Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Tuesday, June 24, 2008

ဈာပနပို့သူများ



ပုလင်းထဲမှာ မရှိတော့ဘူး


ငါ့ကို နည်းနည်း ဟောဒီ့လောက်ကလေး
နည်းနည်းပေးပါ။


ပုလင်းထဲမှာ မရှိတော့ဘူး
အေး …
ငါ့ကိုယ်ထဲမှာလဲ အသဲမရှိတော့ဘူး
ပုလင်းထဲမှာ မရှိမှတော့ ဗိုက်ထဲရောက်သွားလို့ပေါ့ကွာ


ဆေးရုံသွားရအောင်
မသွားချင်ဘူး
ငါ့ကိုနည်းနည်း ဟောဒီ့လောက်ကလေး
နည်းနည်းပေးပါ။


ဆေးရုံသွားရင် ဒီလောက်ကလေး နှစ်ခါတိုက်မယ်လေ
စက္ကန့်သံတွေမကြားချင်ဘူး ငါ့လက်တွေတုန်နေလို့ပါ
ဆေးရုံသွားရအောင်
သနားလို့အိမ်မှာထားတာနော်
ဆေးရုံသွားရအောင် ကျန်းမာလာရင်ဒီ့ထက်ပိုသောက်နိုင်တာပေါ့


ဆေးရုံသွားတော့ရော င့ါအသဲက ဟော့ဒီ့လောက်ကလေးပြန်ပြည့်မလာဘူး
ငါမကျန်းမာချင်ဘူး ပိုက်ဆံကုန်ပါတယ်ကွာ ….
ငါ့ကို နည်းနည်းဟောဒီ့လောက်ကလေး နည်းနည်းပေးရင်
ဆေးရုံသွားတာလောက် မကုန်ပါဘူးကွာ …


ဖယောင်းတိုင်းတွေ မီးမတောက်တော့
သူငယ်ချင်းမင်းမျက်နှာက မီးပျက်နေတယ်
ငါတို့ငယ်ငယ်တုန်းကလို အိမ်ဆောက်တိုင်းဆော့ကြမယ်လေ
အိမ်မှာမနေပါနဲ့ကွာ
ဒီအရွယ်က ဈာပနပို့ရမဲ့အရွယ်မဟုတ်ဘူး


ငါ့ကိုနည်းနည်းပေးကြပါ …
ရေဝေဖြစ်ဖြစ် ထိန်ပင်ဖြစ်ဖြစ်
ငါ့ကိုပိုက်နဲ့သွယ်ပြီးတိုက်မယ်ဆိုလို့
ဆေးခန်းလိုက်လာတာလေ
ဆရာဝန်ကလက်ခါပြတယ် တိုက်လိုက်ပါတော့ကွာ
စိတ်ချမ်းသာ အောင်သာထား
အဲဒီ့စကား အခွန်းတိုင်းကို
တစ်လုံးချင်းစီ အနှေးပြကွက်နဲ့ ခဏ … ရပ် … ထား ….


စိတ်………………….. ချမ်း ……………….. သာ ……………….. အောင် ………… ထား ……….
ဟူးးးးးးးးးးးးးးး


ငါ့ကိုနည်းနည်း ဟောဒီ့လောက်ကလေး
ဘဝထဲမှာ အခုချိန်ထိလိုက်ရှာခဲ့တဲ့ စိတ်ချမ်းသာမှုနည်းနည်းပေးတိုက်ပါ
အသဲမရှိတဲ့ ခန္ဓာကြီးက ပွလာပြီ လူအမြင်မှာ ဗိုက်ကြီးလာတာပေါ့လေ
ရှစ်ပတ်တပြားလား လေးရာတန်ဇေလား


တစ်စိတ်ပဲ ကျန်တဲ့ အသဲကို ဝိုင်းပက်ကြ
ဝိုင်းပက်ကြ … ဝိုင်းပက်ကြ


အန်တီကတော့ စိတ်ညစ်တာကို ပါးစပ်ကပဲ ရွတ်တတ်တယ်
ရေသုံးဆရောပြီး အိပ်သွားရင်တောင် ဗိုက်ကြီးကပိန်လိုက်ဖောင်းလိုက်


တရုတ်တွေလို ကိုရီးယားတွေလိုဝတ်စုံပြည့်နဲ့လိုက်မပို့နိုင်ပါဘူး
အရွယ်ကောင်းတုန်းက ပုံလေး ပုံကြီးချဲ့ခိုင်းထားတယ်
အထည်ကြီးပျက်တွေမဟုတ်လား
ဒီခေတ်မှာ အထည်ကြီးပျက်တွေများလာတယ်
ကြာလာတော့ အပျက်ထည်ကြီးတွေဖြစ်လို့
နေအုံး
ကြက်ဥသုံးလုံးလောက်သွားကြော်လိုက်အုံးမယ်
ဟေ့ …. ကြက်သွန်မထည့်ဘူး
ငါကမင်းတို့ထက်အသက်အများကြီး ကြီးတယ်ကွ
ငါ့ကိုနည်းနည်း ဟော့ဒီ့လောက်ကလေး
နည်းနည်းပေးပါ။



nelay





No comments: