Friday, August 22nd, 2008
ဘယ်ဖက်လက်ရဲ့ ည''လေ''မျိုးနဲ့ ငါ့ကိုခွာချ
မွန်းမတည့်ခင် သတ္တုတို့ပြာကျ နံရံဟာအတော်လှနေပြီ
ညာဖက်လက်ရဲ့ လက်ညှိုးလေးနဲ့ တံခါးကိုဖွင့်
ငါ့အချိန်တွေ ဆုပ်ဖမ်း ငါ့လမ်းမှာ လာမရပ်ကြနဲ့ မုတ်ဆိုးလူကြမ်း
လက်သည်းလေးနဲ့ သံသရာတလျှောက် အရှည်ခြောက်ခြား . . . လှနေပြီ
ကြမ်းပြင်ဟာ နှစ်ခြမ်းကမ္ဘာ သတင်းစာမှာလူတွေပြောက်
ခြောက်ခြားဖွယ်ရာညများ ကုတ်ခြစ်စရာအချောအလှတွေ . . ရူးလို့သေ
တိမ်၉ရဲ့ နောက်ဆုံးခေါ်သံ အမှောင်မဒန်းရဲ့ ကနဇိုးမိုးခေါင် . . အက
ညဟာ အတော်မောပန်း အောက်နှုတ်ခမ်းနဲ့ ဂီတဟာလွှမ်းနေပြီ
ထိုးဆေးတွေကျွမ်းသွားတဲ့ ကမ်းနှဖူး သူတော်စင်တွေမနှစ်မျို့ဘူး
ရင်တခြမ်းဟာ တစဆီပဲ့ကြွေ ခရမ်းရောင်အစတွေနဲ့ မှန်ကွဲတို့ရှ
ငါ့ကိုတင်ထားတဲ့ အပြစ်တွေ ဘာမှန်းမသိ လျှောက်လမ်းမရှိ ခတ်ပိတ်
မှုန်ဝါးပြောက်ကွယ်မလားဆိုတဲ
ငါ့ကို . . . ငါ့ကို . . . ငါ .... မျက်လုံးတွေတိတ်ဆိတ် ပါးစပ်ရဲ့အဆိပ်နဲ့ မှောင်
ကျောရိုးတလျှောက် ဆောက်လုပ်ထားတဲ့ မဟူရာညများ လှဲလျှောင်းအိပ်စက် အဆိပ်တခွက်နဲ့
ပြောစရာမရှိအောင် လက်သည်းတွေထူးထူးလာကြ ညှပ်လို့မရတဲ့ ဆံပင်တခြမ်း ကွေးလိမ်
ရှောင်မရတဲ့ ပုလင်းခွံ ဖုန်းဆိုင်ရဲ့ အခြေမှာ အမြစ်တွယ်ရင်း ပွင့်သီးကွဲကျ . . ခွမ်း . . .
လောကကြီးလန့်နေပြီး ၉နာရီ ၁၁မိနစ် ငါ့ကိုပြောကြ ငါ့ကိုပြောကြ သီးပွင့်ခြင်းရဲ့ အစတွေ အခုကျ
ဘာကြောင့်များလှနေရတာလဲ မျက်နှာတခြမ်း ခြေတလှမ်းနဲ့ တစ်ရာသီပြောက် ရေတံခွန်တွေ
ငါဖန်းတီးတဲ့အချိန်ပေါ် တိမ်၉ဟာအလွန်ပျော်နေပြီ . . . . ။
nelay
No comments:
Post a Comment