Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Sunday, November 7, 2010

အကောင်းတွေပြည့်နေတဲ့ ထောပတ်သီး တခြမ်းပုတ်



ရင့်လာရင်မဲသလောက် အတွင်းထဲမှာ စိမ်းပုတ်ချို
ခပ်ပြစ်ပြစ်ကလေးဖျော်သောက်လို့ ကောင်းကောင်းချိုတယ် .. ။
ရနံ့တွေငိုနေသလား ငါ့ကိုယ်ငါပြန်တိတ်ယူရအောင်ကောင်းတယ် ... ။

ခကွေးပေါ်က ကကြီးက ကောင်းပါတယ်။
နေဝင်သွားတာ ကမ္ဘာကြီးရဲ့ နောက်တခြမ်းအတွက်ကောင်းတယ်။
ကောင်းတယ်ထင်ရင် လူသတ်ပွဲလဲ ကြည့်လို့ကောင်းတယ်။
ယုန်ကလေးရဲ့ နိမိတ်ကောင်းလဲကောင်းတယ်။
အီမိုအဖွဲ့ လဲကောင်းတယ်။
၁၆နှစ်ပြောင်းပြန်လှန်ထားတဲ့ အဆိုတော်လဲကောင်းတယ်။
ကောင်းပါတယ် မီးပျက်တော့ လူကြီးတွေနားအေးတာပေါ့။
ကလေးတွေ လမ်းမှာပေါ်မှာ အမှောင်ခန်းထဲမှာ ကောင်းတယ်။
ဆီဈေးတွေ ''မျောက်" တက်တော့ ကောင်းတာပေါ့။
ဒီလိုခပ်ချဉ်ချဉ်စာတွေလဲတမျိုးကောင်းတယ်။
ရန်ကုန်မြို့ကြီးက ကောင်းပါတယ်။
အဝါရောင်တွေလဲကောင်းတယ်။
အစိမ်းရောင်တွေလဲကောင်းတယ်။
မြန်မာပြည်ကြီးလဲ ကျနော်တို့ကလွဲရင်
ပိုးစိုးပက်စက်ကောင်းနေပါတယ်။
အစာထိုးကုသတာလဲ ကောင်းတယ်။
ပြန်လာတာလဲကောင်းပါတယ်။ စကားပြောရတာကောင်းတာပေါ့။
ပြန်မယ်မနှုတ်ဆက်တော့ လက်ညောင်းသက်သာလို့ ပိုတောင်ကောင်းသေး ... ။
ကောင်းလိုက်တဲ့ စကားလုံးတွေ ကောင်းကောင်းထ

လိုက်ကောင်းနေတဲ့ သတ္တဝါတမျိုးဟာ
ကိုလိုနီလိုခွေးဖြစ်သွားအော င် ဝါးမျိုကောင်းပြ။
ဒါလဲသက်တမ်း အိုမင်းဟောင်းနွမ်းခြင်းရဲ့ သော့ကောင်းကောင်းတွေ။
မိုးကောင်းတိမ်တို့ရေ ....
ငါလဲ ဆောင်းဦးပေါက်နှင်းလို သိပ်ကောင်းပြတတ်ပါတယ်။

ကြက်တောထဲက လင်းယုန်ဖြစ်ဖြစ်
ဝေဟင်ထက်က လင်းယုန်ဖြစ်ဖြစ်
အတ္တအကောင်းစားတွေတောင်ပျံတပ ်ထားတဲ့
ပိုက်ကွန်ကြိုက်သတ္တဝါအကောင်းစားကြီးတွေ .. ။
သန့်စင်မှုလေကောင်းတွေရှုရှိုက်ကြ ..... ။

နဲနဲမြင့်လို့မော့ကြည့်ရတာက လွဲရင်
သွေးပျက်ချင်စဖွယ်မိန်းမက အထင်ကြီးစရာအကောင်းသား။
ပြုတ်လာရင် အရှင်းဆုံး ဗလာနယ်နဲ့ ကောင်းကောင်းဖမ်းထားမယ်။
ငါကောင်းကောင်းမအိပ်ရသေးလို့ပါ။

အောင်မြင်မှုဖွယ်တယ်တယ်များက ို တချွင်ချွင်မြည်သံစွဲနဲ့
သေရင်အတူတူရောက်မဲ့နေရာက ပြောသံဆိုသံတွေထဲမှာ
တော်တော်ကောင်းတယ်ဆိုပဲ .. ။

လက်ညှိုးထိုးတိုင်း လိုတာရခဲ့တဲ့ ငယ်ဘဝမဟုတ်ခြင်းများနဲ့
မနက်ဖြန်ကိုအကောင်းဆုံးရင်ဆ ိုင်ဖို့
ငါ့လက်ချောင်းတွေကောင်းကောင်းဖြတ်ထားတယ်။
(ပူစာမိမှာစိုးလို့)

အကောင်းဆုံးကြိုက်သူကြီးတွေ ရေ ....
နှလုံးသားမပါတဲ့စက်ရုပ်တွေမဟုတ်တော့ဘူး။
အကောင်းဆုံး သံချေးတက်လိုက်ကြအုံးပေါ့။

တာဝတံသာ တက်ပြီးသာ အကောင်းဆုံး ဖက်ငိုလိုက်ပါတော့
ကောင်းကောင်းသေမဲ့ကောင်လေး ရောဂါတခြမ်းပုတ်တွေ
ကောင်းကောင်း ဖမ်းယူမျိုချလို့ကောင်းနေတယ်် ... ။



nelay





No comments: