ပေါက်သင်ညို အင်တာဗျူး
မင်းက သုံးညကို ဒေါင်လိုက်ချိုး
ပတ်ဝန်းကျင် ပျိုးခင်းအောက်
သဘာဝကို ကိုယ်ရုံဝတ်ထားတယ်ပေါ့
(…)
မင်းက ပြေးတက်ပြေးဆင်း
ကတ္တီပါစကို မိုးနဲ့မြေပေါ်
ဒေါင်လိုက် ပျော်တယ်ပေါ့
(…)
မင်းက ဆိုးရုပ် နှလုံးထုတ်နဲ့
တံထွေးမမျို ရေမသောက်
ခန္ဓာအခြောက်ကြီးက
တစ်စက္ကန့်ကို ကိုးကြိမ် ခုန်တယ်ပေါ့
(…)
မင်းမြို့ပေါက် သစ်ခြောက်ပင်နောက်မှာ
ကိုယ့်အာရုံနဲ့ကိုယ် ပူဇော်အုံ့မှိုင်း
မင်းတိမ်တွေ မင်းခြောက်လှန့်ထားတယ်ပေါ့
(…)
ရာဇ၀င်အပြိုင်းပြိုင်းနဲ့ အစိမ်းချို
မင်းဥယျာဉ်တစ်လမ်းသွားမှာ
အပျိုတွေဖြတ်လျှောက်
မင်း … ခေါင်းတွေကျပြောက်အောင်
မင်း…သိပ်ကို ကြီးမြတ်နေတယ်ပေါ့ ………… ။
nelay
No comments:
Post a Comment