊ ကန်၊ မြစ်



ကောင်းကင်ထဲမှာ ဒေါင်းတွေအဆုပ်လိုက်ပျံသန်း
မမောပန်းနိုင်တဲ့ ကြိုးကြာလမ်းတွေ ရိုးမအနောက်ခြမ်း
ဧရာအစွန်းမှာ ဟင်္သာတို့လူလူလွန့်လွန့် ကမ်းမရှိတော့တဲ့နဖူးအိမ်
ဦးပိန်လိုအရှည်မျိုးမှာ ငါးပလူးတို့ဒိုင်ပင်ထိုး လေကြမ်းနဲ့ဇရပ်ကျိုးတွေ
မင်းကွန်းအသံတွေတခြမ်းအက်လို့ ဧရာလွမ်းတဲ့ လမ်းကြမ်းပေါ်က လှေခြေရာ
အင်းလေးလိုညမှာ ညောင်ရွှေတွေ ရင်ခေါင်းသံနဲလွမ်းကြ ဒိုက် တို့စည်ရှည်တီးတဲ့ည
လမ်းတံတားခတွေနဲ့ ဥတို ယိုင်နဲ့နဲ့ကျားကန်ရင်း ချစ်ရှာတယ်
ဧရာဝတီမလေးဟာ အလယ်ပိုင်းရဲ့ကွမ်းတောင် ရွှေသရဖီရဲ့ သခင်မ
ညောင်ဦးကမ်းကို လက်ပစ်ကူးတဲ့ ''နေ'' ထိပ်ထားဒေဝီကိုချစ်ရေးဆိုတဲ့ ဇုံဝမ်းရဲ့ ကမ်းနဖူးတွေ
ကျိုက်ထိုက ရာဘာတွေ ထုတ်ပိုးမရတဲ့ လမ်းကြမ်းဘေးက ကဖေးဆိုင်ဖုန်ရောင်နဲ့ ရှယ်တခွက်
တောင်ကြီးလိုမလိမ်နဲ့ မကောက်နဲ့ မေမြို့ကို တညတည်းနဲ့ တစ်ပတ်ပတ်ခဲ့တဲ့ ရန်ကုန်သား
ကုန်ကားတွေအကွေ့ကြမ်း ကျောက်စလစ်တွေ လွင့်စင်ကျတဲ့ ပလောင်တောင်လမ်း
ချောင်းသာလိုအမူးညမျိုးမှာ မီးတောက်တွေမောပန်းနွမ်းလျ အိမ်မပြန်ချင်တဲ့ ညတွေ အဆုပ်လိုက်လောင်ကျွမ်း
မြောက်ဦးကို မရောက်ဖူးတဲ့မောင် ဘာရေးရမှန်းမသိတဲ့နောက် ဘုရားမဲတွေရည်မှန်း ကတော့
ပုသိမ်မှာ ထီးဆောင်း ရေဆင်းငါးတွေကျောင်းတုန်းက အိုးတင်တဲ့ဖောင်ကြိုးပြေတဲ့ ည . . .
ရွာငံစိုက်ခင်းမှာ ပန်းဝါတွေအပြည့်ထည့်လိုက်ရတဲ့ မောင့်ကင်မရာ မောနေရှာတယ် . . .
ပင်းတယဂူမှာ ဖလင်ဆေးခဲ့စဉ်က ညောင်ရှည်တွေ အကိုင်းလိုက်ကိုကွေး ရှုမဝငေးဖွယ်
အနီအဝါ အကွက်ချတဲ့ အညာမြေဟာ အချောင်းလိုက်ကိုလှ ထန်းပင်ပေါ်ကဘဝတွေ မွန်းမလွဲခင်မော့ကြရတာ
သီပေါမင်း အိပ်ခန်းထဲ ခိုးဝင်ပုန်းအောင်စဉ်က မန်းသူလေး ငါ့ပြောက်လို့လိုက်ရှာ တိတ်တိတ်လေးပျော်ခဲ့ရတာ
ဇက်စောင့်ရတာပျဉ်းဖို့ကောင်းတဲ့ ဖားအံ ဇွဲကပင်မှာ စောဇွဲနွယ် ကိုတွေ့ခဲ့ လမ်းတွေကောင်းလှတယ်
ကြယ်ငါးလုံး ဟော်တယ်ထဲက ရေပူစမ်း ဘုရင့်ညီဂူအနောက်ခြမ်းမှာ ငါစိမ်ခဲ့စဉ်က နွေးလိုက်တာ
မုတ္တမကိုဖြတ် ဘီလူးကျွန်းပေါ်အခြေချစဉ်က အရာရာဟာ ''ပလဲ'' နေတော့တာ ဘီလူးသူလေးတွေကချစ်စရာ့
ကဗျာဆရာတယောက်ပြောတဲ့ စစ်ပင်ကြီးကိုင်းတဲ့ တံတားဖြတ်တော့ စက္ကူနံ့တွေမွှေးလိုက်တာ ...
ကျောက်ဆည်ရောက်တော့ ဆင်တွေမှောက်နေကြပြီး ဘော်ကြယ်တွေနဲ့ လမ်းပိတ်အောင်ပျော်တဲ့ ဆင်ငထီး
ဒီလိုနဲ့ နေဝင်ခြင်းအမှုကို ပြုလုပ်ကြရာမှာ ....
ငါ ဟာ ..... တောင်ကြီးငါးလုံးကာရံတဲ့ ဧရာဝတီမြစ်နဖူးမှာ
ချစ်တဲ့သူအတွက် မင်္ဂလာစေတီပေါ်က နေဝင်ခြင်းအမှုကို တမြတ်တနိုးရိုက်ကူးထားလိုက်တာ
၂ဝဝ၈တောင်ရောက်လာခဲ့ပေါ့လေ .... ။



nelay





No comments: