Sunday, August 10th, 2008
ငရဲပြည်ကို ခုထိုင်ပြီးပူလောင်တယ်ဆိုတဲ
လှေကားမပါပဲ နတ်ပြည်ကိုလဲသွားချင်ကြရဲ့
အတွေးအသေတွေနဲ့ တူးဖေါ်နေကြတာများ
လက်မှတ်အလကားရတဲ့ သက်တန်းစေ့ ကပွဲတွေ
ဒါနဲ့များ ဘ၀ကိုလျှာထုတ်ပြတတ်သေး
များများမလိုတဲ့ ပုလင်းတွေ ငါ့အိမ်ရှေ့မှာ ဟန်ဆောင်ရီပြနေပုံက
နောက်မှပြောမဲ့ ပုံပြင်တပုဒ်ကိုလဲ ကြားဖူးချင်ပုံရတယ်
နေမင်းဟာ တက်သစ်စအဆိုတော်လေးမို့ ဆိုင်းဘုတ်ဆွဲပေးကြပါအုံး
တကယ်ချစ်တယ်ဆိုတဲ့ မီးခိုးတွေမှိုင်းတိုက်နေတာမ
ဧပရယ်လမှာမွေးတဲ့သူဆိုတော့ နည်းနည်းတော့ဂွကျတယ်
ရွှေတောင်ဆေးလိပ်ကိုလဲ ဖွာရဲ့ နှင်းဆီကိုလဲ ဖင်ဆီခံခြစ်ရဲ့
သူတောင်းစားကိုလဲ အားရပါးရနမ်းဖူးတယ်ဆိုပါတော
ဒါနဲ့များ ပြည်လမ်းကိုဖာနေသေးတယ်
ငါမနေဘူးတဲ့ စာသင်ကျောင်းကြီးကိုလဲ လည်ပြန်ငေးရင်
သူတို့လေးတွေ စာသင်ခွင့်ရဖို့ တောင်းဆိုဖူးပြန်တယ်
ဘတ်စ်ကားတွေကြပ်လိုက်တာ လူစော်ကိုနံ့ရော
ပညာတတ်ကြီးတွေ ဆိုက်ကားနင်းတဲ့ခေတ်ဆိုတော့
ရေပုလင်းကို ငွေနည်းနည်းရောထားတယ်
ဆရာဇော်ဂျီလို
အသားတော်အရောင်ထွက်တာက မှောင်နက်လို့မဲညို
ထောင်ထွက်နဲ့မကွဲလိုတယ် ...
အဲလိုလူတွေလဲ ပိတ်လိုက်ပွင့်လိုက်နဲ့ ဟိုစမ်းစမ်းဒီစမ်းစမ်း
အမေချစ်တဲ့သားတွေလဲ ကျောဂုံးကိုမီးမြိုက်ရင်
အဖေချစ်တဲ့သမီးတွေလဲ သေတွင်းကိုနင်းစိုက်ရင်
ဖီးလိမ်းပြင်ဆင်ထားပုံက ရှိတ်စပီးယားနဲ့ ဂျှော်နီဒီပ် ငိုလောက်တယ်
အပျိုအရွယ်မှာဖြစ်တတ်တဲ့စိတ့
ငါ့ကိုအူတူတူငေးလွန်းတယ် အိမ်ရှေ့က ခွေးငယ်ရယ်
ပိတောက်ပင်တွေမွှေးစဉ်က ခြံထဲမှာ လသာလို့
ခုံဖိနပ်တွေနဲ့ သီတွဲအလှဆင်ရင်း မြေတလင်းဟာပြောင်လွန်းတယ်
သီတင်းကျွတ်တော့မယ် အမေရေ ... လမ်းထိပ်ကအပျိုကြီးလို
ငယ်သံပါအောင် ချစ်လိုက်ကြရင်း တဆောင်မုန်းတွေ ပြုံးသွားကြပြီ
မုန်းတိုင်းမိတဲ့ သရက်ပင်လဲ အရွက်တွေစုတ်
ငါးရာတန်နဲ့ ထောင်တန်တွေလဲ ထိပ်တွေပြဲ
နှစ်ရာတန်ကိုလုံးခြေပြီး စပယ်ယာကိုပေးထားတယ်
ဒီနှစ်ဝါကျွတ်ရင် ဆန်ဈေးတွေလဲကြီးအုံးမယ်တဲ့
nelay
No comments:
Post a Comment