ထမင်းသပ်သပ် ဟင်းသပ်သပ်
ည မခိုးရမနေရ ည
ဂျက်မချမိတဲ့ ပြတင်းတံခါးက
ခြင်ဝင်လာရော
ပျော်ရွှင်ခြင်းနဲ့ ဒုက္ခကို ထုတ်လိုက်ရင်
ဒီအခွံကြီးက ၀မ်းသာအားရရီတယ်
ရေနက်ပိုင်းမှာ ခြေဆေးမိတဲ့ တရားထိုင်နည်းနဲ့
ခြင်ဆေးထွန်းပြီးရင်
ခုနက ပြောတဲ့ အခွံကြီးကို ကောင်းရာသုဂတိပို့
သိပ်ကြီးလှတဲ့ မုန်းတိုင်းနဲ့ သူ့ဒုက္ခအတုကြီးကို ပုံကြီးချဲ့
စိတ်အထင်နဲ့တော့ ၀ါကျဖွဲ့ကြပါတယ်။
များသောအားဖြင့် ကိုယ့်ကိုယ်ကို ရောဂါမွေးပြီးမှ
ဆေးရုံပေါ်က စီမံကိန်းကို ပြန်တွေးမိကြတယ်
လိပ်ပြာလှန့်သွားရင်း လိပ်ပြာလန့်ကြ
ကော်ဖီဝိုင်းက ပါးစပ်ကြီးကြီးတွေရယ်
အရက်ဝိုင်းက ပါးစပ်သေးသေးတွေရယ်
ဥပေက္ခာ တပွဲထိုးနဲ့ စိတ်အထင်နာမကျန်းဖြစ်
ငါးမျှားနေတဲ့ ရှု့ထောင့်မှာ ခင်ဗျားက တီကောင်ပဲ
ထာဝရကို အိမ်ပေါ်က ကန်ချလိုက်တော့
ခင်ဗျား တိမ်နေတဲ့ အနိစ္စက
ဂုတ်ပေါ်မှာ ဘာလုပ်နေတယ်ထင်လဲ
စိတ်အထင် သူတောင်းစားသွားမေးရင်
ညနေစာနဲ့ အိမ်ပြန်ဖို့ကားခ
ထွန်းလင်းတောက်ပနေတဲ့ ပင်ဒိုရာ
လက်ဆောင်ပေးလိုက်တယ်
မလိုချင်ဘူးပေါ့ ပြောတုန်းက တစ်မျိုး
ဒါဆို သေချာသွားပြီ စက်ရုံရှိနေတယ်ဆိုတာ
စိတ်အထင် အကြီးကြီထင် အထင်ကြီးခဲ့သမျှ
အတောင့်လိုက်ဝင်သွားတဲ့ ကျေးဇူးတရားက
အောက်က အတောင့်လိုက်ပြန်ထွက်ကျ
ခင်ဗျား ပီတိသောမနသ ဖြစ်ပုံက
ဒီမြို့ကြီးမှာ ဆေးရုံမတင်မိစေနဲ့
နာမည်အကြီးကြီးတွေ တင်သွားတဲ့ အခေါင်းထဲမှာ
ထမင်းထုတ်မျှော်တဲ့ ဆင်းရဲသားက
ရာမတို့ ရက္ခတို့ အကြောင်းဘယ်သိမှာလဲ
လာမပြောနဲ့ ………… ညနေ
ထမင်းသပ်သပ် ဟင်းသပ်သပ် ခူးခပ်ပြီးရင်
ခင်ဗျားထင်နေတဲ့ ဒုက္ခကြီးကို ဟိုခွက်ထဲပစ်ထည့်လိုက်ပါ။
nelay
No comments:
Post a Comment