Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Wednesday, May 5, 2010

သို့ …. နိုရာနီ



မျက်လုံးကိုဖွင့်လိုက်တော့ ၈နာရီကိုရောက်တယ်။ ညက အိပ်မက်ထဲမှာ နှိုးစက်သံက … 
ယခုဘဝအထိပါလာလို့ ကျနော် မျက်နှာမသစ်ဖြစ်ခဲ့ဘူး။


ကျနော့် အင်္ကျီပန်းနုရောင် လက်ရှည်ကလေးကို ခေါက်ပေးစဉ်က … 
နာရီစက္ကန့်သံဟာ ရင်ဘတ်ထဲမှာခိုဝင်ရူးခဲ့။ မျှားအစင်းတစ်ထောင်စူးဝင်သွားတဲ့ ဝေးကွာမှုမှာ … 
ကြယ်သီးတပ်ပေးတဲ့ လက်ချောင်းကလေးတွေ လက်ပြနှုတ်ဆက် ….


ကျနော် မမူးပါဘူး။ 
နှလုံးခုန်သံလွန်ကျူးသွားတဲ့ မနက်မှာ 
အမြစ်တွေ စောင့်မျှော်နေတဲ့ နေခြည်စိမ်းကိုကိုင်ထားတဲ့ ကျနော်လက်တွေဘာလို့ တုန်နေခဲ့တာလဲ …. ။ 
မျက်ဝန်းအိမ်ထဲ တိုးဝင်လာတဲ့ အနက်ရောင်သတို့သမီး အရာအားလုံး လင်းလင်းရှင်းရှင်း မနက်ခင်းထက် ပိုလှပါတယ်။


သတို့သမီးမျက်နှာပေါ်မှာ ကျနော့်တစ်ကိုယ်စာ မြင်နေရတဲ့ တိမ်တိုက်တွေရှိတယ်။ 
လမ်းကူးသွားတဲ့လူတွေ ကျနော့်ကိုမမြင်ကြပါဘူး။ 
အခန်းထဲက ဒေါသနဲ့မေတ္တာ ပန်းချီကားပေါ်မှာ ကရုဏာသက်မှုတွေ ငုံ့ကြည့်နေကြတယ်လေ။


အရာအားလုံးဟာ ဘာမှမဟုတ်တဲ့ စက္ကန့်သံကို နောက်ဆုတ်သွားတဲ့ 
ခေတ်မှာ 
ဟင်းလင်းပြင်တခုသာ နီးကပ်ခဲ့ပါတယ်။ ကျနော်တို့ စိတ်တွေ ဝေးခဲ့လို့လေ။ …. ဝေး …… ခဲ့ ……. လို့ …. ။ ကမ်းနဖူးမှာ ဖက်ထားတဲ့ နာမ်နှစ်ခု အခုတော့ တစ်ခြမ်းစီ ပျက်ကျခုန်ဆင်း …. လှိုင်းသံတွေလဲ အခန်းထဲမှာ ချင်းချင်းနီ သွားပါရဲ့ဗျာ … ။


ဘေးချင်းကပ်လျှက် မမောင်းထုတ်လိုက်ပါနဲ့ လက်ရမ်းပေါ်က ခိုနှစ်ကောင် စိတ်ချင် အိပ်ငိုက်နေကြတယ်။ လွင်ပြင်တခုရဲ့ ကြားခံ ခြောက်သွေ့မှုမှာ …. ကျနော်တို့ လက်ချင်းဆုတ်ကိုင်လို့ … ပုဝါဖြူကိုလှုပ်နှိုး … ညနေခင်းလေပြေတွေလဲ ဝင်လာရောလေ … ။


ကျနော်က အပူကြီးပါတယ် … နေမင်းကိုမျိုထားတဲ့လူဆိုတေ ာ့ … သတို့သမီးကို မကျွမ်းလောင်စေချင်တော့ပါဘူး။ ဒါပေမဲ့ အနက်ရောင် သတို့သမီးရဲ့ ဈာပနဟာ ထာဝရလှနေမှာပါ။ တွန်းလှဲလိုက်တဲ့ ခြေသံတွေကို နားမလည်ဘူးလေ …. ကျနော်တို့မဟုတ်တဲ့ ဝိဉာဉ်နှစ်ဖေါ် အခန်းထဲမှာ ပျော်ခဲ့ဖူးမှာပါ။ သူတို့စောင့်ကြည့်နေတဲ့ ရပ်ဝန်းမှာ ထွေးဖက်မိတဲ့ ကျနော်တို့ရဲ့ ဘဝထိခေတ်သံဟာ ဘယ်လောက်ကျယ်ခဲ့သလဲ …. ။


သူကတော့ သတို့သမီးကို သူ့လက်ပေါ်မှာ အိပ်စက်စေခဲ့ဖူးတယ်။ သူကတော့ သတို့သမီးကို မြေမြှုပ်ပေးခဲ့ဖူးတယ်။ ကျနော်ကတော့ ကုတ်အင်္ကျီ အနီရောင်လေး ဖုံးပေးခဲ့ဖူးတယ်လေ။ ဘာများကွာခြားလို့လဲ အဆက်အဆက်မရှိတဲ့ဘဝတွေ။


