Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Monday, May 17, 2010

ဘီလူးဆိုင်းနှင့်တီးခတ်ဖြေဖျော်လိုက်သော ဝါကျအတိုအရှည်များ



# $ ကျပ် @ ! ) * ^ (
စစ်တိုက်တမ်းကစားနေကြတဲ့ဗျာ
သိထားဖို့ကဘယ်ကမ္ဘာမှာမှ စစ်ကိုမလိုလားကြဘူး
ထစ်ကနဲဆိုစိတ်ထကကောက်
ဗျစ်ကနဲဆိုတိုင်းတံတွေးမထွက်ဘူး
အဖြစ်သည်းနေရင် အိပ်ပြန်အိပ်လိုက်
အလေအလွှင့်နဲ့အမှိုက်ကိုမီးရှို့ရင်
ဒီလောက်မြန်မြန်မလောင်ဘူး
အလင်းဆိုတာမျက်စိမှုန်တတ်တယ်လား။
အစွန်းထွက်ကမ်းပါးကြီးတွေ
အနေအထိုင်လွဲချော်သွားတဲ့နေ့တွေ
အူမ မတောင့်ပဲ အယ်လ်ကိုဟော စစ်စစ်လိုက်ရှာမိတဲ့အဖြစ်
ဟေ့ရောင်..နီလေး ဒီကမ္ဘာမှာ စစ်ပွဲမလိုဘူး
စက်ဆုပ်ရွံ့ရာမိပေမယ့် ခေါက်ရိုးအကျိုးအကြေမရှိပဲ
သန့်သန့်ပြန့်ပြန့်လေးဝတ်လိုက်ရင်တော့
အမွေပြတ်စွန့်လွှတ်စရာမလိုဘူးပေါ့
ပြောလိုက်တဲ့ဒိုင်ယာလော့ခ်ထဲမှာ ဒီအခန်းမပါဘူး
မနက်စောစောထမယ်
သဏ္ဍာန်မဲ့ စကားလုံးတွေ ပီပီသသရွတ်မယ်
ဆန္ဒရှိတဲ့အတိုင်း တစ်ရွာဝင်တစ်ရွာထွက်မယ်
နာကျင်မှုနဲ့မျက်ရည်တွေ တွေ့ရင်တွေ့နိုင်တယ်
အိပ်ပြန်နောက်ကျလို့ အမေစိတ်ညစ်ရမယ့်နေ့တွေ ရှိမယ်
လေးလံထုံမှိုင်းမှုတွေရှိမယ်..
ရုပ်ဝတ္ထုကိုအကြောင်းပြုပြီးခဏခဏခလုတ်တိုက်ဖို့တော့လိုတယ်။
အဲဒီ့ စောက်ရေးမပါတဲ့ ငွေကြေးတွေနဲ့
ငါသေရင် ရေဝေးမှာ ငါ့ကိုမသဂြိုၤလ်ကြနဲ့
ငါ့ကျင်းငါတူးပြီး ငါခန္ဓာကို မြေသြဇာလုပ်ပစ်မယ်
စောက်ရေးမပါတဲ့ ငွေကြေးနဲ့
အခွံလွတ် မျက်နှာဖုံးတွေထဲ ဟန်လုပ်ပြီး
အသက်ရှင်ကျန်မဲ့ စောက်ရေးမပါတဲ့ လူသားတွေကို
ကျော်ဟိန်းလို စောက်ဂရုစိုက်ခံချင်လို့ ပိုစတာထုတ်ပြီး
ငါနှုတ်ဆက်မနေဘူး
သိချင်သိမသိချင်နေ
စောက်ရေးမပါတဲ့ လောကကြီးရေ
အိပ်မက်နဲ့လက်ထပ်ချင်သေးလို့လား
စကြဝဠာတစ်ဝှမ်းလုံးကို လွှမ်းမိုးထားချင်လို့မှမရတာ
သေချာပြီဆိုမှ ကောင်းကင်ပေါ်တက် မီးရှို့ကြတာပေါ
တိမ်ပြာမှုံလောက်တောင် အသုံးမဝင်တော့တဲ့ ငါတို့က
ဘာကိုအသုံးဝင်ချင်နေကြတာလဲ
လင်ယူသားမွေးပြီး အောင်မြင်တယ်လို့
ကြွားလုံးထုတ်အုံးမလို့လား
မြုံနေတဲ့ နမတွေတော့ ပြုံးနေတော့မယ်
မီးလျှံအဖုံဖုံကို တုန်ရီနမ်းရှိုက်ပြီးမှ
ငါ့ဗဟိုစနေမှာ လောကကြီးအတွက်
ဘာတခုမှချန်နေစရာမလိုတော့ဘူး
လောကကြီးက
စိတ် ပျက် လက် ပျက် ထွေး ထုတ် လိုက် တဲ့ ကြယ်ကြွေ တွေပါ
လေထုနဲ့မတဲ့ လို့ မီးထတောက်တာ ဆန်းသလား
ဘာကိုမှခံစားမနေနဲ့
ယနေ့အထူးလျှော့ဈေး ၁၀၀ % ဒစ်စကောင့် (discount)
လေကောင်းလေသန့်တစ်ပိဿာ ၁၁၁၀ကျပ်။



အမည်မဲ့၊ nelay





No comments: