ငါတို့ရဲ့အိမ်ရှေ့ခန်း နှစ်ယောက်ထိုင်ခုံပေါ်မှာ
အစာအိမ်နှစ်ခု အစာခြေဖို့ မေ့နေတဲ့ အဟုန်နဲ့
လူသတ်သမားကို မှန်ထဲမှာ ပြုံးပြခဲ့ကြတယ်
ဒါကို အယုံသွင်းတဲ့ ကံကြမ္မာစက်ဝန်းအတွင်းက
မျက်ရည်စက်တွေ ငါ့လက်ထဲ ပွင့်ကြွေပြတ်ကျ
ပုန်းခိုနေတဲ့ တောအုပ်ထဲက အစိမ်းရောင်ညများ
ပြတင်းတံခါးမှာ ပြတိုက်မျက်နှာဖုံးနဲ့ ရီနေကြတယ်
ဘယ်မလဲ ကဝေ ဘယ်မလဲ
လမင်းရဲ့ မှောင်ရိပ်သာ တောအုပ်ကိုဝါးမျိုမသွားဘူးဆိုရင်
ညနေ ၆နာရီ ကျိန်စာလဲ ငါစောင့်နေကြ လှေကားထစ်များကို
ရေတွက်နမ်းရှိုက်ပေးလိမ့်မယ်
အတွက်အချက်ညံ့တဲ့ လက်ချောင်းများထဲမှာ
ငါ့ကိုသုညက လက်ညှိုးဖြစ်ခွင့်မပေးခဲ့ဘူး
စိတ်သဘောတွေကြီးစိုးသွားတဲ့ အတ္တမှာ
နတ်ဘုရားကိုသတ်တဲ့ ၀ိဥာဉ်က နှစ်ခါပြန်သေရတယ်
တိမ်ဆိုင်တွေ ကိုးကွယ်ရတဲ့ ကဝေစိတ်တွေ
နတ်ဘုရားကို သတ်တဲ့မာယာပန်းဆိပ်တွေလဲ
သွေးကြောထဲက မျက်ရည်အပိုင်းအစများနဲ့
ငါ့အစိမ်းရောင် ပန်ဒိုရာလေးထဲ ကဝေရယ် အမုန်းရယ်ထိခတ်
အမိုက်တရားနဲ့ သီကျူးငွေ့ရှိုက်လို့
အပွင့်တွေ နီမရတော့တဲ့ ၀င်္ကဘာ
အပြုံးတွေဘာလို့ သေချာချင်နေခဲ့
အရှေ့တစ်လမ်းသွား ဥယျာဉ်မှာ အမှောင်က ၀တ်တွားငြိမ်သက်
အပျော်ရောင်နောက်ကျိကျိ ဘ၀ထဲမှာ
လျှပ်ပြက်ယုံကလေး အရသာခံဖို့ ကျောင်းဆင်းပေးတဲ့ညနေတစ်ခုပါ
ငါ့ကိုကျမ်းပြုပြီး သေချာတယ်ဆိုတဲ့ ကံတရားကို
ဟာသမှတ်စုထဲက ကဝေ နင့် လက်မှတ်ထိုးဖို့လက်တွေ
ငါ့အိပ်ကပ်ထဲမှာ နှစ်ခြိုက်နေကြတယ် ။
nelay
No comments:
Post a Comment