နေဝင်တော့မယ် ပြန်ကြရအောင် … ။ အပြီးအပိုင် မပြန်နိုင်တဲ့ တောင်ပံတစ်စုံသာ … ကိုက်လန်ကျော်ထဲ အပိုင်းပိုင်းပြတ်။ ကြက်တောင်ပံ ကင်ထဲ အစိတ်စိတ် ချို … ။ စကားမပြောလိုတော့ဘူး သတို့သမီးရေ …. ။ မျက်ဝန်းထဲမှာ အဖြေရှိပြီးသားပါ။ စကားလုံးမလိုတဲ့အဖြေထဲမှာ ဘာလို့
မေးခွန်းတွေအထပ်ထပ်သေနေအုံးမှာလဲ …. ။


နောက်ကျောမှာ ကျနော်ချိတ်ပေးခဲ့တဲ့ ဂျိတ်ကလေး … ထာဝရညှိတွယ်ပေးပါ။ ဝတ်ပေးခဲ့တဲ့ အမှောင်ကိုတန်ဖိုးထားပါ။ ပိုက်ကွန်လို မချုပ်နှောင်လိုတော့ပါဘူး … ။ ပိုက်ကွန်အင်္ကျီကလေး ဝတ်ပေးခဲ့ပါ့မယ်။
အလှတရားမရှိတဲ့ ဥတုပျိုမှာ ကျနော်ငေး …………………………………. ။


လမ်းကြားထဲမှာ ကျနော်မလိုလားတဲ့ နတ်ဆိုးတွေ ထိုင်စောင့်နေတယ် ။ ကျနော်လဲ စောင့်နေခဲ့ဖူးတာပါပဲ။ မှန်များအားလုံးကိုအရောင်တင ်ပြီးရင် … ။ လှောင်အိမ်နွယ်ဆူးအိုထဲ ပြန်ဝင်ခဲ့အုံးပေါ့။ နွေးထွေးပါတယ်။ မလုံခြုံဘူး။ ဘယ်အရာကရော လုံခြုံမှုကို သေချာစေခဲ့လို့လဲ … ။ အဲဒီနတ်ဆိုးကိုမေးကြည့်ရအုံးမယ် …။ မျက်ရည်ဆိုတာ နှလုံးသားက အပိုထုတ်လွှတ်လိုက်တဲ့ တံထွေးစက်တွေလားလို့ … ။


ကျနော်ထွေးခဲ့ဖူးပါတယ် ။ သူတို့ဟာ တံထွေးစင်လို့ စင်မှန်းမသိတဲ့ သူတို့သာဖြစ်ခဲ့။ ကျနော်သာ နစ်ခဲ့ရတဲ့ တိမ်အိုတခုပါ။ ဒီနေ့ မိုးရွာလိမ့်မယ်။ အမှောင်တွေပြေးတက်လာပြီ သတို့သမီးပျို … ကျနော့်ကိုဖက်ထားစမ်းပါ။ မလုံခြုံတဲ့ ရာသီတခုကို အားကုန်သာ ဖက်ထားစမ်းပါ။ ကျနော့် မုတ်သုန်နောက်ကျလိမ့်မယ်။


ဘာမှလုပ်စရာမရှိတော့ဘူးလေ ။ လုပ်စရာတွေက ဘာမှကို သိပ်များခဲ့ပါတယ်။ ကျေးဇူးပြုပြီး နားထဲက အသံတွေတိတ်ပေးကြပါ။ ဟိုးးးးး ဝေးးး ဝေးးး က စာလုံးပေါင်းတွေ စကားမပြောနိုင်လောက်အောင် အဲဒီ့ အပင်ဟာ တစ်ပင်လုံး နီရဲ ခဲ့ပါတယ်။


စမ်းချောင်းကလေးပေါ်က ရွက်ကြွေများလို ဘဝကို ပျော်ပျော်သာနေခဲ့ပါတော့။ကျ နော် မနေနိုင်ဘူး သတို့သမီးပျို … ။
နတ်ဆိုးတွေ ပျိုးဆက်ထားတဲ့ ခရေကုံးကို လိုချင်တက်မက်မှုနဲ့မလိုချင်တက်မက်မှု … အောင်မြင်မှုက အပျိုပျက်ပြီးစ မျက်ရည်များပါပဲ ။ ဟိုးးးးးးးးး မှာ ကြည့် …. ။




……… အစိမ်း ……. အဝါ ……… အနီ ………




သူရူးတစ်ကောင်ရဲ့ မီးပွိုင့် မျှော်စင်မှာ ကျနော့်လိပ်ပြာပခြုပ်ထဲက
လိပ်ပြာအစိမ်းရောင်ကလေး လွှတ်ပေးလိုက်တယ် …. ။



nelay





No comments: