အန္တရာယ်အပြောအဆိုနဲ့ လိပ်ပြာစားပွဲ
နံရံတွေကို ဖောက်ပြီး သံရိုက်ကြတဲ့အခါ
သစ်ပင်တွေက
လန့်အော်တယ်
အမေ့ရထားကလေး ဘယ်ဘူတာဆိုက်ပြီလဲ
အန္တရာယ်ရေ
ငါ့ကိုကယ်ပါ …
ငါ့ကိုကယ်ဖို့ မင်းကိုပြန်ရှာတဲ့အခါ
တောမီးလောင်တယ်
စမ်းခြောက်တယ်
လူတွေကြောက်သွားတဲ့ ယဉ်ကျေးမှုမှာ
ငပိရည်တစ်ခွက်
ဇွန်းခရင်းမှောက်ရက်နဲ့
ညစာကိုချက်။ နေ့စာကိုချက်။
မနက်စာကိုချက်။
အစာလမ်းကြောင်းမှာ ပုံမှန်မဟုတ်တဲ့
အိပ်မက်တွေ
အစာခြေဖို့ခက်ခဲ့
ငါ က အောင် မြင်မှု ကို
အူလှိုက်သည်း လှိုက်ရယ်ခဲ့ဖူးတယ်
ဘာဆိုဘာ … ဘာ … ဘာမှမဟုတ်ဘူး ဗလာ
အဲဒီ့နယ်မှာ
လင်းဖို့ မျဉ်းမလို
အတင်းငိုယူထားတဲ့ စာလုံးတွေက
အနုပညာကို
မျက်စိ စပ်တယ်
ဒါ သဘာဝပဲ သီဝရီ
လိပ်ပြာကိုအခန်းရိပ်နဲ့ သုညတစ်လုံးမံပြီးရင်
အရိပ်တွေ မိုးချုန်းတိုင်း ပုန်းမရ ခိုမရ
ချောင်နေတဲ့ မျက်ကွင်းနဲ့ ငုံထားတဲ့အလင်းမှာ
လေရှုရတာမသန့်ဘူး
မီးပေါက်ထားတဲ့နှစ်ကာလတစ်ခုမှာ
ရနံ့လှတဲ့ ပန်းခွံတွေလဲ သုံးမရ
ခင်ဗျားကြီးရေ …
ခင်ဗျားကြီး ကို
ခင်လို့ ဗျားလိုက်ကြီး သုံးနှုန်း လိုက်တယ်
ငါအတန်တန်ဆုတောင်းလျှက် နဲ့
အလွှာကိုးပါးကို
လှေကား မေလ ဖြုတ်ရက်တယ်
မျက်နှာကျက်လို ဘာလုံး မျိုးမှာ
ထာဝရကို မိုးမရ
အတောင်ခတ်သံပြင်းပြင်းနဲ့
မနက်ခင်းကိုတွန်ကျူးယုံနဲ့
နေထွက်လာတာ နှစ်ဆယ့်တစ်မဟုတ်တော့
ဘယ်သူ့လက်အောက်မှ မလုံလင်းသူ
ကိုယ့်ဝိဥာဉ်ကိုယ့်ပခြုပ်နဲ့
ကိုယ့်နတ်ဘုရားကိုယ်
အသွေးအသားထဲ ကဗျာထိုးလို့
အန္တရာယ်ဒဏ်တခုခု လိပ်ပြာလွှင့်နေတယ်
လိပ်ပြာစားပွဲမှာ တွဲလောင်းကြိုးနဲ့
နှလုံးသားက ဟီရိသြတ္တပကို
ထောင်း ထောင်း ထအောင်
… ချ …
။… ကြွေး … ။
nelay
No comments:
Post a Comment