Pages

Saturday, November 3, 2012

ကြွက်

ကြွက်



အနီးက ရှု့ခင်း
အဝေးက ရှု့ခင်း
တခင်းခင်းကို ရှင်းမှ ဖြစ်မယ်ဆိုပြီး
မြက်ခင်းထဲက ကြွက်ဟာ ထွက်လာ
အရင်တုန်းက ဗိုလ်အောင်ကျော် တိုက်ကြို့တိုက်ကြားတွေမှာ ကပ်ကပ်ပေါက်နေတဲ့ မြက်တွေကို စားစား နေတဲ့ ကြွက်ပေါ့
အခုတော့ လှည်းတန်း ဂုံးကျော် တံတားကြီးရဲ့ အောက်မှာ မျက်မမြင်တစ်ယောက်ရဲ့ ခြေသံကိုစောင့်ရင်း ပျဉ်းရိသန်းဝေနေတဲ့ ကြွက်ပေါ့
မျက်နှာတွေကို ကပ်ကပ်ပြီး နားထောင် လိုက်တိုင်း အဟာရချို့တဲ့ နေတဲ့ နှလုံးသားဟာ တစ်စက္ကန့်ကို အကြိမ် ကိုးဆယ်နှုန်းနဲ့ ခုန်နေတဲ့ ကြွက်
ထမင်းဆာ လို့ အစာအိမ်က ထုတ်ထုတ်နေတဲ့ အက်စစ်ရေတွေကြောင့် စိတ်ဓါတ်ခဏခဏ အကျခံပြီး အစာ အငတ်ခံနေတဲ့ ကြွက်
သွေးတွေ မြင်တိုင်း နောက်ဖေးလမ်းကြားထဲက အမှိုက်ပုံကို ငြိမ်းချမ်းရေး ကြိုးဝိုင်းအထင်နဲ့ ခဏခဏ လမ်းသလားနေတဲ့ ကြွက်
တခြားကြွက်တွေ တူးပြီးသား တွင်းတွေမှာ မာနကြီး တခွဲသားနဲ့ ခြေလှမ်းကို ဖွဖွလှမ်းရင်း အရေးပေါ်တွင်းတူးနည်း ကျမ်းကို ရှာရင်း လမ်းပျောက်နေတဲ့ ကြွက်
တာဝန်ယူချင်စိတ်ရှိတဲ့ ကြွက်
အရင်တုန်းက လူလစ်မှ မီးဖိုချောင်ထဲ ၀င်ဝင် ခိုးတတ်တဲ့ ကြွက်ဟာ လူသိရှင်ကြား နာမည်ကြီးချင်လွန်းလို့ နာမည်ကြီး တဲ့ လူတွေ ၀တ်တဲ့ အတွင်းခံကို ၀င်ဝင်ခိုးရင် မသိမသာ နာမည်ကြီးကြီး လာတဲ့ ကြွက်
ကြွက် တစ်ကောင် နာမည်ကြီးလာတော့ ကြွက် ဘာလုပ်လုပ် လူတွေက အပြစ်မမြင်ကြတော့ ကြွက်ကို ဒီအတိုင်းလွတ်ထားလိုက်ကြတယ် ကြွက်ကလဲ ကြွက်တွင်း ကြွက်တူးပြီး
အနီးက ရှု့ခင်း
အဝေးက ရှု့ခင်းနဲ့ စကားမပြောတဲ့ ရှု့ခင်းများကို တွင်းဝ ကနေမျှော်နေလိုက်တာ သီတင်းကိုကျွတ်ရော ။




nelay

No comments: