မင်းမျက်ရည်တွေကို သူတို့က ထုတ်ပြီးရောင်းစား ပျော်ပါး
ကောင်းကင်ကိုမော့ကြည့်လိုက်တိုင်း
ကောင်လေးတစ်ယောက်
ပုဒ်ကလေးတွေ ဆူးဆူးသွားတဲ့ ဒဏ်ရာနဲ့
ထီးမေ့ကျန်ခဲ့တဲ့ ဥာဏ်ကို
လက်နောက်ပစ် အတွေးအခေါ်တွေ အ၀င်မခံနိုင်ဘူး
အသိတရားကို ခွဲခြားဖို့
ခွဲခွာခြင်း မှတ်တိုင်မှာ
ငါတို့ကျောတွေရဲ့ လက်ခလယ်တို့ မအားမလပ်နိုင်
သစ်အိုပင်ကြီးတွေ ထမ်းထမ်းထားရတဲ့
အနက်ရောင်မြွေကြီးကို လျှောက်ဖို့
ငါတို့ခေါင်းမှာ စွတ်ထားတဲ့ ဘီးတွေခွာချ
စိတ္တဇပဲ
လန်းတယ်
မလန်းနိုင်တဲ့ သံတွေကို ပန်းပစ်
ဝါးစားပြီးခါစ သွားများမို့
ပလက်တီနမ်ရောင်နဲ့ ပါးပြောင်နေကြ
ကောင်လေးရဲ့ ရှေ့ဆုံးက စောက်တစ်လုံးကို
သူတို့အာခေါင်ထဲမှာ ဠာန်းကရိုဏ်ကျကျ
ကိုးကွယ်ထားရတဲ့ လက်မှတ်တစ်စောင်
သူတို့အတည်ပြုပြဠာန်းထားခြင်းများကို
နေမ၀င်ခင် အဆိပ်ခပ်လို့ ရယ်မောပျိုမြစ်
အရှေ့မြစ်ကြီးထဲက ဆယ်ယူသမျှကို အသစ်ဖြစ်စေတယ်
အသိအမှတ်ပြုစရာမလိုတဲ့
ဆပ်ပြာပူဖေါင်းတွေ ဖောက်ကြရတဲ့
အိပ်စက်ခြင်းများနဲ့
စောက်ကောင်လေးများ လမ်းထထလျှောက်နေတယ်
nelay
No comments:
Post a Comment